Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ဘ၀အတွက် အားဆေးများ. Show all posts
Showing posts with label ဘ၀အတွက် အားဆေးများ. Show all posts

Saturday, March 9, 2013

 Photo: စိတ်တိုဒေါသဖြစ်တယ်၊ စိုးရိမ်ပူပန်တယ်၊ အလိုမကျဖြစ်တယ်.. စတဲ့စိတ်ခံစားချက်တွေက ပုံမှာပါတဲ့သစ်ပင်လေးလိုပဲ
တကယ်လို့ ကျွန်တော်တို့က အဲဒီသစ်ပင်(စိတ်တိုဒေါသ)ကို ရေမပြတ်လောင်းပေးရင် သစ်ပင်ကြီးလာတဲ့တစ်နေ့
ကြိုးက ကျွန်တော်တို့ကို ဆွဲကြိုးချသွားမှာပဲ။

ကိုယ့်ရဲ့အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကို မပြုပြင်၊ မပြောင်းလဲနိုင်သရွေ့
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ထိုက်သင့်သလိုပေးဆပ်နေရမှာပဲ...
.
စိတ်တိုဒေါသဖြစ်တယ်၊ စိုးရိမ်ပူပန်တယ်၊ အလိုမကျဖြစ်တယ်.. စတဲ့စိတ်ခံစားချက်တွေက ပုံမှာပါတဲ့သစ်ပင်လေးလိုပဲ
တကယ်လို့ ကျွန်တော်တို့က အဲဒီသစ်ပင်(စိတ်တိုဒေါသ)ကို ရေမပြတ်လောင်းပေးရင် သစ်ပင်ကြီးလာတဲ့တစ်နေ့
ကြိုးက ကျွန်တော်တို့ကို ဆွဲကြိုးချသွားမှာပဲ။

ကိုယ့်ရဲ့အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကို မပြုပြင်၊ မပြောင်းလဲနိုင်သရွေ့
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ထိုက်သင့်သလိုပေးဆပ်နေရမှာပဲ...
.

 Photo: "အဖေ... အဖေ.. အ ဖေ.. တံခါးဖွင့်ပေးပါဦး.. ကျွန်တော်က အဖေ့သားပါ.. သား သော့မေ့ခဲ့လို့"

သားအပြောကို အဘိုးအိုက ခေါင်းခါပြပြီး ချိနဲ့နဲ့အသံနဲ့ "မင်းဘယ်သူလဲ မင်းကို ငါ မသိဘူး"လို့ဆိုတယ်။

ဘယ်အချိန်ကတည်းက စခဲ့မှန်းမသိ.. အဘိုးအိုရဲ့မှတ်ဉာဏ်ဟာ တစ်နေ့ထက်တစ်နေ့ဆိုးဝါးခဲ့တယ်။
ရေခဲသေတ္တာဘယ်မှာလဲ၊ အိမ်သာဘယ်မှာလဲ၊ အခုပဲ သူဘာလုပ်ခဲ့တယ်ဆိုတာကို သူမမှတ်မိခဲ့ဘူး။
ထမင်းစားပြီးပြီလား မစားရသေးဘူးလားဆိုတာကိုလည်း သူ မမှတ်မိခဲ့ဘူး။ တံခါးဝနားရောက်တာတောင်
ဒါဟာ သူနေတဲ့အိမ်ဆိုတာကို သူမမှတ်မိခဲ့ဘူး။

နေ့လယ်ခင်းတစ်ခုမှာ သားက အဘိုးအိုကိုခေါ်ပြီး ထမင်းဆိုင်မှာ ထမင်းသွားစားခဲ့တယ်။ ထမင်းစားပြီး
ပန်းကန်ထဲမှာ ဖက်ထုပ်နှစ်ခုကျန်နေတာကိုတွေ့တော့ အဘိုးအိုဟာ ဖက်ထုပ်ကိုလက်နဲ့ယူပြီး
အိတ်ကပ်ထဲ ထိုးထည့်လိုက်တယ်။ လူအများရှေ့မှာမို့ သားက "အဖေ.. ဘာလုပ်တာလဲ"လို့ ဝင်ဟန့်တော့
အဘိုးအိုက ... "ငါ့သားအတွက် ယူသွားပေးမလို့ပါ... ဒါ ငါ့သားအရမ်းကြိုက်တယ်"လို့ တုန်ချိချိအသံနဲ့ပြောပါတယ်။

အသက်ကြီးလာလို့ အရာရာကိုမေ့တတ်ခဲ့ပေမယ့်၊ မှတ်ဉာဏ်တွေ ချွတ်ယွင်းခဲ့ပေမယ့်
သား/သမီးတွေကိုချစ်ဖို့တော့ မိဘတွေက လုံးဝမမေ့ခဲ့ပါဘူး။
အချိန်မီတုန်း ဂရုစိုက်ပါ.. စောင့်ရှောက်ပါ။ အချိန်မီသေးတာက သင့်အတွက် ကံကောင်းခြင်းတစ်မျိုးပါ။
တချို့တွေ ဂရုစိုက်ပြုစုချင်တာတောင် အချိန်မမီခဲ့တော့ပါဘူး။

ဒီ ဗီဒီယိုလင့်လေးကို ကြည့်ကြည့်ပါ.. 

http://www.facebook.com/photo.php?v=10200757157430338&set=vb.151523654862808&type=3&theater
.
"အဖေ... အဖေ.. အ ဖေ.. တံခါးဖွင့်ပေးပါဦး.. ကျွန်တော်က အဖေ့သားပါ.. သား သော့မေ့ခဲ့လို့"

Wednesday, March 6, 2013

လူတစ်ယောက်အတွက်

Photo: လူတစ်ယောက်အတွက် အပြုံးဆိုတာ သူ့ကိုယ်ပေါ်မှာ ကြည့်ရအကောင်းဆုံးသောအရာ
လူတစ်ယောက်အတွက် ယုံကြည်မှုဆိုတာ သူ့ကိုယ်ပေါ်မှာ အဖိုးအတန်ဆုံးသောအရာ
လူတစ်ယောက်အတွက် မိသားစုဆိုတာ သူ့ဘဝမှာ တန်ဖိုးအရှိဆုံးသောအရာ
လူတစ်ယောက်အတွက် သူငယ်ချင်းကောင်းဆိုတာ သူ့ဘဝမှာ အရခဲဆုံးသောအရာ

မနက်လင်းတာနဲ့ ကိုယ့်ကိုယ်ကိုအပြုံးတစ်ပွင့်ပေးဖို့ မနှမြောပါနဲ့
ဘာလုပ်လုပ် ယုံကြည်မှုတွေ ကိုယ်နဲ့အတူရှိနေပါစေ
မိသားစုထမင်းဝိုင်းကို တန်ဖိုးထားပါ
သူငယ်ချင်းကောင်းတွေနဲ့ အမြဲဆက်သွယ်ပါ 
.
လူတစ်ယောက်အတွက် အပြုံးဆိုတာ သူ့ကိုယ်ပေါ်မှာ ကြည့်ရအကောင်းဆုံးသောအရာ
လူတစ်ယောက်အတွက် ယုံကြည်မှုဆိုတာ သူ့ကိုယ်ပေါ်မှာ အဖိုးအတန်ဆုံးသောအရာ
လူတစ်ယောက်အတွက် မိသားစုဆိုတာ သူ့ဘဝမှာ တန်ဖိုးအရှိဆုံးသောအရာ
လူတစ်ယောက်အတွက် သူငယ်ချင်းကောင်းဆိုတာ သူ့ဘဝမှာ အရခဲဆုံးသောအရာ

မနက်လင်းတာနဲ့ ကိုယ့်ကိုယ်ကိုအပြုံးတစ်ပွင့်ပေးဖို့ မနှမြောပါနဲ့
ဘာလုပ်လုပ် ယုံကြည်မှုတွေ ကိုယ်နဲ့အတူရှိနေပါစေ
မိသားစုထမင်းဝိုင်းကို တန်ဖိုးထားပါ
သူငယ်ချင်းကောင်းတွေနဲ့ အမြဲဆက်သွယ်ပါ .

99sanay

အသံမဲ့ ချစ်ခြင်းမေတ္တာ

Photo: အသံမဲ့ ချစ်ခြင်းမေတ္တာ
________________

“အကြော်စုံရမယ်.... အကြော်စုံ ပူပူလေးရမယ်....”

