Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 26, 2012

တရုတ်မှတစ်ဆင့် ချိတ်ဆက်ထားသော ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှု ယခုလအပြီးပြင်မည်

တရုတ်နိုင်ငံမှတစ်ဆင့် အင်တာနက် ချိတ်ဆက်ထားသည့် ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုကို ယခုလအတွင်း အပြီးသတ် ပြင်ဆင်သွားမည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

အဆိုပါ ဆက်ကြောင်းမှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပြတ်တောက်သွားခြင်း ဖြစ်ပြီး ယခုအချိန်အထိ ပြင်ဆင်ထားနိုင်ခြင်း မရှိသေးပေ။ “အင်တာနက် အဓိက သုံးစွဲနေတဲ့ ဆက်ကြောင်းတော့ မဟုတ်ပါဘူး၊ အရန်ဆက်ကြောင်း တစ်ခုပါ၊ ပြတ်တောက်ပြီး ရက်ပိုင်းအတွင်း တစ်ကြိမ် ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ခဏပဲကြာတယ်။ ပြန်ပြတ်တောက်သွားတဲ့ အတွက်ကြောင့် နောက်တစ်ကြိမ် ထပ်မံ ပြင်ဆင်ရမှာပါ။ ဒီလထဲမှာတော့ အပြီးသတ် ဆောင်ရွက်သွားမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဆက်ကြောင်း ပြတ်တောက်မှု အပြီးသတ် ပြင်ဆင်နိုင်ခြင်း မရှိသည့် အတွက်ကြောင့် ပြည်တွင်း အင်တာနက်မြန်နှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိပြီး အင်တာနက်သုံးစွဲသူ အနည်းငယ် ကျဆင်းသွားကြောင်း အင်တာနက်ဆိုင်များမှ သိရသည်။
 
“ပြီးခဲ့တဲ့လက SE-ME-WE-၃ ပြတ်တောက်လို့ အင်တာနက် ကွန်နက်ရှင်တွေကျပြီး လူတောင်မရှိဘူး၊ အခု တရုတ်နဲ့ ချိတ်ထားတဲ့ ဆက်ကြောင်း ထပ်ပြတ်တယ်လို့ သတင်းတွေမှာ ဖတ်ရတယ်၊ ဒီတစ်ကြိမ် ပြတ်တောက်တာ မသိသာပေမယ့် ကြာရင် ဒီလိုခဏခဏ ပြတ်တောက်နေရင် အင်တာနက် လာသုံးတဲ့သူ ရှိမှာတောင် မဟုတ်တော့ဘူး။ ဆိုင်ဆက်ဖွင့်ဖို့အတွက်တော့ မြန်နှုန်း ပြန်ကောင်းလာဖို့ပဲ ဆုတောင်းနေရတော့မှာပေါ့” ဟု ပုဇွန်တောင်မြို့နယ်ရှိ King Star အင်တာနက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်တွင်း၌ အင်တာနက် သုံးစွဲနိုင်ရန်အတွက် အဓိက ချိတ်ဆက်ထားသည့် ဆက်ကြောင်းမှာ SE-ME-WE - 3 ဆက်ကြောင်းဖြစ်ပြီး ၎င်းဆက်ကြောင်း အပြင် အရန်ဆက်ကြောင်းများ ဖြစ်သည့် တရုတ်-မြန်မာ ဆက်ကြောင်း၊ ထိုင်း-မြန်မာ ဆက်ကြောင်း စသည့် အရန်ဆက်ကြောင်းများ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

1 comments:

အမြန်ကောင်းအုံးမှာပဲ အဲဆက်သွယ်ရေဟူးးးးး
ညည်းသံ :P

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account