Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, February 29, 2012

iPhone ကို ယှဉ်ပြိုင်မည့် Android OS ဖုန်းများ MWC 2012 ပွဲတွင် စတင်မိတ်ဆက်



Photo
Android OS ကို အသုံးပြုသည့် ဖုန်းများသည် Apple ၏ iPhone ကို ယှဉ်ပြိုင်ရန်အတွက် Quad-core အမျိုးအစား Processor များဖြင့် ပွဲထွက်လာခဲ့သည်။ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ (၃) ခုက လက်ရှိ မြန်နှုန်းအမြင့်ဆုံး Dual-Core များထက် နှစ်ဆပိုမြန်သည့် Quad-Core အသုံးပြုထားသည့် ဖုန်းအသစ်များကို ဘာစီလိုနာတွင် ကျင်းပလျက်ရှိသည့် Mobile World Congress 2012 တွင် အသီးသီး မိတ်ဆက်ခဲ့သည်။ HTC၊ LG နှင့် Huawei တို့သည် Android ၏ ဈေးကွက်ကို ပိုမိုဖြန့်ကျက်နိုင်မည့် ဖုန်းများအား ယခုနှစ်ကုန်ပိုင်းတွင် ရောင်းချရန် ရည်ရွယ်ထားသည်။
 
(iPhone ကို ယှဉ်ပြိုင်မည့် HTC, LG, Huawei)

ယင်းဖုန်းများကို ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ စတင်ရောင်းချဖွယ်ရှိသည်။ ထိုဖုန်း အားလုံးသည် Android 4.0 ကို အသုံးပြုထားပြီး iPhone 4S ထက် မြန်နှုန်းမြင့်မားမည်ဖြစ်သည်။ Apple ၏ နောက်ဆုံးထုတ် မိုဘိုင်းလ်ဖုန်းသည် Dual-Core A5 Porcessor ကိုသာ အသုံးပြုထားသည်။ သို့သော်လည်း Apple ၏ နောက်ထပ် iPhone မျိုးဆက်သစ်ကိုလည်း ယခုနှစ်အတွင်းပင် စတင်ရောင်းချဖွယ် ရှိနေရာ Android ၏ ဖုန်းများနှင့် အပြိုင် ဖြစ်လာနိုင်သည်။ Quad-Core ကို အသုံးပြုထားသည့် HTC One သည် (၄.၇) လက်မအရွယ် Screen နှင့် 8 megapixel ကင်မရာတို့ ပါဝင်သည်။
 
(iPhone နှင့် HTC, LG, Huawei တို့၏ စမတ်ဖုန်းအသစ်များ၏ စွမ်းဆောင်ရည်နှိုင်းယှဉ်ချက်)

Huawei ကလည်း Ascend D quad ဖြင့် ပွဲထွက်လာပြီး ကမ္ဘာပေါ်တွင် မြန်နှုန်း အမြင့်ဆုံး ဖုန်းဖြစ်ရမည်ဟု ကြွေးကြော်ထားသည်။ ၎င်းဖုန်းတွင် အသုံးပြုထားသည့် Processor သည် K3V2 Quad-Core 1.5GHz ဖြစ်ပြီး လက်ရှိ ဖုန်းများထက် စွမ်းအင်သုံးစွဲမှု (၃၀)ရာခိုင်နှုန်းထိ သက်သာမည်ဟုလည်း ဆိုသည်။ ကိုရီးယားမှ LG ကလည်း Optimus 4X HD ကို Quad-Core အသုံးပြုကာ ဖန်တီးခဲ့သည်။ ထိုဖုန်းသည် Nvidia ၏ Tegra 3 Quad Core ကို အသုံးပြုထားရာ Graphic စွမ်းဆောင်မှုပိုင်းတွင် အလွန် အားကောင်းဖွယ် ရှိနေပြီး 16GB Storage ပမာဏထိ အလွယ်တကူ သိုလှောင် ထည့်သွင်းနိုင်မည်ဟု သိရှိရသည်။

Source: DailyMail

Tuesday, February 28, 2012

ရေပန်းစားလာသည့် All in one Computer များ


Photo
ရေပန်းစားလာသည့် All in one Computer ဆိုသည်မှာ စားပွဲတင် PC အမျိုးအစား ကွန်ပျူတာ၏ System Unit နှင့် Monitor တို့ကို တစ်ပေါင်းတည်း ပြုလုပ်ထားသော ကွန်ပျူတာ ဖြစ်သည်။  Apple ကုမ္ပဏီမှ ခပ်စောစော ကာလများကပင် ၎င်းအမျိုးအစား ကွန်ပျူတာများကို ထုတ်လုပ်ခဲ့ပြီး ၁၉၈၀ ပြည့်လွန် ကာလများက Original Macintosh များသည်လည်း ကောင်း ၁၉၉၀ နောက်ပိုင်းတွင် iMac ကွန်ပျူတာများသည် လည်းကောင်း ထင်ရှားသော Model များ ဖြစ်သည်။ All in one Computer များသည် အခြားသော Desktop အမျိုးအစား ကွန်ပျူတာများထက် ပိုမို ကျစ်လစ်ပေါ့ပါးပြီး ရွှေ့ပြောင်းသယ်ယူရ လွယ်ကူသည်။

နံရံမှ မီးပလပ် ဖြုတ်လိုက်ရုံဖြင့် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ရွှေ့ပြောင်း သယ်ယူနိုင်သကဲ့သို့ ၎င်းအတွက် နေရာချထားရာတွင်လည်း သမားရိုးကျ Desktop PC များထက် များစွာ ဝန်ကျဉ်းသည်။ Laptop ကွန်ပျူတာများနှင့် အလားတူစွာ All in one computer များသည်လည်း အလွန်ကျစ်လစ်စွာ  ဖွဲ့စည်း တည်ဆောက်ထားရသောကြောင့် မူလတပ်ဆင်ထားသည့် အစိတ်အပိုင်းများကို လဲလှယ်တပ်ဆင်ရန် (သို့) အဆင့်မြှင့်တင်ရန် ခက်ခဲနိုင်ပါသည်။ သို့ရာတွင် နောက်ပိုင်းထုတ် မော်ဒယ်များတွင်မူ အဆင့်မြှင့်တင်နိုင်သော အချို့ အစိတ်အပိုင်းများ တပ်ဆင် ထုတ်လုပ်လာကြသည်ကို တွေ့သည်။ ထို့ပြင် ၎င်း All in one computer များတွင် Touch Screen စွမ်းဆောင်ရည်များ ထည့်သွင်း တပ်ဆင် လာခြင်းသည်လည်း အားသာချက် တစ်ရပ်ဖြစ်သည်။ ယခင်က All in one computer ဈေးကွက်ကို Apple မှ iMac ကွန်ပျူတာများသာ ကြီးစိုးထားသော်လည်း HP Touch Smart IQ500t, Touch Smart IQ816 နှင့် Dell Studio One 19 စသည်တို့ကဲ့သို့ Multi Touch စွမ်းဆောင်ရည်များပါ ပါရှိသည့် စွမ်းဆောင်ရည်မြင့် All in one အမျိုးအစား ကွန်ပျူတာများ ထွက်ပေါ်လာ အပြီးတွင် All in one ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု ကြီးထွားလာသည်။

သို့ရာတွင် Apple \ iMac PC သည် Performance အားဖြင့် ထိပ်ဆုံး အနေအထားတွင် ရပ်တည်နေဆဲပင် ဖြစ်သည်။ All in one PC များနှင့် Desktop Computer များ All in one PC များသည် ယခု လက်ရှိကာလတွင် စွမ်းဆောင်ရည်ပိုင်း၊ ဒီဇိုင်းပိုင်း၊ အရည်အသွေးပိုင်း၌ ယခင်နှစ်များထက် များစွာ တိုးတက်လာသည် မှန်သော်လည်း အမြင့်ဆုံး စွမ်းဆောင်ရည် အတွက်မူ နေရာ အကန့်အသတ် Processor အပူချိန်နှင့် Power အကန့်အသတ်များကြောင့် Desktop ကွန်ပျူတာကြီးများကို မယှဉ်ပြိုင်နိုင်သေးပေ။ အထူးသဖြင့် 3D Game နှင့် Video Graphic ဒီဇိုင်း ပြုလုပ်ခြင်းကဲ့သို့ အမြင့်ဆုံး Performance အတွက် အထူးပြု ထုတ်လုပ်ထားသည့် Dell's StudioXPS 435 နှင့် Alienware Aurora TM ကဲ့သို့ ကွန်ပျူတာများ၏  စွမ်းဆောင်ရည်ကို မယှဉ်ပြိုင်နိုင်သေးပေ။ သို့ရာတွင် All in one Computer တွင်လည်း များစွာသော အားသာချက်တို့ ရှိနေပါသည်။ ဈေးကွက်အတွင်း ရှိနေသော ၎င်းအမျိုးအစား ကွန်ပျူတာ အားလုံးလိုလိုတွင် အနည်းဆုံး Single Touch Display ပါရှိသည်။ ငွေအနည်းငယ် ထပ်သုံးနိုင်ပါက Multi Touch စွမ်းဆောင်ရည် ပါရှိသော Dell's Studio One 19 သို့မဟုတ် HP \ Touch Smart PCs တစ်မျိုးမျိုး ရရှိနိုင်သည်။