တောမြို့လေးတစ်မြို့၏ လမ်းကြိုလမ်းကြားထဲတွင် စက်ဘီးတစ်စီးတွန်းပြီး အကြော်လှည့်ရောင်းနေသော အဘိုးအိုတစ်ဦးကို နေ့တိုင်းလိုလို တွေ့ရတတ်သည်။ ဓာတ်ခဲထည့်ထားသော အပေါစားစပီကာမှ ချိုသာသောအသံသည် ရပ်ကွက်တိုင်းသို့ ပျံ့လွှင့်သွားသည်။ ထိုအသံမှာ ကျွန်မ၏အသံဖြစ်သည်။ ပိန်လှီသောခန္ဓာကိုယ်နှင့် စက်ဘီးကို အားစိုက်တွန်းရင်း နေရာလပ်မကျန်အောင် အကြော်လှည့်ရောင်းနေသော ဆွံအနားမကြားအဘိုးအိုမှာ ကျွန်မ၏ဖခင်ဖြစ်သည်။

ကျွန်မအသက်နှစ်ဆယ်ကျော်လွန်မြောက်လာမှ ကျွန်မတစ်သက်စာမက အဖေအသုံးပြုခဲ့သော စက်ဘီးပေါ်ရှိခေါင်းလောင်းလေးနေရာတွင် ကျွန်မ၏အသံကို သတ္တိရှိရှိ အစားထိုးတပ်ဆင် အသုံးပြုရဲခဲ့သည်။ ဆွံအသော ဖခင်တစ်ဦးရှိခြင်းသည် ရှက်စရာကောင်းသည်ဟု ကျွန်မသုံးနှစ်သမီးအရွယ်ကပင် နားလည်ခဲ့သည်။ သိတတ်စအရွယ်ကပင် အဖေ့ကို ကျွန်မရွံ့မုန်းခဲ့သည်။ ကျွန်မအရွယ် ကလေးများ အဖေ့ထံတွင် အကြော်ဝယ်ပြီး ပိုက်ဆံမပေးဘဲထွက်ပြေးလျှင် လည်ပင်းကြောကိုဆန့်ပြီး တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဖေ့ကိုကြည့်ရင်း ကျွန်မ အလွန်ဝမ်းနည်းမိသည်။ အစ်ကိုများလို ထိုကလေးနောက်သို့ ပြေးလိုက်ပြီး လက်သီးနှင့် ကျွန်မထိုးမပစ်တတ်။ ထိုကလေးများကို ကျွန်မ မမုန်းမိ။ ကျွန်မမုန်းမိသည်မှာ အဖေဆွံအနေခြင်းဖြစ်သည်။

အမေဆုံးပြီးနောက်ပိုင်း အဖေနှင့်အစ်ကိုနှစ်ယောက်သည် ကျွန်မအပေါ် အချစ်တွေပိုခဲ့ကြသည်။ အမေချန်ထားရစ်ခဲ့သော တစ်ခုတည်းသောပစ္စည်းမှာ အမေအပျိုတုန်းက ဘေးအိမ်မှအဒေါ်ကြီးနှင့်အတူ တွဲရိုက်ထားသော အဖြူအမဲ ဓာတ်ပုံတစ်ပုံဖြစ်သည်။ အဖေ့ကို ကျွန်မစကားပြန်မပြောသည့် အခါတိုင်း၊ အဖေ့ကိုဆောင့်အောင့်ပြသည့်အခါတိုင်း အဖေသည် ထိုဓာတ်ပုံကို ထုတ်ကြည့်နေတတ်သည်။

“လူ အ သမီး... လူ အ ကြီးသမီး” ဟု အခြားကလေးများ နောက်ပြောင်လျှင် ကျွန်မအလွန်ဝမ်းနည်းမိသည်။ ထိုကလေးများကို ကျွန်မပြန်မပြောနိုင်သည့်အခါတိုင်း အိမ်သို့ပြေးပြန်ပြီး အကြော်ကြော်နေသော အဖေ့ရှေ့ မြေကြီးပေါ်တွင် စက်ဝိုင်းသဏ္ဍာန် အ၀ိုင်းကိုဆွဲခြစ်ပြီး အလယ်ဗဟိုကို တံတွေးထွေးပစ်ခဲ့တတ်သည်။ ထိုအပြုအမူကို ကျွန်မကိုယ်တိုင် နားမလည်သော်လည်း ကျွန်မဒေါသထွက်တိုင်း၊ မကျေနပ်တိုင်း အဖေသည် ကျွန်မစိတ်ထွက်ပေါက်ရှာရာ နေရာဖြစ်ခဲ့သည်။ အလှောင်ခံရတိုင်း အဖေ့ရှေ့တွင် ကျွန်မပေါက်ကွဲမိတတ်သည်။ စိတ်တိုင်းကျပြောဆိုပြီးမှ ကျေနပ်စွာထွက်သွားသော ကျွန်မကိုကြည့်ရင်း အဖေသည် တစ်ယောက်တည်း ငေးငိုင်ကျန်နေခဲ့မြဲဖြစ်သည်။

အလှောင်ခံရသော ပတ်ဝန်းကျင်မှ ကျွန်မရှောင်ပြေးချင်ခဲ့သည်။ ကျွန်မစာကြိုးစားခဲ့သည်။ ဘွဲ့ရပညာတတ်လျှင် ဤရွာကလေးမှ ကျွန်မခွာမည်။ လူအ,ကြီး၏သမီးအဖြစ် လူတိုင်းလိုလိုသိနေသော နေရာမှထွက်သွားနိုင်ရန် ကျွန်မဆုံးဖြတ်ချက်ချမိသည်။ အိမ်ထောင်ပြုကုန်ကြပြီဖြစ်သော အစ်ကိုများ၏ ရည်ရွယ်ချက်ကို ကျွန်မ မသိ။ အဖေ၏အကြော်ဖိုသည် ထင်းမည်မျှစားလိုက်မှန်း ကျွန်မစိတ်မ၀င်စား။ နွေမှဆောင်း၊ ဆောင်းမှမိုး ပြောင်းလဲနေသည်။ ပွတ်တိုက်ဖန်များသောကြောင့် အဆံတိုသွားသော အဖေ့၏ မပီမသ ခေါင်းလောင်းသံမှာ ဘယ်နှစ်ရွာကိုဖြတ်ပြီးပြီဆိုတာကိုလည်း ကျွန်မ သတိမထားမိတော့။ ကျွန်မ၏ တစ်ခုတည်းသော ဆုံးဖြတ်ချက်မှာ စာကြိုးစားပြီး ဤရွာလေးကို စွန့်မည်။

++++++++++++ +++++++++++++

အဖေသည် အမေရှိစဉ်ကချုပ်ခဲ့သော အကောင်းဆုံးဟုထင်ရသော ပိတ်ကြမ်းအင်္ကျီကိုဝတ်လျှက် မိုးဦး၏မီးရောင်မှိန်မှိန်အောက်တွင် ထိုင်နေသည်။ မျက်နှာပေါ်တွင် အားရကျေနပ်သောအပြုံးနှင့် ပါးစပ်မှ ၀ူးဝူးဝါးဝါး မပီမသပြောရင်း ဆီများပေကျံနေသော ငွေစက္ကူတစ်ထပ်ကို ကျွန်မလက်ထဲသို့ အတင်းထိုးထည့်နေသည်။ ထိုနေ့က ကျွန်မ အောင်စာရင်းထွက်သောနေ့ဖြစ်သည်။

တက္ကသိုလ်ကျောင်းသူဖြစ်တော့မည့် ကျွန်မကို ဂုဏ်ပြုသည့်အနေဖြင့် အဖေက ထမင်းစားပွဲလေးတစ်ခု ကျင်းပပေးခဲ့သည်။ ထမင်းစားနေစဉ် ဆွေမျိုးများရှေ့တွင် အဖေ့ပန်းကန်ထဲသို့ ဟင်းများကို ကျွန်မခူးထည့်ပေးလိုက်သည်။

