Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, January 29, 2013

မအိမွန်သင်းကြူ၏ Barcamp အမှတ်တရစကား

Barcamp Mandalay 2013 ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ ….

Barcamp ဆိုတာ ဘာလဲ ဒီနှစ်မှ ကျကျနန သိတဲ့ ကျွန်မအတွက်တော့ ဒီပွဲဟာ အတွေ့အကြုံအသစ်အဆန်းတွေ အများကြီးရတဲ့ပွဲဖြစ်ခဲ့ပါတယ် … Title registration မှာ volunteer လုပ်ရတာ လွယ်မယ်ထင်ခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်မှန်း ပွဲအဖွင့်မှာတင် သိလိုက်ရပါတယ် …. ဒီနှစ်မှ volunteer စလုပ်ဖူးတဲ့ ကျွန်မတို့တွေ အတွေ့အကြုံကမရှိတော့ ယောင်လည်လည် တုံ့နှေးတုံ့နှေးနဲ့ Speaker တွေကို ဘာပြောလို့ပြောရမှန်းမသိ ဘယ်အခန်းပေးလို့ ပေးရမှန်းမသိ ….

Monday, January 28, 2013

ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်


မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

Barcamp အမှတ်တရ

အခုတလော မတင်ဖြစ်တာက ကျွန်တော်က Barcamp Mandalay 2013 မှာ Organizer တစ်ယောက်ပါ။
ဒီတော့ ကျွန်တော့်အနေနဲ့ ပါဝင်ကူညီစရာလေးတွေ ကူညီနေရလို့ မအားလို့ ပါ။ ပွဲအတွင်းမှာလည်း လိုင်းမကောင်းလို့ ပုံတွေမတင်ဖြစ်တာပါ။ နောက်ပိုင်းကျရင် တင်ပေးပါ့မယ်။
အခုလည်း ကျွန်တော် ကိုကိုရဲ ကျေးဇူးကြောင့် Ubuntu နဲ့ ပိုစ့်တင်နေတာပါ...

Sunday, January 20, 2013

မြန်မာပြည်မှ ကမ္ဘာ့အရှားပါးဆုံးကျောက်


ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။  

မုဒိမ်းမှုအတွက် နိုင်ငံအချို့ က ချမှတ်သော ပြစ်ဒဏ်များ


ယူအေအီး -- ၇ ရက်အတွင်း လည်ပင်း ကျိုးတန်းဆွဲချိတ်၍ သေစေ။


အီရန် - မသေမချင်း ကျောက်တုံးနှင့် ပစ်ပေါက်ခြင်း ဟို့မဟုတ် ၂၄ နာရီ အတွင်း ကျိုးတန်းဆွဲချသေဒဏ်ပေးခြင်း။

ပီကေဝါးခြင်း ၏ အကျိုးကျေးဇူး


ပီကေကို ဂရိ၊ မာယာ နဲ့ ရှေးအမေရိကန် တို့ကအစ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ထောင် ကျော်က စ ဝါးခဲ့တာ ဖြစ်ပါတယ်။


ဆိုကရေးတီး နှင့် ကောလဟာလ


(၄၆၉-၃၉၉ ဘီစီ ကာလက ဂရိမှာ ထင်ပေါ်ကျော်ကြားတဲ့ အတွေးအခေါ် ပညာရှင်) ဆိုကရေးတီးဆီကို မိတ်ဆွေ တစ်ဦး အပြေး ရောက်လာပြီး ယခုလို စကားဆိုပါတယ်။

အသဲကွဲ ရောဂါက တကယ် ထိခိုက်နာကျင်စေ


စိတ်ပိုင်းဆိုင်ရာ ခံစားချက် တစ်ခုဖြစ်တဲ့ အသဲကွဲတယ်၊ အသဲကွဲတယ် ဆိုတာ တကယ့်လက်တွေ့မှာလည်း အသည်းကွဲစေနိုင်ကြောင်း ဆေးပညာ ရှင် တို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဆွစ်ဇာလန်မှ အမြင့်ဆုံး တောင် Männlichen


Männlichen အမည်ရတောင်ဖြစ်ပြီး ၇၆၈၇ ပေ မြင့်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ အနောက်အလယ်ပိုင်း Berne ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသစိတ် နယ်မြေ (Canton) မှာ တည်ရှိတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့  နိုင်ငံကိုယ်စားပြု ပန်းခြံ


Emerald Bay State Park အမည်ရ ဘေးမဲ့ ပန်းခြံ ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 

အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

တည်နေရာကတော့ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ Monowi အမည်ရ မြို့ ငယ် ဖြစ်ပါတယ်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာတော့ Only one woman town လို့ နာမည်ကြီးပါတယ်။ ၁၉၃၀ ခုနှစ် ကာလအတွင်းမှာတော့ လူဦးရေ ၁၅၀ ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် နည်းလာပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်အရောက်မှာတော့ လင်မယား နှစ်ဦးသာ နေထိုင်ပါတော့တယ်။ Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။

သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။ ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ကျန်ရှိနေ လို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကိုမထားခဲ့နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့  တော်ဝန်ခန့်ပါတယ်။ လမ်း လေး၊ငါးလမ်း ဝန်းကျင်သာ ရှိတဲ့ ယင်း ရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖို့ အစိုးရထံ ပုံမှန် အခွန်ငွေ ဆောင်ပါတယ်။ အခြားသော အခွန်များလည်း ပေးဆောင်ပါတယ်။ ဒါကြောင့် Town တစ်ခုအနေနဲ့ မဖျက်ပဲ ဆက်လက် ထားရှိစေတာ ဖြစ်ပါ တယ်။ အဓိက စီးပွားရေး လုပ်ငန်းကတော့ စားတော်ဆက် တစ်ခု ဖွင့်ထားပြီး မိုင ၈၀ အကွာရှိ မြို့ က လူတွေ လာရောက် စားသောက်ပါတယ်။

လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှု သူများကြောင့် Eiler ရဲ့  စာကြည့်တိုက်နဲ့ မြို့ ဟာ လတိုင်း လူစည်ကား တယ်လို့ သိရပါတယ်။
---
Ref: wiki

မိမိချစ်သူ(ရည်းစား)နဲ့ အဆက်အသွယ် အမြန်ဆုံးပြန်ရဖို့

အကြောင်းအမျိုးမျိုးကြောင့် မိမိချစ်သူ(ရည်းစား)နဲ့ အဆက်အသွယ်ပြတ်နေရသူတွေက ဒီအစီအမံကို လုပ်နိုင်ပါတယ်.အဓိက လိုအပ်မယ့် ပစ္စည်းကတော့ စတီးလင်ပန်းငယ်တစ်ချပ်ရယ်၊ စွယ်တော်ကိုင်း(၁၀)လက်မခန့် အရှည်(လုံးပတ် ခဲတံလုံးခန့်)တစ်ကိုင်းရယ် ဖြစ်ပါတယ်. စတီးလင်ပန်းငယ်ကတော့ အချင်း(၆)လက်မဆိုရင် ရပါတယ်.

စန်းပွင့်သူရဲ့ ချစ်သူအဖြစ် ရွေးချယ်ခံရဖို့.

အချို့သော အမျိုးသားဖြစ်စေ၊ အချို့သော အမျိုးသမီးဖြစ်စေ အချစ်ရေးမှာ ထူးထူးခြားခြား စန်းပွင့်တတ်ကြတယ်..ချစ်ချင်သူတွေ ၀ိုင်းဝိုင်းလည်နေပြီး တစ်ဦးတည်းမူပိုင်ချစ်သူအဖြစ် ရွေးချယ်ဖို့တောင် အတော်ခက်နေတတ်တယ်..အဲ့ဒီလို အယှဉ်အပြိုင်တွေ များတဲ့ကြားက မိမိကို ချစ်သူအဖြစ် အမြန်ဆုံးရွေးချယ်စေဖို့ အလိုရှိတယ်ဆိုရင် ဒီအစီအမံကို ယုံယုံကြည်ကြည်နဲ့ လုပ်ကြည့်ပါ..

အချစ်ရေး အဆင်ပြေဖို့(သို့မဟုတ်)အချစ်ရေးပြန်အဆင်ပြေစေဖို့

ချစ်သူ(ရည်းစား)ဘ၀မှာ မကြာခဏ စကားများ၊ ခိုက်ရန်ဖြစ်၊ စိတ်ကောက်၊ မခေါ်မပြော၊ အဆင်မပြေဖြစ်ရလို့ စိတ်ညစ်နေရသူတွေ ဖြစ်စေ၊ လတ်တလော အချိန်မှာ အကြောင်းတစ်မျိုးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အမြန်ဆုံး ပြန်အဆင်ပြေ စေချင်သူတွေဖြစ်စေ ဒီအစီအမံကို လုပ်ကြည့်ပါ။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ဘယ်နေ့ဖွားဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ဒီ အစီအမံမှာ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက် ဖြစ်ပါတယ်. ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်..

ချစ်သူ(ရည်းစား) အမြန်ဆုံးရရှိဖို့

အပျိုလေးဖြစ်စေ အပျိုကြီးဖြစ်စေ လူပျိုလေးဖြစ်စေ လူပျိုကြီးဖြစ်စေ ချစ်သူ(ရည်းစား) မရှိသေးသူဖြစ်ဖြစ်၊ ချစ်သူ(ရည်းစား) မထား ဖူးသေးလို့ဖြစ်ဖြစ် ချစ်သူ(ရည်းစား) အမြန်ဆုံး ရရှိချင်တယ်ဆိုရင် ဒီအစီအမံကို ဆောင်ရွက်ကြည့်ပါ.

ကြာနီကန်နှင့် မြောက်အင်းသုသာန်များကို ပန်းဥယျာဉ်ပုံစံပြောင်းကာ အရိုးပြာများသာ မြှုပ်နှံခွင့်ပြုမည်

Photo: ကြာနီကန်နှင့် မြောက်အင်းသုသာန်များကို ပန်းဥယျာဉ်ပုံစံပြောင်းကာ အရိုးပြာများသာ မြှုပ်နှံခွင့်ပြုမည်

မန္တလေး၊ ဇန်န၀ါရီ - ၁၁

မန္တလေးမြို့ရှိ ကြာနီကန်သုသာန် နှင့် တောင်အင်း မြောက်အင်းသုသာန်များကို ထောက်ကြံ့ စစ်သင်္ချိုင်းကဲ့သို့ ပန်းဥယျာဉ်ပုံသဏ္ဌာန်ရှိသည့် သုသာန်မျိုးအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအစီအစဉ်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စတင်ရာ ဧပြီလမှ စတင်ဆောင်ရွက်နိုင်ရန် စီစဉ် ထားကြောင်း မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ သန့်ရှင်း ရေးဌာန ဌာနစုမှူးက ပြောသည်။ ပန်းဥယျာဉ် ပုံသဏ္ဌာန် ပြောင်းပြီးချိန်မှစ၍ အရိုးပြာများ ကိုသာ နှစ်ပေပတ်လည်ဂူပြုလုပ် ကာ မြှုပ်နှံခွင့်ပြုတော့မည်ဟု ဌာနစုမှူးက ပြောသည်။

“ကြာနီကန်သုသာန်က ဧက ၁၀၀ ကျော်ရှိတာ ခု ၅၀ ကျော် လောက်က ပြည့်နေပြီ။ ဒီလိုပုံစံနဲ့ ဆို နောက်ကျရင် မြေအတွက် အ အခက်အခဲဖြစ်လာနိုင်တာကြောင့် ခုလိုစီစဉ်ရတာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဂျပန်မြက်ခင်းများနှင့် အရိပ် ရအပင်များ၊ အလှပန်းပင်များ လည်း စိုက်ပျိုးသွားမည်ဟုဆိုသည်။လက်ရှိတွင် ကြာနီကန်သု သာန်၌ မီးသဂြုင်္ိဟ်ခြင်းနှင့် ဂူသွင်း မြှုပ်နှံခြင်းကို ဆောင်ရွက်ခွင့်ပြု ထားပြီး တောင်အင်းမြောက်အင်း သုသာန်တွင် မီးသဂြုင်္ိဟ်ခြင်းကို သာ ခွင့်ပြုထားသည်။မီးသဂြုင်္ိဟ်စရိတ်မှာ လူကြီး တစ်ဦးလျှင် ၁၆၀၀၀ ကျပ်၊ ကလေးတစ်ဦးလျှင် ၈၀၀၀ ကျပ်ဖြစ်သည်။ မြေမြှုပ်ရာတွင် မြေငှားခ ကျပ်နှစ်သိန်းယူပြီး အုတ်ဂူအတွက်ကုန်ကျစရိတ်ကို နာရေးရှင်ကကျခံရသည်။