၎င်း Touch Screen စွမ်းဆောင်ရည်သည် မိသားစု ဖျော်ဖြေရေး အသုံးပြုသော ကွန်ပျူတာများ အတွက် လည်းကောင်း၊ ကလေးများ ပညာသင်ကြားခြင်း အထောက်အကူအဖြစ် လည်းကောင်း၊ သရုပ်ပြ ရှင်းလင်း တင်ပြရာတွင် လည်းကောင်း များစွာ အသုံးဝင်သော စွမ်းဆောင်ရည်တစ်ခု ဖြစ်သည်။ အခြား ကောင်းမွန်သော အချက်များမှာ Multimedia Speaker များ တစ်ခါတည်း  တပ်ဆင်ပါရှိခြင်း၊ Webcam ပါရှိခြင်း၊ Wireless Network များ ပါရှိခြင်းနှင့် TV Station များမှ ထုတ်လွှင့်သော Channel များ ဖမ်းယူရန် အချို့သော မော်ဒယ်များတွင် TV Tuner ပါရှိခြင်း စသည်တို့ ဖြစ်သည်။ Desktop Computer များသည် ပါရှိသည့် အစိတ်အပိုင်းတို့ကို ရိုးရှင်းစွာ အဆင့်မြှင့် လဲလှယ်ခြင်းဖြင့်  အလွယ်တကူ အသက် ဆက်နိုင်သော်လည်း All in one တွင် အစိတ်အပိုင်းများ လဲလှယ် အဆင့်မြှင့်တင်ရန် အကန့်အသတ် များစွာ ရှိနေသည်။ အချို့သော မော်ဒယ်များတွင် RAM, Hard Drive, Optical Drive, Fans စသည်တို့ လဲလှယ်နိုင်သော်လည်း အချို့တွင်မူ RAM နှင့် Hard Drive လောက်သာ လဲလှယ် တပ်ဆင်နိုင်ပါသည်။ Dell ကဲ့သို့သော အချို့ မော်ဒယ်များတွင်မူ မည်သည့် အစိတ်အပိုင်းမျှ လဲလှယ် မရသည်လည်း ရှိပါသည်။

All in one နှင့် Laptop Computer များ သင်၏ လိုအပ်ချက်သည် တစ်လုံးတည်းနှင့် အားလုံး ပြီးပြည့်စုံသည့် ကွန်ပျူတာတစ်လုံး ဖြစ်ပါက Laptop ကွန်ပျူတာများကိုလည်း ထည့်သွင်း စဉ်းစားနိုင်သည်။ Laptop ကွန်ပျူတာများသည် All in one computer များကဲ့သို့ နံရံတွင် ပလပ်ထိုးရန်ပင် မလိုဘဲ အသုံးပြုနိုင်သည်။ သို့ရာတွင် အများစုသော Laptop များသည် 12" နှင့် 14" Screen မျက်နှာပြင်များသာ ရှိပြီး 15" နှင့် အထက်များသည် ဈေးနှုန်း မြင့်တတ်ကာ Screen အရည်အသွေးမှာလည်း All in one computer လောက် မကောင်းတတ်ပေ။ ထို့ပြင် All in one computer ကဲ့သို့  21" Multitouch Screen လောက် ဖြစ်ရန်မူကား ခဲယဉ်းလှပေသည်။  အချုပ်အားဖြင့် ဆိုရသော် All in one Computer တစ်လုံး ဝယ်ယူရာတွင် နောင် အဆင့်မြှင့်တင်ရန် အနည်းငယ် ခက်ခဲနိုင်သဖြင့် မိမိ အသုံးပြုမည့် အနေအထားနှင့် စိတ်တိုင်းကျလောက်မည့် ဖွဲ့စည်း တည်ဆောက်ထားမှုကို သေသေချာချာ ရွေးချယ်ရန် လိုအပ်သည်။ Touch Screen များတွင် Single Touch နှင့် Multi Touch ကို သေချာစိစစ် ရွေးချယ်ရန် လိုအပ်ပါသည်။

ထို့ပြင် Computer Service Center များ အနေနှင့် သာမန်ထက်  အနည်းငယ် ပို၍ အနုစိတ် တည်ဆောက်ထားသော All in one Computer ကို ပြင်ဆင်ရန် အခက်အခဲ ရှိနိုင်သဖြင့် သက်ဆိုင်ရာ ကုမ္ပဏီ Service Center မှ နောက်ပိုင်း တာဝန်ယူ ပြင်ဆင်ပေးနိုင်မှုကိုပါ ဂရုပြု ရွေးချယ်ရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုငယ်လေး (မန္တလေး)

Monday, February 27, 2012

တန်ဖိုးနည်း GSM ဖုန်း မတ်လ ပထမအပတ် အတွင်း စတင် သုံးစွဲခွင့် ပြုမည်



Photo
တန်ဖိုးနည်း GSM ဖုန်းများကို မတ်လ ပထမအပတ်အတွင်း အများပြည်သူများသို့ စတင်သုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “တန်ဖိုးနည်း GSM ဖုန်းတွေကို မတ်လ ပထမပတ်အတွင်း ချပေးမယ်။ အရင်က ပြောထားတဲ့ အတိုင်းပဲ One stop Servie စနစ်နဲ့ပဲ ရောင်းချပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
အဆိုပါ တန်ဖိုးနည်း GSM ဖုန်းစီမံကိန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လအတွင်း အများပြည်သူများကို ချပေးနိုင်ရန် စီစဉ်နေကြောင်း၊ ဈေးနှုန်းမှာမူ ကျပ်သုံးသိန်း ဝန်းကျင် ဖြစ်ပြီး အဆိုပါ နှုန်းထားထက် ပိုရန်မရှိကြောင်း၊ ဈေးနှုန်း အတိအကျကိုမူ ယခုအချိန်အထိ တိတိကျကျ တွက်ချက်ထားခြင်း မရှိသေးကြောင်း၊ ယခင် GSM ဖုန်းများ ချပေးခဲ့သည့် အတိုင်း လိုအပ်သည့် စာရွက်စာတမ်းများဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ဇန်နဝါရီလအတွင်း ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မတ်လဆန်း အတွင်း ချပေးမည့် တန်ဖိုးနည်း GSM ဖုန်း ပြောဆိုခမှာ ယခင်နှုန်းထား အတိုင်း တစ်မိနစ် ကျပ် ၅၀ နှုန်း ဖြစ်ပြီး အင်တာနက် ချိတ်ဆက်နိုင်မည့် ဧရိယာအတွင်း အဆိုပါ GSM ဖုန်းနှင့် တွဲဖက်၍ အင်တာနက် ဝင်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အင်တာနက် အသုံးပြုရန်အတွက် ထပ်မံ လျှောက်ထားပါက ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်ကြောင်း သိရသည်။

G-talk ကို စားလုံးပုံစံတမျိုးလေးနဲ့ရေး ချင်သူများအတွက်

ကျွန်တော်ဒါလေးကိုတော့အကိုတစ်ယောက်ဆီကတွေ့ လို့ပြန်၇ှယ်ပေးလိုက်တာပါ။ g-talk သုံးတဲ့သူတွေအတွက်
တော့သုံးကြည့်လို့၇တာပေါ့ဗျာ......မိမိတို့ပုံမှန်သုံးနေကြစာလုံးလေးတွေကို စာလုံအမဲလေးနဲ့ပေါ်ချင်တဲ့သူများ
အတွက်တော့...

*NAYMIN* လို့၇ိုက်လိုက်ပါ။စာလုံးလေး g-talk ဘောက်ထဲမှာပေါ်လာတဲ့အခါ   NAYMIN ဆိုပြီးပေါ်လာပါလိမ့်
မယ်။





နောက်တစ်မျိုးကတော့စာလုံးအစောင်းလေးတွေနဲ့ပေါ်ချင်တဲ့သူတွေအတွက်ပါ။
_NAYMIN_ လို့၇ိုက်လိုက်ပါ။စာလုံးလေး g-talk ဘောက်ထဲမှာပေါ်လာတဲ့အခါ  NAYMIN ဆိုပြီးပေါ်လာပါလိမ့်
မယ်။

မြန်မာဖောင့်တော့မ၇ဘူးနော်.......

အားလုံးပဲအဆင်ပြေကြပါစေ.........ကျေးဇူးတင်ပါတယ်ခင်ဗျာ.....

Google Plus အားစတင်လေ့လာခြင်း ( ၂ )



ကျွန်တော်ဟိုနေ့က Google + ကိုအသုံးပြုနိုင်ဖို့အတွက်ဘယ်လို Register လုပ်ပြီးဝင်ရောက်ရမယ်ဆိုတာကို
ရှင်းပြရင်းနဲ့စတင်မိတ်ဆက်ပေးခဲ့ပြီးပါပြီ..အခုဆိုရင်အားလုံးပဲ Google + မှာမိမိတို့ရဲ့ကိုယ်ပိုင် Profile တစ်ခု
ပိုင်ဆိုင်သွားပြီလို့ ထင်ပါတယ်..ဒီနေ့တော့ကျွန်တော်တို့ Google + ကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်
ဗျာ..

