Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, June 30, 2012

Adobe Premiere Pro CS4 Version 4


Adobe Premiere Pro CS4 software, the start-to-finish solution for video production that includes Adobe OnLocation CS4 and Encore CS4 software. Save time with a tapeless workflow, project intelligence with new XMP metadata support, dozens of editing enhancements, and tight integration with other Adobe software. Reach a wide audience by delivering your content to virtually any screen.
    Create high-quality visual and editorial effects directly within the editing timeline; edit faster with powerful editing tools that give you precise control and real-time feedback; add color correction and other effects, audio filters, and more
   

Water Your Body

Water Your Body ဆိုတဲ့ Application ကတော့ Android အသုံးပြုသူတွေ အတွက် ကိုယ့်ရဲ့ ခန္ဓာကိုယ် အလေးချိန်နဲ့ တွက်ချက်ပြီး ရေဘယ်လောက် ပမာဏကို ဘယ်အချိန်မှာ သောက်ရမယ် ဆိုတာကို အချက်ပေးတဲ့ Application ဖြစ်ပါတယ်။

Cartoon Camera

Catoon Camera Application ကတော့ ဖုန်းမှာရှိတဲ့ Camera ကနေပြီး ကာတွန်းပုံတွေနဲ့ အခြား Effect  ပါဝင်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးချင်သူများ အတွက် အသုံးဝင်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ 

SMS ပေးပို့ရုံဖြင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် အလှူငွေ ပေးအပ်နိုင်မည့် အစီအစဉ်ကို ပြန်လည်စတင်မည်

ကြိုတင်ငွေပေးချေကတ် အသုံးပြုသည့် မိုဘိုင်းဖုန်းများအနေဖြင့် Yatanarpon Call Center သို့ Donate ဟူသော စာသားကို SMS တစ်ကြိမ် ပေးပို့လိုက်သည်နှင့်  ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အလှူငွေ ၅ဝဝ ကျပ် အလိုအလျောက် လှူဒါန်းပြီးဖြစ်မည့် အစီအစဉ်ကို ပြန်လည် စတင်သွားမည်ဟု Blue Ocean ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အနာဂတ်ကာလတွင် အသုံးပြုလာမည့် World Wide Web နည်းပညာများ” ဟောပြောပွဲကျင်းပမည်"

နော်ဝေးနိုင်ငံရှိ Opera Software Company Ltd မှ Chief Technical Office တစ်ဦးဖြစ်သူ Mr. Hakon Wium Lie မှ “အနာဂတ်ကာလတွင် အသုံးပြုလာမည့် World Wide Web နည်းပညာများ” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။

Friday, June 29, 2012

msi AE 2071 All in One PC



Photo
msi AE 2071 All in One PC ကတော့ Intel &JU H61 Chipset ကို အသုံးပြုထားပါတယ်။ Intel Pentium Processor G630 က 2.7GHz နှုန်းနဲ့ အလုပ်လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။  Memory ကတော့ DDR3 2GB  ထိပါရှိပြီး 8GB ထိ အမြင့်ဆုံး တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

iM2 Mic



Photo
iPad,iPhone အပြင် iPod များနဲ့ပါ တွဲဖက်ပြီး High Quality Recording  ပြုလုပ်လိုသူများအတွက် iDevices များနဲ့ တွဲဖက် သုံးစွဲနိုင်မယ့်  TASCAM အမှတ်တံဆိပ် iM2 model mic ဖြစ်ပါတယ်။

iPhone များတွက် 3 in 1 Photo lens changer



Photo
iPhone များတွင် ကင်မရာ lens ကို ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲ ရိုက်ယူသုံးစွဲနိုင်သည့် ollo clip 3 in 1 photo lens changer ဖြစ်ပါတယ်။  ဒီကင်မရာ lens changer မှာ ဘောလုံးကွင်း တစ်ခုလုံးအား အပေါ်စီးက ခြုံငုံရိုက်ယူနိုင်စွမ်းရှိတဲ့ Fish eye model ပန်းဝတ်မှုံလေးများနဲ့ သေးငယ်တဲ့ 

Viva Case



Photo
New iPad အတွက် အသစ်ထပ်မံ ထုတ်လုပ်လိုက်တဲ့ Viva အမှတ်  တံဆိပ် Case ဖြစ်ပါတယ်။  သားရေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အေးမြမှု ရှိတဲ့အပြင် တုန်ခါမှုကိုလည်း ကာကွယ် ပေးတယ်လို့ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ Network Operation Center တည်ထောင်မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက Network Operation Center (NOC) ကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။  အဆိုပါ ဆောင်ရွက်ချက်အတွက်  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီများအား ဖိတ်ခေါ်ထားကြောင်း သိရသည်။ “ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ Network ချို့ယွင်းမှုတွေကို လှမ်းကြည့်နိုင်အောင် Network Operation Center တည်ထောင်တာ ဖြစ်ပါတယ်။ ဘယ်ဆက်သွယ်ရေးစခန်းမှာ ဘယ်လိုအမှား (Fault) ဖြစ်နေတယ်ဆိုတာကို စင်တာက နေလှမ်းကြည့်နိုင်မှာ ဖြစ်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက NOC နှင့် ပတ်သက်၍ ပြောကြားသည်။

Acer ASM 193 System Unit



Photo
Acer ASM 1935 System Unit ကတော့ Branded Desktop တစ်မျိုးဖြစ်ပြီး Second Generation Processor ဖြစ်တဲ့ Intel Dual Core G630 (2.7GHz) ကို တပ်ဆင်ထားပါတယ်။ 