“အဖေ ဟင်းတွေစားပါ” အဖေမကြားနိုင်မှန်း သိသော်လည်း ကျွန်မစိတ်ကို ခန့်မှန်းလို့ရသည် ထင်၏။ ဟင်းများကိုစားရင်း မျက်ရည်နှင့်အရက်ကို ရောပြီး အဖေမျိုချလိုက်သည်။ (၁၈)နှစ်အတွင်း ပထမဦးဆုံးမြင်ရသော ကျွန်မ၏ အဖေဟုခေါ်သော ပါးစပ်အမူအရာကြောင့်ဖြစ်မည်။ ထိုညနေက အဖေသည် လက်ဟန်ခြေဟန်ဖြင့် စကားတွေများနေခဲ့သည်။ အဖေပျော်ပြီး မူးနေခဲ့သည်။

အဖေ အလုပ်ပိုကြိုးစားခဲ့သည်။ ဆီပေနေသော အကြော်ရောင်းရငွေများဖြင့် ကျွန်မကျောင်းပြီးသည်အထိ လိုလေသေးမရှိအောင် ပံ့ပိုးပေးခဲ့သည်။ ကျောင်းပြီးတော့ ရွာနှင့်မိုင်ပေါင်း(၃၀)ခန့်ဝေးသောမြို့တွင် မူလတန်းပြဆရာမအဖြစ် ကျွန်မအလုပ်ရခဲ့သည်။ အဆင်ပြေနေသားကျမှ ကျွန်မနှင့်အတူနေဖို့အဖေ့ကို သွားရောက်ခေါ်ယူခဲ့သည်။ သမီးမိုက်၏ နောက်ကျမှသိလာသော အမှားများအတွက် အဖေ့ကို ဝန်ချတောင်းပန်ရဦးမည်။

ကျွန်မစီးသောကားမှာ ရွာမရောက်ခင် လမ်းခုလပ်တွင် တိမ်းမှောက်သွားခဲ့သည်။ သတင်းကြားကြားချင်း အဖေနှင့်အစ်ကိုများက အခင်းဖြစ်ရာနေရာသို့ ချက်ချင်းရောက်လာခဲ့သည်။ အစ်ကိုနှင့်မရီးများက သွေးအလှိမ့်လှိမ့်ဖြင့် မေ့မြောနေသော ကျွန်မကို ပွေ့ဖက်ငိုလေသည်။ အဖေသည် သေလုမြောပါးဖြစ်နေသော ကျွန်မကိုပွေ့ချီပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အစ်ကိုများ၏ ပြောပြချက်အရ ပိန်လှီသောအဖေသည် ထိုအချိန်တွင် ကျွန်မကိုပွေ့ချီရာမှာ ခွန်အားပါလှသည်။ ဆေးရုံသို့ရောက်သော် ဆရာဝန်မှာ စစ်ဆေးမှုများပြုလုပ်ပြီး မြို့ဆေးရုံသို့ ပြောင်းစေခဲ့သည်။ အစ်ကို့ကိုလည်း ကျွန်မမှာကယ်တင်ဖို့ မရနိုင်ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရကြောင်း အသိပေးခဲ့သည်။ ထိုအချိန်တွင် ကျွန်မမှာ မေ့မြောနေဆဲဖြစ်ပြီး သွေးတိုင်း၍မရအောင် သွေးပေါင်များ ကျနေခဲ့သည်။

အဖေမှာ ကိုယ်လက်အမူအရာများဖြင့် ဆရာဝန်အား ကျွန်ကို ကြိုးစားကယ်တင်ဖို့ တောင်းဆိုနေသည်။

“ကြိုးစားကုသဖို့ ငွေတွေတော်တော်ကုန်လိမ့်မယ်။ ငွေကုန်တယ်ထားဦး သူ့အသက်ပြန်ရှင်ချင်မှ ရှင်လိမ့်မယ်”

ဆရာဝန်၏ပြောစကားကို အစ်ကိုက လက်ဟန်ဘာသာစကားဖြင့် အဖေ့ကို ပြန်ပြောပြသည်။ ထိုစကားကိုကြားကြားချင်း အဖေသည် ဆရာဝန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။ ထို့နောက် ထရပ်လိုက်သည်။ အကြော်ကြော်သည့်ပုံစံ၊ ကောက်ရိတ်သည့်ပုံစံများကို လုပ်ပြသည်။ ဘာမှမရှိတော့သော အင်္ကျီအိတ်ထဲသို့ လက်နှိုက်ပြပြန်သည်။ သဘောမှာ.....

ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်သမီးကို အတတ်နိုင်ဆုံး ကယ်တင်ပေးပါ။ ကျွန်တော်အကြော်ရောင်း ကောက်ရိတ်ပြီးရတဲ့ငွေတွေကို ဆေးဖိုးဝါးခပေးပါမယ်။ကျွန်တော်သားတွေ ရှိပါသေးတယ်။ လိုအပ်တဲ့ငွေတွေကို ကျွန်တော်တို့ကြိုးစားရှာပါ့မယ်” ဆရာဝန်က ခေါင်းခါပြသည်။
အဖေမှာ အိမ်ခေါင်မိုးကို လက်ညှိုးထိုးပြလိုက်၊ မြေကြီးကိုနင်းလိုက်၊ ရင်ဘတ်ကို ပုတ်ပြလိုက်နှင့် “အဲဒီငွေတွေ မလောက်သေးရင် ကျွန်တော့်အိမ်ကိုရောင်း၊ မြေကွက်ကိုရောင်းပြီးပေးပါ့မယ်။ ကြိုးစားပြီး အသက်ကိုကယ်ပေးပါ။ လိုအပ်သလောက် ကျွန်တော်ပေးပါ့မယ်” ဆရာဝန်ကို ဘာသာပြန်ပြနေသော အစ်ကိုမှာ မျက်ရည်တွဲလဲနှင့်၊ သေဆုံးသူများစွာကို တွေ့ကြုံဖူးသော်လည်း အဖေ့အမူအရာကိုကြည့်ပြီး ဆရာဝန်များနှင့် နပ်စ်များလည်း မျက်ရည်ဝဲလျှက်ရှိနေသည်။ သို့သော် အဖေလုံးဝမျက်ရည်မကျခဲ့....

အဖေ၏ကြီးမားသောမေတ္တာသည် ကျွန်မကိုကယ်တင်ဖို့ ဆရာဝန်များအား ယုံကြည်မှုနှင့်ဆုံးဖြတ်ချက်ကိုပေးခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ခန်းအပြင်ဖက်တွင် အဖေသည် ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်။ ခွဲစိတ်ပြီး ကျွန်မမေ့မြောနေခဲ့သေးသည်။ ဆရာဝန်များက ကျွန်မကို လက်လျှော့လိုက်လေပြီ။ သို့သော်အဖေမှာ မေ့မြောနေသော ကျွန်မဘေးတွင်ရှိနေခဲ့သည်။ လက်ကြမ်းကြီးနှင့် ကျွန်မမျက်နှာကို ပွတ်သပ်ပေးပြီး ပါးစပ်မှားလည်း ၀ူးဝူးဝါးဝါး ရေရွတ်နေသည်။

“သမီးလေး နိုးလာပါတော့ သမီးလေးရယ်.... အဖေစောင့်နေတယ် သမီးလေး”

ကျွန်မဆေးကုသဖို့အတွက် အဖေသည် ရွာတကာလှည့်ပြီး အကြော်ရောင်းခဲ့သည်။ အဖေ့အကြောင်းကို သိထားကြသူများက အဖေ၏ သမီးအပေါ်ထားသော ကြီးမားသောမေတ္တာကြောင့် အဖေ့ကို အားပေးကြသည်။ သမီးအသက်ရှင်ဖို့အတွက် အဖေ့ယုံကြည်မှုများက ပိုခိုင်မြဲခဲ့သည်။