Google ဟာသူရဲ့ Project အသစ်ဖြစ်တဲ့ Google Plus ကို Facebook ကိုကျော်လွှားနိုင်ဖို့အတွက်ဆန်းသစ်တဲ့
နည်းပညာတွေကို ပေါင်းစပ်ပြီးပွဲထုတ်ခဲ့တာဖြစ်ပါတယ်.. ကျွန်တော်တို့အရင်က Facebook မှာအသုံးပြုတဲ့
အခါမှာတစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းဖြစ်သွားပြီဆိုတာနဲ့ မိမိနဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေ
ကိုမိမိက အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်ကိုသာထုတ်ဖော်ပြချင်တာဖြစ်ပေမယ့် အကြောင်းအရာတစ်
 ခုကို Share လိုက်ပြီဆိုတာနဲ့ မိမိသိစေချင်သူရော မသိစေချင်သူများအားလုံးပါ မိမိ Share လိုက်တဲ့အ
ကြောင်းအရာကိုသိရှိမှာဖြစ်ပါတယ်.. အဲ့လိုအားနည်းချက်တွေကို Google Plus က Circle ဆိုတဲ့ Feature ကို
အသုံးပြုပြီး ထိန်းချုပ်ပေးသွားမှာဖြစ်ပါတယ်


Google Plus မှာပါဝင်တဲ့  Circles ဟာကျယ်ပြန်လှတဲ့ Social Network ကြီးထဲမှာ မိမိတို့ခင်မင်ရင်းနှီးတဲ့အုပ်
စုလိုက် Contacts လုပ်ပေးနိုင်တဲ့အတွက် မိမိကဒီအကြောင်းအရာတစ်ခုကို မိမိနဲ့အရင်းနှီးဆုံး မိတ်ဆွေသူ
ငယ်ချင်းများကိုသာ Share ပေးချင်တာလား ၊ ဒါမှမဟုတ် အားလုံးကိုသိစေချင်တဲ့သဘောနဲ့ Share ချင်တာ
လား ၊စသည်ဖြင့်ခွဲခြား လုပ်ဆောင်ပိုင်ခွင့်တွေပါဝင်ပါတယ်..မိမိတို့စိတ်ကြိုက် Circle တွေကို Create ပြုလုပ်
နိုင်ပြီး ကျယ်ပြန့်လှတဲ့  Social Network ကြီးထဲမှာ ကိုယ်ပိုင် Home Circle များတည်ဆောက်ပြီး Share တွေ
လုပ်ဆောင်နိုင်ခြင်းဟာ Facebook နဲ့မတူညီတဲ့ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပါတယ်..
 

နောက်ထပ်ထူးခြားစွာပါဝင်လာတဲ့ Feature တစ်ခုကတော့ Hangouts ပါ..Hangouts မှာဆိုရင်မိမိတို့တစ်ဦး
ချင်း Contect လုပ်ကာ Single Video Chat မှသည် Group Chat အထိအသုံးပြုနိုင်တဲ့ Feature ကိုထည့်
သွင်းပေးထားပါတယ်..ကျွန်တော်အပေါ်မှာပြောခဲ့သလို Home Group လေးတွေတည်ဆောက်ပြီး ဝေးကွာ
နေကြတဲ့မိသားစုဝင်များ မိမိတို့လုပ်ငန်းဆောင်တာများ ပြီးဆုံးတဲ့အခါမှာ ပုံမှန်မိသားစုတွေ သိုက်သိုက်ဝန်းဝန်း
နဲ့တွေ့စုံကြသလို တွေ့ဆုံနိုင်အောင်ဖန်တီး ပေးထားတာကလဲ Google Plus မှာပါဝင်တဲ့Hangouts ရဲ့ထူးခြား
ချက်တစ်ခုပါပဲ..။Group Chat တစ်ခုဟာ အများဆုံး လူ ( ၁၀ ) ယောက်အထိပါဝင်နိုင်တာကိုတွေ့ရပါတယ်..
ဒီကောင်လေးကိုအသုံးပြုမယ် ဆိုရင်တော့ GoogleVoiceAndVideoSetup  လေးကို Download  ချပြီးမိမိတို့
အသုံးပြုမဲ့ ကွန်ပျူတာတွေမှာ Install လုပ်ပေးဖို့လိုပါလိမ့်မယ်..

The Google+ project: Explore Hangouts ကိုလည်းအောက်မှာလေ့လာကြည့်နိုင်ပါတယ်..
 
 
Sparks ကတော့ရှာဖွေစုဆောင်း မှတ်သားရတာကြိုက်နှစ်သက် သူများအတွက်အရမ်းကိုအသုံးဝင်စေမယ့်
Feature လေးပါ..အရင်လို Google မှာသက်သက်လိုက်ရှာမနေတော့ပဲ မိမိဖတ်ချင်တဲ့အကြောင်းအရာတစ်
ခုကို Sparks မှာရိုက်ရှာမယ်ဗျာ..တွေ့ပြီဆိုတာနဲ့  Share  ကိုနှိပ်လိုက်ပါ..ပြီးရင် Add circles or people
to share with...ကနေပြီးတော့ မိမိကအားလုံးကို ဒီအကြောင်းကို Share ပေးချင်တာလား  ဒါမှာမဟုတ်မိမိဘာ
သာသီးသန့်သိမ်းထားချင်တာလား ဆိုတာကို သက်ဆိုင်ရာ Circle လိုက်ရွေးပြီး Share ပေးထားယုံပါပဲ..
စိတ်ကြိုက်အကြောင်းအရာတွေအကုန်လုံးကို မိမိကိုယ်ပိုင် Circle ထဲမှာထည့်ပြီးသိမ်းထားယုံပါပဲ..

The Google+ project: Explore Sparks  နဲ့ပါတ်သတ်ပြီးအောက်မှာလေ့လာကြည့်နိုင်ပါတယ်..
 
 
နောက်ထပ်လေ့လာချင်သူများကိုမိတ်ဆက်ပေးချင်တာကတော့ Google + နဲ့  Facebook  ရဲ့ကွာခြားချက်
ပါ..အောက်ပုံကိုလေ့လာကြည့်လိုက်ရင်ဘာတွေကွာခြားချက်ရှိလဲဆိုတာ သဘောပေါက်သွားပါလိမ့်မယ်..





ဒါကတော့ Google Plus မှာပါဝင်တဲ့ Feature လေးတွေကိုလေ့လာကြည့်ရင်းနဲ့ Google + နဲ့ Facebook 
နှိုင်းယှဉ်ချက်လေးကိုပြန်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်..နောက်ရက်တွေမှာလဲဆက်ပြီးတော့
လေ့လာမိတာလေးတွေကိုမျှဝေပေးသွားပါအုံးမယ်.. 

Google Plus အားစတင်လေ့လာကြည့်ခြင်း



ကျွန်တော် ဒီရက်ပိုင်းစာသိပ်မရေးဖြစ်ဘူး ဖြစ်နေတာနည်းနည်းကြာသွားတယ်..ဒီနေ့တော့အခုနောက်ပိုင်း
လူတိုင်းလဲစိတ်ဝင်စားမယ်လို့ထင်တဲ့ Google Plus ထွက်နေတယ်ဆိုတာသာသိပြီးခုချိန်ထိမသုံးဖြစ်သေးတဲ့
သူများပါအလွယ်တကူ အသုံးပြုဖြစ်သွားအောင် Google Plus ကိုဘယ်လိုစပြီးဝင်ရောက်ရမယ်ဘယ်လိုအသုံး
ပြုရမယ်ဆိုတာကိုကျွန်တော်လေ့လာမိသလောက်ပြန်ပြီးတော့မျှဝေပေးသွားချင်ပါတယ်..။ကျွန်တော်အခုမှ
ဒီအကြောင်းကိုရေးဖြစ်တာနောက်များကျနေပြီလားမသိဘူးနော်..ကျွန်တော်လဲ Google Plus ထွက်တယ်ဆို
တာသိပေမယ့် တစ်ခြားလုပ်စရာလေးတွေ ရှိနေတာနဲ့အခုမှ မိတ်ဆက်ဖြစ်တာကိုတော့ နားလည်ပေးစေချင်
ပါတယ်..။

