မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်လျက် ရှိသော ငွေကျပ် ၃ သိန်း ဝန်းကျင်ခန့်ဖြင့် ချထားပေးမည့် GSM ဖုန်းများတွင် နည်းပညာပိုင်းအရ အဆင့်မြင့်သော စက်ပစ္စည်းများကို အသုံးပြုထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ စက်ပစ္စည်းများ တပ်ဆင်ထားမှုနှင့် ပတ်သက်ပြီး အထက်ပါ ပုဂ္ဂိုလ်က “စက်ပစ္စည်းတွေက နောက်ဆုံးထုတ် နည်းပညာတွေကို သုံးထားတဲ့အတွက် ယခင်သုံးထားတဲ့ စက်တွေထက် ဆက်သွယ်မှုဆိုင်ရာတွေမှာ ပိုမို ကောင်းမွန်လာမှာ ဖြစ်သလို လိုင်းဆွဲအားကအစ လိုင်းကြည်လင်မှုတွေ အားလုံးက ယခု GSM တွေထက်သာမှာပါ။ ဒါကလည်း ယခင်သုံးထားတဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ စက်တွေထက် ယခုဆင်ထားတဲ့ စက်တွေက ပိုပြီး ခေတ်မီတဲ့အတွက်ကြောင့်ပါ။ သီးသန့်အနေနဲ့တော့ ဆင်တာမျိုး မဟုတ်ပါဘူး” ဟု ရှင်းပြခဲ့သည်။
အဆိုပါ စက်ပစ္စည်းများ တပ်ဆင်ခြင်းများကြောင့် လိုင်းဆွဲအား အပါအဝင် အင်တာနက်လိုင်းများပါ ပိုမို ကောင်းမွန်လာနိုင်ကြောင်းလည်း သိရသည်။ ထို့အပြင် လာမည့် လအနည်းငယ်အတွင်း ချထားပေးမည့် တန်ဖိုးနည်းဖုန်းများနှင့် ပတ်သက်၍ တရားဝင်ဈေးနှုန်း သတ်မှတ်ချက်များအတွက် သေးသော်လည်း ငွေကျပ် ၃ သိန်း မကျော်သော နှုန်းထားဖြင့် ချထားနိုင်ရန် ရှိကြောင်းကိုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက ပြောကြားချက်များအရ ပြည်သူများလည်း သိရှိပြီးဖြစ်မှာ ဖြစ်ကြောင်း အင်တာနက်စနစ်ကိုလည်း တစ်ပြိုင်နက် ပါရှိပြီးသား ဖြစ်နိုင်စေရန်အတွက် စီစဉ်လျက်ရှိကြောင်း တို့ကိုလည်း ထပ်မံဖြည့်စွက် ပြောကြားခဲ့ကြောင်း သိရသည်။
MSK
MSK