မီးသဂြုင်္ိဟ် စရိတ်များရခြင်းမှာ မီးသဂြုင်္ိဟ်စက်အသစ်များဖြင့် တည်ဆောက်ထား ခြင်းနှင့် ကလေးတစ်ဦးလျှင် ဒီဇယ်ဆီသုံးဂါလန်၊ လူကြီးတစ်ဦးလျှင်ငါးဂါလန်၊ ခန္ဓာကိုယ် အရွယ်အစား၊ ရောဂါ အခြေအနေနှင့် လောင်ကျွမ်းချိန်ပေါ်မူတည်ကာ ကုန်ကျစရိတ်တို့ကြောင့်ဖြစ်ကြောင်း မန်းစည်ပင် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူကဆိုသည်။ ထိုသို့ အရိုးပြာအိုးအတွက် နှစ်ပေပတ်လည်စီသာ ပေးသောကြောင့် ယခင်ရုပ်အ လောင်းမြေမြှုပ်စဉ်က ငွေကြေး ချမ်းသာသူများက အုတ်ဂူများ ခမ်းနားစွာလုပ်ခြင်းကြောင့် မြေအကျယ်များစွာကုန်ခြင်းမျိုး လျော့နည်းသွားနိုင်ကြောင်း မြို့ခံအချို့ ကပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံထုတ် မီးသဂြုင်္ိဟ် စက်သစ်များကို ကြာနီကန်သုသာန်တွင်နှစ်လုံး၊ တောင်အင်းမြောက်အင်းသုသာန်တွင် လေးလုံးအသုံးပြုနေကြောင်း သတင်းရရှိသည်။

____________________________________
Reference and Credit to -သတင်း-The Voice Weekly
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
မန္တလေး၊ ဇန်န၀ါရီ - ၁၁

မန္တလေးမြို့ရှိ ကြာနီကန်သုသာန် နှင့် တောင်အင်း မြောက်အင်းသုသာန်များကို ထောက်ကြံ့ စစ်သင်္ချိုင်းကဲ့သို့ ပန်းဥယျာဉ်ပုံသဏ္ဌာန်ရှိသည့် သုသာန်မျိုးအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မင်္ဂလသုတ်


မင်္ဂလသုတ် ရွတ်ဖတ်ရခြင်းအကျိုး

မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့် နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတစ် ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တန်မှာ ပေါ်လာနိုင်ပေသည်။

အသက် ၂၅ နှစ် ကျော်လာချိန်မှာ

Photo: အသက် ၂၅ နှစ် ကျော်လာချိန်မှာ 



သင့်အသက် ၂၅ နှစ် ရှိနေပြီလား။ ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်း စနစ်တွေ အားလုံး အပြည့်အဝ ဖွံ့ဖြိုးပြီး အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်ဟာ သင်ရဲ့ ကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဖို့ အကောင်းဆုံး အချိန် ဖြစ်တာကြောင့် သင့်ကျန်းမာ ရေးနဲ့ သင့်အနာဂတ်ကို တည်ဆောက်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်နေပါတယ်။

မျိုးဆက်ပွား စနစ်

အသက် ၂၀ ဝန်းကျင် အရွယ်က မျိုးဆက် ပွားဖို့အတွက် အဖွံ့ဖြိုးဆုံး အချိန်ပါ။ အမျိုးသမီး အများစုက သူတို့ အစစအရာရာ အဆင်ပြေတဲ့ အထိ ကလေးယူဖို့အရေးကို နှောင့်နှေး နေတတ် ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြု ထားတဲ့ စုံတွဲတွေက ပဋိသန္ဓေ တားဆေး သောက်ဆေးကို မှီဝဲ တတ်ပါတယ်။ အဲဒီဆေး သောက်နေရင် ဗီတာမင် B1၊ B2၊ B12၊ ဗီတာမင်စီနဲ့ ဇင့်၊ မဂ္ဂနီ ဆီယမ်တို့လို သတ္တုဓာတ်တွေကို မှီဝဲဖို့ လိုပါတယ်။ ဗီတာမင် B6 ကလည်း ရာသီမလာခင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတချို့ကို ခံစားရတတ်တဲ့ အမျိုးသမီး တွေအတွက် သင့်တော်ပါတယ်။ ရာသီလာစဉ် နာကျင်မှုနဲ့ ရင်သားတင်း တာတွေကို သက်သာစေဖို့အတွက် EPO (Evening Primose Oil) ကို မှီဝဲပေးနိုင်ပါတယ်။

မျိုးအောင်ခြင်း

မျိုးဆက်ပွားစနစ် ကျန်းမာရေး ကောင်းနေဖို့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ ခံစားမှုပိုင်းအားလုံး ကျန်းမာနေဖို့ လိုပါတယ်။ အဲဒီလို ကျန်းမာဖို့အတွက် အာဟာရအပေါ်လည်း မူတည်နေပါတယ်။ ကလေးယူမယ်လို့ ကြိုတင် စဉ်းစားထားချိန်မှာ အမျိုးသားရော အမျိုးသမီးကပါ ကျန်းမာ ကြံ့ခိုင် နေအောင် ကြိုးစားထားသင့်ပါတယ်။ စီးကရက်မီးခိုး မရှူမိအောင်၊ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို အလွန်အမင်း မသောက်ဖြစ်အောင် သတိထားရပါမယ်။ ကျန်းမာရေးကောင်းတဲ့ သုက်ကောင်ရဖို့ မျှတ ကောင်းမွန်တဲ့ အာဟာရ စားပေးဖို့ လိုပါတယ်။ သွပ်(ဇင့်)ဓာတ်က မျိုးဆက်ပွား ကျန်းမာရေးအတွက် အထူးသဖြင့် အမျိုးသားတွေမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဖောလစ်အက်စစ်နဲ့ အိုင်အိုဒင်းလို အရေးကြီး အာဟာရတွေ အလုံအလောက် မှီဝဲသင့်ပါတယ်။ စိတ်ဖိစီးမှု၊ အာဟာရချို့တဲ့မှု၊ ကော်ဖီနဲ့ အရက်ကို အလွန်အမင်း သောက်တာ၊ အဝလွန်တာနဲ့ ပိန်လွန်းတာ တွေဟာလည်း ကလေးရဖို့ ခက်ခဲတတ်ပါတယ်။

စွမ်းအင် ထိန်းသိမ်းခြင်း

အာဟာရချို့တဲ့မှုကြောင့် စွမ်းအင်က လျော့နည်း သွားတတ် ပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ စွမ်းအင် ရစေသလို သံဓာတ်ဟာလည်း ခန္ဓာကိုယ် တစ်သျှူးတွေ အောက်ဆီဂျင်ရရှိဖို့အတွက် အရေးပါ ပါတယ်။ လစဉ် ရာသီသွေး ဆင်းနေတဲ့ အမျိုးသမီးတွေမှာ သံဓာတ် ချို့တဲ့ နေတတ်ပါတယ်။ အိပ်ရေး ပျက်တာကလည်း စွမ်းအင် ကျစေသလို အာရုံစူးစိုက်မှုကို လျော့ကျ စေပါတယ်။ အိပ်ချိန်နည်းတာက စိတ်ဖိစီးမှုများစေတဲ့ အချက်တစ်ချက် ဖြစ်သလို စိတ်ဖိစီးမှု များတာကြောင့်လည်း အိပ်ရေးပျက်တတ်ပါတယ်။

စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း

စိတ်ဖိစီးမှုက လူတိုင်းအပေါ် သက်ရောက်မှုရှိပေမယ့် တစ်ဦးနဲ့တစ်ဦး တုံ့ပြန်မှု ချင်းတော့ မတူပါဘူး။ ဖိအားများတဲ့ အခြေအနေမှာ အာဟာရကို များများ မှီဝဲ ပေးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင်ဘီ အုပ်စုပါတဲ့ အစာတွေကို စားပေးရင် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်း ထွက်တာကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ရင် ကြွက်သားတွေ ကိုက်ခဲနာကျင်တာ၊ စိတ်က သိကအောက် ဖြစ်တာနဲ့ သွေးတိုးတွေကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို အရက်နဲ့တော့ မဖြေရှင်းပါနဲ့။ လူအများစုက စိတ်ဖိစီးမှုကို အရက်နဲ့ ဖြေရှင်း တတ်ပြီး ၃၅ ရာခိုင်နှုန်းက အရက်ကြောင့် အန္တရာယ် ဖြစ်တတ်ပါတယ်။

အရိုးများ

အရိုး သိပ်သည်းဆ အကောင်းဆုံး အရွယ်ဖြစ်တဲ့ အသက် ၂၅ နှစ်မှာ နောင် ကာလ တစ်လျှောက်လုံး သန်စွမ်းမှုရှိစေဖို့ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးရ ပါမယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ ထိုက်ချိ ကစားတာလို လေ့ကျင့်ခန်းတွေက အရိုးပါးရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျ စေပါ တယ်။ အသက် ၂၅ နှစ် ကျော်ချိန်မှာ အမျိုးသမီးတွေ အားလုံးကို ကယ်လ်စီယမ်နဲ့ ဗီတာမင် D3 မှီဝဲဖို့ ဆရာဝန်တွေက ညွှန်ကြား တတ်ပါတယ်။

အသားအရေ

အသက် ၂၀ အရွယ်မှာတော့ အသားအရေက သိသိသာသာ ထိခိုက်ပျက်စီးမှု မရှိသေးပါဘူး။ နေရောင်ခြည်ဒဏ်ကို အလွန်အမင်း ခံရရင်တော့ (နေရောင် ကာ ခရင်မ်ကို မလိမ်းရင်၊ နေကာမျက်မှန် မတပ်ရင်) အသားအရေက အရွယ်မတိုင်ခင် ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး ကာကွယ်မှု ကတော့ နံနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီအချိန်အတွင်းမှာ အပြင်မထွက်ဖို့ပဲ ဖြစ်ပါတယ်။ ဗီတာမင်အီးကလည်း နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အရေပြား နီမြန်းမှုကို လျော့ကျ စေပါတယ်။ အင်တီ အောက်ဆီးဒင့် တွေဖြစ်တဲ့ ကိုအင်ဇိုင်းကျူ ၁၀၊ ဗီတာမင် အေ၊ စီ၊ အီး၊ ဆီလီနီယမ်နဲ့ စပျစ်စေ့တွေ ဟာလည်း ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အရေပြား ထိခိုက်မှုကို ကာကွယ် ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း

အလုပ်များ နေတာကြောင့် ကိုယ်ခန္ဓာ ကြံ့ခိုင် ဖွံ့ဖြိုးအောင် စနစ်တကျ လေ့ကျင့်ခန်း မလုပ် ဖြစ်ရင်တောင် လမ်းလျှောက်ပေးပါ။ ပုံမှန် လမ်းလျှောက် ပေးတာက ကိုယ်နဲ့ စိတ်ကို ကျန်းမာ စေပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်း ဆကို ကောင်းစေတာ၊ နှလုံး သွေးကြောစနစ် ကျန်းမာစေတာ၊ ကိုယ်အလေး ချိန် ထိန်းနိုင်တာ၊ အိပ်ရေးဝဝ အိပ်ပျော်တာနဲ့ ပူပင်သောကကို လျှော့ချနိုင် တာစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Ref: မြ၀တီ
သင့်အသက် ၂၅ နှစ် ရှိနေပြီလား။ ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်း စနစ်တွေ အားလုံး အပြည့်အဝ ဖွံ့ဖြိုးပြီး အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်ဟာ သင်ရဲ့ ကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဖို့ အကောင်းဆုံး အချိန် ဖြစ်တာကြောင့် သင့်ကျန်းမာ ရေးနဲ့ သင့်အနာဂတ်ကို တည်ဆောက်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်နေပါတယ်။

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့် မသောက်သင့်

Photo: ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့် မသောက်သင့် 

 Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော် များများ သုံးဆောင်
 လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ကျအစာစားပြီးမှ
 သောက်သလို၊ အချို့ ကျလည်း အစာ မစားမီလည်း သောက် တတ်ပါတယ်။
လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ
 လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီး
 ဖြစ်ပါတယ်။လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာ
စားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။
ဖြစ်စဉ်ကဒီလိုပါ။ ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည် က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြု သည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများ သို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက် မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။
တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင် ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။

Ref:http://shannnews.blogspot.com/2013/01/blog-post_9891.html
Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော် များများ သုံးဆောင်
လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ကျအစာစားပြီးမှ
သောက်သလို၊ အချို့ ကျလည်း အစာ မစားမီလည်း သောက် တတ်ပါတယ်။
လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ
လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီး

အင်္ဂုလိမာလသုတ် (ပါဠိ)


၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာန ဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။

မေတ္တသုတ်တော်


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိ္တန္ဒိဝ' မတန္ဒိတော။

မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။


တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ

Photo: တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ 



တချို့ ဟင်းသီး ဟင်းရွက်တွေက တစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမို အာနိသင် ရရှိစေပါတယ်။

ခရမ်းချဉ်သီးနှင့် ထောပတ်သီး

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီ အောက်ဆီးဒင့် ပါဝင်တဲ့ ရောင်ခြယ် ပစ္စည်း တစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမို ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်ပါတယ်။

ဂျုံမှုန့်နှင့် လိမ္မော်ရည်

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ဂျုံမှုန့်နဲ့ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဖီနောဒြပ်ပေါင်းဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေတာ ကြောင့် တွဲဖက်စားသောက်ပေးရင် ကျန်းမာ ရေးအတွက် ပိုမိုထိရောက်မှုရှိစေပါတယ်။

ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီး

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးကို တွဲဖက် စားတာကြောင့် ဆီးကျိတ် ကင်ဆာကို ကာကွယ် ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဆိုပါတယ်။

