Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ခေတ္တရာသူ ၏ ကဗျာများ. Show all posts
Showing posts with label ခေတ္တရာသူ ၏ ကဗျာများ. Show all posts

Saturday, July 28, 2012

မင်းအတွက်


နေပူနေချိန်မှာ
မင်းအတွက် ငါဟာထီးတစ်လက်
ငါ့ကျောပြင်ပူချင်သလောက်ပူ
ငါ့ရင်ခွင်ထဲ မင်းအေးချမ်းနေစေရမယ်....
ဆူးခင်းလမ်းမှာ
မင်းအတွက် ငါဟာဖိနပ်တစ်ဖက်
ငါရင်ခွင်နာကျင်နေပါစေ
မင်းဘေးကင်းနေစေရမယ်....
မလိုအပ်တော့တဲ့အချိန်မှာ
မင်းအတွက် ငါဟာအမှိုက်တစ်ရွက်
သုံးလိုလျှင်သုံးပစ်လိုလျှင်ပစ်
မင်းစိတ်တိုင်ကျဖြစ်စေရမယ်...

ခေတ္တရာသူ

Wednesday, March 7, 2012

မောင်ရယ်......

ဂိမာန်နွေဦး လတန်ခူးမှာ
ဝါရွှေရည်လူး
ပိတောက်ဖူးတွေပွင့်ပြီ...မောင်
မိုးဦးဝသန် အချိန်တန်တော့
ဖြူလွချစ်ဖွယ်
 မြတ်စံပါယ်လည်း ပွင့်ပြီ..မောင်
ဟေမာန်သည်ဆောင်း
အချိန်ပြောင်းတော့
 မြင့်မြတ်သခင် ပန်းသဇင်လည်း
ငွားငွားစွင့်စွင့် ပင်ထက်ဝံ့ပြီ မောင်
ဒါပေမယ့်
ရင်မှာအမြတ်တနိုး  မောင်စိုက်ပျိုးတဲ့
အချစ်သစ်ပင်ကတော့
ပွင့်ရဖို့အရေး
သခင့်ကိုမျှော်ငေးရင်း
စောင့်နေဆဲပါ****မောင်ရယ်
်

                                                   ခေတ္တရာသူ

အဝေးကမြို့တော်

*ဖူးမြှော်တမ်းတ လွမ်းမ၀တဲ့
 မြို့တော်တွင်းက ဆံတော်ရှင်

*ဂုဏ်ယူဝံ့ကြွား ဖြတ်ကာသွားတိုင်း
 ခံစားပီတိ မော့ကြည့်မိသည်
 လှုပ်ရှားသက်ဝင် မြင်းထက်သခင်

*စာပေပေါ်ထွန်း တို့မော်ကွန်းတွင်
 စာဆိုဘွဲ့ပေး န၀ဒေးနှင့်

*ညနေဆည်းဆည ရေခပ်လာတဲ့
 ဗေဒါရီလမ်း မှန်းမျှော်လွမ်းရင်း
 ကြည့် ရှုမ၀ ရှုတိုင်းလှသည် ဧရာဝတီ

*တောင်ကုန်းညို့ညို့  ကုန်းမို့မို့သို့
 သံစဉ်ပျံ့လွင့် ဆွေးနင့်နင့်နှင့်
ညည်းတွားရင်းငို ခင်ဝမ်းဆိုသည်
အလွမ်းသီချင်း သက်သေတည်

*ကုက္ကိုပင်တန်း ကမ်းနားလမ်းမှာ
ရယ်သံလွန့်လူး
 ကိုရွှေထူးလည်း ပျော်ဖူးသည်

*အခြေမပေး ဝေးနေသော်မှ
ခံစားမြင်တွေ့ လွမ်းငွေ့ငွေ့နှင့်
မေ့မရပါ ခေတ္တရာ

                                                  ခေတ္တရာသူ

Related Posts Plugin for WordPress, Blogger...

My Account