Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, January 10, 2013

နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ

Photo: နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ 




နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ သင်လည်း သိမှာ ပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုး ပါပဲ။

အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့်ခန္ဓာကိုယ် အတွက်  လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်း နိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ် ပါတယ်။ ဒါမှမဟုတ် နေ့လယ်စာကို ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နံနက်စောစော အချိန်ဟာ လူတစ်ယောက်အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ နံနက် အိပ်ရာထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝနာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာနိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့်အစာအိမ်ကို ဒုက္ခပေးနိုင်သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှား တာတွေ ကိုလည်း နှေးကွေး စေပါတယ်။

နံနက်စာ မစားလို့ နေ့လယ်စာ ပိုစားမိပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ သင်ဟာ နံနက်စာကိုသာ ကောင်းကောင်း စားထားမယ် ဆိုရင် သင့်တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင်သလို နေ့လယ်နေ့ခင်း သရေစာ စားသောက် တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်တာ တွေကို ခွန်အားအပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက်တတ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီ၊ ကိုလက်စထရောနဲ့ ဆား (အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။

နံနက်စာကို ဂျုံအပြည့် အဝပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။

အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံး ပေးရပါမယ်။

သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီး တွေကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။

ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့်ပါတယ်။

ဒီနေ့ကစလို့ သင်ရဲ့ နံနက်စာ စားသောက်ပုံကို ပြောင်းလဲ သင့်ပါပြီ။ နံနက်စာက သင်ရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ်ဆိုရင် ဒီနေ့ပဲ ပြောင်းလဲ လိုက်ကြပါစို့။ နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ သောက်မယ့်အစား သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာ နုပျို စေပါတယ်။ ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင်အေက သင့်အမြင်ကို ကြည်လင်စေပြီး အသားအရေ လှပစေပါတယ်။ ဗီတာမင်ဘီ အုပ်စုက ခန္ဓာကိုယ်မှာ တစ်သျှုး အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ် ပေးခြင်း၊ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ် အတွက် သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် အနာကျက် မြန်စေ ပါတယ်။ ဗီတာမင်ဒီက အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ ဗီတာမင်အီးက အိုမင်းရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်အေက သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ  ဖြစ်ပေါ်မှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ သင့် နံနက်စာကို ဖျော်ရည်တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဗီတာမင်ဓာတ် တွေကို ရရှိ နိုင်ပါတယ်။


Ref: မြ၀တီ
နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ သင်လည်း သိမှာ ပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုး ပါပဲ။

အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့်ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်း နိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ် ပါတယ်။

ဒါမှမဟုတ် နေ့လယ်စာကို ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နံနက်စောစော အချိန်ဟာ လူတစ်ယောက်အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ နံနက် အိပ်ရာထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝနာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာနိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့်အစာအိမ်ကို ဒုက္ခပေးနိုင်သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှား တာတွေ ကိုလည်း နှေးကွေး စေပါတယ်။

နံနက်စာ မစားလို့ နေ့လယ်စာ ပိုစားမိပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ သင်ဟာ နံနက်စာကိုသာ ကောင်းကောင်း စားထားမယ် ဆိုရင် သင့်တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင်သလို နေ့လယ်နေ့ခင်း သရေစာ စားသောက် တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်တာ တွေကို ခွန်အားအပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက်တတ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီ၊ ကိုလက်စထရောနဲ့ ဆား (အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။

နံနက်စာကို ဂျုံအပြည့် အဝပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။

အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံး ပေးရပါမယ်။

သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီး တွေကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။

ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့်ပါတယ်။

ဒီနေ့ကစလို့ သင်ရဲ့ နံနက်စာ စားသောက်ပုံကို ပြောင်းလဲ သင့်ပါပြီ။ နံနက်စာက သင်ရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ်ဆိုရင် ဒီနေ့ပဲ ပြောင်းလဲ လိုက်ကြပါစို့။ နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ သောက်မယ့်အစား သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာ နုပျို စေပါတယ်။ ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင်အေက သင့်အမြင်ကို ကြည်လင်စေပြီး အသားအရေ လှပစေပါတယ်။ ဗီတာမင်ဘီ အုပ်စုက ခန္ဓာကိုယ်မှာ တစ်သျှုး အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ် ပေးခြင်း၊ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ် အတွက် သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် အနာကျက် မြန်စေ ပါတယ်။ ဗီတာမင်ဒီက အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ ဗီတာမင်အီးက အိုမင်းရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်အေက သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ ဖြစ်ပေါ်မှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ သင့် နံနက်စာကို ဖျော်ရည်တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဗီတာမင်ဓာတ် တွေကို ရရှိ နိုင်ပါတယ်။


Ref: မြ၀တီ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account