Google Plus ဆိုတာဘာလဲ
  
Google Plus အကြောင်းကိုအခုအချိန်လောက်ဆိုရင်တော့တော်တော်များများလဲသိနေလောက်ပြီလို့ထင်ပါ
တယ်..။ကျွန်တော် အများကြီးအတွင်းကျကျတော့ မိတ်မဆက်ပေးတော့ဘူးနော်.. Google Plus ဆိုတာဘာ
လဲဆိုတော့ ယခုကျွန်တော့်တို့ ခေတ်အစားဆုံး Social Network တစ်ခုဖြစ်တဲ့ Facebook ကိုစိန်ခေါ်ဖို့အတွက်
Google ကနေအသစ်ထပ်မံ ထွက်ပေါ်လာတဲ့ Project တစ်ခုဖြစ်ပါတယ်..June 28, 2011 မှာ G00gle Plus
ကိုစတင်မိတ်ဆက်ပေးခဲ့ပြီး နှစ်ပါတ်အတွင်းမှာ အသုံးပြုသူဦးရေ ၁၀ မီလီယံ အထိရှိခဲ့ပါတယ်..တစ်ကမ္ဘာ
လုံးရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတယ်ဆိုရင်လဲမမှားနိုင်ပါဘူး..အခုအချိန်မှာတော့ လေးပါတ်အတွင်းမှာအသုံးပြု
သူ ၂၅ မီလီယံအထိရှိလာပြီဖြစ်ပါတယ်..Google + မှာဘာသာစကား ၄၀ ကျော်ကိုလဲထည့်သွင်းပေးထား
တာကိုတွေ့ရပါတယ်..Google ဟာသူရဲ့ Project အသစ်ကို တဖြည်းဖြည်း အရှိန်အဟုန်မြင့် လာနေပြီဖြစ်ပါ
တယ်..ကျွန်တော်တို့ပြီးခဲ့တဲ့ August 11 ရက်နေ့ကဆိုရင်လဲ Social Gaming တွေကိုထပ်မံထည့်သွင်းပေးခဲ့ပါ
တယ်..ယခုအချိန်မှာ Google Plus ဟာစမ်းသပ်စဲ "limited" trial အဆင့်မှာပဲ ရှိသေးတာ ဖြစ်တဲ့အတွက်အသုံး
ပြုချင်သူတွေအနေနဲ့ Registration လုပ်မယ်ဆိုရင် Invitation ရှိမှသာပြုလုပ်နိုင်မှာဖြစ်ပါတယ်..ဆိုလိုချင်တာ
ကတော့ကျွန်တော်တို့က Google Plus မှာ Registration လုပ်မယ်ဆိုရင် မိမိတို့ရဲ့မိတ်ဆွေသူငယ်ချင်းတစ်
ယောက်ယောက်က နေပြီးမိမိရဲ့ G-Mail အကောင့်ကို Invite လုပ်ပေးဖို့လိုပါလိမ့်မယ်..ဒါမှသာကျွန်တော်တို့
အနေနဲ့ Google + ကို Register လုပ်ပြီးဝင်ရောက်နိုင်မှာဖြစ်ပါတယ်..ဒါကတော့ Google Plus နဲ့ပါတ်သတ်တဲ့
အကြမ်းမျဉ်းမိတ်ဆက် ပေးခြင်းလောက်ပါပဲ..သူမှာပါဝင်တဲ့အသုံးပြုလို့ရမယ့် Feature တွေ ဖွဲ့စည်းပုံတွေကို
တော့ကျွန်တော်နောက်မှာသူအဆင့်လိုက်ဆက်ပြီးရှင်းပြပေးသွားပါမယ်..

ကဲအရင်ဆုံး Google Plus ကို Regiser လုပ်ပြီးဝင်ရောက်နိုင်ဖို့ကြိုးစားကြည့်ရအောင်ဗျာ..ပထမအရင်ဆုံး
ကျွန်တော်အောက်မှာ ပေးထားတဲ့လင့်လေးကို သွားလိုက်ပါ..မိမိတို့အသုံးပြုမဲ့ G-Mail အကောင့်ကိုတော့
ဝင်ထားပေးဖို့ လိုပါလိမ့်မယ်..အောက်လင့်ကိုရောက်ပြီ ဆိုရင်တော့သူကအောက်ကပုံလေးအတိုင်းပြနေ
ပါလိမ့်မယ်..ကျွန်တော်အပေါ်မှာရှင်းပြခဲ့သလိုပဲသူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်ကိုမိမိရဲ့ အသုံး
ပြုမဲ့ G-Mail အကောင့်ကို Invite လုပ်ခိုင်းလိုက်ပါ..။ဒါဆိုရင် Register လုပ်ခွင့်ရသွားပါလိမ့်မယ်..။မိမိရဲ့သူ
ငယ်ချင်းမိတ်ဆွေတွေထဲမှာအသုံးပြုတဲ့သူမရှိသေးလို့ Register လုပ်ဖို့အခက်အခဲရှိနေသူများကျွန်တော့်
ဆီကိုသာ အသုံးပြုမဲ့အကောင့်ကိုမေးလ်ကနေပို့ပေးပါ..ကျွန်တော် Invite လုပ်ပေးပါမယ်...ကဲဒီလောက်ဆို
ရင်တော့ Register လုပ်ဖို့အဆင်ပြေသွားပြီလို့ထင်ပါတယ်..

G00gle Plus ကို Register လုပ်ဖို့အတွက်  ဒီလင့်လေး ကနေသွားလိုက်ပါ..




အပေါ်ကပုံကမိမိရဲ့အကောင့်ကို Invitation မရမှီဖော်ပြပေးမဲ့ပုံပါ.။ကဲ Register လုပ်ခွင့်ရပြီဆိုတာရင်တော့
အောက်မှာပြထားတဲ့ပုံလေးအတိုင်းလိုက်လုပ်ပေးလိုက်ယုံပါပဲ...





ကဲဒါဆိုရင်တော့ Google Plus စာမျက်နှာတစ်ခုကိုမိမိတို့ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်..



ကျွန်တော်တဲ့ Profile ကိုပြင်ဆင်တာတွေကတော့ Facebook နဲ့အ၇မ်းကွာဟချက်မရှိပါဘူး..Facebook သုံး
ဖူးသူတိုင်းအလွယ်တကူသုံးတက်သွားပါလိမ့်မယ်..လောလောဆယ် Register လုပ်ပြီးတဲ့အချိန်ထိ ကျွန်တော်
အားသာချက်နှစ်ခုတွေ့ထားပါတယ်..အဲ့ဒါတွေကဘာတွေလဲဆိုတော့ Register လုပ်ဖို့အတွက် Facebook မှာ
လိုသီးသန့်အကောင့်တစ်ခု ထပ်ပြီးတော့ ဖောက်စရာမလိုတော့ပဲ G-Mail အကောင့်တစ်ခုရှိနေယုံနဲ့လွယ်
လွယ်ကူကူပဲ Register လုပ်ခွင့်ပေးထားပါတယ်..နောက်တစ်ချက်ကတော့ အရင်ကလို Facebook တစ်ခု
G-Mail တစ်ခုဖွင့်နေစရာမလိုတော့ပါဘူး..Google Plus မှာတင် မိမိရဲ့ G-Mail အကောင့်ထဲမှာရှိတဲ့သူတွေ
နဲ့စကားပြောနိုင်မှာဖြစ်ပါတယ်..ဒီနေ့တော့ Registeration ပြုလုပ်ခြင်းနဲ့ပဲအဆုံးသတ်လိုက်ရအောင်ဗျာ..
နောက်နေမှာဆက်ပြီးတော့သူမှာပါဝင်တဲ့ Feature တွေနဲ့ဖွဲစည်းပုံလေးတွေကိုထပ်ပြီးမိတ်ဆက်ပေးသွား
ပါမယ်..

Sunday, February 26, 2012

ifile ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

ကဲစရအောင် အရင်ဆုံး ဒီကို နှိပ်လိုက်ပါ. အောက်ကပုံတွေသေးနေရင် ပုံကိုနှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း ifile.it နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် ifile.it ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..

  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 














  • အဲ့ဒါဆိုရင် ifile.it ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း Request Download Ticket ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ.














  • အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..







  • တစ်ကယ်လို့မှ Download link မကျလာခဲ့ဘူးဆိုရင်တော့ အောက်ကပုံအတိုင်း if it doesn’t pleace click
    here ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ Download link တန်းကျလာပါလိမ့်မယ်...













ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

Ziddu ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

ကဲစရအောင် အရင်ဆုံး ဒီကို နှိပ်လိုက်ပါ. အောက်ကပုံတွေသေးနေရင် ပုံကိုနှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း ziddu နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် ziddu ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..

  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 














  • အဲ့ဒါဆိုရင် Ziddu ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း Download  ဆိုတဲ့  အကွက်လေးကို နှိပ်လိုက်ပါ.










  • ပြီးတာနဲ့ အောက်က ပြထားတဲ့ ပုံထဲကအတိုင်း ဘေးဖက်မှာရှိတဲ့ နံပါတ်အတိုင်း အကွက်ထဲမှာ ရိုက်ထည့်ပြီးတော့ Download ဆိုတဲ့ အကွက်ကို နှိပ်လိုက်ရမှာဖြစ်ပါတယ်.









  •  အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..








ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

Zshare ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

ကဲစရအောင် အရင်ဆုံး ဒီကို နှိပ်လိုက်ပါ. အောက်ကပုံတွေသေးနေရင် ပုံကိုနှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း zshare နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် zshare ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..

  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 














  • အဲ့ဒါဆိုရင် Zshare ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း Download Now! ဆိုတဲ့ အ၀ါရောင် အကွက်လေးကို နှိပ်လိုက်ပါ.














  • အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..







ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

Mediafire ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

ကဲစရအောင် အရင်ဆုံး ဒီကို နှိပ်လိုက်ပါ. အောက်ကပုံတွေသေးနေရင် ပုံကိုနှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း mediafire နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် mediafire ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..

  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 














  • အဲ့ဒါဆိုရင် Mediafire ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း click here to start download from mediafire ဆိုတဲ့ အပြာရောင် စာတမ်းကို နှိပ်လိုက်ပါ.














  • အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..







ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များ



တန်ဖိုးအရှိဆုံးပုဂ္ဂိုလ်
လောကကြီးထဲမှာ အဖိုးအလွန်တန်ဆုံး ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို
ဖော်ထုတ်ပေးပါဆိုရင် ဘုန်းကြီးကတော့ "ဘုရား" ကိုပဲ ထုတ်ပြမယ်။
Buddha
If anyone asked me who is the greatest person in this world; I would
say the "Buddha".
မယုံကြည်မှု
လူတွေဟာ ကိုယ်ဥာဏ်မမီရင် သူများသိတာကို မယုံကြည်၊ အမှန်ကို မထင်ကြဘူး။
Above their heads
People often don't belive in what others know because it is above
their heads. They think that is not true.
ကြီးပွားတယ်ဆိုတာ
လောကမှာ ကြီးပွားတယ်ဆိုတာ ထီပေါက်မှ, စီးပွားရေးကောင်းမှလို့ ထင်နေကြတယ်။
ဟုတ်မှန်တဲ့ သဘာဝဓမ္မများကို လေ့လာပွားများနေရင် စိတ်နေစိတ်ထား
ကြီးပွားတာပဲ။
Getting on People think that one gets on well only when one wins a
lottery tickt or has good business. However, if one can contemplate
upon the natural phenomena and purify one's mind , one gets on very
well indeed.
၂၀၁၂ ခုနှစ် ဇန်န၀ါရီလထုတ် အပ္ပာမာဒ ဓမ္မရသ မဂ္ဂဇင်းမှ ကူးယူပြီး ပြန်လည်မျှဝေပါသည်။
မြတ်လေးမွန်

တရုတ်မှတစ်ဆင့် ချိတ်ဆက်ထားသော ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှု ယခုလအပြီးပြင်မည်

တရုတ်နိုင်ငံမှတစ်ဆင့် အင်တာနက် ချိတ်ဆက်ထားသည့် ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုကို ယခုလအတွင်း အပြီးသတ် ပြင်ဆင်သွားမည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

အဆိုပါ ဆက်ကြောင်းမှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပြတ်တောက်သွားခြင်း ဖြစ်ပြီး ယခုအချိန်အထိ ပြင်ဆင်ထားနိုင်ခြင်း မရှိသေးပေ။ “အင်တာနက် အဓိက သုံးစွဲနေတဲ့ ဆက်ကြောင်းတော့ မဟုတ်ပါဘူး၊ အရန်ဆက်ကြောင်း တစ်ခုပါ၊ ပြတ်တောက်ပြီး ရက်ပိုင်းအတွင်း တစ်ကြိမ် ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ခဏပဲကြာတယ်။ ပြန်ပြတ်တောက်သွားတဲ့ အတွက်ကြောင့် နောက်တစ်ကြိမ် ထပ်မံ ပြင်ဆင်ရမှာပါ။ ဒီလထဲမှာတော့ အပြီးသတ် ဆောင်ရွက်သွားမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဆက်ကြောင်း ပြတ်တောက်မှု အပြီးသတ် ပြင်ဆင်နိုင်ခြင်း မရှိသည့် အတွက်ကြောင့် ပြည်တွင်း အင်တာနက်မြန်နှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိပြီး အင်တာနက်သုံးစွဲသူ အနည်းငယ် ကျဆင်းသွားကြောင်း အင်တာနက်ဆိုင်များမှ သိရသည်။
 
“ပြီးခဲ့တဲ့လက SE-ME-WE-၃ ပြတ်တောက်လို့ အင်တာနက် ကွန်နက်ရှင်တွေကျပြီး လူတောင်မရှိဘူး၊ အခု တရုတ်နဲ့ ချိတ်ထားတဲ့ ဆက်ကြောင်း ထပ်ပြတ်တယ်လို့ သတင်းတွေမှာ ဖတ်ရတယ်၊ ဒီတစ်ကြိမ် ပြတ်တောက်တာ မသိသာပေမယ့် ကြာရင် ဒီလိုခဏခဏ ပြတ်တောက်နေရင် အင်တာနက် လာသုံးတဲ့သူ ရှိမှာတောင် မဟုတ်တော့ဘူး။ ဆိုင်ဆက်ဖွင့်ဖို့အတွက်တော့ မြန်နှုန်း ပြန်ကောင်းလာဖို့ပဲ ဆုတောင်းနေရတော့မှာပေါ့” ဟု ပုဇွန်တောင်မြို့နယ်ရှိ King Star အင်တာနက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်တွင်း၌ အင်တာနက် သုံးစွဲနိုင်ရန်အတွက် အဓိက ချိတ်ဆက်ထားသည့် ဆက်ကြောင်းမှာ SE-ME-WE - 3 ဆက်ကြောင်းဖြစ်ပြီး ၎င်းဆက်ကြောင်း အပြင် အရန်ဆက်ကြောင်းများ ဖြစ်သည့် တရုတ်-မြန်မာ ဆက်ကြောင်း၊ ထိုင်း-မြန်မာ ဆက်ကြောင်း စသည့် အရန်ဆက်ကြောင်းများ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

အင်တာနက် အသုံးပြုနည်း လမ်းညွန် ( E-Book )

အခု ကျွန်တော် တင်ပေးလိုက်တဲ့ စာအုပ်လေးက အင်တာနက် အသုံးပြုနည်း လမ်းညွန် ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ကျွန်တော်တို့ အများစုက အင်တာနက်ကို လက်ရှိ အသုံးပြုနေကြတော့ အင်တာနက်ပဲ လမ်းညွန်းမလိုပါဘူးကွာ .. သုံးရင်းနဲ့ သိသွားပါလိမ့်မယ်လို့ .. ယူဆချင် ယူဆကြပါလိမ့်မယ် .. ဒါပေမယ့် အခု ကျွန်တော် တင်ပေးလိုက်တဲ့ စာအုပ်လေးမှာ အင်တာနက် ချိတ်ပုံ အင်တာနက် ပေါ်မှာ ရှိတဲ့ Webpage တွေရဲ့ အခေါ်အဝေါ်တွေ .. အင်တာနက်ကို စတင် အသုံးပြု သူတွေအတွက် တစ်ဆင့်ချင်း အသုံးပြု ပုံတွေကို ရေးသားပေးထားပါတယ် .. ဒီစာအုပ်လေးကို ဖတ်ကြည့် ခြင်းဖြင့် သင့်အတွက် အင်တာနက် နဲ့ပါတ်သတ်ပြီး မသိရှိသေးတဲ့ ဗဟုသုတတွေကိုတော့ ရရှိစေမှာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 


Download လုပ်ရန် link များ

Saturday, February 25, 2012

Facebook ၏ လုပ်ဆောင်ချက်များ ( E-Book )


ကျွန်တော်ကို အကိုတစ်ယောက် တောင်းနေတာတော့ ကြာပါပြီ .. အခုမှ တင်ပေးဖြစ်တာပါ .. Facebook အသုံး ပြုနည်း စာအုပ်လေးပါ .. Facebook ကတော့ အခုအချိန်မှာ လူအများ စုအသုံး ပြုနေကြပါပြီ .. အခုမှ စသုံးမဲ့ သူတွေ အတွက်တော့ အထောက်အကူ ပြုပါလိမ့်မယ် .. သုံးနေတဲ့ သူတွေလည်း မိမိတို့ မသိသေးတဲ့ Facebook ရဲ့ Feature တွေကို ဒီစာအုပ်လေး ဖတ်ပြီး စမ်းသပ်လို့ ရတာပေါ့ဗျာ .. ကျွန်တော် သုံးနေရာ ခွဲပြီး တင်ပေး ထားပါတယ် လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 


ဟက်ကာ လက်စွဲ ( မြန်မာပြန် ) ( E-Book )

အခု တင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ Hacker Underground Handbook ဆိုတဲ့ စာအုပ်လေးကို မြန်မာလို ဘာသာ ပြန်ပြီး ရေးသားထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ၀ါသနာ ပါလို့ ဖတ်ချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်လေးကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..




အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Friday, February 24, 2012

အင်တာနက်လိုင်း နှေးကွေးနေစဉ် Windows VPS မှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက်သုံးနိုင်မည့် ဝန်ဆောင်မှုတစ်ရပ် စတင်



Photo
အင်တာနက် နှေးကွေးနေစဉ်အတွင်း မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်မည့် ဝန်ဆောင်မှုတစ်ရပ်ကို စတင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း  သိရသည်။ သြစတြေးလျနိုင်ငံရှိ Data Center တွင် တိုက်ရိုက်ထားရှိသော Hyper-V Windows Virtual Private Server (VPS) နည်းပညာဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။ “မိမိရဲ့ကိုယ်ပိုင် Computer တစ်လုံး၊ ဒါမှမဟုတ် Server တစ်လုံးကို Data Center တွင် တိုက်ရိုက်ထားရှိသလိုမျိုး အသုံးပြုသူကိုယ်တိုင် တိုက်ရိုက်အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။ အသုံးပြုသူတွေ အနေနဲ့ ကွန်ပျူတာတိုင်းမှာ ပါရှိတဲ့ Remote Desktop Software ကိုအသုံးပြုပြီး အင်တာနက် ချိတ်ဆက်မှုရှိတဲ့ မည်သည့်နေရာကမဆို မိမိကိုယ်ပိုင် VPS  အား အချိန်မရွေး ဝင်ရောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ Windows VPS မှာ ရရှိမယ့် အင်တာနက်မြန်နှုန်း (Internet  Speed) ကတော့ Data Center ရဲ့ Network Backbone နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာကြောင့် Gbit Speed ကို Download/Upload  ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းစနစ်ကို ဝန်ဆောင်မှုပေးသည့် Myanmar VPS မှ တာဝန်ရှိသူက ပြောသည်။