တစ်လအကြာ မေ့မြောနေရာမှ ကျွန်မသတိပြန်လည်လာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း ကျွန်မတွေ့လိုက်သည်မှာက အရိုးပေါ်အရေတင်နေသော အဘိုးအိုတစ်ဦး၊ မျက်နှာမှာ အံ့သြ၀မ်းသာသောအရိပ်ဖြင့် ပါးစပ်ကြီးဟလျှက် တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဘိုးအိုတစ်ဦး၊ တစ်လအတွင်း ဆံပင်များ ဆွတ်ဆွတ်ဖြူကုန်ပြီး ပိုအိုစာသွားသော အဘိုးအိုတစ်ဦး...... ကျွန်မ၏ ဖခင်ဖြစ်သည်။ သားသမီးအပေါ်ထားသော အဖေ၏ ချစ်ခြင်းမေတ္တာ၊ ငယ်စဉ်က အဖေ့အပေါ်ဆက်ဆံခဲ့သော ကျွန်မ၏ ရိုင်းပျသော အပြုအမူများကို အမှတ်အတေး မထားတတ်သော၊ အဖေ့၏ခွင့်လွှတ်တတ်သော စိတ်တို့ကြောင့်ပင် ကျွန်မအသက် ဆက်လက်ရှင်သန်နေခဲ့ခြင်းဖြစ်သည်။

++++++++++++++++++

တစ်ခါတရံ ခေါင်းကိုက်တတ်သည်မှလွဲ၍ ကျွန်မပကတိကျန်းမာလာခဲ့သည်။ ကျန်ရှိနေသေးသော ဆေးဖိုးအကြွေးများကို အဖေနှင့်အတူ ကျွန်မတို့ ကြိုးစားဆပ်ခဲ့ကြသည်။ ကျွန်မအလုပ်လုပ်သော မြို့လေးတွင် အဖေကို ကျွန်မနှင့်အတူနေစေခဲ့သည်။ အကြော်ဆက်မရောင်းရန် ပြောသော်လည်း မရောင်းရမနေနိုင်သော အဖေ့အတွက် စက်ဘီးတစ်စီး ၀ယ်ပေးခဲ့သည်။ “ လူ အ,ကြီး၏သမီး” ဟု အခေါ်ခံလှောင်ပြောင်ရမည်ကို ကျွန်မ မကြောက်တော့။ ထိုကဲ့သို့ အကြင်နာကြီးမားသော ဖခင်တစ်ဦးရှိခြင်းကို ကျွန်မ ဂုဏ်ယူမိနေသေးသည်။

အဖေ၏စက်ဘီးပေါ်တွင် ကျွန်မအသံသွင်းထားသော စပီကာတစ်ခု တပ်ဆင်ပေးလိုက်သည်။ ကျွန်မ၏ ချိုသောသောအသံကို အဖေမကြားနိုင်သော်လည်း စပီကာခလုတ်ကို တစ်ချက်နှိပ်လိုက်တိုင်း အဖေသည် ခေါင်းမော့ပြီး အားရကျေနပ်စွာပြုံးနေတတ်သည်။ ကျွန်မအသံနှင့်အတူ ရပ်ကွက်တကာလှည့်ပြီး ပျော်ရွှင်စွာ အကြော်ရောင်းနေတတ်သည်။

လူလူချင်းတွင် ချစ်ခြင်းမေတ္တာများသည် ကူးလူးဆက်ဆံနေကြသည်။ ကျွန်မတို့က ထိုချစ်ခြင်းမေတ္တာကို ခံစားနားလည်တတ်ဖို့လိုသည်။ ခံယူမျှဝေတတ်ဖို့ လိုသည်။ ကြီးမားချိုသာသော မေတ္တာတေးသံမှာ အသံမဲ့ဖြစ်ကြောင်းကို ဆွံအနားမကြားသောဖခင်မှ ကျွန်မသင်ယူခဲ့ရသည်။ ထိုအသံမဲ့တေးသံ၏ခွန်အားကို သံသယရှိနေစရာ မလိုပေ။ ထိုခွန်အားမှာ ကျွန်မအား ပါးစပ်မှထုတ်ဖော်ပြောမပြနိုင်သော ဖခင်တစ်ဦး၏ သားသမီးအပေါ်တွင် ထားရှိသော ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်အောင် အမြင့်ဆုံးသို့ တွန်းပို့ပေးခဲ့သည်။

“အနားပဲ့သောနေရာကို မကြည့်ခဲ့လျှင် ဖန်ခွက်တိုင်းသည်ဝိုင်းစက်၏။ လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိတတ်ကြသည်။ ထိုအားနည်းချက်ကို လျစ်လျူရှုသော် လူတိုင်းသည်လူကောင်းဖြစ်၏”


မူရင်း-- http://soul.cn.yahoo.com/ypen/20120621/1127069.html ကို မြန်မာမှုပြုပြီး ဆီလျှော်အောင် ပြန်ဆိုရေးသားသည်။

နိုင်းနိုင်းစနေ (Friday, April 28, 2006)
.
“အကြော်စုံရမယ်.... အကြော်စုံ ပူပူလေးရမယ်....”

အိပ်မက်တွေ အခိုးမခံရစေနဲ့

Photo: အိပ်မက်တွေ အခိုးမခံရစေနဲ့
_____________________

အမေရိကန်ရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင်ဖြစ်သည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။

ကျောင်းသားတစ်ဦးက ဆရာပေးသည့်ခေါင်းစဉ်ကို အနှစ်ခြိုက်ကြီးနှစ်ခြိုက်ပြီး ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေဆောက်ပြီး အသားကင်ဖို့နေရာတွေထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်းဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေကိုလည်း အနားယူအပန်းဖြေစေပါမယ်" ဟူ၍ဖြစ်သည်။

ထို့နောက် သူ၏စာစီစာကုံးကို ဆရာအားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့်"X" ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။

ကျောင်းသားက သူရေးထားသည့် စာစီစာကုံးကို သေချာပြန်ဖတ်ပြီး အမှားမတွေ့သောကြောင့် ဆရာအားထပ်ပြလေသည်။

ဆရာက "မင်းကို မင်းရဲ့ရည်မှန်းချက်စိတ်ကူးကို ရေးခိုင်းတာ၊ ဒီလို အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး။ မင်းရဲ့ တကယ့်ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား" ဟူပြောသောအခါ ကျောင်းသားက "ဆရာ... ဒါ ကျွန်တော်ရဲ့ တကယ့်ရည်မှန်းချက်ပါ" ဟူ အားတက်သရော ပြန်ဖြေသည်။

"မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေပဲ .... မင်းအသစ်ပြန်ရေးပါ"

"ကျွန်တော် နားလည်တယ်ဆရာ.. ဒါ ကျွန်တော်တကယ်ဖြစ်ချင်တဲ့ ကျွန်တော်ရဲ့ရည်မှန်းချက်ပါ။ ကျွန်တော်ရည်မှန်းချက်ကို ကျွန်တော်မပြင်နိုင်ဘူး ဆရာ"

ဆရာ့စကားကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ကျောင်းသားကပြန်ပြောသည်။

"တကယ်လို့ မင်းအသစ်မရေးရင် မင်းကိုဆရာ အောင်မှတ်မပေးဘူး။ မင်း သေချာစဉ်းစားပါ"

ခေါင်းခါပြီးပြောသော ဆရာ့စကားကို ကျောင်းသားကလည်း ထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။ နောက်ဆုံး ထိုစာစီစာကုံးမှာ " E " အဆင့်သာရခဲ့သည်။

ထိုသို့သော အဖြစ်အပျက်ဖြစ်ပျက်ပြီး နှစ်ပေါင်း(၃ဝ)အကြာတွင် ၎င်းဆရာက ကျောင်းသားတစ်သိုက်နှင့် အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ ဆရာက မြက်ခင်းစိမ်းနှင့် ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်း သင်းပျံ့သော အသားကင်နံ့ကို ရှူရှိုက်နေမိသည်။ တစ်နေရာတွင် လူလတ်ပိုင်း လူရွယ်တစ်ဦးက ဆရာဆီဦးတည်လျှောက်လာပြီး သူ့ကိုယ်သူ ဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆို မိတ်ဆက်လေသည်။

လူရွယ်က ဆရာကိုအကြောင်းစုံပြောပြပြီး သူသည် ထိုနှစ်က စာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု ပြောသည်။ သို့သော် ယနေ့တွင် သူသည် စာစီစာကုံးထဲရေးခဲ့သည့်အတိုင်း သူ့ရည်မှန်းချက်ဖြစ်သည့် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို တည်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဆရာမှာ လူငယ်စကားကြောင့် လွန်ခဲ့သော အနှစ်(၃ဝ)ကို ပြန်မြင်ယောင်မိသည်။ မိမိရှေ့တွင်ရပ်နေသော လူရွယ်ကိုကြည့်ပြီး စကားတစ်ခွန်းကို ရေရွတ်လိုက်တော့သည်။

"အနှစ်(၃ဝ)အတွင်းမှာ ငါ့အတွက်နဲ့ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို ငါချေဖျက်ခဲ့မိသလဲ မသိဘူး။ မင်းကတော့ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့်အချေဖျက်မခံဘဲ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်တယ်"

သင်ရော? သင့်ရည်မှန်းချက်အိပ်မက်တွေ သူတစ်ပါး၏ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား? အခိုးခံခဲ့ရပြီလား?



