တန်ဖိုးနည်း ဂျီဖုန်းများအား ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ယခင် တန်ဖိုးနည်း ဂျီဖုန်းများကို ကျပ်နှစ်သိန်း အထက်နှင့် ကျပ်သုံးသိန်းကြား ရောင်းချပေးသွားမည်ဟု သတင်းများ ထုတ်ပြန်ထားခဲ့သည်။ "မတ်လ ပထမပတ် အတွင်းမှာပဲ ဖုန်းတွေ ချထားပေးသွားမှာပါ။ နှုန်းထားကတော့ ကျပ်နှစ်သိန်းနဲ့ပဲ ရောင်းချပေးမှာပါ။ ငါးသိန်းတန် ဂျီဖုန်းတွေ ရောင်းချပေးသလိုမျိုးပဲ ပုဂ္ဂလိက ကုမ္ပဏီတွေမှာ နေ့ချင်းပြီးစနစ်နဲ့ ရောင်းချပေးသွားမှာပါ" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
နှစ်သိန်းတန် ဂျီဖုန်းများအား...