စတင်အသုံးပြုလိုသူများ အနေဖြင့် www.myanmarvps.com တွင် Register ပြုလုပ်ရမည်ဖြစ်ပြီး ၂၄ နာရီအတွင်း အသုံးပြုနိုင်သည့် IP လိပ်စာ၊ User Name, Password တို့ကို အကြောင်းပြန်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ အသုံးပြုသူ၏ Windows VPS  တွင် မိမိ၏ ကွန်ပျူတာကဲ့သို့ အသုံးပြုလိုသည့် application မှန်သမျှကို ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး အချက်အလက် လုံခြုံမှုအတွက်လည်း စိတ်ချရသည်ဟု ဆိုသည်။ “ကိုယ်ပိုင် ကွန်ပျူတာလိုပဲ  ကြိုက်သလို စီမံခန့်ခွဲလို့ ရပါတယ်။ အင်တာနက်ရှိတဲ့ ဘယ်နေရာသွားသွား ဖွင့်ပြီး အသုံးပြုနိုင်မှာမို့လို့ ကွန်ပျူတာကိုအလေးခံပြီး သယ်ယူဖို့ မလိုအပ်တော့ဘူး။ ဒါ့အပြင် Server ဝန်ဆောင်မှုတွေဖြစ်တဲ့ Virtual Private Network (VPN) တည်ဆောက်လိုသူတွေ၊ Web Hosting ဝန်ဆောင်မှုတွေကို ဆောင်ရွက်လိုသူတွေလည်း အသုံးပြုနိုင်ပါတယ်။ ပြီးတော့ Windows VPS ကို အသုံးပြုဖို့ Internet Speed ကောင်းဖို့ မလိုအပ်ပါဘူး။ အင်တာနက်လိုင်း နှေးကွေးနေစဉ်မှာတောင် အသုံးပြုလို့ရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ၎င်းဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသူများ အနေဖြင့် www.myanmarvps.com တွင် လေ့လာကြည့်ရှုနိုင်ပြီး ဖုန်း- ၅၁၀၅၅၄ သို့လည်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

Facebook မှ သူငယ်ချင်းများကို Lists တွင် စနစ်တကျ စီစဉ်ထားခြင်း



Photo
ဒီတစ်ပတ်မှာတော့ Facebook က သူငယ်ချင်းတွေကို Lists feature ထဲမှာ စနစ်တကျ စီစဉ်ထားနိုင်စေမယ့် နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။  Facebook ဟာ သူငယ်ချင်းတွေကို Family, Colleagues, Close Friends စသည်ဖြင့် အုပ်စုဖွဲ့ကာ အလွယ်တကူ စီစဉ်ထားနိုင်ရန်အတွက် Lists feature ကို ထည့်သွင်း ပေးထားပါတယ်။ အသုံးပြုပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) Facebook စာမျက်နှာရဲ့ ဘယ်ဘက် sidebar ရှိ Favorites session အောက်မှ More ကို နှိပ်ပါ။

(၂) Lists စာမျက်နှာ ပေါ်လာပါမယ်။ ထိပ်ဘက်မှာ Close Friends နဲ့ Acquaintances တို့ကို တွေ့ရပါမယ်။

(၃) Close Friends ကို နှိပ်ပါ။ စာမျက်နှာသစ်တစ်ခု ပေါ်လာတဲ့အခါမှာ list ထဲ ထည့်နိုင်မယ့် သူငယ်ချင်းစာရင်းကို တွေ့ရပါမယ်။ အဆိုပါ စာရင်းထဲ ထည့်နိုင်မယ့် သူငယ်ချင်း Suggestion တွေကို စာမျက်နှာရဲ့ ညာဘက်မှာ ဖော်ပြပေးထားပါတယ်။ အသုံးပြုသူအနေနဲ့ status update ကို ဝေမျှတဲ့အခါမှာ အဆိုပါ status ကို တွေ့စေချင်သူများအား Friend list  နဲ့ ရွေးချယ် ဖော်ပြနိုင်ပါတယ်။

(၄) Acquaintances list ကိုလည်း အထက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

(၅) သူငယ်ချင်းအသစ်များကို လက်ခံခြင်း၊ ဒါမှမဟုတ် ထည့်သွင်းခြင်းတို့ကို ပြုလုပ်ရာမှာလည်း အဆိုပါ သူငယ်ချင်းများကို Family, Colleagues, Close Friends စသည်ဖြင့် ရွေးချယ်ကာ ထည့်သွင်းနိုင်ပါတယ်။ Facebook ရဲ့ Lists ဟာ Google+ ကဲ့သို့ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း မရှိပေမယ့်လည်း Facebook အသုံးပြုသူတွေအတွက် အသုံးတည့်စေမယ့် feature ဖြစ်ပါတယ်။

နောင်နောင်

လူကုန်ကူးမှု အသိပညာပေး ဝက်ဘ်ဆိုက်ကို မြန်မာနိုင်ငံလူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့မှလွှင့်တင်



Photo
မြန်မာနိုင်ငံ လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့မှ လူကုန်ကူးမှု အသိပညာပေး ဝက်ဘ်ဆိုက် ဖြစ်သည့် www.myanmarhumantrafficking.gov.mm ကို လွှင့်တင်ထားသည်ဟု  သတင်းရရှိသည်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ဖေဖော်ဝါရီလ ပထမပတ်မှ စတင် လွှင့်တင်ထားသည်ဟု သိရပြီး ဝက်ဘ်ဆိုက်တွင် လူကုန်ကူးမှုအတွက် အရေးပေါ် ဆက်သွယ်ရမည့် Hot Line ဖုန်းနံပါတ်များ၊ လူကုန်ကူးမှု ပညာပေး စာရွက်စာတမ်းများ၊ ပိုစတာနဲ့ ဓာတ်ပုံများ၊ သတင်းများ၊ ဆောင်းပါးများ၊ လူကုန်ကူးမှုများကို ကာကွယ်ရမည့် နည်းလမ်းများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ အစည်းအဝေးပွဲနှင့် လူကုန်ကူးမှုသိကောင်းစရာ အမေးအဖြေများ စသည်ဖြင့် လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားသည်ကို တွေ့ရသည်။

ထို့ပြင်ဝက်ဘ်ဆိုက်တွင် မြန်မာပြည်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဆက်စပ်သည့် ဥပဒေများ၊ လူကုန်ကူးမှုများအတွက် မဲခေါင်ဒေသ (၆) နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များ၊ မြန်မာ- ထိုင်း၊ မြန်မာ-တရုတ် လူကုန်ကူးမှုအတွက် လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များကို ဖော်ပြပေးထားသည်ကို တွေ့ရသည်။ မကြာမီအချိန်အတွင်းတွင် မြန်မာပြည်သူများ လူကုန်ကူးမှုများနှင့် ပတ်သက်၍ ပိုမို သိရှိနားလည်စေရန် Myanmar Version ဖြင့် ပြောင်းလဲ လွှင့်တင်ပေးသွားမည်ဟု သတင်းရရှိသည်။

ကိုဟိန်း

လုပ်ငန်းလိပ်စာတွေကို အလွယ်တကူ ရှာမယ်



Photo
အခု ပြောချင်တာကတော့ စာအုပ်လှန်စရာ မလိုဘဲ လုပ်ငန်းလိပ်စာတွေကို အလွယ်တကူ ရှာဖွေနိုင်မယ့် Software လေးပါ။  အဲ့ဒီ Software က Myanmar Explore က ထုတ်လုပ်လိုက်တဲ့ Map++ Directory လေးပဲ ဖြစ်ပါတယ်။ ကုမ္ပဏီ၊ ပွဲရုံ၊ ဆိုင် အစရှိတဲ့ လုပ်ငန်းလိပ်စာတွေကို အလွယ်တကူ ရှာလို့ရအောင် ထုတ်လုပ်ထားပါတယ်။ အဲ့ဒီ Map++ Software ထဲမှာ မြန်မာစာ ဒါမှမဟုတ် အင်္ဂလိပ်စာ နှစ်မျိုးစလုံးနဲ့ ရှာဖွေနိုင်ပါတယ်။ Advance Search နဲ့  Match World Features တွေကို ထည့်သွင်းပေးထားတာကြောင့် ကိုယ်ရှာချင်တဲ့ လုပ်ငန်းအမျိုးအစား တစ်ခုခုကို ရိုက်ထည့်လိုက်ရုံနဲ့ ဇယားကွက်လေးထဲမှာ အဲဒီနာမည်နဲ့တူတဲ့ လိပ်စာတွေကို ချပေးပါတယ်။
 