မူရင်း--- http://www.duwenzhang.com/wenzhang/lizhiwenzhang/gushi/20081015/21393.html

နိုင်းနိုင်းစနေ(Saturday, December 05, 2009)
.
အမေရိကန်ရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင်ဖြစ်သည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။

မိသားစုသံယောဇဉ်..

 အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။ ပေးဆပ်စွန့်လွှတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ “ငါ့ကို ငွေပေးမှချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ် လွှမ်းခြုံနေမှာဖြစ်တယ်။

ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု

Photo: ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု
________________________

ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

တစ်ခါက ဘဲအုပ်စုနှစ်စုရှိသတဲ့။ အုပ်စုတစ်စုက ဥအရမ်းဥတတ်ပြီး နေ့တိုင်းဥလုံးကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဥ ဥရမှာအရမ်းပျင်းပြီး ၃,၄ရက်နေမှာ ဥသေးသေးလေးတစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စုဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက်ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေနဲ့ ကိုယ့်ဥကို ဥကြတယ်။

ဒီလိုနဲ့နေ့တစ်နေ့မှာ ပျင်းတဲ့အုပ်စုထဲက ဘဲတစ်ကောင်ဟာ ဥ,ဥတတ်တဲ့ ဘဲအုပ်စုထဲ မျက်စိလည်ရောက်လာခဲ့တယ်။ ဒီအုပ်စုထဲမှာ ဘဲငပျင်းအတွက်မြင်မြင်သမျှ ထူးဆန်းလို့နေတယ်။ ဘဲတွေဟာ သူ့ထက်ငါအလုအယက် ဥ,ဥကြတယ်။ ဥ,ဥဖို့ကို စိတ်အားထက်သန်ကြတယ်။ သွက်လက်နိုးကြားကြတယ်။ ဥတွေကြီးနိုင်သမျှကြီးအောင် ကြိုးစားဥကြသလို ဥအမွှာလေးတောင် ဥလိုက်ချင်ကြတယ်။ ဘဲငပျင်းအတွက် ဒါဟာအထူးအဆန်းဖြစ်လို့ နောက်ဆုံးမှာ ဒီအုပ်စုထဲ သူနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး တခြားဘဲတွေလို နေ့တိုင်းဥ,ဥဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ တစ်လအကြာမှာ သူလုပ်နိုင်ခဲ့ပါတယ်။ နေ့တိုင်း ဥလုံးကြီးတွေကို သူဥနိုင်ခဲ့တယ်။

နှစ်လရက်တွေ အလီလီပြောင်းခဲ့တယ်။ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုနဲ့ ပျင်းတဲ့ဘဲအုပ်စုရဲ့ဘဝက မပြောင်းခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့မှာ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုထဲက ဘဲတစ်ကောင်ဟာ လမ်းမှားပြီး ဘဲငပျင်းအုပ်စုနား ရောက်သွားခဲ့တယ်။ ဒီအုပ်စုရဲ့ဘဝဟာ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ အစာတွေ သွားမရှာချင်ခဲ့ဘူး။ ဥ,ဥဖို့ကိုလည်း သူတို့စိတ်မဝင်စားကြဘူး။ အစားကောင်းမစားရရင် ဒါမှမဟုတ် အစာရှာမရရင် သူတို့ဟာ ဥ မဥကြဘူး။ ပျင်းပျင်းရိရိနဲ့ ဥ,ဥချင်တဲ့အခါမှ ဥပြီး မဥချင်တဲ့အခါ ၃,၄ရက်နေတာတောင် တစ်လုံးမဥကြဘူး။ ဒါကြောင့် ဒီအုပ်စုရဲ့ ဥ,ဥနှုန်းက အရမ်းကျဆင်းခဲ့တယ်။ ဥ,ဥတတ်တဲ့ဘဲက ဒါတွေကိုကြည့်ပြီး အရမ်းတုန်လှုပ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့အုပ်စုထဲ သူချက်ချင်းမပြန်နိုင်ခဲ့တော့ ဒီဘဲငပျင်းအုပ်စုထဲမှာပဲ ခဏတာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဲငပျင်းတွေနဲ့ နေရင်းနေရင်း အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အကျင့်ဟာလည်း တဖြေးဖြေးပြောင်းလဲလာခဲ့တော့တယ်။ တစ်လအကြာမှာ နေ့တိုင်း ဥတစ်လုံးကျ ဥတတ်တဲ့သူဟာ နေ့တိုင်းဥမဥတတ်ခဲ့တော့ဘူး။

လူတွေလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အကျိုးဖြစ်ထွန်းမှုကို ပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ နှိုးကြားတက်ကြွတဲ့အုပ်စုထဲ သူနေရင် သူ့ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ ကူးစက်မှုကြောင့် သူဟာ ကြိုးစားတက်ကြွစိတ်တွေ ဝင်လာတယ်။ ကိုယ့်အကောင်းဆုံးကို သူလုပ်လာနိုင်တယ်။ အောင်မြင်သူ ဒါမှမဟုတ် ဦးဆောင်သူ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတွေကို သူတည်ထောင်လာနိုင်ပါတယ်။ တကယ်လို့ ပျင်းရိတဲ့အုပ်စုထဲ ရောက်သွားရင်တော့ တော်ထက်တဲ့လူတစ်ယောက်ကိုတောင် လူပျင်းတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ ဒီအုပ်စုကို သူ မပြောင်းလဲနိုင်ရင် အုပ်စုနောက် သူလိုက်ပြောင်းသွားပါတယ်။ လူဆိုတာ ပျင်းရိတတ်တဲ့အမျိုးပါ။ ကိုယ့်ဘေးပတ်ဝန်းကျင်က တိုးတက်လိုစိတ်မရှိဘူး၊ အပျော်အပါးထဲမှာပဲ နစ်နေမယ်၊ အလုပ်လုပ်ရာမှာလည်း ပြီးရင်ပြီးရောသဘောထားမယ်။ ဘာစီမံကိန်းမှ မရှိဘူး။ အကောင်အထည်မရှိဘူး။ ဖွဲ့စည်းမှုတွေကလည်း လျော့ရဲနေတယ်ဆိုရင် ဒီလိုဝန်းကျင်ရဲ့ကူးစက်မှုအောက်မှာ အလုပ်ကြိုးစားတဲ့လူတစ်ယောက်ဟာလည်း ကြာလာတော့ သာမန်နဲ့ပဲ ပြီးသွားနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်တိုင်တိုးတက်လိုစိတ်လဲ မရှိဘူးဆိုရင် ပတ်ဝန်းကျင်ကြောင့် အထူးသဖြင့် ပျင်းရိတဲ့ပတ်ဝန်းကျင်ရဲ့ကူးစက်ခြင်းကို အလွယ်တကူခံရတတ်ပါတယ်။ ကိုယ်တိုင်လည်းပြောင်းလဲဖို့ မကြိုးစားတော့ဘဲ ရေလိုက်ငါးလိုက်ပဲ နေလိုက်တတ်ကြတယ်။

လူတွေက ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ပေမယ့် ပတ်ဝန်းကျင်က လူကိုပြောင်းလဲနိုင်တယ်။ ပတ်ဝန်းကျင်ကို ကိုယ်မပြောင်းလဲနိုင်တဲ့အခါ ကိုယ်ကိုယ်တိုင် ပြောင်းလဲကြရတယ်။