ကမ္ဘာ့အပါးလွှာဆုံး Acer Aspire S5 Notebook



Photo
CES 2012 ပြပွဲတွင် ကမ္ဘာ့အပါးလွှာဆုံး notebook အဖြစ် မိတ်ဆက်ခဲ့သည့် Acer Aspire S5 ultrabook နှင့် ပတ်သက်ပြီး တန်ဖိုးနှင့် အသေးစိတ် အချက်အလက်များကို  ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်ကြောင်း သိရသည်။

Windows Phone 8 ကို Microsoft တရားဝင် မိတ်ဆက်



Photo
Microsoft  ကုမ္ပဏီမှ ၎င်း၏ မိုဘိုင်း platform  သစ်တစ်ခုဖြစ်သည့် Windows Phone 8 operating system ကို ဆန်ဖရန်စစ္စကို၌ စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း  သိရသည်။

Ubuntu OS ပေါ်တွင် Download Manager များ ထည့်သွင်းပုံ



Photo
Ubuntu OS အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ Application တွေ များစွာရှိရာ အင်တာနက် အသုံးပြုတဲ့ Ubuntu User တွေအတွက် အင်တာနက်နဲ့ ဆက်စပ်ပြီး သုံးရမယ့် Application တွေ များစွာ ရှိပါတယ်။  အင်တာနက် အသုံးပြုတဲ့ Application တွေထဲမှ ဒေါင်းလုပ် ပြုလုပ်တဲ့အခါမှာ စွမ်းအားပြည့် ဒေါင်းလုပ်ပြုလုပ်နိုင်မယ့် Ubuntu OS ပေါ်မှာ အသုံးပြုနိုင်မယ့် Download Manager အချို့ ထည့်သွင်း အသုံးပြုပုံကို ရွေးချယ်တင်ပြလိုက်ပါတယ်။

Android OS ဖုန်းများတွင် Ubuntu OS တက်၍ အသုံးပြုနိုင်မည်



Photo
လက်ရှိအချိန်တွင် အသုံးပြုလျက်ရှိကြသော Android OS ဖုန်းအချို့ပေါ်တွင် ကွန်ပျူတာများ၌ အသုံးပြုသော Ubuntu OS အား ထည့်သွင်းကာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ Android OS ပေါ်တွင် Ubuntu အားထည့်သွင်း အသုံးပြုရာ၌ ဖုန်းတွင်ပါဝင်သော Android OS အား ဖျက်ရန် မလိုအပ်ဘဲ ကွန်ပျူတာများတွင် Windows  နှစ်ခုတင်ကာ အသုံးပြုသကဲ့သို့ပင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Orient Tablet ဝယ်ယူသူတိုင်း Micro SD 8GB (Silicon Power) အခမဲ့ ထည့်သွင်း ထပ်တိုးပေးမည်



Photo
Orient Tablet (M 70027) ဝယ်ယူသူတိုင်း Storage 12GB ထိ အသုံးပြုနိုင်ရန် Micro SD 8 GB (Silicon Power) အခမဲ့ ထည့်သွင်း ထပ်တိုးပေးထားမည်ဟု သတင်းရရှိသည်။  Orient Tablet သည် A10 Cortex A8.10 GHz ကို အသုံးပြုထားပြီး  Andriod OS 4.0.3 ပါဝင်ကာ Memory 512 MB ရှိပါတယ်။

Sony ICD- AX412 Recorder



Photo
Sony အမှတ်တံဆိပ် Model- ICD- AX412 ဖြင့် Recorder တစ်မျိုး ဝင်ရောက်လာပါတယ်။ Recorder မှာ မိုက်နှစ်လုံး ပါဝင်ပါတယ်။  ဒါ့အပြင် အသံဆူညံမှုကို ဖယ်ရှားပေးတဲ့ Noise Cut စနစ် ပါဝင်ပါတယ်။

လှုပ်ရှားမှုနဲ့ ဆော့ကစားနိုင်မည့် Motion Game Stick



Photo
လှုပ်ရှားမှုနဲ့ ဆော့ကစားနိုင်တဲ့ Genius အမှတ်တံဆိပ် Motion Game Stick ဖြစ်ပါတယ်။  G-sensor ပါဝင်တဲ့အတွက် ကြိုးမဲ့ ချိတ်ဆက် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံလုပ် IP ကင်မရာ ဝင်ရောက်



Photo
မန်းဈေးကွက်ကို အမေရကန်နိုင်ငံလုပ် အရည်အသွေးမြင့်ပြီး ဈေးနှုန်းသင့်တဲ့ လုံခြုံရေး IP ကင်မရာများ ဝင်ရောက်လာပါတယ်။ 

Nikon Coolpix L24



Photo
ဈေးနှုန်း ကျပ် ၇၀,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူ အသုံးပြုနိုင်မယ့် Nikon Coolpix L24 (Original) ကင်မရာ ဖြစ်ပါတယ်။  14.0 Megapixels ပါဝင်ပြီး Optical Zoom ကို ၃.၆ ဆ အထိ ဆွဲယူ အသုံးပြုနိုင်ပါတယ်။

Reader Speaker



Photo
Multi-Function MP3 speaker အမျိုးအစားဖြစ်ပြီး သွားလေရာ သယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  BQ-20 မော်ဒယ်အမျိုးအစား ဖြစ်ပြီး iPod/MP3/MP4/PC/Phone စတာတွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ FM ရေဒီယိုလည်း ဖမ်းယူ အသုံးပြုနိုင်ပါတယ်။ MiniSD ကတ်ပေါက် ပါဝင်တဲ့အတွက် SD ကတ်ထဲက သီချင်းတွေကိုလည်း နားထောင်နိုင်မှာ ဖြစ်ပါတယ်။

LiteOn External Slim DVD/CD Writer



Photo
LiteOn အမှတ်တံဆိပ် My Disk Suite External Slim DVD/CD Writer ကိုတော့ DVD Writer ဟာ အမြန်နှုန်း 8x နဲ့ ရေးဖတ်နိုင်မှာ ဖြစ်ပြီး  iPhone, iPad များနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Thursday, June 28, 2012