မြေပုံထဲမှာ ရှာလိုက်တဲ့ နာမည်နဲ့တူတဲ့ လိပ်စာငါးခု ရှိတယ်ဆိုရင် အဲဒီလိပ်စာ ငါးခုကို မြေပုံထဲမှာ ၁၊ ၂၊ ၃၊ ၄၊ ၅ ဆိုပြီး မှတ်တိုင်လေးတွေနဲ့ ဖော်ပြပေးပါတယ်။ PC Version အတွက် အဲဒီနေရာတွေကို ဘယ်လိုင်းကားစီးပြီး ရောက်နိုင်လဲ၊ အဲဒီကားဂိတ်ကနေ ဘယ်လောက် လမ်းလျှောက်ရင် ရောက်နိုင်လဲ၊ ကီလိုမီတာ ဘယ်လောက်ရှိလဲ ဆိုတာတွေကိုပါ ညွှန်ပြပေးထားပါတယ်။ လုပ်ငန်းရှင်တွေကလည်း ကိုယ့်လုပ်ငန်းလိပ်စာ ထည့်သွင်းမယ်ဆိုရင် Myanmar Explore Website ထဲမှာ Register လုပ်ပြီးတော့ ဆိုင်လိပ်စာ၊ ဖုန်းနံပါတ်၊ လုပ်ငန်းအမျိုးအစားတွေကို ဖြည့်သွင်းလို့ ရပါသေးတယ်။ သူ့ရဲ့ အားသာချက်က Offline အသုံးပြုနိုင်ပြီးတော့ Hardisk က အနည်းဆုံး 3GB  နီးပါး နေရာယူပါတယ်။ Update တွေကိုတော့ www.myanmarexplore.com မှာ အမြဲ ရယူနိုင်ပါတယ်။ Software ကို ထည့်သွင်းချင်တယ် ဆိုရင်တော့ No.(D)-113၊ ဗန္ဓုလ Condo၊ မဟာဗန္ဓုလလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၁၂၉၀၄၁၈ နဲ့ ၀၉-၇၃၀၁၃၁၂၄ ကို ဆက်သွယ်နိုင်ပါတယ်။

Windows 8 တွင် ပါဝင်မည့် Metro apps စာရင်း ထွက်ပေါ်လာ



Photo
Windows operating system သစ်၏ pre-release version တစ်ခုဖြစ်သော Windows 8 Consumer Preview ကို ဖေဖော်ဝါရီလ ၂၉ ရက်တွင်  မည်သူမဆို download ပြုလုပ်နိုင်ရန် အတွက် Microsoft မှ စီစဉ်နေကြောင်းနှင့် အဆိုပါ operating system သစ်တွင် အပြီးသတ် ပြုလုပ်ထားသည့် Metro application များ ပါဝင်လာမည် ဖြစ်ကြောင်း Microsoft ၏အစီအစဉ်ကို သိရှိသူများ၏ ပြောကြားချက်များကို ကိုးကားကာ The Verge သတင်းဌာနမှ ဖော်ပြခဲ့သည်။ OS သစ်တွင် ပါဝင်လာမည့် Metro app များမှာ Calendar, Camera, Mail, Messaging, Music, People, Photos, SkyDrive နှင့် Video တို့ ဖြစ်သည်။ လက်ရှိတွင် အဆိုပါ app များသာ ပါဝင်မည် ဖြစ်သော်လည်း အသုံးပြုသူများထံ Preview မရောက်မီ အချိန်အထိ ထပ်မံ ပါဝင်လာဖွယ် ရှိကြောင်း သိရသည်။ အထက်ပါ Metro app များအနက် Mail, Calendar, People နှင့် Messaging တို့မှာ အဓိကကျသည့် ဆက်သွယ်ရေး app များ ဖြစ်ကြောင်း၊ Messaging app တွင် SMS အထောက်အပံ့ ထည့်သွင်းရန် Microsoft မှ ကြိုးပမ်းနေကြောင်း သတင်းရင်းမြစ် တစ်ခုမှ The Verge သို့ ပြောကြားချက် သိရသည်။
 
၎င်း Metro app များကို Windows Store သစ်မှ တစ်ဆင့် update လုပ်နိုင်မည် ဖြစ်သည်။ Sky Drive မှာ Windows 8 ၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပြီး ၎င်းကို local  PC နှင့် cloud အကြား ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် Microsoft  မှ မျှော်လင့်ထားကြောင်း သိရသည်။ Sky Drive သည် 25GB ပမာဏရှိသည့် ဖိုင်များကို cloud အခြေခံ သိုလှောင်မှုစနစ် ဝန်ဆောင်မှုများတွင် တိုက်ရိုက် သိမ်းဆည်းစေနိုင်မည် ဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီလ ၂၉ ရက်တွင် ဖြန့်ချိမည့် Windows 8 Consumer Preview တွင် Windows Storer မှတစ်ဆင့် တိုက်ရိုက်ရယူ ကစားနိုင်မည့် ဂိမ်းများ ပါဝင်လာမည် ဖြစ်ပြီး အဆိုပါ ဂိမ်းများတွင် Angry Birds, Toy Soldiers, Ms Splosion Man, Reckless Racing နှင့် Rocket Riot တို့ ပါဝင်ကြောင်း သိရသည်။

နောင်နောင်
Ref: CNET

တန်ဖိုးနည်းဂျီ မတ် ပထမပတ်အတွင်း လူထုလက် ရောက်မည်

တန်ဖိုးနည်း ဂျီဖုန်းများအား မတ်လ ပထမပတ်တွင် ချပေးနိုင်ရန် ဆက်သွယ်ရေးနှင့် ပူးပေါင်းသည့် ကုမ္ပဏီများအား တိုက်တွန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။  “ဖေဖော်ဝါရီ လကုန် မတ်လ ပထမပတ်မှာ ဖုန်းတွေ ချထားပေးသွားမှာပါ။ မတ်လ ၂ ရက် တောင်သူလယ်သမားနေ့မှာ ရောင်းချပေးနိုင်အောင်တော့ ရည်မှန်းထားပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ တန်ဖိုးနည်း ဂျီဖုန်းများအား လက်ရှိကာလအထိ တန်ဖိုးအတိအကျ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ကျပ်သုံးသိန်းနှင့် နှစ်သိန်းကြားတွင်သာ ရှိမည်ဖြစ်ကြောင်း၊ ၎င်းအပြင် အင်တာနက်သုံးစွဲမှုအတွက် ကျပ်ငါးသိန်းတန် GSM ဖုန်းများကဲ့သို့ ငွေကျပ်တစ်သောင်း ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခု ချထားပေးမယ့် ဖုန်းတွေမှာ အင်တာနက် သုံးစွဲမှုကို ဒေသအလိုက် ကွာခြားမှာပါ။ သုံးစွဲမှုပိုများတဲ့ မြို့ကြီးတွေမှာတော့ မြန်နှုန်းတွေ တိုးမြှင့်ပေးသွားဖို့ ရှိပါတယ်။ ငါးနှစ်အတွင်းတော့ ကျေးလက်ဒေသတွေပါ အင်တာနက် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း ဂျီဖုန်းများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ ငါးနှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးမည်ဖြစ်ပြီး ဖုန်းတန်ဖိုးနှုန်းထားများကိုလည်း စီမံကိန်းအလိုက် လျှော့ချပေးသွားမည် ဖြစ်သည်။ ၎င်းအပြင် အာဆီယံနိုင်ငံအချင်းချင်း အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန်အတွက် ယခုနှစ်စီမံကိန်းတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ယင်းသို့ တန်ဖိုးနည်း ဂျီဖုန်းများအား စီမံကိန်းအလိုက် ချထားပေးမည် ဖြစ်သော်လည်း သုံးစွဲမှုပိုများသည့် CDMA ဖုန်းများကိုမူ တန်ဖိုးနည်း ဖုန်းများအဖြစ် ပြောင်းလဲချထားပေးမည် မဟုတ်ဟု ဆက်သွယ်ရေး၏ ထုတ်ပြန်မှုများအရ သိရသည်။

အောင်ဇော်

တစ်နေရာတည်းမှာ Download လုပ်လို့ရမယ့် Website



Photo
Rapidshare, Hotfile, Uploading.com, Torrent, Fileape.com, Mediafire.com, easy-share.com, wupload.com အစရှိတဲ့ ဆိုက်တွေကနေ Download လုပ်ချင်တဲ့ ဖိုင်တွေကို  တစ်နေရာ တည်းကနေ လုပ်လို့ရမယ့် ဆိုက်လေးကို ပြောပြပေးချင်ပါတယ်။ အဲဒီဆိုက်က Download အမြဲတစေ လုပ်နေတဲ့သူတွေ အတွက် အဆင်ပြေပါတယ်။ တချို့က ကိုယ်လိုချင်တဲ့ ဖိုင်တွေကို Rapidshare, Hotfile, Uploading.com, Torrent အစရှိတဲ့ ဆိုက်တွေမှာ တွေ့တတ်ပါတယ်။ အဲဒါကို  Download  လုပ်ချင်တယ် ဆိုရင် Free Download Limit ပြည့်တာတို့၊ Premium User ဝယ်ထားတဲ့သူတို့သာ Download ပေးချတာတို့ ဖြစ်နေတတ်ပါတယ်။ အဲဒါဆိုရင် ကိုယ်လိုချင်တဲ့ ဟာက Rapidshare မှာဆိုရင် Rapidshare Account ကိုဝယ်နေရပြီး Hot File ဆိုရင် Hotfile အကောင့်ကို ဝယ်ယူရမှာ ဖြစ်ပါတယ်။
 
အဲလိုမျိုး အကောင့်တစ်ခုချင်းစီ လိုက်ဝယ်နေရရင် အကုန်အကျ များလာမှာပါ။ ဒါကြောင့် ဈေးလည်း သက်သာပြီးတော့ တစ်နေရာတည်းမှာတင် Premium Download တွေကို Download လုပ်နိုင်မှာမျိုးမို့ ညွှန်ပေးရခြင်းပါ။ အဲဒီဆိုက်နာမည်ကတော့ www.loadpot.net ဖြစ်ပါတယ်။ အဲဒီ Loadpot.net မှာ Free User, Register User နဲ့ Premium User ဆိုပြီး ခွဲထားပါတယ်။ Free User မှာ Upload Size ကို 100 Mb သာ လုပ်လို့ရမှာဖြစ်ပြီး တစ်နေ့ကို 1000 Mb သာ Download လုပ်လို့ရမှာပါ။ အဲဒီ ဖိုင်ကို ရက် ၃၀ ပြည့်ရင် Auto Delete  ဖြစ်သွားမှာ ဖြစ်ပါတယ်။
 