လူတွေမှာ အဆုံးအစမဲ့ လုပ်နိုင်စွမ်းတွေရှိပါတယ်။ ကြိုးစားတိုးတက်လိုစိတ်ရှိသူတွေက တက်တက်ကြွကြွနဲ့ ကိုယ့်ဘေးပတ်လည်က ပတ်ဝန်းကျင်ကိုအသုံးပြုပြီး အကျိုးဖြစ်ထွန်းစေမယ့် ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ကြတယ်။ ကိုယ့်လုပ်နိုင်စွမ်းကို တူးဆွကြတယ်။ သင့်တင့်တဲ့အခွင့်အရေးကြားမှာ လုပ်နိုင်စွမ်းကို တကယ့်ခွန်အားအဖြစ် ပြောင်းလဲကြတယ်။ တကယ်လို့ လူတစ်ယောက်ဟာ အလုပ်တစ်ခုမှာ သာမန်အဆင့်လောက်ပဲရှိတယ်။ အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် သူ့ကိုတခြားအလုပ်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်ကြည့်ပါ။ အဲဒီအလုပ်မှာ သူ့ရဲ့လုပ်နိုင်စွမ်းတွေ တွေ့ကောင်းတွေ့နိုင်ပြီး အရင်ကထက် ပိုကောင်းမွန်အောင်၊ ပိုတိုးတက်အောင် သူလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။

လူတိုင်းရဲ့ လုပ်နိုင်စွမ်းက အဆုံးအစမဲ့ပါတယ်။ တူးဆွနိုင်ဖို့ပဲ လိုပါတယ်။


မူရင်း-- http://www.rs66.com/a/1/87/huanjingduirendeyingxiang_78803.html

နိုင်းနိုင်းစနေ(Monday, December 05, 2011)
.
ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

တစ်ခါက ဘဲအုပ်စုနှစ်စုရှိသတဲ့။ အုပ်စုတစ်စုက ဥအရမ်းဥတတ်ပြီး နေ့တိုင်းဥလုံးကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဥ ဥရမှာအရမ်းပျင်းပြီး ၃,၄ရက်နေမှာ ဥသေးသေးလေးတစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စုဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက်ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေနဲ့ ကိုယ့်ဥကို ဥကြတယ်။

စိတ်ညစ်ရင်.... နည်း (၄) နည်းကိုလိုက်နာပါ


Photo: စိတ်ညစ်ရင်.... နည်း (၄) နည်းကိုလိုက်နာပါ

နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်
ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်
ရမယ်။

--- စိတ်ညစ်တာ

---- ထိတ်လန့်တာ

---- စိုးရိမ်ကြောင့်ကြတာ

---- အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။မရပ်လို့ကတော့
စိတ်ညစ် တာကပဲ ပတ်ချာလည်နေမှာပဲ။

အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့..........

---- တည်ငြိမ်တာ

---- သတ္တိရှိတာ

---- ဇွဲရှိတာ

---- ပျော်ရွှင်တာတွေ ဖြစ်တယ်။

စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့ စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။ပထမဆုံးနည်း
တစ်နည်းက ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊ အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင်
နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာ
သဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။
အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့် ဆင်းရဲမှန်းတောင် မသိသာပါဘူး။ ဒုက္ခကို ဟာသလုပ်တယ်။
ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။ ကျန်းမာရေးလည်း မထိခိုက်ဘူး။
ပေါင်းသင်း ဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။ အချိန်ကာလက သူ့ဒုက္ခန့ အခက်အခဲကို ပြောင်းလဲ ကယ်တင်
သွားတော့တယ်။အချို့ဆို အဲဒီလိုနေနိုင်တတ်လို့ “ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။

စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။ မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။
ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။ စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာ
ဖြစ်တယ်။ဒုတိယနည်းကတော့ ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။
ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ ရူးတောင် ရူးတတ်ပါတယ်။
အဲဒီလိုမို ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။ ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊ ဘယ်လိုပြုတယ်
အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမျှ စိတ်မှာ ၀န်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။
အဲဒါကြောင့် အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊ ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။

အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။

အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။ အဲဒါလည်း မှားတာပဲ။

မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။

တတိယနည်းကတော့ ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲ
တာပါပဲ။စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။ ယောက်ယက်မခတ်ဘူး။

အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။

စတုတ္ထအချက်က.....

(က) စိတ်တည်ငြိမ်စွာ ထားပါ။

(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။

(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။

(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။

(င) ပျော်ပျော်ရွှင်ရွှင်နေပါ။

(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို
သတိထားရမယ်။

သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။

Credit to မိုးထက်အာကာ

 ထူးထူးဆန်းဆန်း
နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင် ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။

Monday, February 18, 2013

လျှို့ဝှက်နံပါတ်(၉)

Photo: လျှို့ဝှက်နံပါတ်(၉)
_____________

“ဒီနှစ် ကျွန်မအရမ်းကံကောင်းတာပဲ.. ကလေးတွေက တက်ညီလက်ညီရှိပြီး စကားကိုနားထောင်ကြတယ်။ အထူးသဖြင့် ကျောင်းသားတစ်ယောက်ဆို အရမ်းလိမ်မာတာပဲ။ ကြီးလာရင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်နိုင်တယ်”

ထိုနှစ်က ကျောင်းဖွင့်ပြီး သိပ်မကြာပါ။ ကျွန်မရှေ့တွင်ထိုင်သော ဆရာမဒေါ်ချယ်ရီက ၀မ်းသာအားရ ပြောလာသည်။ နားနေခန်းရှိ ဆရာမများအားလုံး ထိုအပြောကို စိတ်ဝင်စားကြသည်။

ဆရာမဒေါ်ချယ်ရီ၏ ပြောပြချက်အရ ထိုကျောင်းသားမှာ ကျောင်းဖွင့်စတွင် ကျောင်းပတ်ဝန်းကျင်နှင့် မရင်းနှီးသော အတန်းထဲမှ ကျောင်းသားသစ်များအတွက် ကိုယ်တိုင် ကျောင်းမြေပုံဆွဲပြီး လိုက်ဖြန့်ဝေခဲ့ကြောင်း....

“ထီထွင်ဉာဏ် တော်တော်ကောင်းတဲ့ကလေးပဲ။ အတန်းထဲကကျောင်းသားတွေနဲ့လည်း သင့်မြတ်အောင်ပေါင်းတတ်တယ်။ လူချစ်လူခင်များပြီး စိတ်ကြီးမဝင်တတ်ဘူး။ သူ့ကို အတန်းခေါင်းဆောင် ၀ိုင်းမြှောက်ကြတယ်လေ” ဆရာမက ဂုဏ်ယူစွာပြောသည်။ ဆရာမဒေါ်ချယ်ရီမှာ တတိယတန်း(အေ) အတန်းပိုင်ဆရာမဖြစ်သည်။ ကျွန်မမှာ(စီ) အတန်းပိုင်ဖြစ်ပြီး ထိုကဲ့သို့ ထူးချွန်သော ကျောင်းသားနှင့် မကြုံလိုက်ရခြင်းအတွက် နှမြောမိသည်။

ဒေါ်ချယ်ရီမှာ စည်းကမ်းကြီးပြီး အသင်အပြကောင်းသော ဆရာမတစ်ဦးဖြစ်သည်။ ထိုကဲ့သို့ ထူးချွန်လိမ်မာသောအတန်း၏ အတန်းပိုင်ဆရာမဖြစ်ရသည်ကို အားရကျေနပ်သူဖြစ်သည်။ အမြဲတမ်း ထိုကျောင်းသား၏ အကျင့်စရိုက်နှင့် လိမ်မာရေးခြားရှိပုံကို ကျွန်မတို့အားပြောပြတတ်သည်။

“ကျွန်မအတန်းထဲက ဟိုခုံနံပါတ်(၉)လေ....” ဟု အစချီပြီး ပြောလိုက်သော စကားတိုင်းက နားထောင်ရသူအဖို့ အားရကျေနပ်စရာကောင်းလှသည်။ သူ၏လုပ်ရပ်များက အသက်(၇)နှစ်သာရှိသော ကျောင်းသား၏ လုပ်ရပ်များနှင့်ပင် မတူပေ။ အတန်းထဲရှိ ကျောင်းသားများ၏ ထမင်းဘူးမှောက်သွားလျှင် သူ့ထမင်းကို တစ်ဝက်ခွဲပေးခြင်း၊ လဲကျသွားသော ကျောင်းသားကို ၀ိုင်းလှောင်နေကြသော သူများအား ဆိုဆုံးမခြင်း၊ ဆရာမ နေထိုင်မကောင်းသောအခါ ဆရာမကိုယ်စား အတန်းသားများအား ကူထိန်းပေးခြင်းစသည်များကို ဆရာမလိုက်ဖြေရှင်းစရာ မလိုအောင် သူ့ဘာသာပြုလုပ်သွားသည်။ ထိုကလေးနှင့် ပတ်သက်သော ချီးကျူးစကားကို အမြဲကြားရသောကြောင့် ခုံနံပါတ်နှင့်တွဲပြီး သူ့အား ကျွန်မတို့က လျှို့ဝှက်နံပါတ်(၉)ဟုသာ ခေါ်ကြသည်။