“ တောင်တမန်သက်သေ မောင့်မျက်ရည် ”


လေပြေရူးတို့ တိုက်ကာမြူး
လက်ပံကြွေတဲ့ ဒီနွေဦး...
သစ်ရွက်ခြောက်တွေ မြေမှာပြေး
တမ်းတမိတယ် မျက်နှာလေး...
အတူသွားခဲ့ ကျောက်တော်ကြီး
ထိုင်ကာငိုင်ကာ မျှော်နေမိ...
အတူလျှောက်သည့် မြေနီလမ်း
မှန်းကာတမ်းဆ လျှောက်ခါလွမ်း...
အတူထိုင်တဲ့ သစ်ပင်အောက်
ပြန်ရောက်မိတော့ အလွမ်းတွေပေါက်...
ချစ်သူ ဘယ်ဆီရောက်နေနေ
မောင့်ရင်ထဲက အချစ်ဟာလေ
တောင်တမန်သက်သေ မောင့်မျက်ရည်...

လင်းယံခ (မြန်မာစာ)

နန်းဆန်တော်ဝင် ပန်းသဇင်

နန်းဆန်တော်ဝင် ပန်းသဇင်

ဆံနွယ်ရှည် ကျောမှာချလို့
လှပါတဲ့ ပျိုကညာ
ချီးမွမ်းကာမှ ငြင်းရက်တယ်
တော်ဝင်နန်းထိုက် ပန်းသခင်မလေးရယ်.......
မြင်သူတိုင်း စွဲလမ်းလောက်တယ်ကွယ်.....

လင်းယံခ (မြန်မာစာ)
21/6/2012
6:00PM

Facebook ဒါရိုက်တာအဖွဲ့တွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို ခန့်အပ်



Photo
စတင်တည်ထောင်ချိန်မှ စတင်ကာ Facebook ၏ ဒါရိုက်တာ အဖွဲ့ဝင်များ စာရင်းတွင် အမျိုးသားများကိုသာ ခန့်အပ် တာဝန်ပေးခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးကို စတင် ခန့်အပ်လိုက်သည်။ Facebook ဒါရိုက်တာအဖွဲ့ရှိ နံပါတ် ၂ နေရာအား ရယူလိုက်သော အမျိုးသမီးမှာ ရှယ်လီဆန်းဘတ်ခ်ဆိုသူ ဖြစ်ပြီး သူမမှာ ၂၀၀၈ ခုနှစ်မှ စတင်၍ ကုမ္ပဏီသို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ အသက် ၄၂ နှစ် အရွယ်ရှိ ဆန်းဘတ်ခ်မှာ ကုမ္ပဏီ၏ chief operating officer ရာထူးကို စတင် ထမ်းဆောင်ခဲ့ပြီးနောက် ကြော်ငြာလုပ်ငန်းကိုလည်း တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
 

iPhone 5 မူရင်းပုံစံကို ဖော်ထုတ်မိတ်ဆက်



Photo
အသစ်ထပ်မံ ထွက်ပေါ်လာမည့်  iPhone မျိုးဆက်များ အနက်မှ iPhone 5(1) နှင့် (2) တို့၏ မူရင်းပုံစံများကို သုံးစွဲသူများ သိရှိစေရန် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ယခုနှစ်အတွင်း ထုတ်လုပ် ဖြန့်ချိဖွယ်ရှိကြောင်း ခန့်မှန်းနေကြသည့် iPhone 5(1) နှင့် (2) တို့တွင် Apple က အထူးပြု ထည့်သွင်းထားသော NFC Chips နှင့် အင်တင်နာတစ်ခုကို ထည့်သွင်း တပ်ဆင်ထားကြောင်း ဆိုသည်။
 

ဘာသာစကားများ ဆိတ်သုဉ်း ပျောက်ကွယ်မှုဘေးမှ ကာကွယ်ရန် Google ကူညီမည်



Photo
ယနေ့အချိန်တွင် ကမ္ဘာပေါ်၌ လူထောင်ဂဏန်းမျှကသာ ပြောဆို အသုံးပြုလျက်ရှိသော ရှေးဟောင်း ဘာသာစကားများကို ဆိတ်သုဉ်း ပျောက်ကွယ်သွားခြင်း မရှိစေရန် နည်းပညာဖြင့် ထိန်းသိမ်း စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း Google က ကြေညာလိုက်သည်။
 

အင်တာနက်လိုင်းမလိုဘဲ ပြည်ပသို့ ဖုန်းခေါ်ဆိုနိုင်မည့် ၁၈၇၇ ဝန်ဆောင်မှု ဇူလိုင်လတွင် စတင်မည်



Photo
အင်တာနက်လိုင်း ချိတ်ဆက်ထားခြင်း မရှိဘဲ အင်တာနက်မှ တစ်ဆင့် နိုင်ငံခြားသို့ မိုဘိုင်းဖုန်း၊ အော်တိုလယ်လီဖုန်းများဖြင့် ဖုန်းခေါ် ဆိုနိုင်မည့် ၁၈၇၇ ဝန်ဆောင်မှုကို ဇူလိုင်လတွင် စတင်နိုင်ရန် စီစဉ်ထားကြောင်း  Blue Ocean ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဝက်ဘ်ဆိုက် လွှင့်တင်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဝက်ဘ်ဆိုက်ဖြစ်သော www.myanmarconstitutionaltribunal.org.mm ကို  ဇွန်လ ၂၁ ရက်နေ့တွင် စတင်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