Register User တွေအတွက် 500 Mb Upload ရရှိမှာဖြစ်ပြီး Stroage Space က 1000 Mb ရမှာပါ။ တစ်ရက်ကို 1000 Mb Download လုပ်လို့ရမှာဖြစ်ပြီး Leech အတွက် တစ်နေ့ကို 50Mb လုပ်လို့ ရပါလိမ့်မယ်။ သိမ်းဆည်းထားတဲ့ ဖိုင်တွေကိုတော့ ရက် ၆၀ ပြည့်ရင် ဖျက်ပစ်မှာပါ။ Premium User အတွက်တော့ တစ်ခါတည်း 8000 Mb Upload လုပ်နိုင်ပြီး  30,000 Mb သိမ်းဆည်းထားနိုင်မှာပါ။ တစ်ရက်မှာ 10000 Mb Download ချနိုင်ပြီး သိမ်းထားတဲ့ဖိုင်တွေက Premium User ဖြစ်နေသရွေ့ ဘယ်တော့မှ ပျက်မသွားနိုင်တဲ့ အားသာချက်လည်း ရှိနေပါသေးတယ်။

ဘက်ထရီ ၇ နာရီခွဲကြာ အသုံးခံသည့် Notebook



Photo
MSI WIND U135DX ဟု အမည်ရသည်။ Atom N570 CPU ပါရှိသည့်အပြင် DDR3 Memory ကိုလည်း  ထောက်ပံ့ပေးနိုင်သည်။ အမြန်နှုန်းကို 1.66 GHz, L2 Cache 512 KB စွမ်းဆောင်ရည်ဖြင့် 2 Cores 4 Thread စနစ်ဖြင့် အလုပ်လုပ်ပေးနိုင်သည်။ Memory DDR3 1GB ပါရှိပြီး 2GB အထိ မြှင့်တင်နိုင်သည်။ 320 GB SATA HDD, HD စနစ် 2 Channel Speaker, Wireless LAN စသဖြင့် စုံလင်စွာပါရှိသည်။ ထူးခြားချက်အနေဖြင့် CPU ၏ Clock Speed ကို အတိုးအလျော့ ပြုလုပ်ပေးကာ Power သုံးစွဲမှုကို လျော့ချပေးနိုင်သည်။ တစ်ကြိမ် အားသွင်းထားပါက ၇ နာရီခွဲကြာ အသုံးပြုနိုင်သည်။ Price: 261,500 Ks Phone: 95-1-218041.

ကနဦး အင်တာနက် တပ်ဆင်သုံးစွဲခ အခမဲ့ ပေးတော့မည်

မည်သူမဆို အင်တာနက် သုံးစွဲနိုင်ရန်အတွက် ကနဦး အင်တာနက် တပ်ဆင်သုံးစွဲခများကို အခမဲ့ ပေးသွားနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှ သိရသည်။  “လူတိုင်းလူတိုင်း အင်တာနက် သုံးစွဲနိုင်ရေးအတွက် Zero Initial Set up Fee နဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၁၁) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး အခမ်းအနား၌ နိုင်ငံတော် သမ္မတကြီးက မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ အားလုံးတွင်လည်း အိုင်စီတီကို အဓိကထားပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများအထိ အိုင်စီတီ အသုံးပြုမှု ပျံ့နှံ့သွားစေရေးတို့ အတွက် မိမိတို့ အစိုးရသစ် လက်ထက်တွင် တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

“Connection ပိုင်းကို တစ်မြို့လုံး လွှမ်းခြုံမှု ရှိအောင်တော့ ဆောင်ရွက်ပေးထားတယ်။ ၈၅ ရာခိုင်နှုန်းလောက်တော့ ရတယ်။ ဒီက လိုင်းအခြေအနေက ကိုရီးယားနဲ့ စင်ကာပူထက် သုံးဆလောက် မြင့်တယ်။ တစ်ဦးချင်း သုံးစွဲတဲ့ User ပေါ်မှာ မူတည်တယ်။ ယူတဲ့ Service Plan ပေါ်မှာလဲ မူတည်တယ်” ဟု Red Link မှ Senior Vice President ဦးရှိန်းသူအောင်က ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုသည့် Subscriber သည် လေးသောင်းခန့်သာ ရှိသည့်အတွက် Population Penetration ၏ ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိပြီး အိမ်နီးချင်း အာရှနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ယှဉ်ကြည့်လျှင် ရာခိုင်နှုန်း နည်းပါးနေသေးကြောင်း သိရသည်။ ယခုအခါ WiMAX တိုးချဲ့ စီမံကိန်းအတွက် POP များ တိုးချဲ့ တည်ဆောက် ပြီးစီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွှမ်းခြုံမိအောင် တည်ဆောက်ထားကြောင်း၊ ယင်းအပြင် Coverage ရရှိသေးသည့် မြို့နယ်များကိုလည်း ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ Red Link Broadband Wi-MAX Service တပ်ဆင်ပါက ကျပ်ခြောက်သိန်းသုံးသောင်း ကုန်ကျမည်ဖြစ်ပြီး Service Plan အနေဖြင့် သုံးမျိုး ခွဲခြားထားကြောင်း သိရသည်။

ဖူးပွင့်သော်

Ubuntu OS ပေါ်တွင် Truecrypt ကို Install ပြုလုပ်ပုံ



Photo
Ubuntu အသုံးပြုသူတွေအတွက် Ubuntu OS ပေါ်မှာ မိမိရဲ့ဖိုင်တွေ၊ ဖိုဒါတွေကို တခြားသူတွေ ဝင်ရောက်သုံးစွဲခြင်းမှ ကာကွယ်နိုင်ရန် အတွက် Truecrypt နဲ့ ကာကွယ်တားဆီးပုံကို ဖော်ပြလိုက်ပါတယ်။  TrueCrypt ကို Install ပြုလုပ်ဖို့အတွက် ပထမဦးဆုံး www.truecrypt.org/downloads ဆိုတဲ့ အင်တာနက်စာမျက်နှာကို သွားရမှာ ဖြစ်ပါတယ်။ TrueCrypt ဝက်ဘ်ဆိုက်ကို ရောက်ပြီဆိုရင် Windows အတွက်ရယ် Mac OS အတွက်ရယ်နဲ့ Linux အတွက်ရယ်ဆိုပြီး ဒေါင်းလုပ် လုပ်ဖို့ ပေးထားပါတယ်။ အဲဒီကမှ Linux ထဲကနေ ရွေးချယ်ပြီး ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။ TrueCrypt ကို Install ပြုလုပ်ဖို့အတွက် ဒေါင်းလုပ် လုပ်ယူထားတဲ့ ဖိုင်ကို Desktop ပေါ် တင်ထားလိုက်ပါ။ Desktop ပေါ် တင်ထားပြီးပြီဆိုရင် Install ပြုလုပ်ဖို့အတွက်က မိမိနှစ်သက်သလို Graphic Mode နဲ့ Command Line Mode ကြိုက်နှစ်သက်သလို အလွယ်တကူ Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Graphic Mode ကနေ Install ပြုလုပ်မယ်ဆိုရင် ဒေါင်းလုပ်ပြုလုပ်ထားတဲ့ ဖိုင်ကို Rick Click နှိပ်ပြီး External Here ဆိုတာကို ရွေးချယ်ပြီး ကလစ်နှိပ်လိုက်ပါ။ ပြီးသွားရင်တော့ truecypt 7.1 a-setup-x86 ဆိုတဲ့ ဖိုင်တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီဖိုင်ကို Double Click နှိပ်လိုက်ရင် Install ပြုလုပ်ဖို့အတွက် box တစ်ခု ကျလာမှာ ဖြစ်ပါတယ်။ အဲဒီ box မှာ Run in Terminal နဲ့ Run Button ကနေ နှစ်သက်ရာကို ရွေးချယ်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Command Line ကနေ Install ပြုလုပ်ချင်သူတွေအတွက် Desktop ရှိတဲ့ လမ်းကြောင်းကို သွားရမှာ ဖြစ်ပါတယ်။ Desktop ပေါ်ရောက်ဖို့အတွက် #cd/~Desktop ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ #./truecrypt7.1 a-setup-x86 ဆိုတဲ့ command ကိုရိုက်ထည့်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Install ပြုလုပ်ပြီးပြီ ဆိုရင်တော့ Dash home Button ကို ကလစ်နှိပ်လိုက်ပါ။ Shortcut နဲ့ခေါ်ဆိုပါက Super Key ကိုနှိပ်လိုက်ပါ။ Super Key ဆိုတာကတော့ Windows ပေါ်မှာဆိုရင်တော့ Windows Key ကို ခေါ်ပါတယ်။ ပြီးရင် TrueCrypt လို့ ရိုက်ထည့်လိုက်ပြီး Application ကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ TrueCrypt ကို Install ပြုလုပ်ခြင်း ပြီးပြည့်စုံသွားပြီ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account