ဘလူးဘယ်ရီသီးနှင့် စပျစ်သီး

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ဘလူး ဘယ်ရီသီးနဲ့ စပျစ်သီးတွေကို တစ်ခုချင်းစီ စားတာထက် တွဲဖက်ပြီး စားပေး တာကြောင့် မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်ကို တွန်းလှန်ပေးနိုင်တဲ့ အင်တီ အောက်ဆီးဒင့် အာနိသင်ကို ပိုမို ရရှိစေ ပါတယ်။

သံပရာသီးနှင့် ကိုက်လန်ရွက်

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

သံပရာသီးမှာ ပါတဲ့ ဗီတာမင်စီဟာ ကိုက်လန်မှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ် က စုပ်ယူမှု ပိုအားကောင်းအောင် ကူညီ ပေးနိုင်ပါတယ်။

နနွင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့်

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

နနွင်း ထည့်ချက်ထားတဲ့ ဟင်းလျာထဲ ငရုတ်ကောင်းမှုန့်ကို ထည့်ချက်ပေး တာကြောင့် ခန္ဓာကိုယ်မှ ကာကူမင် ဒြပ်ပေါင်း စုပ်ယူမှုကို အဆ တစ်ထောင် ပိုအားကောင်း စေပါတယ်။

ဇွန်

Ref: မြ၀တီ
တချို့ ဟင်းသီး ဟင်းရွက်တွေက တစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမို အာနိသင် ရရှိစေပါတယ်။

ခရမ်းချဉ်သီးနှင့် ထောပတ်သီး

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီ အောက်ဆီးဒင့် ပါဝင်တဲ့ ရောင်ခြယ် ပစ္စည်း တစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမို ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်ပါတယ်။

လေးညှင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Photo: လေးညှင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ 




လေးညှင်းကို ဟင်းလျာ တွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလေ့ ရှိပါတယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေးညှင်းမှာ ထူးကဲတဲ့ အာဟာရ တန်ဖိုးနဲ့ ဆေးဖက်ဝင် အာနိသင်တို့ ရှိကြပါတယ်။

လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗို ဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ် အက်စစ် စတာတွေ အများအပြား ပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ် တို့လည်း ပါဝင် နေပါတယ်။

(၁) အကိုက်အခဲပျောက်စေသော အစွမ်းရှိခြင်း

လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက်အခဲ သက်သာ စေတဲ့ အစွမ်းရှိကာ သွားကိုက် တာလို ဝေဒနာ တွေကုသရာမှာ အသုံးဝင် ပါတယ်။ လေးညှင်းဆီ ထဲကို ဝါဂွမ်း လုံးနှစ်ပြီး သွားကိုက် တဲ့နေရာပေါ် ဖိအုပ်ပေးပါ။ လေးညှင်းဆီ မှာပါဝင်တဲ့ ယူဂျီနောအဆီမှာ ဘက်တီး ရီးယားပိုးတွေကို တားဆီးဆန့်ကျင်ပေး တဲ့ အစွမ်းရှိတာကြောင့် ခံတွင်းထဲက ပိုး မွှားတွေ ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်နဲ့ လည်ချောင်းဖျန်း စပရေးစတာ တွေထဲ ထည့်သုံးကြလေ့ရှိ ပါတယ်။ လေးညှင်းဆီက သွားဖုံးနာကျင် မှုကိုလည်း သက်သာ စေပါတယ်။

(၂) ရောင်ရမ်းမှု လျော့ကျစေသော အာနိသင်ရှိခြင်း

လေးညှင်းဆီမှာ ဖလေဗိုးနွိုက် ပမာဏ ပါဝင်မှု မြင့်မားတာကြောင့် ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်း ရှိပါတယ်။ ရနံ့ ကုထုံးသုံး သူတွေက အဆစ် ရောင်ရမ်းနာနဲ့ ရိုးဆစ် ရောင်ရမ်းမှု ဝေဒနာတွေကို ကုသနိုင်ဖို့ လေးညှင်းဆီ အစစ်ကို သုံးကြပါတယ်။ လေးညှင်းဆီကို ရှူလိုက်တဲ့ အခါ အအေးမိတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင် ကျပ်တာ၊ လြွေပန်ရောင်တာ၊ နှာခေါင်း ပိတ်တာစတဲ့ အသက်ရှူလမ်းကြောင်း ဝေ ဒနာတွေကို သက်သာစေပါတယ်။

(၃) ပိုးသတ်အာနိသင် ရှိခြင်း

လေးညှင်းနဲ့ လေးညှင်းဆီမှာ ပိုးသတ် အာနိသင် ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊ ဖန်းဂတ်စ် မှိုပိုးဝင်တာ၊ မီးပူ လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်းဝဲ စွဲတာနဲ့ ပွန်းရှရာစတဲ့ အရေပြားအနာ တွေကို သက်သာစေပါတယ်။ အရေပြား ပေါ်ကို တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ လေးညှင်း ဆီမှာ ကြွက်သား တောင့်တင်းမှုကို ပြေလျော့ စေတဲ့ အစွမ်းလည်း ရှိပါတယ်။

(၄) အစာကြေစေခြင်း

လေးညှင်းဟာ အစာခြေစနစ် ပြဿနာ များစွာကို ထိထိ ရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါတယ်။ လေပွတာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ အစာခြေဝေဒနာတွေကို သက်သာ စေသလို ဝမ်းလျှောတာ၊ အန်တာနဲ့ ဗိုက် နာတာတွေကိုလည်း သက်သာ စေပါတယ်။

(၅) ကင်ဆာကို ကာကွယ်နိုင်ခြင်း

လေးညှင်းဟာ အဆုတ် ကင်ဆာနဲ့ အရေပြား ကင်ဆာတို့ကို ထိထိရောက်ရောက် ကာကွယ် နိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။ လေးညှင်း မှာပါတဲ့ ယူဂျီနောဟာ အစာခြေ စနစ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။

(၆) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း

လေးညှင်းနဲ့ လေးညှင်းဆီဟာ သွေးတွေကို သန့်စင် စေတာကြောင့် ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေကာ ရောဂါမျိုးစုံကို တွန်းလှန် ပေးနိုင်ပါတယ်။

(၇) အခြားကျန်းမာရေး အကျိုးကျေးဇူးများ

လေးညှင်းဟာ ငှက်ဖျား၊ ကာလဝမ်း၊ ဝဲအမျိုးမျိုး စတဲ့ အာရှမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီဟာ အစွမ်းထက် ခြင်နှိမ်နင်း ဆေးအဖြစ် အသုံးဝင်ကာ ခြင်တွေကို ၄-၅နာရီခန့် တွန်းလှန် ပေးနိုင်ပါတယ်။ လေးညှင်းနဲ့ လေးညှင်း ဆီကို မွေးကင်းစ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် ချိန်အတွင်း မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

ကြယ်စင်

Ref: မြ၀တီ
လေးညှင်းကို ဟင်းလျာ တွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလေ့ ရှိပါတယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေးညှင်းမှာ ထူးကဲတဲ့ အာဟာရ တန်ဖိုးနဲ့ ဆေးဖက်ဝင် အာနိသင်တို့ ရှိကြပါတယ်။

လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗို ဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ် အက်စစ် စတာတွေ အများအပြား ပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ် တို့လည်း ပါဝင် နေပါတယ်။

နုပျိုအောင်ဘယ်လိုနေမလဲ


1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။

ငရဲကျကြောင်း တရား(၁၀) ပါး


(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကို
သတ်လေ့ရှိခြင်း။

(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။

(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌
ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။

ဒီတစ်ပတ်ထုတ် ဂျာနယ်များ

သူငယ်ချင်းတို့ရေ...
အခုတလောက အလုပ်ကနည်းနည်းများနေတယ်ဗျ.. Mandalay Barcamp ကလည်း နီးလာပြီလေ...
ဒါကြောင့်မို့ Post တွေမတင်ဖြစ်တာပါ..
အခုတော့ ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ journal တွေ စုစည်းပြီးတော့ တင်ပေးလိုက်ပါတယ်ဗျာ...

The People's Age
http://adf.ly/HaM6v

Friday, January 11, 2013

Zombie Survival Special Mission



Photo
 
Zombie Survival Special Mission ဆိုတဲ့ Application ကတော့ သည်းထိတ်ရင်ဖို ဆော့ကစားချင်သူတွေ အတွက် စိတ်ကြိုက် ဖြစ်စေမယ့် Game Application တစ်ခု ဖြစ်ပါတယ်။

Zapya



Photo
http://www.coolapk.com/apk/5347/

Zapya ဆိုတဲ့ Application ကတော့ File တွေ၊ Application တွေကို WiFi နဲ့ Sharing ပြုလုပ်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။

Windows 8 Start Screeen တွင် Administrative Tools အား ထည့်သွင်းခြင်း



Photo
Windows 8 ရဲ့ Start Screen ဟာ အကောင်းမွန်ဆုံးသော တည်ဆောက်မှုတစ်ခုနဲ့ ခန့်ညားလှပါတယ်။ Start Screen အတွင်းမှာ Programm အများစုကို တွေ့မြင်နိုင်မှာဖြစ်ပြီး  Windows 8 အတွက် Administrative Tools ကိုတော့ ထည့်သွင်းထားခြင်း မရှိသေးပါဘူး။

GhostCall! Ghost Phone Call Prank



Photo
လူငယ်အများ ကြိုက်နှစ်သက်သည့် GhostCall Application တစ်ခု ဖြစ်ပါတယ်။ သရဲမှ တိုက်ရိုက်ဖုန်းခေါ်ဆိုသည့် ပုံစံဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းများကို ခြောက်လှန့် စနောက်နိုင်မှာ ဖြစ်ပါတယ်။ Application ထည့်သွင်းပြီးပါက မိမိခေါ်ဆိုလိုသည့် အချိန်ကို Timer ပေးထားရမှာ ဖြစ်ပါတယ်။

Angry Temple Gorilla



Photo
Angry Temple Gorilla ဆိုတဲ့ Game Application ကတော့ Gorilla  ကြီးဟာ တံတားပေါ်ကနေပြီး အောက်မှာ သွားနေတဲ့ မိချောင်း၊ လိပ်၊ ငှက် အစရှိတဲ့ သတ္တဝါတွေကို တံတားပေါ်ကနေ အသီးနဲ့ပစ်ချပြီး ဖယ်ရှားရတဲ့ဂိမ်း ဖြစ်ပါတယ်။ 

TP Link Dual Band External Router (WDR-4300)



Photo
ပြည်တွင်းဈေးကွက်ထဲသို့ TP Link ရဲ့ 2.4 GHz နှင့် 5 GHz နှစ်မျိုး ထုတ်လွှင့်ပေးနိုင်သော နောက်ဆုံးထွက် Dual  band Router တစ်မျိုး ဝင်ရောက်လာပါတယ်။ 

ကောင်းကင်ပေါ်က လေကြောင်းလိုင်းများ



Photo
ကြားနေရတဲ့ လေကြောင်း ဖြတ်သန်းခ ကောက်ခံတယ်ဆိုတာ ဘာလဲ။  လေယာဉ်က ဘယ်ကနေ ဖြတ်သွားတာလဲဆိုတာ သိချင်တယ် ဆိုရင်တော့ ဒီဝက်ဘ်ဆိုက်ကို ကြည့်ရင် အားလုံးသိရှိသွားမှာပါ။

အိုဘားမားအကြောင်း သိချင်ရင်



Photo
အခုအချိန်မှာ ရွှေမြန်မာတို့ လေ့လာကြမယ် ဆိုရင်တော့ မြန်မာနိုင်ငံကို ခဏတာ အလည်အပတ် ရောက်ရှိလာတဲ့  ကမ္ဘာ့နိုင်ငံကြီး တစ်ခုဖြစ်တဲ့ အမေရိကန် သမ္မတ အိုဘားမား အကြောင်းကို လေ့လာကြည့်ကြမယ် ဆိုရင်တော့ ဒီဝက်ဘ်ဆိုက်ကတော့ သူ့အကြောင်း အကုန်လုံး ထည့်သွင်း ပေးထားတာပါ။

ဓာတ်ပုံကောင်းများ စုဝေးရာ



Photo
ဓာတ်ပုံပညာရှင် အသီးသီးရဲ့ လက်ရာမြောက် ဓာတ်ပုံတွေကို တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း မြင်တွေ့ရမယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ 

ကွန်ပျူတာမှာ Customize Tab ပျောက်နေတာကို အလွယ်ရှင်းရအောင် (Only Windows XP)