ကားရောင်းသူ ဝယ်သူ အွန်လိုင်းမှ တွေ့ဆုံပွဲ ကျင်းပမည်

ကားရောင်းသူနှင့် ဝယ်သူများ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံနိုင်အောင် စီစဉ်နေကြောင်း iBiz Service Provider ကုမ္ပဏီမှ ဦးဝင်းထွန်းက ပြောသည်။  အဆိုပါ ကားရောင်းသူနှင့် ဝယ်သူများ တွေ့ဆုံရန် www.myanmarexpo.net ဝက်ဘ်ဆိုက် စီစဉ်၍ သြဂုတ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ အွန်လိုင်း ကုန်စည်ပြပွဲအဖြစ် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘင်္ဂါလီ ဝက်ဘ်ဆိုက်များက မြန်မာနိုင်ငံ၏ အစိုးရဝက်ဘ်ဆိုက်များကို ပြန်လည် တိုက်ခိုက်လာ

ဘင်္ဂါလီ ဝက်ဘ်ဆိုက်များက မြန်မာနိုင်ငံ၏ အစိုးရဝက်ဘ်ဆိုက်များကို ပြန်လည်တိုက်ခိုက်လာကြောင်း  ၂၀-၆-၂၀၁၂ ရက်တွင် Blink Hacker Group မှ ဟက်ကာတစ်ဦးက ပြောကြားသည်။

Pudding . to



Photo
Pudding to ဟာ Facebook နဲ့ Flickr လို Social media ပုံစံနဲ့ ဓာတ်ပုံကို စိတ်ကြိုက်ဖန်တီးမှုတွေ ပေါင်းစပ်ထားပါတယ်။  သုံးစွဲသူတွေဟာ ဓာတ်ပုံတွေကို upload လုပ်နိုင်သလို editing အချို့လည်း ပြုလုပ်နိုင်ပါတယ်။

Google Map 6.8.1 Version အသစ်တွင် Offline Map အသုံးပြုနိုင်



Photo
Google မှ အသစ်ထွက်ရှိလာသော Google Map 6.8.1 version တွင် offline Map အသုံးပြု၍ ရနိုင်ပြီဖြစ်ကြောင်း အဆိုပါ application ကို ဖုန်းအတွင်း ထည့်သွင်းပေးလျက် ရှိသော  Mobimax  ဖုန်းဆိုင်မှ သိရသည်။

အွန်လိုင်းမှ မီတာဆောင်ခြင်း မန်းတွင် ဝန်ဆောင်မှုပေးမည်

အွန်လိုင်းမှ လျှပ်စစ်မီတာခ ပေးဆောင်ခြင်းကို ဇူလိုင်လ၌ မန္တလေးတိုင်း ဒေသကြီးတွင် ဝန်ဆောင်မှု ပေးမည်ဟု ရတနာပုံ တယ်လီပို့မှ သိရသည်။  လက်ရှိတွင် အွန်လိုင်းမှ လျှပ်စစ်မီတာခ ပေးဆောင်ခြင်းကို နေပြည်တော်တစ်ခုသာ ဝန်ဆောင်မှု ပေးထားရာ၌ အွန်လိုင်းတွင် တိုက်ရိုက် မီတာခ ပေးဆောင်နိုင်ခြင်း မရှိဘဲ ဘဏ်များမှ တစ်ဆင့် ပေးဆောင်နိုင်ခြင်းသာ ရှိသေးကြောင်း သိရသည်။

Wednesday, June 27, 2012

Gmail အကောင့် lock ကျသွားခဲ့ရင်..

 အင်တာနက် သုံးစွဲသူတိုင်းမှာတော့ gmail အကောင့်လေး တစ်ခုလောက်တော့ ရှိကြမှာပါ။ တစ်ချို့ဆိုရင် လေးငါးဆယ်ခုလောက်တောင် ရှိတတ်ကြပါတယ်။ ဒါပေမယ့် gmail အကောင့်တွေက မဖွင့်တာကြာရင်ဘဲဖြစ်ဖြစ်၊ တစ်ခုခုလိုက်မိလိုက်လို့ဘဲဖြစ်ဖြစ် lock ကျသွားတတ်ပါတယ်။

သူတို့လိုအပ်နေတာက

လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။ သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။ အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား? မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ? ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။

"တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ ဂရုစိုက်ပါ"
"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။
ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။ မိဘအိုမင်းသွားပြီ... ပိုက်ဆံတွေပေးတော့ သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊ သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာအကြွေးတွေ ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။

တကယ်တော့...
သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။

သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။

သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။

သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။

အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ.... သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊ ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့... ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေဖြစ်တယ်။
.

မာန်တက်ခြင်း (၁၆) ပါး..


(၁) မာန် - မာန်တက်ခြင်း။
(၂) အတိမာန် - အလွန်မာန်တက်ခြင်း။
(၃) မာနာတိမာန် - မာနထက် အလွန် မာန်တက်ခြင်း။
(၄) ဇာတိမာန် - အမျိုးကို စွဲ၍ မာန်တက်ခြင်း။

မေတ္တာ

ဘ၀မှာ အရေးကြီးတဲ့ လူတစ်ယောက်နဲ့ တွေ.ရတော့မယ်ဆိုရင် မတွေ.ခင် တစ်ပတ် လောက်အလို ကတည်းက ကြိုပြီး မေတ္တပို. ထားရင် အကောင်းဆုံးပါပဲ။ ရေချိုးပြီးစ အ၀တ်သစ်ကလေး ၀တ်ပြီးစမှာ ပို.ရင် ပို အဆင်ပြေပါတယ်။ ဘာဖြစ်လို.လဲ ဆိုတော့ ရေချိုးပြီးစ ဆိုတော့ ရုပ်က ကြည်နေပါတယ်။ ရုပ်ကြည်တော့ စိတ်ကပါ လိုက်ကြည် နေပါတယ်။ စိတ်ကော ရုပ်ကော ကြည်နေတဲ့ အချိန်မှာ မေတ္တာ ပို.ရတာ အထိ ရောက်ဆုံးနဲ့ အကောင်းဆုံးပါပဲ။

ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

-၁။ အိပ်ရာထ

မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ငါးမျိုးကုသိုလ်

၁။ ဒါန

ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

ကမ္ဘာစောင့်တရားနှစ်ပါး


ကမ္ဘာစောင့်တရားနှစ်ပါးဆိုသည်မှာ ဟီရိ သြတ္တပ္ပတရားပင်ဖြစ်သည်။ ထိုတရားနှစ်ပါးကို မြန်မာ နိုင်ငံရှိ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တော်တော်များများ သိကြလိမ့်မည်ထင်ပါသည်။ ဟီရိသြတ္တပ္ပမှာ ပါဠိစကား ရပ်ပင်ဖြစ်သည်။ မြန်မာလို အနက်အဓိပ္ပာယ်ပြန်ရမယ် ဆိုရင် ရှက်ခြင်းကြောက်ခြင်းပင်ဖြစ်သည်။

တကယ်လို့ သင်သာ....

မိုးနေ့တစ်နေ့..... ကောင်မလေးတစ်ယောက်.... ထီးတစ်ချောင်း

တကယ်လို့ ဒီလိုကောင်လေးသုံးယောက်ရှိရင်...

Tuesday, June 26, 2012

Linksys E2500 Advanced Dual-Band N Router



Photo
Linksys E2500 Advanced Dual-Band N Router အမျိုးအစား ဖြစ်ပါတယ်။ Wireless အနေနဲ့ Simultaneous Dual-Band N (2.4, 5 GHz) 300 Mbs ဖြစ်ပြီး၊  Ports အနေနဲ့တော့ 4 LAN Port 10/100 နဲ့ 1 WAN Port ပါဝင်ပါတယ်။

Acer AH022S External Hard Disk



Photo
Acer AH 022S External Hard Disk ကတော့ USB 3.0 အမျိုးအစားဖြစ်ပြီး 2.5" ရှိပါတယ်။ Read/Write ပြုလုပ်နိုင်မှာ ဖြစ်ပြီး Automatic Back-up Software ပါရှိတဲ့အတွက် အချက်အလက်တွေ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်ပါတယ်။

CG408 SATO Barcode Printer



Photo
SATO ရဲ့ CG408 Barcode Printer အမျိုးအစား ဖြစ်ပါတယ်။ Keypad နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ PC နဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပြီး၊  ရိုးရှင်းလွယ်ကူတဲ့ တည်ဆောက်ပုံ ရှိပါတယ်။

Monday, June 25, 2012

Samsung Galaxy Tab P3110



Photo
Dual Core Processor ကို အသုံးပြုထားတဲ့ Samsung အမှတ်တံဆိပ် Galaxy Tab P3110 Tablet ဖြစ်ပါတယ်။ Dual Core 1GHz Processor ကို အသုံးပြုထားပြီး  Memory မှာ 512MB ရှိပါတယ်။

Samsung Galaxy Mini II



Photo
Samsung ကနေ ပြည်တွင်းကို အသစ် ထပ်မံ ဝင်ရောက်လာခဲ့တဲ့ ဖုန်းအမျိုးအစားသစ် တစ်ခုပါပဲ။  အရင်တုန်းက Galaxy Mini ထွက်ခဲ့ဖူးပါတယ်။ ခုထပ်မံထွက်လာခဲ့တာကတော့ Galaxy Mini II ပါပဲ။ ပုံစံဒီဇိုင်းပိုင်းမှာ အနည်းငယ် ကွဲပြားမှုတွေ ရှိနေပြီး ကျန်တဲ့ အခြား ဖုန်းတွင်း စနစ်ပိုင်းတွေမှာလည်း စနစ်မြှင့်တင်မှုတွေ ရှိနေခဲ့ပါတယ်။

Dell ST2320L Full HD LED Monitor



Photo
Flat Panel Monitor အမျိုးအစား Dell ST2320L Full HD LED Monitor ပဲဖြစ်ပါတယ်။ Widescreen LED Monitor ဖြစ်ပြီး မြင်ကွင်း အကျယ် ၂၃ လက်မ ရှိပါတယ်။  Resolution ကို 1920x 1080p အထိ ထောက်ပံ့ပေးတဲ့အတွက် Full HD အရည်အသွေးကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

ADATA အမှတ်တံဆိပ် Flash Drive



Photo
ADATA အမှတ်တံဆိပ် C906 မော်ဒယ် Flash Drive ဖြစ်ပါတယ်။ Flash drive မှာပါဝင်တဲ့ အဖုံးဟာ အကြည်ရောင်ဖြစ်တဲ့အတွက် ရုတ်တရက်ကြည့်လိုက်ရင်  အဖုံးပါတယ်လို့တောင် မထင်ရဘူးလို့ ဆိုထားပါတယ်။

Samsung PL-170



Photo
ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူ အသုံးပြုနိုင်အောင် ဖန်တီးပေးထားတဲ့ Samsung အမှတ်တံဆိပ် အပျော်တမ်းသုံး ကင်မရာဖြစ်ပါတယ်။  ပုံရိပ် ကြည်လင် ပြတ်သားမှုအတွက် 16.0 Megapixel ပါဝင်ပါတယ်။