ထိုနံပါတ်(၉)မှာ ကူညီတတ်ရုံမက စာလည်းတော်သည်။ တစ်ခါက သူ့စာအုပ်ကို ဒေါ်ချယ်ရီ ယူလာပြဖူးသည်။ စာအုပ်မှာ သပ်ရပ်သန့်ရှင်းပြီး လက်ရေးမှာ ၀ိုင်းစက်နေသည်။ တတိယတန်းကလေး၏ လက်ရေးနှင့်ပင် မတူပေ။

ဆရာမ၏ ပြောပြချက်အရ သူသည် သာမန်မိသားစုမှ ကြီးပြင်းလာသူဖြစ်သည်။ ဖခင်မှာ ၀န်ထမ်းတစ်ဦးဖြစ်ပြီး မိခင်မှာအိမ်ဆိုင်ဖွင့်ထားသည်။ မိဘများက စီးပွားရေး ရုန်းကန်နေရသောကြောင်း သူ့အား အချိန်ပြည့်ဂရုမစိုက်နိုင်ခဲ့ကြပါ။ သို့သော် သူသည် မိမိအသိစိတ်ဖြင့် ထူးချွန်အောင် ကြိုးစားခဲ့သည်။ ဒါကြောင့်လည်း ဆရာမဒေါ်ချယ်ရီက ဂုဏ်ယူစွာချီးမွမ်းခဲ့သည်။

ထိုကျောင်းသားအကြောင်းကို ကြားရတော့ ကျွန်မတို့ဆရာမများ သက်ပြင်းကိုယ်စီချမိသည်။ တတ်နိုင်သော အချို့မိဘများက ကိုယ့်သားသမီး ခေတ်နောက်မကျစေရန်၊ ဘ၀တွင် တာထွက်ကောင်းစေရန် သင်တန်းအမျိုးမျိုး ပိုက်ဆံအကုန်ခံပြီး ပို့ပေးကြသည်။ သို့သော် တစ်ချို့သားသမီးများက မိဘများနှင့် အပေးအယူ မမျှခဲ့ကြ၊ အခွင့်အရေးကို အလွဲသုံးစား လုပ်ပစ်ကြသည်။

သီတင်းကျွတ် ကျောင်းပြန်ဖွင့်တော့ ဆရာမဒေါ်ချယ်ရီက သင်တန်းတက်ဖို့အတွက် ခွင့်တစ်လယူသည်။ ဆရာမအစားထိုး ရှာမရသဖြင့် သူ့အတန်းကိုပါ ကျွန်မတာဝန်ယူရသည်။ သူ့အတန်းကိုသင်ဖို့ ကျွန်မတက်ကြွနေမိသည်။ လျှို့ဝှက်သော နံပါတ်(၉) ကျောင်းသားနှင့် ကျွန်မကိုယ်တွေ့ ဆက်ဆံရမည်သောကြောင့် ဖြစ်သည်။

ပထမအချိန် နာမည်ခေါ်လူစစ်တော့ သူ့ကိုကျွန်မ သေချာကြည့်မိသည်။ အင်္ကျီဖြူအသစ်စက်စက်ကို ၀တ်ထားသော်လည်း ချေးညှော်များဖြင့် ညစ်ပတ်နေသည်။ မှိုင်တွေငေးမောနေပြီး သွက်လက်ဟန် မပြခဲ့ပေ။ ဒီတစ်ယောက်ပဲလား? ဆရာမ အမြဲချီးကျူးတဲ့ ခုံနံပါတ်(၉)ကျောင်းသား? 

သူ့နာမည်နှင့် ခုံနံပါတ်ကို  ကျွန်မပြန်တိုက်ကြည့်သည်။ သေချာပါတယ်... ကောင်းသတင်း အမြဲမွေးခဲ့တဲ့ ခုံနံပါတ်(၉)ကျောင်းသား....ကျွန်မစာစသင်တော့ စာတွေကို ပြန်နွေးပေးရင်း အရင်စာအဟောင်းတွေကို မေးကြည့်သည်။ ကျောင်းသားတိုင်းက အလုအယက် ဖြေဆိုကြသည်။ ခုံနံပါတ်(၉)ကျောင်းသား၏ အဖြေကို ကျွန်မစောင့်မျှော်မိသည်။ သို့သော် အတန်းစတက်သည်မှ ဆင်းသည်အထိ ငေးငိုင်နေပြီး ထိုင်နေရာမှ မရွေ့ခဲ့ပါ။ အားဖျော့သော မျက်လုံးဖြင့် အင်္ကျီပေါ်က ကြယ်သီးကိုသာ စူးစိုက်ကြည့်နေသည်။

ဆရာမပြောထားတာနဲ့ တစ်ခြားစီပါလား? ကျွန်မတို့ အထင်ကြီးအောင်၊ သူ့အတန်းနာမည်ကောင်း ရဖို့အတွက် တမင်ပြောတာလား? ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်မိသည်။

ဆရာမတစ်ဦး၏ လုပ်သက်နှင့် အတွေ့အကြုံအရ တပည့်တစ်ဦး၏ အရည်အချင်းကို အချိန်တိုတိုအတွင်းး အကဲခတ်ဖို့ရာ မခဲယှဉ်းလှပါ။ ကျွန်မစာသင်နေချိန်အတွင်း သူသည် အခြားကျောင်းသားများကို နှောင့်ယှက်ခြင်း၊ အခြားသူများ၏ ပစ္စည်းများကို လုယူခြင်း၊ ရန်စပြီး ၀န်မခံတတ်ခြင်း၊ အခြားကျောင်းသားများကို ရန်ရှာနေတတ်ခြင်းများကို သူပြုလုပ်နေတတ်သည်။ ကျွန်မအလွန်သည်းခံပြီး သူ့ကို ဆိုဆုံးမဖူးသည်။ ဘာကြောင့် သူ့အပြုအမှုများက ဆရာမဒေါ်ချယ်ရီနှင့် ကျွန်မကြားတွင် အခြားနားကြီး ခြားနားနေပါလိမ့်...?

ဆရာမဆီက ဖုန်းလာတိုင်း “ကျွန်မအတန်းက ကလေးတွေ လိမ်မာရဲ့လား? အဆင်ပြေရဲ့လား?” ဒါကိုပဲ ဆရာမကမေးခဲ့သည်။ ဆရာမဆီက ဘာတစ်ခုမှ လျှို့ဝှက်ဖုံးကွယ်ထားဟန်၊ မသင်္ကာဟန် မပြခဲ့ပါ။ ထိုကျောင်းသားနှင့် ပတ်သက်ပြီး ဆရာမကို ကျွန်မအကျိုးအကြောင်း မမေးရဲခဲ့။ တစ်ခြား ဆရာမများကိုလည်း ထိုကျောင်းသား၏အဖြစ်ကို ကျွန်မရင်မဖွင့်ရဲခဲ့။ ကျွန်မကပဲ အသင်အပြ မကျွမ်းကျင်လို့လား၊? သူနားလည်အောင် မရှင်းပြတတ်လို့ပဲလား? ဒီကလေး ကျွန်မကိုများ ပညာစမ်းနေသလား? ယုံမှား သံသယစိတ်များက ကျွန်မအား ၀ါးမြိုမိမတတ် ခံစားမိသည်။