Folder တစ်ခုအတွက် Properities Window မှာ Customize Tab ကိုမတွေ့တော့ဘူးဆိုရင် သင့်အနေနဲ့ လုပ်ဖို့လိုအပ်တာက ဒီပြဿနာကို ဖြေရှင်းဖို့ Registry ကိုဝင်ပြီး ပြင်ရပါမယ်။  ဥပမာ Folder တစ်ခုကို ညာကလစ်တစ်ချက်နှိပ်ပြီး Properities ကိုဝင်တဲ့အခါ Tab တွေထဲက Customize ကို တွေ့ရတာပါ။ တကယ်လို့ သင့်ကွန်ပျူတာမှာ အဲဒီလို ပါမလာဘူးဆိုရင်တော့ ...။ ဒါပေမဲ့ တစ်ခုပြောစရာ ရှိပါတယ်။ အဲဒီ CustomizeTab က Folder တွေမှသာ ပါတာပါ။ တခြားသော Drive တို့၊ Libraries တို့၊ Desktop တို့မှာတော့ ပါဝင်ခြင်း မရှိပါဘူး။ အဲဒီလို အဖြစ်မျိုး ကြုံတွေ့နေရရင် ဖြေရှင်းရမယ့် နည်းလမ်းလေးပါ။ ပထမအဆင့်အနေနဲ့ Registry Editor ဖွင့်ဖို့ လိုအပ်ပါတယ်။ Registry Editor ကို Start ထဲက Run Box မှာ regedit လို့ ရိုက်ပြီး ဖွင့်နိုင်ပါတယ်။ Registry Editor ပွင့်လာပြီဆိုရင် အောက်မှာပေးထားတဲ့ လင့်ခ်အတိုင်း တစ်ဆင့်ချင်းသွားပါ။

Handrite Pro



Photo
Handrite Pro ဆိုတဲ့ Application ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်လက်ရေးနဲ့ နေ့စဉ်မှတ်တမ်း၊ အလုပ်နဲ့ ပတ်သက်တဲ့ အချက်လေးတွေကို ဖုန်းပေါ်မှာ တိုက်ရိုက်ရေးမှတ်ပြီး သိမ်းဆည်းပေးထားနိုင်မယ့် Application လေး ဖြစ်ပါတယ်။ 

Clipart နှင့် ဓာတ်ပုံများရယူရန်



Photo
ဓာတ်ပုံတွေ၊ clipart နဲ့ ဗီဒီယိုတွေကို အခမဲ့ download ပြုလုပ် ရယူနိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။  မြောက်မြားလှတဲ့ပုံတွေကို စုံလင်စွာ မြင်တွေ့ရမှာဖြစ်ပြီး ပိုမိုကောင်းမွန် အဆင့်မြင့်တဲ့ပုံတွေ၊ clipart နဲ့ ဗီဒီယိုတွေကိုလည်း အခကြေးငွေနဲ့ ရယူနိုင်ပါသေးတယ်။

Thursday, January 10, 2013

အင်္ဂလိပ်စာ လေ့လာရန်



Photo
အွန်လိုင်းကနေ အင်္ဂလိပ်စာ အခမဲ့ လေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ အရေး၊ အဖတ်၊ အကြား၊ အပြော စတဲ့ စွမ်းရည်လေးရပ်လုံးကို ပြည့်စုံကျွမ်းကျင်အောင် လေ့လာနိုင်မှာဖြစ်ပြီး အသုံးပြုသူရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို ကိုယ်တိုင် တစ်ဆင့်ချင်း တိုးမြှင့်နိုင်ပါတယ်။

Ubuntu OS ပေါ်မှာ ဉာဏ်စမ်းဂိမ်း ဆော့ကစားချင်သူတွေ အတွက် Gbrainy Application ထည့်သွင်းပုံ



Photo
Ubuntu OS အသုံးပြုသူများ Ubuntu OS ပေါ်ကနေ ဉာဏ်စမ်းဂိမ်း ဆော့ကစားချင်သူတွေအတွက် Ubuntu OS ပေါ်တွင် ထည့်သွင်း အသုံးပြုနိုင်တဲ့ Gbrainy  ဆိုတဲ့ Application ထည့်သွင်းအသုံးပြုပုံကို ယခုတစ်ပတ်အတွက် ရွေးချယ် တင်ပြလိုက်ပါတယ်။

WeatherMate(Free)



Photo

ဆော့ဖ်ဝဲအမျိုးအစား          - Weather Software
ထုတ်လုပ်လိုက်သည့်ဗားရှင်း- 3.4.6
ဖိုင်အရွယ်အစား              - 1.24MB
အသုံးပြုနိုင်သည့် OS        - Window 2000/XP/2003/Vista/Server 2008/7

mm Google Translate



Photo

ဆော့ဖ်ဝဲအမျိုးအစား         - Components & Libraries
ထုတ်လုပ်လိုက်သည့်ဗားရှင်း- 2012.10.31.1
ဖိုင်အရွယ်အစား              - 1.1MB
အသုံးပြုနိုင်သည့် OS        - Windows XP/2003/Vista/Server 2008/7/8

နည်းပညာဆိုင်ရာ သတင်းများ


တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာလောက အတွင်းက အသစ် ထွက်ပေါ်လာတဲ့ နည်းပညာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို စုစည်း ဖတ်ရှုနိုင်မယ့် ဝဘ်ဆိုက် ဖြစ်ပါတယ်။

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား

Photo: ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား 



လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်း သကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် - ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက် ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကြယ်စင်

Ref: မြ၀တီ
လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှုပိုမြန်

Photo: အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှုပိုမြန်


အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေပါတယ်။ အရွယ် တင် စေပါတယ်။

အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ကနေဒါ အမျိုးသမီးတစ်ဦးဟာ အေရိုးဗစ် ပုံမှန် ဆော့ခိုင်းလို့ စစ်ဆေးကြည့်တဲ့ အခါမှာ အခြား ရွယ်တူ ၆၅ နှစ် အဖွာများထက် ပိုမိုလှုပ်ရှားနိုင်၊ သွားလာနိုင်အောင်ကို သန်မာပြီး ဦးနှောက်ထဲသို့ သွေးစီးဆင်းမှုကိုလည်း ကောင်းစေပါတယ်။ စက်ပစ္စည်းနဲ့ သေချာ တိုင်းတာမှု အရ သာမန် အဖွားတစ်ဦးထက်တောင် ဦးနှောက်လုပ်ဆောင်ချက်က ၁၀ ရာခိုင်နှုန်း ပိုမြန်သွားပါတယ်။

ဒါကြောင့် အထိုင်များတဲ့ အလုပ်လုပ်သူဟာ လှုပ်လှုပ်ရှားရှား လုပ်ကိုင်ရ သူများထက် ပို အိုမင်းစေမှုကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုလူမျိုးမဆို အားကစား တစ်ခုခုကို လေ့လာ လိုက်စား သင့်ပြီး စိတ်ရော၊ ကိုယ်ပါ အရွယ်တင်စေနိုင်ကြောင်း သိရပါတယ်။ 

Ref: http://www.innewsmyanmar.com
အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေပါတယ်။ အရွယ် တင် စေပါတယ်။

ဆေးလိပ် ဖြတ်သင့်သော ထိပ်တန်း အကြောင်းပြချက် ရှစ်မျိုး

 Photo: ဆေးလိပ် ဖြတ်သင့်သော ထိပ်တန်း အကြောင်းပြချက် ရှစ်မျိုး 



၁။ဆေးလိပ် သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန် ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက် စေနိုင် ပါတယ်။

၂။ ဆေးလိပ် သောက်တာကြောင့် ပျှမ်းမျှသက်တမ်း ၁၀ နှစ်ပို တိုသွား ပါတယ်။

၃။ဆေးလိပ် သောက်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရဖို့ အချိန်ကြာတတ်ပြီး ကလေး ပျက်ကျနှုန်း များပါတယ်။ လမစေ့ မွေးတာ ဒါမှမဟုတ် ပေါင်ချိန် မပြည့် မွေးတာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ် သောက်တဲ့ အမျိုးသား တွေမှာ ပန်းသေပန်းညှိုးဖြစ်တတ်သလို သုတ်ပိုး အရည်အချင်း တွေလည်း ညံ့ဖျင်း တတ်ပါတယ်။

၎။ သင် ဆေးလိပ် သောက်တာကြောင့် သင့်ပတ်ဝန်းကျင်မှ လူတွေရောဂါ ရတတ်ပါတယ်။

၅။ ဆေးလိပ်တစ်လိပ်ကို ၁၀၀ ကျပ်ပေးရပါတယ်။ တစ်နေ့ကို ၁၀ လိပ် သောက်မယ်ဆိုရင် တစ်နှစ်စာအတွက် ၃၆၅၀၀၀ ကျပ် အပိုငွေကုန်ပါတယ်။

၆။အရွယ်မတိုင်ခင် အိုစာတာတွေ မဖြစ်ရလေအောင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ် သောက်တာကြောင့် collagen ထုတ်လုပ်မှု ၄၀% ကျဆင်းသွားပြီး အရွယ်မတိုင်ခင် အရေး အကြောင်းတွေ ပေါ်တတ်ပါတယ်။

၇။ ဆေးလိပ်ဖြတ်တာကြောင့် အနံ့နဲ့ အရသာ အာရုံတွေ ပိုကောင်း သွားပါတယ်။

၈။ ဆေးလိပ်စွဲနေတဲ့ အကျင့်ကို ဖြတ်နိုင်တာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာပါတယ်။

Health — Nay Myo Shein

Ref: မြ၀တီ
၁။ဆေးလိပ် သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန် ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက် စေနိုင် ပါတယ်။

နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ

Photo: နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ 




နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ သင်လည်း သိမှာ ပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုး ပါပဲ။

အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့်ခန္ဓာကိုယ် အတွက်  လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်း နိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ် ပါတယ်။ ဒါမှမဟုတ် နေ့လယ်စာကို ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နံနက်စောစော အချိန်ဟာ လူတစ်ယောက်အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ နံနက် အိပ်ရာထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝနာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာနိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့်အစာအိမ်ကို ဒုက္ခပေးနိုင်သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှား တာတွေ ကိုလည်း နှေးကွေး စေပါတယ်။

နံနက်စာ မစားလို့ နေ့လယ်စာ ပိုစားမိပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ သင်ဟာ နံနက်စာကိုသာ ကောင်းကောင်း စားထားမယ် ဆိုရင် သင့်တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင်သလို နေ့လယ်နေ့ခင်း သရေစာ စားသောက် တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်တာ တွေကို ခွန်အားအပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက်တတ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီ၊ ကိုလက်စထရောနဲ့ ဆား (အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။

နံနက်စာကို ဂျုံအပြည့် အဝပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။

အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံး ပေးရပါမယ်။

သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီး တွေကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။

ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့်ပါတယ်။

ဒီနေ့ကစလို့ သင်ရဲ့ နံနက်စာ စားသောက်ပုံကို ပြောင်းလဲ သင့်ပါပြီ။ နံနက်စာက သင်ရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ်ဆိုရင် ဒီနေ့ပဲ ပြောင်းလဲ လိုက်ကြပါစို့။ နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ သောက်မယ့်အစား သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာ နုပျို စေပါတယ်။ ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင်အေက သင့်အမြင်ကို ကြည်လင်စေပြီး အသားအရေ လှပစေပါတယ်။ ဗီတာမင်ဘီ အုပ်စုက ခန္ဓာကိုယ်မှာ တစ်သျှုး အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ် ပေးခြင်း၊ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ် အတွက် သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် အနာကျက် မြန်စေ ပါတယ်။ ဗီတာမင်ဒီက အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ ဗီတာမင်အီးက အိုမင်းရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်အေက သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ  ဖြစ်ပေါ်မှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ သင့် နံနက်စာကို ဖျော်ရည်တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဗီတာမင်ဓာတ် တွေကို ရရှိ နိုင်ပါတယ်။


Ref: မြ၀တီ
နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ သင်လည်း သိမှာ ပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုး ပါပဲ။

အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့်ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်း နိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ် ပါတယ်။

Wednesday, January 9, 2013

စိတ်ဖိစီးမှု ပျောက်ကင်းစေရာ မေမေနဲ့ စကားပြောပါ

Photo: စိတ်ဖိစီးမှု ပျောက်ကင်းစေရာ မေမေနဲ့ စကားပြောပါ

အမေရိကန် ဆေးပညာရှင်များရဲ့  တွေ့ရှိချက် ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ပျောက်ကင်းစေတဲ့ အကောင်းဆုံး နည်းလမ်းက အမေနဲ့ စကား ပြောဆိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂ ကျင့်စင်၊ သောက်စေး၊ စားဆေး အားလုံးထက် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးပညာ အရ ဆက်စပ်မှုက ဒီလို ရှိပါတယ်။ မိခင်များဟာ ကလေးမွေးဖွားပြီး မိခင်နို့ချိုရည်ကို တိုက်ရပါတယ်။ ယင်း နို့ရည်ထဲမှာ cuddle chemical လို့ အမည်ပေးထားတဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး ကလေးရဲ့  ခန္ဓာကိုယ်တွင်း သွေးထဲကို စီးဆင်းသွားပါတယ်။

ယင်းဓာတ်တစ်မျိုးကြောင့် ကလေးများဟာ ဘယ်အရွယ်ရောက်ရောက် မိခင်နဲ့ စကားပြောရင် စိတ်ဖိစီးမှု လျော့ကျပြီး အခြားသော စိတ်ပိုင်းဆိုင် ရာ ရောဂါ များကိုပါ ပျောက်ကင်းစေပါတယ်။ ဥပမာ - ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိမှု၊ ကြောက်လှန့်မှု၊ ရှက်ရွံ့ မှု အစရှိတဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားချက်များကလည်း အမေရဲ့  စကားသံ၊ အားပေးသံ ကြားရရင်၊ မြင်ရရင် အလိုလိုလျော့နည်းသွားပါတယ်။