Blog ရဲ့ လင့်ဘေးမှာရှိတဲ့ B icon နေရာလေးမှာ အခြား icon အစားထိုးနည်း


 
အပေါ်ပုံမှာပြထားတဲ့အတိုင်းပါဘဲ. ကျွန်တော်တို့ Blogspot မှာရေးရင် B ပုံစံ icon လေးပေါ်ပါတယ်. လင့်ရဲ့ ဘေးမှာပေါ့ဗျာ. အဲဒီဟာလေးရဲ့ နေရာမှာ အခြား icon အစားထိုးတဲ့နည်းကို ကျွန်တော် ပြန်လည် မျှဝေပေးလိုက်တာပါ. Kp3 နည်းပညာဆီကနေ ကျွန်တော်လေ့လာ မိတာပါဗျာ.
 ဘယ်လိုလုပ်ရမလဲဆိုရင် - မိမိရဲ့ bog ကိုအရင်ဝင်လိုက်ပါ. www.blogger.com ကိုပြောတာနော်.
 ပြီးရင် Design ကို နှိပ်လိုက်ပါ...
  Edit HTML ကိုနှိပ်လိုက်ပါ.
ပြီးရင်
 ]]></b:skin>

ဒါကိုရှာ တွေ့ပြီဆိုရင်အဲဒီ ]]></b:skin>အောက် မှာမိမိထည့်ချင်တဲ့ icon link ကိုထည့်ပြီ save နိုပ်ပါ၊


<link href='ဒီနေရာမှာမိမိရဲ့logo linkထည့်ပါ' rel='shortcut icon' type='image/x-icon'/>
ကျွန်တော့်ရဲ့ ရွှေမန်းသားလေး ဆိုက်ရဲ့ icon ထည့်ထားပုံကို ဥပမာပြလိုက်ပါတယ်။
]]></b:skin>
<link href='http://www.iconj.com/ico/2/q/2q1cekxfnt.ico' rel='shortcut icon' type='image/x-icon'/>
တကယ်လို့ မိမိလုပ်ထားတဲ့ icon ကို file hosting site တစ်ခုမှာတင်ထားဖို့တော့ လိုတယ်နော်.. တင်ချင်ရင်တော့ http://www.iconj.com မှာ တင်လို့ရပါတယ်.အကယ်၍ အဆင်သင့်လိုချင်ရင်
ဒီမှာ သွားကြည့်ကြပြီးတစ်ခါတည်း icon link သွားယူကြပေါ့နော်....

အားလုံးကို ခင်မင်လေးစားလျက်..
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Call Center က တယ်လီဖုန်းနှင့် ဝန်ဆောင်မှုအသစ် ထပ်တိုး



Photo
Call Center က ယခင် ဝန်ဆောင်မှု ပေးနေသော ဝန်ဆောင်မှုများနှင့် ဖုန်းနံပါတ် ၁၈၇၆ အပြင် အခြားတယ်လီဖုန်းနှင့် ဝန်ဆောင်မှုအသစ်များ ထပ်တိုးလိုက်ကြောင်း Blue Ocean Operating Management ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

အချစ် ခံစားချက် II



ဖြေဖျော်ပွဲတစ်ခုမှာ ဂျိုကာလေးတစ်ယောက် မတော်တဆနဲ့ စင်ပေါ်က ပြုတ်ကျသွားခဲ့တယ်။ သူ့သွားတချို့ ကျိုးကုန်တယ်၊ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာရခဲ့တယ်။ နာကျင်လွန်းလို့ သူ့မျက်နှာရှုံ့မဲ့နေခဲ့တယ်။ ဒါကို သူသရုပ်ဆောင်တာ ပီပြင်တယ်ဆိုပြီး ပရိသတ်တွေ တဝါးဝါးနဲ့ပွဲကျခဲ့တယ်။
ကလေးလေးတစ်ယောက်ပဲ သူ့မေမေလက်မောင်းကိုဆွဲပြီး "မေမေ.. မေမေ.. ဂျိုကာလေး နာလွန်းလို့ မျက်ရည်ကျနေတယ်"လို့ ပြောခဲ့တယ်။
ကလေးလေးပြောတာကို ဘယ်သူမှ မကြားခဲ့ဘူး။ တစ်ယောက်မှ မကြားခဲ့ဘူး။

IT Business Plan Contest 2012 ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များ ထပ်မံထုတ်ပြန်

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် Japan နိုင်ငံ CIESF တို့ ပူးပေါင်း၍ IT Industry ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်းသစ်သော နည်းပညာများ ပေါ်ထွက်လာစေရေးနှင့်  စွန့်ဦးတီထွင်ဖန်တီးလိုသည့် လူငယ်လူရွယ်များ၏ ထူးချွန်ထက်မြက်သည့် အရည်အသွေးများ ပြသနိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် IT Business Plan Contest 2012 ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို

မြန်မာ့ဂြိုဟ်တု လွှတ်တင်ရန် ရှိခြင်း

မြန်မာနိုင်ငံသည် ကမ္ဘာမြေပြင်လေ့လာရေး ဂြိုဟ်တုတစ်စင်းကို ဂျပန်နိုင်ငံ အကူအညီနှင့် လွှတ်တင်ရန် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါသည်။ ဒီဂြိုဟ်တု လွှတ်တင်ဖြစ်ရင် မုန်တိုင်းကို အသေးစိတ် လေ့လာနိုင်သည့်အကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါသည်။

Friday, June 22, 2012

အသေးစား ဂြိုဟ်တု လွှတ်တင်ရေး ပထမ ဖြစ်နိုင်ခြေ ဂျပန်ဆွေးနွေး



Photo
မြန်မာနိုင်ငံ၌ အသေးစား ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင်နိုင်ရေးအတွက် ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့မှ ပထမဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့ကြောင်း  သိရသည်။

ဈေးဝယ်စင်တာများ၌ ဖုန်းဘီလ် ဆောင်နိုင်အောင် ဆောင်ရွက်ပေးမည်

ဘီလ်စနစ်သုံး မိုဘိုင်းဖုန်းများအား ရှော့ပင်းစင်တာများနှင့် City Mark များတွင် ဘီလ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးမည်ဟု ရတနာပုံတယ်လီပို့မှ သိရသည်။ “အလွယ် ဘီလ်ဆောင်လို့ရအောင် စီစဉ်ပေးတဲ့ သဘောပါ။ ဘယ်တော့ စတင်မလဲ ဆိုတာကတော့ ဘဏ်တွေနဲ့ ညှိနေတုန်းပါ” ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်မိုဘိုင်းဖုန်းအချို့ ဆက်သွယ်ရေးသို့ အကြောင်းကြားထားမှသာ ရန်ကုန်၌ သုံးစွဲနိုင်မည်

ဇွန် ဒုတိယပတ်မှ စတင်၍ ဝယ်ယူခဲ့သည့် နယ်မိုဘိုင်းဖုန်းများသည် မြန်မာ့ ဆက်သွယ်ရေးသို့ အကြောင်းကြားမှသာ ရန်ကုန်တွင် သုံးစွဲခွင့်ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။  ယခင်က နယ်ဖုန်းများ ရန်ကုန်တွင် လာရောက် သုံးစွဲရာ၌ ဖုန်းပြောဆိုနိုင်ရန် အတွက် Roaming စနစ် ဖွင့်ပေးထား၍ ဖုန်းပြောဆိုနိုင်ခြင်း ဖြစ်ပြီး ယခုအခါ၌ ယခင် ရောင်းချပေးခဲ့သည့် နယ်ဖုန်းများမှလွဲ၍ ဇွန်ဒုတိယပတ် နောက်ပိုင်း ဝယ်ယူခဲ့သည့် ဖုန်းများအား Roaming စနစ် ဖွင့်ပေးတော့မည် မဟုတ်ကြောင်း သိရသည်။

ရှိတ်စပီးယားရဲ့ စကားတစ်ခွန်း

 
ယောက်ျားလေးတစ်ယောက်နဲ့ အတူနေရင်
သူ့ကို အရမ်းချစ်စရာမလိုဘူး
သူ့ကို နားလည်မှုပိုပေးပါ။

ကြီးကျယ်မြင့်မြတ်တဲ့အောင်မြင်မှုတိုင်းဟာ ဘယ်တော့မှ လွယ်လွယ်နဲ့မရနိုင်ဘူး

 
“ သေးငယ်တဲ့ သစ်စေ့လေးတစ်စေ့ဟာ သူကြီးထွားလာဖို့အတွက်
- မြေကြီးထဲ မြှုပ်နှံခံရတယ်ဆိုတာ သိတယ် -အမှောင်ထုနဲ့ဖုံးအုပ်ခံရတယ်ဆိုတာသိတယ်
- တောက်ပတဲ့အလင်းရောင်ဆီရောက်ဖို့အတွက် ပြင်းပြင်းထန်ထန် ရုန်းကန် ထိုးဖောက်ထွက်ရမယ်ဆိုတာ သိတယ် ”

Thursday, June 21, 2012

ZTE အမှတ်တံဆိပ် 658A Model အထိုင်ဖုန်းအသစ် ဈေးကွက်အတွင်း ရောက်ရှိ



Photo
ပြည်တွင်း ဈေးကွက်အတွင်း ZTE အမှတ်တံဆိပ် အရည်အသွေးမြင့် 658A Model အထိုင်ဖုန်းအသစ် တစ်မျိုး ဈေးကွက်အတွင်း ရောက်ရှိလာပြီ ဖြစ်ကြောင်း  သိရသည်။

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ဖြစ်လာသည့် IBM ကွန်ပျူတာ




Photo
ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်မားဆုံး စူပါကွန်ပျူတာများ အပြိုင်အဆိုင် တည်ဆောက်နေမှုတွင် အမေရိကန်က တစ်ကျော့ပြန် ဦးဆောင်လာပြီ  ဖြစ်သည်။

Tablet New iPad ကို ယှဉ်ပြိုင်မည့် Samsung Galaxy Tab2 ရန်ကုန် ဈေးကွက်သို့ စတင် ဝင်ရောက်လာ

Apple မှ နောက်ဆုံးထုတ် နည်းပညာသစ် New iPad အား ယှဉ်ပြိုင်ရန်အတွက် Samsung မှ ထုတ်လုပ်လိုက်သော Galaxy Tab 2 ရန်ကုန် ဈေးကွက်သို့ စတင် ရောက်ရှိလာပြီ ဖြစ်ကြောင်း  သိရသည်။

ကမ္ဘာ့အပါးလွှာဆုံး Dell XPS 13 Laptop မြန်မာပြည် ဈေးကွက်အတွင်း ရောက်ရှိ

Dell အမှတ်တံဆိပ် နည်းပညာ ပစ္စည်းများကို မြန်မာပြည် တရားဝင် ကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဖြန့်ချိ ပေးလျှက်ရှိသော Myanmar Dragon Power Int'l Trade Co.,Ltd မှ  ကမ္ဘာ့အပါးလွှာဆုံး Dell XPS 13 Laptop ကို မြန်မာနိုင်ငံ ဈေးကွက်သို့  စတင် ဖြန့်ချိလျှက် ရှိကြောင်း သိရသည်။

လွှတ်တော်တွင် e-Library ထားရှိမည်

နေပြည်တော် လွှတ်တော်တွင်း လွှတ်တော် စာကြည့်တိုက်တွင် e-Library ထားရှိသွားမည် ဖြစ်ပြီး  အဆိုပါ e-Library ထားရှိရန်အတွက် လုပ်ငန်း လုပ်ကိုင်လိုသော ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း သိရသည်။