အသက် ၁၂ နှစ်အရွယ် အမျိုးသမီး ကလေးငယ်များကို လူစိမ်းများရှေ့ မှာ စကားထွက်ပြောစေလို့ လက်တွေ့ စမ်းသပ်လိုက်တာ ဖြစ်ပြီး ဒီတိုင်း ပြောရင် cortisol လို့ခေါ်တဲ့ စိတ်ဖိစီးစေတဲ့ ဟိုမုန်းတစ်မျိုး အတက်မြန်ပါတယ်။ သူ့ကို မိခင်နဲ့ ဖုန်းပေးပြောပြီး နောက်ပိုင်း စကားပြောခိုင်းတဲ့ အခါမှာတော့  oxytocin ဆိုတဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ယခင်က အခြေအနေထက် အများကြီး တိုးတက်သွားပါတယ်။ အမေနဲ့ စကားပြောတာက အဖေနဲ့ တိုင်ပင်ပြောဆိုတာထက် ပိုထူးခြားစေပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်စရာများ ကြုံတွေ့ရတိုင်း အခြားသော နည်းလမ်းများနဲ့ ဖြေရှင်းခြင်းထက် မိခင်နဲ့ စကားပြော၊ တိုင်ပင်တာ အကောင်းဆုံး ဖြစ်ကြောင်း သိရပါတယ်။ 

Ref: http://www.innewsmyanmar.com
အမေရိကန် ဆေးပညာရှင်များရဲ့  တွေ့ရှိချက် ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ပျောက်ကင်းစေတဲ့ အကောင်းဆုံး နည်းလမ်းက အမေနဲ့ စကား ပြောဆိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မိုဘိုင်းဖုန်းဖြင့် အောင်ဘာလေထီ ပေါက်မပေါက် စစ်ဆေးနိုင်သော ဆော့ဖ်ဝဲ အခမဲ့ဖြန့်ချိ



Photo
အောင်ဘာလေ ထီလက်မှတ် ပေါက်မပေါက် စစ်ဆေးနိုင်သော Myanmar Lottery  အမည်ရ မိုဘိုင်းဆော့ဖ်ဝဲ တစ်ခုအား မုံရွာမြို့ရှိ i-Campus ကွန်ပျူတာသင်တန်းမှ အခမဲ့ ဖြန့်ချိလိုက်ကြောင်း သိရသည်။ 

iOS သုံး Apple Product များအတွက် iOS Firmware ကို ထည့်သွင်းပုံ



Photo
iOS အသုံးပြုသည့် Apple Product များဖြစ်သည့် iPhoe, iPad, iPod Touch  တို့မှာ ပြဿနာ တစ်ခုခုကြောင့် iOS ကို  အသစ်ပြန်လည် ထည့်သွင်း အသုံးပြုချင်သူများ အတွက် iOS  Firmware များ ထည့်သွင်းပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။ 

အမျိုးသားများ အိမ်မှုကိစ္စ လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွားမှု လျော့ကျနိုင်

Photo: အမျိုးသားများ အိမ်မှုကိစ္စ လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွားမှု လျော့ကျနိုင် 


စိတ်ပညာရှင် သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် အိမ်မှု ကိစ္စများကို လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွား နိုင်မှုနှုန်း လျော့ကျ နိုင်သည်ဟု သိရသည်။

ယူမီယာ တက္ကသိုလ်မှ ဆွီဒင်နိုင်ငံ သုတေသီများ၏ ထုတ်ဖော် ပြောကြား ချက်အရ အိမ်မှုကိစ္စ ပြုလုပ်လျှင် စိတ်ဖိစီးမှုများ ပြေလျှော့ကာ ကျန်းမာရေး ကောင်းမွန် စေနိုင်ကြောင်း လေ့လာ တွေ့ရှိ ရသည်။

ယခင်က သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် ဇနီးသည်အား အိမ်မှုကိစ္စ ပြုလုပ်ခြင်းကို ကူညီပေးလျှင် ဇနီးသည်၏ နှလုံးရောဂါဖြစ်ပွားမှု ကို လျှော့ချ ပေးနိုင်သည်ဟု သိရသည်။

Ref: မြ၀တီ
စိတ်ပညာရှင် သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ အမျိုးသားများသည် အိမ်မှု ကိစ္စများကို လုပ်ကိုင်ပါက စိတ်ဝေဒနာ ဖြစ်ပွား နိုင်မှုနှုန်း လျော့ကျ နိုင်သည်ဟု သိရသည်။

နှစ်သစ် ၂၀၁၃မှာ ကျန်းမာဖို့


နှစ်သစ်တစ်နှစ်သို့ အကူး အပြောင်းကာလ ဟူသည် အဟောင်းတွေ ထားခဲ့ပြီး ပိုကောင်းတာ တွေဆီ လျှောက်လှမ်း ရမည့် ကာလ ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍစုံတွင် ရည်မှန်းချက် သစ်များ ချမှတ်ရမည့် ကာလလည်း ဖြစ်သည်။

နေပျော်သော ဘ၀ တစ်ခုတည် ဆောက်ရေးတွင် ကျန်းမာရေး သည်လည်း အဓိက အရေးပါသော ကဏ္ဍမှ ပါဝင်လျက်ရှိရာ ၂၀၁၃ တွင် ကျန်းမာရေးကို မည်သို့ဂရုစိုက် ကြမည်နည်း။

သင်၏ အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည် ကိုယ်သွေး

Photo: သင်၏ အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည် ကိုယ်သွေး 




သင်ရဲ့ အိပ်စက်ပုံ အလေ့အထဟာ သင်ထင်တာ ထက်ပိုပြီး သင့် အကြောင်းကို ဖော်ပြနေနိုင် ပါတယ်။

အတွေ့ရများတဲ့ အိပ်စက် ပုံတွေကို ခန္ဓာကိုယ် ဘာသာ စကား ကျွမ်းကျင် သူတွေက အကဲဖြတ်ပြီး ဒီလို အိပ်စက်ပုံ အနေအထားတွေက သင်ဟာ ခေါင်းမာ သူလား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင် သူလား၊ နေရာယူတတ်သူလား ဆို တာကို သဲလွန်စ ပေးနေကြောင်း ဆိုပါတယ်။

သန္ဓေသားအနေအထား အိပ်စက်တတ်သူလား

အိပ်တဲ့အခါ ဘောလုံး တစ်လုံးထဲမှာ ကွေးပြီး အိပ်သလို အိပ်တတ် သူလား။ လေ့လာမှုအရ လူတစ်ဝက် ကျော်ဟာ စောင်ခြုံပြီး သန္ဓေသားတစ်ဦးလို ကွေး ကာ အိပ်တတ် တယ်လို့ သိရပါတယ်။သန္ဓေ သားလို အိပ်စက်တာက သက်သောင့် သက်သာရှိပြီး စိတ်ပူ ပင်သောကတွေ လျော့ပါး သွားပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

သန္ဓေသားလို ခန္ဓာကိုယ်ကို ကွေးပြီး အိပ်စက်တတ်သူတွေက နိုးနေတဲ့ အချိန် အတောအတွင်းမှာ အလွန် တာဝန် သိပြီး ကျေပွန်ကြပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ် ဆောင်ရမယ့် အလုပ်တွေအကြောင်းကို အလွန်အမင်း စဉ်းစားတတ် သူလည်း ဖြစ်ပါတယ်။

သစ်တုံးတစ်တုံး အနေအထား အိပ်စက်တတ်သူလား

လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘေးနှစ်ဖက်ချပြီး ဘေးစောင်းအနေ အထားအတိုင်း အိပ်စက်တတ် သူလား။ လေ့လာမှုအရ လူဦးရေ ၃၀ ရာခိုင်နှုန်း နီးပါးဟာ သစ်တုံးတစ်တုံးချထားသလို အိပ်စက်တတ်တယ်လို့ သိရပါတယ်။ ဒီလို အိပ်စက်ပြီး နိုးလာတဲ့အခါ တစ်ကိုယ်လုံးတောင့် တင်းနေပြီး အိပ်ရာ နိုးချိန်မှာ မသက်မသာ ခံစားရတတ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ကြွက်သား တွေက သင့်တော်တဲ့ အနားရမှု မရှိလို့ပါ။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

အေးဆေးတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။ မကြာခဏ တစ်ဦးတည်း သီးသန့်နေတတ်ပြီး သမားရိုးကျ ဘဝမျိုးမှာ နေတတ်ပါတယ်။

ဘေးစောင်းကွေးရင်း ဘေးချထားတဲ့ လက်တွေဆုပ်ကိုင်ကာ အိပ်တတ်သူလား

သင်က ဘေးစောင်းပြီး လက်တွေကို ဆန့်တန်းကာ အိပ်စက်တတ်သူလား။ ဒီလိုအနေ အထားနဲ့ အိပ်စက်သူက ၂၅ ရာ ခိုင်နှုန်းခန့် ရှိပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

သူတို့ဟာ နံနက် အိပ်ရာနိုးတဲ့အခါ စိတ်ဓာတ်တက်ကြွနေတတ်ပါတယ်။ ဒါပေမဲ့ သူတို့က အိပ်မက်တွေမက်၊ စိတ်ကူးတွေယဉ်ကာ နေတတ် တာကြောင့် အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေ မိတတ်ပါတယ်။

မှောက်လျက် အိပ်တတ်သူလား

ဗိုက်ကို အိပ်ရာနဲ့ ကပ်ပြီး လက်နဲ့ ခြေထောက်တွေကို ဘေးထုတ်ကာ အိပ်တတ်သူလား။ ဒီလို အိပ်တတ်သူက ၁၇ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှု အရ သိရပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

မှောက်ရက် အိပ်တတ်သူ အများစုက အချိန်ကို စီမံခန့်ခွဲ တတ်ကြပါတယ်။ ဘယ်တော့မဆို နေရာ ရအောင် ယူတတ်ပါတယ်။ ဒါပေမဲ့ ဒီလို အနေအထားနဲ့ အိပ်တာက နိုးလာတဲ့ အချိန်မှာ ခန္ဓာကိုယ်ကို သိပ်ပြီး သက်သောင့် သက်သာ မရှိစေပါဘူး။ ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော် တတ်ကြပါတယ်။

Ref: မြ၀တီ
သင်ရဲ့ အိပ်စက်ပုံ အလေ့အထဟာ သင်ထင်တာ ထက်ပိုပြီး သင့် အကြောင်းကို ဖော်ပြနေနိုင် ပါတယ်။

အတွေ့ရများတဲ့ အိပ်စက် ပုံတွေကို ခန္ဓာကိုယ် ဘာသာ စကား ကျွမ်းကျင် သူတွေက အကဲဖြတ်ပြီး ဒီလို အိပ်စက်ပုံ အနေအထားတွေက သင်ဟာ ခေါင်းမာ သူလား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင် သူလား၊ နေရာယူတတ်သူလား ဆို တာကို သဲလွန်စ ပေးနေကြောင်း ဆိုပါတယ်။

CDMA 450 ဖုန်းများမက်ဆေ့ခ်ျ အခမဲ့ပို့နိုင်ခြင်း မရှိကြောင်းသိရ



Photo
CDMA 450MHz ဖုန်းများတွင် မက်ဆေ့ခ်ျပေးပို့ရာ၌ အခမဲ့ပေးပို့နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်မှာ မဟုတ်ကြောင်း သိရသည်။  အဆိုပါဖုန်းများတွင် မက်ဆေ့ခ်ျ အခမဲ့ပေးပို့နိုင်ကြောင်း ထုတ်ပြန် ကြေညာခြင်း မရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကြေညာထားခြင်း မရှိပါဘူး။ အခမဲ့ မက်ဆေ့ခ်ျ ပေးပို့နိုင်တယ်ဆိုတာ error တစ်ခုခုကြောင့်လည်း မဟုတ်ပါဘူး။ error ကြောင့် ဖြစ်တယ်ဆိုရင် ပိုက်ဆံအများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။  လက်ရှိလည်း CDMA 450MHz ဖုန်းများမှာ မက်ဆေ့ခ်ျ အခမဲ့ပေးပို့လို့မရပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

စစ်ဟူသည်


စစ်ဟူသည်...
နိုင်ငံတိုးတက်မှုကို ဖျက်ဆီး၏
ငြိမ်းချမ်းရေးကို ဖျက်ဆီး၏
ဘာသာသာသနာရေးကို ဖျက်ဆီး၏
စီးပွားရေးကို ဖျက်ဆီး၏
နောက်ဆုံး...

ပျော်ရွှင်စရာ မိသားစုဘဝလေးကို ဖျက်ဆီးပစ်လေသည်...