Wednesday, June 20, 2012

တစ်မိနစ်လျှင် ၁၀၀ ကျပ်ဖြင့် Call Center မှ နံပါတ်သစ်နှင့် ၀န်ဆောင်မှု ပေးမည်

လက်ရှိ ပြည်တွင်းမှာ သိလိုသမျှကို ဖြေကြား ပေးနေတဲ့ Call Center ဟာ အခုအခါ နံပါတ် အသစ်နဲ့ ၀န်ဆောင်မှု အသစ်တွေကို တစ်မိနစ် ၁၀၀ ကျပ်နဲ့
ပြည့်ပြည့်စုံစုံ ဖြေကြား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

DDOS အကြောင်းနဲ DDOS ဘယ်လိုတိုက်လည်းဆိုတဲ့နည်းပညာ



ကိုဝမ်းကိုကိုအောင်ဆီက ပြန်ရှယ်ပေးလိုက်တာပါ။ အင်တာနက်သုံးသူတိုင်း သိထားသင့်ပါတယ်လို့ ကျွန်တော် ထင်ပါတယ်။

Tuesday, June 19, 2012

ငွေပြန်လည် ဖြည့်သွင်းနိုင်မည့် Reloadable Virtual Visa Card ပြည်တွင်း၌ အသုံးပြုနိုင်ပြီ

Photo
အင်တာနက်ပေါ်ရှိ Visa Card ဖြင့် ငွေပေးချေမှု လက်ခံသော ဝက်ဘ်ဆိုက်များတွင် ငွေပေးချေနိုင်ရန်အတွက် ဆောင်ရွက်ထားသည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း  အဆိုပါ ဆောင်ရွက်ချက်ကို အကောင်အထည်ဖော်သည့် Shwe Money မှတာဝန်ရှိသူက ပြောသည်။ ၎င်းဆောင်ရွက်ချက်ကို www.shwemoney.com မှတစ်ဆင့် မှတ်ပုံတင်ကာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။

အိန္ဒိယပြည်နယ်တစ်ခုမှာ လျှပ်စစ်ဓာတ်အားကို စပါးခွံမှ ထုတ်လုပ်ပေး


Photo


ဇွန်လ (၁၈) ရက်။    ။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် လျပ်စစ်ဓာတ်အား အများဆုံး ထုတ်လုပ်နိုင်တဲ့  နိုင်ငံဖြစ်ပေမယ့် အိန္ဒိယနိုင်ငံထဲက လူဦးရေ သန်း ၄၀၀ ကျော်ဟာ လျပ်စစ်ဓာတ်အား သုံးစွဲခွင့် မရကြပဲ ရှိနေတယ်လို့ ဇွန်လ ၁၇ ရက် တနင်္ဂနွေနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြထားပါတယ်။

Monday, June 18, 2012

စီဒီအမ်အေ ၈၀၀ နှင့် ၄၅၀ ဖုန်းများတွင် My Ring Tune စနစ် သုံးနိုင်မည်

ယခင်က ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟာ့ဇ်နှင့် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟာ့ဇ် မိုဘိုင်းဖုန်းများတွင် My Ring Tune စနစ်ကို ယခုလမကုန်မီ ထည့်သွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း  အဆိုပါစနစ်ကို ရောင်းချနေသည့် ဖော်ကျွန်းအင်တာနေရှင်နယ် ကုမ္ပဏီမှ သိရသည်။

ဝန်ဆောင်မှု အများဆုံးပေးတော့မယ့် ရတနာပုံ call center



Photo
ဇွန်လ ၁၈ ရက်။    ။ ဇွန်လ (၁၆) ရက်နေ့မှ စတင်ကာ ရတနာပုံ call center က ဝန်ဆောင်မှုလုပ်ငန်းများအဖြစ်  ကျန်းမာရေး ဝန်ဆောင်မှု၊ ဟိုတယ် ဝန်ဆောင်မှု၊ အလုပ်ကိုင်ရှာဖွေရေး ဝန်ဆောင်မှုနဲ့အတူ  ဗေဒင် ဝန်ဆောင်မှုများအား တိုးချဲ့ ဝန်းဆောင်မှုများအဖြစ် ပေးနေတယ်လို့ ပြောပါတယ်၊

အစိုးရဝက်ဘ်ဆိုက်အချို့နဲ့ ပြည်တွင်းရှိ ဝက်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေ့ရှ် Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့များမှ ကြေညာ

Photo
ဇွန်လ ၁၈ ရက်။    ။ အစိုးရဝက်ဘ်ဆိုက်အချို့နှင့် ပြည်တွင်းရှိ ဝက်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းအား ၎င်းအဖွဲ့နှစ်ခု၏ Facebook စာမျက်နှာများတွင် ဇွန်လ ၁၈ ရက်နေ့၌ ကြေငြာထားသည်။ အဆိုပါအဖွဲ့နှစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ဖြစ်ကြောင်း သိရှိရပါသည်။

ပိုင်ဆိုင်ခွင့်ပြန်ရသူ....


အချိန်စက္ကန့်အနည်းငယ်လောက်ပေးပြီး ဒီပုံပြင်လေးကို ဖတ်ကြည့်ပေးပါဦး ။

တစ်ခါတုန်းက အသက် ၂၄ နှစ်အရွယ်ကောင်လေးတစ်ယောက်က ရထားပြတင်းပေါက်ကနေပြီးလှမ်းအော်တယ် ။

“ အဖေ ကြည့်ပါဦး သစ်ပင်တွေ အနောက်မှာ ကျန်နေခဲ့တယ် ”

Saturday, June 16, 2012

The Voice Weekly Journal Vol.8/No.26

ကျွန်တော် facebook ထဲကနေတွေ့လို ရှယ်ပေးလိုက်တာပါ။The Voice Weekly Journal Vol.8/No.26 PDFဖိုင်လေးပါ။လိုချင်တဲ့သူများ အောက်မှာ ဒေါင်းလိုက်ပါ။

Related Posts Plugin for WordPress, Blogger...

My Account