လင်းယံခ (မြန်မာစာ)
 

အမေ့ထူသူများအတွက် နည်း ၅ နည်း

Photo: အမေ့ထူသူများအတွက် နည်း ၅ နည်း 




လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။

စိတ်မညစ် ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့် ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ

ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်း ထဲမှာ တစ်ခုခုကို အလေး အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြ တာကိုပေါ့။ အဲဒီလိုပဲ အချက်အလက် အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီ အချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်း စေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ

ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ် ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက် တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ

သိပ္ပံပညာရှင် တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလို ယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက် လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အို တွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ် စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့

အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိ ကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာ တွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်း နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ

Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့် ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက် အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ် တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

ဒေါက်တာနုမြတ် (ရတနာပုံ ကျန်းမာရေး)

Ref: မြ၀တီ
လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။

အဲဒါ...အမှန်တရား

အဖြူအနီအပြာစုံ ရောချ
မာယာများတဲ့ လောက
ရေခဲရိုက် အပြုံးများနဲ့
ဂုဏ်ထုတ်ကာ ဟန်လုပ်
အပေါ်ယံ အပေါ်ယံတွေ ငါမလိုချင်ဘူး...!!
ဖြူစင်ကာ ရိုးသား
မှန်ကန်စွာနဲ့ လောကကြီးမှာ
နှလုံးသားထဲက အပြုံးများနဲ့
အမှန်တရား ရှေ့တင်ထားကာ
ရင်ထဲက ဆုံးဖြတ်
ဘယ်သူ့ကိုမှ
တွေဝေစရာမလိုဘူး။ အားကိုးစရာမလိုဘူး။ ကြောက်ရွံ့စရာမလိုဘူး။

အမှန်တရားက ကိုယ့်နောက်မှာရှိတယ်...

လင်းယံခ (မြန်မာစာ)
8/1/2013 12:39AM

Photo: အဲဒါ...အမှန်တရား

အဖြူအနီအပြာစုံ ရောချ
မာယာများတဲ့ လောက
ရေခဲရိုက် အပြုံးများနဲ့
ဂုဏ်ထုတ်ကာ ဟန်လုပ်
အပေါ်ယံ အပေါ်ယံတွေ ငါမလိုချင်ဘူး...!!
ဖြူစင်ကာ ရိုးသား
မှန်ကန်စွာနဲ့ လောကကြီးမှာ
နှလုံးသားထဲက အပြုံးများနဲ့
အမှန်တရား ရှေ့တင်ထားကာ
ရင်ထဲက ဆုံးဖြတ်
ဘယ်သူ့ကိုမှ
တွေဝေစရာမလိုဘူး။ အားကိုးစရာမလိုဘူး။ ကြောက်ရွံ့စရာမလိုဘူး။

အမှန်တရားက ကိုယ့်နောက်မှာရှိတယ်...

လင်းယံခ (မြန်မာစာ)
8/1/2013 12:39AM

အခမဲ့ e-book များ



Photo
E-book အမျိုးမျိုးကို အခမဲ့ download ပြုလုပ်နိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ စာအုပ်တွေကို အမျိုးအစား၊ ရေးသားသူ၊ ရေးသားချိန်၊ အသစ်ထွက်ရှိတာတွေနဲ့ သက်ဆိုင်ရာ စာအုပ် အမျိုးအစား အသီးသီးကို ကဏ္ဍတစ်ခုချင်းစီနဲ့ ခွဲခြား ဖော်ပြပေးထားပါတယ်။

ဖုန်းအတွက် လိုအပ်တာတွေယူမယ်



Photo
ဖုန်းတစ်လုံးရှိလို့ ဖုန်းထဲကို သူများတကာလို အက်ပလီကေးရှင်း လန်းလန်းလေးတွေ သုံးချင်တယ် ဆိုရင်တော့  ဒီဝက်ဘ်ဆိုက်ကို ညွှန်းပေးချင်ပါတယ်။

ဓာတ်ပုံ ဝါသနာရှင်တွေအတွက်



Photo
ကိုယ့်မှာ ကင်မရာတစ်လုံး ရှိတယ်။  ခလုတ် နှိပ်တတ်ရုံကလွဲရင် ဘာမှ အသုံးမချတတ်ခဲ့ရင် ဝယ်ထားရတာ နှမြောစရာ ဖြစ်သွားပါလိမ့်မယ်။ မေးမြန်းလို့ရမယ့် အသိမိတ်ဆွေ မရှိလို့ အားမငယ်ပါနဲ့။ ဒီဝက်ဘ်ဆိုက်ကို လေ့လာကြည့်လိုက်ပါ။

SSK External DVD RW Drive



Photo
ပြည်တွင်းဈေးကွက်ထဲသို့နာမည်ကြီး SSK External DVD RW Drive ဝင်ရောက်လာပါတယ်။ 

လူသိနည်းနေသေးသည့် မိုဘိုင်းဖုန်း၏ လျှို့ဝှက်ချက်များ

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား) ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

အတုံ့အလှည့်

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိတယ်။ စေတနာပါတဲ့ လုပ်ရပ်တိုင်းမှာ တန်ပြန်ဖြစ်ပေါ်တတ်တဲ့ အတုံ့အလှည့်ဆိုတာ ရှိနေပါတယ်။ လုပ်တဲ့သူက အကောင်းပြုလုပ်ရင် တန်ပြန်သက်ရောက်မှုရဲ့ အတုံ့အလှည့်ဟာ ကောင်းမှာဖြစ်ပြီး လုပ်တဲ့သူက မကောင်းပြုလုပ်ရင် တန်ပြန်သက်ရောက်မှုရဲ့ အတုံ့အလှည့်ဟာလည်း မကောင်းဖြစ်နေမှာပဲ။ ကိုယ်နဲ့ဖြစ်ဖြစ်၊ နှုတ်နဲ့ဖြစ်ဖြစ်၊ စိတ်နဲ့ဖြစ်ဖြစ် ပြုလုပ်ပြောဆိုကြံစည်မှုများဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲဖြစ်ပြီး အဲဒီရဲ့ တန်ပြန်သက်ရောက်မှုဟာလည်း ကိုယ့်ထံပဲပြန်လာမယ်။ အပြုအမူကောင်းရင် အတုံ့အလှည့်ကောင်းမှာဖြစ်ပြီး အပြုအမူဆိုးရင် အတုံ့အလှည့် ဆိုးမှာပဲ။
မနာပဒါယီ(အရှင်ဝိစိတ္တ)

ဗီယက်နမ်နိုင်ငံတွင် အသုံးပြုသည့် မိုဘိုင်းဖုန်း အရေအတွက် နိုင်ငံလူဦးရေထက် ကျော်လွန်

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် အသုံးပြုနှင့် Facebook သုံးစွဲမှုတွင် တိုးတက်မှု လျင်မြန်သည့် နိုင်ငံတစ်ခု ဖြစ်သော်လည်း နိုင်ငံ၏ အဓိကတိုးတက်မှု အရှိဆုံး အပိုင်းမှာ မိုဘိုင်းကဏ္ဍ ဖြစ်ကြောင်း  သိရသည်။ ဗီယက်နမ်နိုင်ငံတွင် လူဦးရေ ၁၀၀ လျှင် ပျှမ်းမျှ မိုဘိုင်းဖုန်း ၁၄၅ လုံး ရှိသည်။ နိုင်ငံ၏ လူဦးရေသည် သန်း ၉၀ ကျော်ရှိရာ နိုင်ငံအတွင်း အသုံးပြုသည့် မိုဘိုင်းဖုန်း အလုံးရေ စုစုပေါင်းမှာ သန်း ၁၃၀ ကျော် ရှိသည်။

Android Device, iPhone တို့ထံမှ ပုံများကို Facebook ပေါ်တွင် Auto sync ပြုလုပ်ခြင်း

သင်ဟာ Android Phone ဒါမှမဟုတ် iPhone အသုံးပြုသူ တစ်ယောက်ဖြစ်ပြီး၊ သင့်ရဲ့ Device နဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ပုံတွေကို Facebook ပေါ်မှာ အလိုအလျောက်စနစ်နဲ့ ဖော်ပြပေးချင်တယ်ဆိုရင်တော့ ဒီပြုလုပ်နည်းဟာ သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။  Facebook ဟာဆိုရင် လူသုံးအများဆုံး Social Network တစ်ခုဖြစ်ပြီး၊ Android Phone နဲ့ iPhone တို့ဟာလည်း

Ubuntu OS ပေါ်တွင် Update ပြုလုပ်ရာ၌ အဆင်မပြေသူများအတွက် ပြဿနာ ဖြေရှင်းပုံ

Ubuntu OS အသုံးပြုသူတွေအတွက် Update ကို Terminal ထဲက ပြုလုပ်တဲ့အချိန်မှာ Error ဖြစ်နေသူများ အဆင်ပြေပြေနဲ့ Update ပြုလုပ်နိုင်အောင် ပြဿနာ ဖြေရှင်းပုံကို ယခုတစ်ပတ် Ubuntu Comer ကဏ္ဍမှာ ရွေးချယ်တင်ပြလိုက်ပါတယ်။ 

မန်းလေးဆောင်း

အပြင်မှာမြူတွေဆိုင်း လမင်းကြီးလည်း ဝိုင်းလို့
အရှေ့ရှမ်းတောင်တန်းဆီက တောမီးအလှတွေ ရင်ထဲကို မသိမသာတိုးဝင်လာ ငါ့ရင်ထဲနွေးထွေးသွား...
မီးရောင်စုံနဲ့လှနေတဲ့ မန်းရွှေကျုံးကြီးကတော့ အိပ်နေပြီ...
ရေဇလာနဒီ ဧရာဝတီကမ်းနဘေးက ရွှေမင်ဝံ စစ်ကိုင်း စေတီဘုရား စုကာဆိုင်းလို့ အတွေးကပန်းချီ အရေးလှသည်...
ဦးပိန်...ဦးပိန်...ဖျော့တော့တော့လရောင်အောက်မှာ အိပ်စက်နေရောပေါ့...
တောင်တမန်အရှေ့ကမ်းဆီက ကျောက်တော်ကြီးဘုရားက ဆည်းလည်းလေးတွေ မြောက်ပြန်လေညင်းနဲ့အတူတူ...
ချွင်...ချွင်...ချွင်...
အဝေးကတမ်းမဝ မှန်းမရတဲ့ အဆောင်သူလေး
မန်းလေးဆောင်းမှာ နေနိုင်ပါစေကွယ်...

လင်းယံခ (မြန်မာစာ)
၂၄.၁၂.၁၂ ၀၁း၁၈မိနစ်

မင်းနဲ့ငါ

အပြစ်မယူခဲ့ပါဘူး
သူ့ရဲ့မအားလပ်မှုတွေကို

မလွမ်းနေခဲ့ပါဘူး
ငါ့ရဲ့စိတ်မှာ အမြဲရှိနေလို့

ဝေးမနေခဲ့ပါဘူး
ကျောချင်းကပ်ကာ နေခဲ့တာမို့

မြင်နိုင်ခွင့်မရှိခဲ့ပါဘူး
မင်းနဲ့ငါ ဆန့်ကျင်ဘက်
ဝေးမြဲဝေးရာ သွားနေခဲ့ပြီမို့....

လင်းယံခ မြန်မာစာ
9/1/2013 9:47

ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်

ဘီယာတွင် ပါဝင်သော အဓိက ပစ္စည်း တစ်မျိုး ဖြစ်သည့် ဗျစ်ပွင့် ခြောက်သည် ကလေးငယ် များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့် ဆောင်းရာသီတွင် ဖြစ်ပွား တတ်သည့် နှာစေးခြင်း များကို ကာကွယ် ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာ လေ့လာမှု တစ်ရပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး

Photo: အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး 




၁။ အမူအကျင့်

တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။

၂။ နေရောင်ခြည်

နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

၃။ အိပ်ရေး မဝခြင်း

အိပ်ရေး မဝတာကလည်း သင့်အရေပြား အတွက် ဆိုးကျိုး တစ်ခုပါပဲ။ အိပ်ရေး မဝတာကြောင့် အရေပြား အတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေး စေပြီး အရေးကြောင်း ဖြစ်ပေါ် စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

၎။ အချိုနှင့် အငန်ဓာတ်

အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ ပေးနေတဲ့ အရာက ကော်လာဂျင် တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာ ရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီး စေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့် အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

၅။ လှုပ်ရှားမှု မရှိခြင်း

လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင် ပါဘူး။ သွေးလှည့် ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွား လာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာ အာဟာရ ထောက်ပံ့မှု နည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုး ရှိစေပါတယ်။

BY GOOD HEALTH

Ref: မြ၀တီ
၁။ အမူအကျင့်

တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။

ပျော်ပျော်နေ သေခဲ

 Photo: ပျော်ပျော်နေ သေခဲ 


ဘဝခရီးမှာ ပျော်ရွှင်ခြင်းများ ပျောက်ဆုံး၍ ချမ်းမြေ့ခြင်း နည်းသူများနှင့် စာလျှင် ဘဝခရီး တစ်လျှောက် ကိုယ်ရည် ကိုယ်သွေးများ မြှင့်တင်ပြီး ပျော်ရွှင် ချမ်းမြေ့ခြင်း ရှိသူများသည် အသက် ပိုရှည်သည့် အလားအလာ များကြသည်ဟု ဆိုသည်။

အသက် ၅၂ နှစ်မှ ၇၉ နှစ်အရွယ်ရှိ ဗြိတိန်မှ လူပေါင်း ၃၈၀၀ ကျော်အား ငါးနှစ်တာမျှ စဉ်ဆက်မပြတ် လေ့လာ ခဲ့ရာတွင် အချိန်အများစု၌ ကိုယ်စိတ် နှစ်ပါး ပျော်ရွှင်စွာရှိကြသူများ၏ သေဆုံးနှုန်းသည် ၃၅ ရာနှုန်းမျှ လျော့နည်း ကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုတွင် ပါဝင်သူ များအား အိပ်ယာနိုးပြီးချိန် မိနစ် ၃၀ အကြာ နံနက် ၇ နာရီမှ အစပြု၍ ညအိပ်ယာဝင်ချိန် ထိတိုင် တစ်နေ့တာအတွင်း လေးချိန်နီးပါးမျှ ၎င်းတို့၏ စိုးရိမ် သောက စိုးရွံထိတ်လန့်မှု၊ ပျော်ရွှင်မှု စိတ်လှုပ်ရှားမှုစသည့် ခံစားချက် များကို တစ်ဦးချင်းစီ မှတ်တမ်းပြု လေ့လာခဲ့ခြင်း ဖြစ်သည်။

လေ့လာမှု မှတ်တမ်းတွင် ပါဝင်သူများ၏ ပျော်ရွှင်မှုခံစားချက် အတိုင်းအဆ နှုန်းထားကို ၁ မှ ၄ထိ စကေးသတ်မှတ် လေ့လာခဲ့သည်။ ၅ နှစ်ကြာသည့် အခါ လန်ဒန် တက္ကသိုလ်အဖွဲ့မှ သုတေသီများက လေ့လာမှုမှတ်တမ်းတွင် ပါဝင်သူများ၏ သေဆုံးသည့် အကြောင်းရင်းများ ပါဝင်သူများ၏ အသက် ကျား-မ နှုန်းထား ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု ပညာရေးနှင့် အိမ်ထောင်ရေး အခြေအနေတို့ကို စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အပြီး ကောက်ချက်အရ လေ့လာမှုတွင် ပါဝင်သူများထဲမှ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်မှု အများဆုံး သူများ၏ သေဆုံးနှုန်းသည် ၃.၆ ရာနှုန်းရှိပြီး ပျော်ရွှင်ချမ်းမြေ့မှု အလယ်အလတ် ရှိသူများ၏ သေဆုံးနှုန်းမှာ ၄.၆ ရာနှုန်း ရှိသည်။ ပျော်ရွှင်မှု ပျောက်ဆုံး သူများ၏ သေဆုံးနှုန်းမှာ ၇.၃ ရာနှုန်းမျှ ရှိသည်ဟု ကောက်ချက်ထုတ် ဖော်ပြထားသည်။ ယခုကဲ့သို့ စစ်တမ်းပြု ဖော်ပြချက်သည် ပထမဆုံးဖော်ပြချက် မဟုတ်သော် လည်း အသက်ကြီး သူများ၏ အကျိုးစီးပွားရေးကို ဦးတည်၍ ထပ်ဆင့် ဖော်ပြသော အကြောင်း တစ်ရပ်အဖြစ် အထောက်အပံ့ ဖြစ်စေသည်ဟု သုတေသီတို့မှ ဆိုထားသည်။ ပျော်ရွှင် ချမ်းမြေ့မှု ရှိခြင်းသည် အသက်ရှည် စေမှုနှင့် တိုက်ရိုက် ပတ်သက်သည်ဟု လေ့လာချက်မှ သက်သေ ပြထားခြင်း မရှိပေ။

နောက်ထပ် လေ့လာ စမ်းသပ်ချက် ရှာဖွေချက်များမှ ဤဆက်စပ် ချက်ကို အဖြေပေး နိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း သို့ရာတွင် ပျော်ရွှင်ချမ်းမြေ့မှု ရှိစေခြင်းသည် အသက်ရှည် စေမှုကို ဖြစ်စေသည် ဆိုသော ကောက်ချက်အား ဆရာဝန်များ ပြုစု စောင့်ရှောက်မှု ပေးနေသူများ အနေဖြင့် ကရုထားမှု ရှိစေရန်နှင့် အထူးသဖြင့် သက်ကြီး အရွယ် လူနာများ၏ စိတ်ပိုင်းဆိုင်ရာ အကျိုးကောင်း စားရေးကို ဂရုတစိုက်ရှိရန် သုတေသီတို့က အကြံပြု ထားသည်။

မင်းထက်

BY THE MANDALAY TIMES

Ref: မြ၀တီ
ဘဝခရီးမှာ ပျော်ရွှင်ခြင်းများ ပျောက်ဆုံး၍ ချမ်းမြေ့ခြင်း နည်းသူများနှင့် စာလျှင် ဘဝခရီး တစ်လျှောက် ကိုယ်ရည် ကိုယ်သွေးများ မြှင့်တင်ပြီး ပျော်ရွှင် ချမ်းမြေ့ခြင်း ရှိသူများသည် အသက် ပိုရှည်သည့် အလားအလာ များကြသည်ဟု ဆိုသည်။

တာရှည်ပင်ပန်းနေသူတို့အတွက် .....


ခံစားနေရတဲ့ တာရှည်ပင်ပန်းမှု ဝေဒနာသက်သာအောင် မိမိဘာသာပြောင်းလဲ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းရတဲ့ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားပါ။ နေ့တိုင်းစိတ်သက်သာရာရအောင် လုပ်ဆောင်နိုင်ဖို့ အချိန်ပေးပါ။

မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့နိုင်

Photo: မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့နိုင်



မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိ စားသုံးသော ထမင်း လုတ်ကို ကွန်ပျူတာ အကူအညီ ရယူ ရေတွက်ခြင်း အားဖြင့် ထိန်းချုပ်နိုင်မှု မြင့်မား သူများ ကဲ့သို့ တင်းတိမ် မှုရနိုင်ကြောင်း

အမေရိကန် သုတေသီ များက ပြောကြားသည်။ မိမိဆန္ဒ အလျောက် သုတေသနတွင် ပါဝင်သူများအား မိမိကိုယ်ကို ထိန်းချုပ် နိုင်မှု မြင့်မား သူများနှင့် ထိန်းချုပ်နိုင်မှု နည်းသူများဟူ၍ သုတေသီများက အုပ်စုနှစ်စု ခွဲလိုက်သည်။ ယင်းနောက်တွင် သုတေသီများက ၄င်းတို့အစားအစာ စားသုံးချိန်တွင် မျိုချသော ထမင်းလုတ်များကို အားကစားသမားများ အသုံးပြုသော အကြိမ် ရေတွက်စက်များဖြင့် ရေတွက်စေခဲ့သည်။ "မိမိကိုယ်ကို ထိန်းချုပ် နိုင်စွမ်းမြင့်မား သူတွေမှာတော့ ဘာမှမထူးခြားပါဘူး။ အကြောင်း ကတော့ သူတို့စားရင်းသောက်ရင်း ဘယ်လောက်ဆိုရင် တင်းတိမ် သလဲဆိုတာ သူတို့ဟာသူတို့ သိနေလို့ပဲဖြစ်ပါတယ်" ဟု သုတေသီ တစ်ဦးက ပြောသည်။ သို့သော် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းနေ သူများအား အကြိမ်ရေတွက်သော ကိရိယာလေးများ အသုံးပြုခိုင်း သောအခါ အခြားမိမိကိုယ်ကို ထိန်းချုပ်နိုင်သူများကဲ့သို့ပင် အစား အသောက်အပေါ် တင်းတိမ် လာတတ်သည်ဟု Journal of Consumer Research တွင် သုတေသီ များက တင်ပြခဲ့သည်။ 

Ref: မြ၀တီ
မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိ စားသုံးသော ထမင်း လုတ်ကို ကွန်ပျူတာ အကူအညီ ရယူ ရေတွက်ခြင်း အားဖြင့် ထိန်းချုပ်နိုင်မှု မြင့်မား သူများ ကဲ့သို့ တင်းတိမ် မှုရနိုင်ကြောင်း

နှစ်မိနစ်ဖြင့် ဘ၀အမောပြေစေမည့် နည်းလမ်းများ

Photo: နှစ်မိနစ်ဖြင့် ဘ၀အမောပြေစေမည့် နည်းလမ်းများ 



အရမ်းကို ပင်ပန်း နွမ်းနယ်နေ တယ်လို့ ခံစား နေရချိန် မျိုးမှာ ပင်ပန်းမှုနဲ့ မောပန်းမှု တွေကို ပြေပျောက် စေဖို့ အချိန် နှစ်မိနစ်နဲ့ သက်သာစေမယ့် နည်းလမ်းလေး တွေရှိ ပါတယ်။

အကြင်နာပေးပါ

နှစ်မိနစ်လောက် နှုတ်ခမ်းချင်း အကြင်နာ ပေးတာဟာ တခြား နှာခေါင်း၊ လက်နဲ့ ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာ ခံစားမှု ကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင် ကျွမ်း စေတယ် တယ်လို့ Stanford တက္ကသိုလ်မှ လေ့လာမှု တွေ အရ ဆိုပါတယ်။

သာယာလှပသော ကားချပ်များကို ကြည့်ပါ

ရေတံခွန်လို၊ စမ်းချောင်းလေးတွေ လို၊ တောတောင်လေးတွေလို၊ ကြယ်တံ ခွန်လေးတွေလို ကားချပ်တွေကို စက္ကန့် ၆၀ လောက်စိုက်ကြည့်နေရုံနဲ့ သင့်စိတ်ကို ကြည်လင်လာ စေတယ်လို့ ဆိုပါတယ်။

ဖိအားပေးပါ

မျက်လုံး နှစ်လုံးကြားက မျက်ခုံးနေ ရာကို သင့်လက်ချောင်း လေးတွေနဲ့ ဖိနှိပ် ပေးတာကြောင့် သင့်စိတ်ကို သက်သာရာ ရစေတယ်လို့ ဆိုပါတယ်။ တစ်ကြိမ်မှာ တစ်မိနစ်၊ တစ်နေ့ကို နှစ်ကြိမ် လောက် ဖိနှိပ်ပေးပါ။

သန့်ရှင်းသပ်ရပ်သော အိပ်ရာ ဖန်တီးပါ

သေးငယ်တဲ့ အိပ်ရာမျိုးလေးပဲ ဖြစ်ပါစေ သန့်ရှင်း သပ်ရပ်ပြီး ဓာတ်မတည့်မှု ကင်းအောင် ပြင်ဆင်ထား တာကြောင့် အဲလို အိပ်ရာမျိုးမှာ နှစ်မိနစ်လောက် လဲလျောင်းလိုက်ရင် စိတ်ကြည် လင်ကာ၊ အမောပြေစေပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးများနှင့် ကစားပါ

ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေနဲ့ နှစ်မိနစ်လောက် ကစားလိုက်တာ ကြောင့် သင့်စိတ်ကို ပျော်ရွှင် လာစေပါတယ်။

ခြေထောက်ကို နှိပ်နယ်ပါ

လက်ဖဝါး နှစ်ဖက်နဲ့ သင့်ခြေဖဝါး တွေကို နှစ်မိနစ်လောက် နှိပ်နယ်ပေးရင် စိတ်ဖိစီးမှု ဖြစ်စေတာကို သက်သာစေနိုင် တယ်လို့ ဆိုပါတယ်။

ယုံကြည်မှုကို မှတ်သားပါ

ဘာသာရေး အရဖြစ်စေ သင်ယုံကြည် အားထားရာ ကျေးဇူးတော် တစ်ခုခုကို မှတ်သား လိုက်ပြီး၊ အဲဒီ့အတိုင်းလိုက် နာလိုက်တာကြောင့် ဘဝအမောကိုပြေ စေတယ်လို့ Harvard ဆေးတက္ကသိုယ်မှ လေ့လာမှုတွေက ဆိုပါတယ်။

ပခုံးကို နှိပ်နယ်ပါ

ပခုံးနေရာကို သင့်လက်ချောင်း တွေနဲ့ နှစ်မိနစ်လောက် နှိပ်နယ်ပေးတာကြောင့် စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။

အချဉ်ဓာတ်သုံးပါ

အရမ်းကို ပျင်းရိငြီးငွေ့နေတယ်လို့ ခံစားနေရချိန်မျိုးမှာ သံပရာသီးတစ်လုံး ကို ခြမ်းလိုက်ပြီး သင့်ပါးစပ်ထဲကို အရည် ညှစ်ချလိုက်ပါ။

အခန်းတွင်း အစိမ်းရောင်အပင်စိုက်ပါ

ရုံးခန်းမှာ ဖြစ်စေ၊ သင့်အိပ်ခန်းမှာ ဖြစ်စေ အစိမ်းရောင် အပင်လေးတွေ စိုက်ထားတာကြောင့် သင့်စိတ်ကို ကြည်လင် လန်းဆန်း စေတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိ ခဲ့ပါတယ်။ အခန်းတွင်းမှာ အပင်လေးနှစ်ပင် လောက်တော့ စိုက်ထားပါ။

ခုန်ပါ

လေ့လာမှုတွေအရ ၁၅ စက္ကန့် လောက် ဆက်တိုက် ခုန်ပေါက်လိုက်တာ ကြောင့် စွမ်းအင် ပါဝင်တဲ့ အချိုရည်တစ် လုံးသောက်လိုက်သလိုပဲ လူကိုလန်းဆန်း သွားစေတယ်လို့ ဆိုပါတယ်။

ထမင်းမစားမီ ရေသောက်ပါ

ရေသောက်တာကြောင့် ရေဓာတ် ခန်းခြောက်မှုကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက် စေနိုင်ပါတယ်။ ဗာဂျီးနီးယားမှ လေ့လာမှုအရ ထမင်းအနပ် ကြီးမစားခင်မှာ ရေ နှစ်ခွက်လောက် သောက်ပေးတာကြောင့် ခန္ဓာကိုယ်အလေး ချိန်ထိန်းကာ စားနေသူတွေ အတွက် ပိုထိ ရောက်တယ်လို့ ဆိုပါတယ်။

လက်ဆေးပါ

စိတ်ထဲမှာ ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားနေရချိန်မျိုးမှာ လက်ဆေးတဲ့ ဘေစင် ကိုသွားပြီး ဆပ်ပြာနဲ့ရေကိုသုံးကာ အမြှုပ် များများထအောင် လက်ကို ပွတ်သပ်ပြီး ဆေးကြောလိုက်ပါ။ နှစ်မိနစ်လောက် စိတ် ကျေနပ်တဲ့ အထိ လက်ကို ဆေးလိုက်တာ ကြောင့် သင့်လက်ကို သန့်စင်စေတဲ့အပြင် စိတ်ကိုပါ လန်းဆန်းသွားစေပါတယ်။

လှေကားထစ် အနည်းငယ် တက်ပါ

လေကားထစ် အနည်းငယ်ကို တက်ပေး တာဟာ သင့်ခြေထောက်က သွေးလည် ပတ်မှုကို ကောင်းစေတဲ့ အပြင် ခေါင်းကြည်စေတဲ့ အာနိသင်လည်းရှိပါတယ်။ နှစ်မိနစ် လောက် လှေကား ထစ်မှာ လမ်းလျှောက် ပေး တာကြောင့် သင့်စိတ်ကို ကြည်လင် သွားစေ ပါတယ်။ တစ်ပတ်မှာ မိနစ် ၁၅၀ လောက် လှေကား တက်ပေး သင့်ပါတယ်။

လမ်းလျှောက်ပေးပါ

လေ့လာမှုတွေအရ လူတွေဟာ သူတို့ရဲ့ အချိန်တွေထဲက ၇၀ ရာခိုင်နှုန်းဟာ ထိုင်နေတာနဲ့ အချိန်ကုန် တတ်ကြတယ် လို့ဆိုပါတယ်။ အလုပ်ကြမ်းလုပ်နေရသူ တွေသာ လှုပ်ရှားမှုရှိကြပြီး အထိုင်များတဲ့သူ တွေက တစ်နေ့ကို နှစ်မိနစ်လောက် ခြေကျင် လမ်းလျှောက်ပေးတာကြောင့် စိတ်ဖိစီးမှု တွေကို လျော့ပါးစေတယ်လို့ ဆိုပါ တယ်။

သဲသဲ

Ref: မြ၀တီ
အရမ်းကို ပင်ပန်း နွမ်းနယ်နေ တယ်လို့ ခံစား နေရချိန် မျိုးမှာ ပင်ပန်းမှုနဲ့ မောပန်းမှု တွေကို ပြေပျောက် စေဖို့ အချိန် နှစ်မိနစ်နဲ့ သက်သာစေမယ့် နည်းလမ်းလေး တွေရှိ ပါတယ်။

အကြင်နာပေးပါ

နှစ်မိနစ်လောက် နှုတ်ခမ်းချင်း အကြင်နာ ပေးတာဟာ တခြား နှာခေါင်း၊ လက်နဲ့ ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာ ခံစားမှု ကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင် ကျွမ်း စေတယ် တယ်လို့ Stanford တက္ကသိုလ်မှ လေ့လာမှု တွေ အရ ဆိုပါတယ်။

Dr.dre Studio Headphone



Photo
နာမည်ကြီး Dr.dre Brand Studio Headphone လေးပဲဖြစ်ပါတယ်။ အသံထွက် အံ့မခန်းကောင်းမွန်ပြီး သီချင်းများရဲ့ အနက်ရှိုင်းဆုံးအသံများ အနိမ့်အမြင့်အားလုံးကို ကြည်လင်ပီသစွာ နားဆင်နိုင်ပါတယ်။

Google VOIP စနစ်ကို ၂၀၁၃ တွင်လည်း အခမဲ့ သုံးစွဲနိုင်



Photo
Google ကုမ္ပဏီဟာ ၎င်းတို့ရဲ့ နာမည်ကျော် VOIP (Voice Over Internet Protocol) ဝန်ဆောင်မှုကို အမေရိကန်နဲ့ ကနေဒါနိုင်ငံများ၌ ၂၀၁၃ ခုနှစ်မှာလည်း အခမဲ့ သုံးစွဲစေဦးမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။  Google ရဲ့ မေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Gmail မှတစ်ဆင့် ဝင်ရောက် အသုံးပြုရတဲ့ အခမဲ့ ခေါ်ဆိုမှုစနစ်ကို ၂၀၁၃ ခုနှစ်မှာလည်း အခကြေးငွေ ယူသွားမှာ မဟုတ်ကြောင်း ကုမ္ပဏီရဲ့ Blog Post မှာ တရားဝင် ပြောကြားခဲ့ပါတယ်။

ဆုံးမစာ

အလှူကြီးတွေပေးပြီး ပျော်ကြရွှင်ကြ၊ ပွဲတွေလမ်းတွေနဲ့ ဒါ...ကုသိုလ်မဟုတ်ဘူး။ အလှူ့ဒကာကို ဝိုင်းမြှောက်ကြ၊ တီးကြ၊ မှုတ်ကြနဲ့၊ ဒါ...လောဘတွေပဲ။ ဒါ...မှားတာပဲ။ လမ်းမှားတာပဲ။ အခုလို ကုသိုလ်ပြုတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်နေမှ ကောင်းတယ်။ ဒါ့ကြောင့် ကုသိုလ်ပြုတဲ့နေရာမှာ စိတ်ကို ကြည်ကြည်လင်လင် နိဗ္ဗာန်မှန်းပြီး ကုသိုလ်ပြုတတ်အောင် လုပ်ပါ။

(မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ)

Bluetooth စနစ်သုံး OKER အမှတ်တံဆိပ် Mouse



Photo
Bluetooth Function အနေဖြင့် အထူးသီးသန့် ထုတ်လုပ်ထားပြီး သုံးစွဲသူများ အကြိုက်တွေ့စေမယ့် Bluetooth စနစ်သုံး Oker အမှတ်တံဆိပ် Mouse ဖြစ်ပါတယ်။ 

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်


ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။

သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

မမေ့သင့်သော ထိုသုံးမျိုး


၁။ ၀ယဓမ္မသခါင်္ရ - ဖြစ်ပြီးတိုင်း ပျက်ရမည်. သေခြင်းတရား မမေ.သင်.၊
၂။ တိသရဏရတန - သင့်အတွက် ဖြစ်ပေါ်လာသော
ရတနာမြတ်သုံးပါး မမေ့သင့်၊
၃။ မဟာလာဘိက ဒုလ္လဘ - သင်အသက်ရှင်ဆဲ ဆွဲသုံးနိုင်သည်.
ဒုလ္လဘငါးပါး မမေ့သင့်၊

Ubuntu OS ပေါ်တွင် Live Wallpaper များကို ထည့်သွင်းပုံ

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ သင်တို့ရဲ့ Ubuntu OS အသုံးပြုသူတွေ အနေနဲ့ သင်တို့ရဲ့ Ubuntu OS ကို အလှဆင်ချင်ကြတယ်ဆိုရင် အလှဆင်ဖို့အတွက် များစွာသော Application တွေ ရှိပါတယ်။  Ubuntu OS အပေါ်မှာလည်း Mobile Phone တွေမှာ အသုံးပြုတဲ့ Live Wallpaper တွေကဲ့သို့ Ubuntu OS Desktop Version မှာလည်း Live Wallpaper တွေကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှာ ထူးခြားတာကတော့ Customize ပြုလုပ်ချင်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ Effect တွေ နောက်ခံပုံတွေနဲ့ ကိုယ်လိုချင်တဲ့ Effect တွေကို ထည့်သွင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရောင်တွေကိုလည်း ကိုယ်တိုင် နှစ်သက်ရာ အရောင်တွေကို ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ Android Live Wallpaper တွေကို ထည့်သွင်း အသုံးပြုချင်သူတွေအတွက် ပထမဆုံး သင်တို့ရဲ့ Operating System မှာရှိတဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
 

ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်ထွက်ရှိ

နိုင်ငံခြားသို့ ပညာသင်သွားကြသော ကျောင်းသားကျောင်းသူများ၊ စကားပြန်များ ဧည့်လမ်းညွှန်များ သင်္ဘောသားများ နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ နိုင်ငံတကာသို့  ခရီးသွားနေသူများအတွက် ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်တစ်မျိုးကို ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း KMD Computer Group မှ သိရသည်။ အဆိုပါ အဘိဓာန်ထဲတွင် အင်္ဂလိပ် ဘာသာစကား၊ ဂျာမန် ဘာသာစကား၊ ဒတ်ခ်ျ ဘာသာစကား၊ ဒိန်းမာ့စ် ဘာသာစကား၊ ရုရှား ဘာသာစကား၊ ဟင်ဒီ ဘာသာစကား၊ တူရကီ ဘာသာစကား၊ အာရေဗျ ဘာသာစကား၊ ကိုရီးယား ဘာသာစကား၊ ဖိလစ်ပိုင် ဘာသာစကား၊ ထိုင်း ဘာသာစကား၊ စပိန် ဘာသာစကား၊ အီတလီ ဘာသာစကား၊ ဆွီဒင် ဘာသာစကား၊ နော်ဝေ ဘာသာစကား၊ ပါကစ္စတန် ဘာသာစကား၊ ဘင်္ဂါလီ ဘာသာစကား၊ တမိုဝ်းလ် ဘာသာစကား၊ ဗီယက်နမ် ဘာသာစကား၊ ဂျပန် ဘာသာစကား၊ နီပေါလ် ဘာသာစကား၊ ပြင်သစ် ဘာသာစကား၊ ပေါ်တူကီ ဘာသာစကား၊ အင်ဒိုနီးရှား ဘာသာစကား၊ မြန်မာ ဘာသာစကား၊ တရုတ် ဘာသာစကား၊ လာအို ဘာသာစကား၊ မမာတာ ဘာသာစကား စသည့် ဘာသာစကား ၃၂ မျိုးကို ထည့်သွင်းထားကြောင်း သိရသည်။

Windows 8 Mail Application တွင် Yahoo Mail နှင့် Gmail ထည့်သွင်းခြင်း

Windows 8 Operating System ဟာ Microsoft က ထုတ်လုပ်လိုက်တဲ့ နောက်ဆုံးထွက်ရှိတဲ့ Operating System တစ်ခု ဖြစ်ပါတယ်။  Windows 8 Operating System မှာ ပါဝင်တဲ့ Metro Screen မှာဆိုရင် Apps တွေကို ထည့်သွင်းပြီးသား ဖြစ်ပါတယ်။ Windows 8 Metro Screen မှာ ပါဝင်တဲ့ App ဟာဆိုရင် သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် Application တစ်ခု ဖြစ်ပါတယ်။ ဒီ Application ရဲ့ အားသာချက်ကတော့ Windows 8 Mail Application ထဲမှာ Gmail Account သို့မဟုတ် Yahoo Mail Account တို့ကို ထည့်သွင်းထားမယ်ဆိုရင် Offline Mail အနေနဲ့ ပြန်လည် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

အရေပြားပေါ်က ဖက်ရှင်


ရေးသားသူ- ဥက္ကာကိုကို

“သေရင်ကိုယ့်နောက်ပါတာ ဒါပဲရှိတယ်” ဟု လူငယ်အချို့က သူတို့ခန္ဓာကိုယ်ပေါ်ရေးထိုးထားသော ဆေးမင်
ရုပ်ပုံများကို ညွှန်ပြ၍ ပြောတတ်ကြသည်။

ဆရာတော် ဦးဇောတိက၏ ဒေါသ၊သောက နည်းစေရန် နည်းလမ်းများ


လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။


သစ်ပင်လူသား

သူက ဒီးဒီး လိုခေါ်တဲ့ အသက် ၃၅ နှစ်အရွယ် အင်ဒိုနီးရှား တံငါသည် တစ်ယောက်ပါ။ သူ ဆယ်ကျော်သက် အရွယ်မှာဖြစ်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဒူးခေါင်း ဖြတ်ပစ်လိုက်ရပြီးတဲ့နောက်မှာမှ သူ့ရဲ့ခြေတွေ လက်တွေက သစ်ပင်အမြစ်တွေလို ပုံပြောင်းလာပါတယ်။

Sunday, January 6, 2013

အသည်းကျန်းမာရေးကို အထောက်အကူပြုသည့်ကညွတ်ပင်


ကညွတ်ပင်(asparagus) သည် အသည်းဆဲလ်များ၏ အဆိပ် (toxin) ဖယ်ရှားနိုင်မှုကို ကူညီပေး နိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရှိရသည်။ ထို့ပြင်ကညွတ်ပင်သည်အရက်အလွန် အကျွံသောက်ပြီး နောက်ဖြစ်ပွားသည့် မအီမသာဖြစ်ခြင်း(့hangover)ကိုလည်း သက်သာစေသည်ဟုဆိုထားပါသည်။

Related Posts Plugin for WordPress, Blogger...

My Account