ဒေါ်ချယ်ရီ အတန်းကိုသင်ဖို့ ခေါင်းမညိတ်ခဲ့မိရင် အကောင်းသားဟု တစ်ခါတရံ ကျွန်မနောင်တရမိသည်။ ကျွန်မ မသင်ခဲ့မိလျှင် နံပါတ်(၉)နှင့် ပတ်သက်ပြီး သူ၏ကောင်းသတင်းများကိုသာ ကျွန်မကြားရဦးမည်။ ကျွန်မစာသင်တိုင်း အနှောင့်အယှက် တစ်မျိုးမဟုတ်တစ်မျိုး ပေးတတ်သော သူကြောင့် မကြာခဏ ကျွန်မဒေါသထွက်စရာ မလိုတော့။ ကိုယ်တွေ့သင်မိကာမှ အထင်နှင့်အမြင်မှာ လုံးဝကွဲပြားနေခဲ့သည်။ ကျွန်မလာသင်မှ ဒီကလေးပျက်စီးသွားမည်ဆိုလျှင် ဆရာမများကြား ကျွန်မလည်း မျက်နှာပန်းလှတော့မည် မဟုတ်။ အရာတိုင်းက ကျွန်မ၏ အသင်အပြမကောင်းသော အားနည်းချက်သာဖြစ်ခဲ့ပါလျှင် ထိုအားနည်းချက်ကို ကျွန်မကောင်းကောင်း ပြုပြင်ရဦးမည်။

သို့နှင့် သူ့အား အခြားကျောင်းသားများထက် ကျွန်မအချိန်ယူပြီး အားသွန်ခွန်စိုက်သင်ခဲ့သည်။ အားလပ်ချိန်များတွင် သူ့အား ကျွန်မအနားသို့ခေါ်ပြီး စကားပြောခြင်း၊ သူတစ်ပါးအား ကူညီတတ်အောင် သင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ အတန်းသားများအား ကျွန်မမေးခွန်းတစ်ခု မေးတိုင်း သူ့အဖြေကို စောင့်မျှော်နေဟန်ဖြင့် သူ့အားစောင်းငဲ့ကြည့်မိသည်။ သို့သော် ဖြေဖို့အလုအယက် လက်မြှောက်ကြသော ကလေးများထဲတွင် သူမပါခဲ့ပေ။

တစ်ရက်တွင် နံပါတ်(၉)မှ အမှတ်မထင် မြှောက်လိုက်သော လက်ကိုကြည့်ပြီး ကျွန်မမှာ ထီပေါက်သောသူကဲ့သို့ ၀မ်းသာပျော်ရွှင်မိသည်။ သူဖြေလိုက်သော အဖြေမှာလည်း ကျွန်မထင်ထားတာထက်ပင် အချက်အလက် စုံညီခဲ့သည်။ သြဘာသံများက တစ်တန်းလုံးကို လွှမ်းသွားခဲ့သည်။ ဒါကြောင့် ဆရာမဒေါ်ချယ်ရီ အမြဲချီးမွမ်းနေတတ်ဖြစ်မည်။ ဒီလိုနှင့် ကျွန်မတို့နှစ်ဦးကြား အပြန်အလှန် ဆက်ဆံမှုက နွေးထွေးစွာပြောင်းလဲခဲ့သည်။ ကျွန်မစာသင်ချိန်တွင် စိတ်ဝင်တစား နားထောင်တတ်လာပြီး သင်သမျှစာကိုလည်း မှန်မှန်လုပ်လာတတ်သည်။ ရှိရင်းစွဲ သူ့အရည်အချင်းများက တဖြေးဖြေးသိသာလာခဲ့သည်။ ထိုအခါမှ ကျွန်မလည်း သက်ပြင်းချနိုင်တော့သည်။ သို့မဟုတ်လျှင် စာရိတ္တကျောင်းသားတစ်ဦး ကျွန်မလက်ထဲရောက်မှ ပြဿနာကျောင်းသား ဖြစ်ခဲ့ပါလျှင် ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ။ ကျွန်မ၏ ဂရုစိုက်မှုများက ထိုနံပါတ်(၉) ကျောင်းသားအပေါ် အခြားကျောင်းသားများထက်ပင် ပိုလွန်းနေသည်။ ကျောင်းသားကောင်းတစ်ဦးအပေါ် ဒီလောက်ဂရုစိုက်မှုကလည်း ရှိသင့်သည်ဟု ကျွန်မထင်သည်။

ခွင့်ရက်စေ့ပြီး ဆရာမဒေါ်ချယ်ရီ ပြန်ရောက်လာသည်။ ဆရာမကို တွေ့တွေ့ချင်း ကျွန်မမှာဝမ်းသာအားရ ဖောက်သည်ချမိသည်။

“ကလေးတွေ လိမ်မာလိုက်ကြတာ။ ဟိုကျောင်းသားလေးဆို ဆရာမ ချီးကျူးတာ လိုတောင်လိုနေသေးတယ်။ ထူးချွန်တာမှ အရမ်းပဲကွယ်”

ကျွန်မစကားကို ကြားတော့ ဆရာမ စက္ကန့်သုံးဆယ်မျှ ကျွန်မကို ကြောင်ကြည့်နေသည်။ ကျွန်မပြောသမျှကို နားမလည်ဟန် ပြခဲ့သည်။

“ဆရာမအမြဲပြောတဲ့ ဟိုခုံနံပါတ်(၉) ကျောင်းသားလေးလေ။ ကြီးလာရင် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်မယ်ဆိုတဲ့ ကလေးလေးလေ”
“ ဘယ်က ခုံနံပါတ်(၉)ကလေးလဲ..?”

ဒေါ်ချယ်ရီမှာ တအံ့တသြဖြင့် ကျွန်မကို ပြန်မေးသည်။ နောက်မှ တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့်...

“အော်.. အဲဒီကလေးလား..? သူ့အဖေ နယ်ပြောင်းရမယ်ဆိုလို့ သီတင်းကျွတ် ကျောင်းမပိတ်ခင်ကတည်းက ပြောင်းသွားပြီလေ။ နောက်ယောက်ျားလေးအသစ်တစ်ယောက် ရောက်လာလို့ အဲဒီခုံမှာပဲ ထိုင်ခိုင်းခဲ့တာ။ အသစ်ပြောင်းလာတဲ့ကလေးက တော်တော်ဆိုးတယ်။ အမြဲရန်လိုနေတတ်တယ်။ အတန်းထဲက ကလေးတွေ သူနဲ့အခေါ်အပြောနည်းကြတယ်။ တစ်ခြားဘာသာ သင်တဲ့ ဆရာမတွေ ကျွန်မရောက်လာတာနဲ့ သူ့အကြောင်းတိုင်ကြတယ်။ ဆရာမတစ်ယောက်ပဲ သူ့ကိုချီးကျူးတာ။ ဒါလား သူ့စာအုပ်? မယုံနိုင်စရာပဲ။ ပြောင်းလာစ သူ့စာအုပ်က အဖုံးတောင် မရှိပါဘူး။ တစ်လအတွင်း ဆရာမ ဘယ်လိုသင်လိုက်တာလဲဟင်?”

ဗလာစာအုပ်ကို မယုံနိုင်စွာ လှန်ကြည့်ရင်း ဆရာမဒေါ်ချယ်ရီ ပြောသည်။ ကျွန်မကို ၀ါးမြိုမတတ်ဖြစ်ခဲ့သော သံသယစိတ်များက အခုမှ ကင်းစင်လာခဲ့သည်။ အော်... မတူညီခဲ့ကြတဲ့ လျှို့ဝှက်နံပါတ်(၉)တွေကိုး။ ဇာတ်ရည်လည်လာမှ ကျွန်မ အားရကျေနပ်စွာ ပြုံးမိသည်။ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကိုလည်း ဆရာမအား ကျွန်မ ရှင်းပြမနေချင်တော့။ ဒါဟာလည်း ကျွန်မနှင့် ကျွန်မအတွက် လျှို့ဝှက်ချက်သာဖြစ်သည်။

ဉာဏ်ကောင်းထူးချွန်သော ကျောင်းသားတစ်ဦးကို ချီးကျူးတာထက် ဆိုးသွမ်းသောကျောင်းသားတစ်ဦးကို ပြုပြင်ပြောင်းလဲနိုင်လိုက်ခြင်းကို ကျွန်မပိုဂုဏ်ယူမိသည်။ နွံနစ်နေသော အဖိုးတန် ပတမြားတစ်လုံးအတွက် အညစ်အကြေးကို သန့်စင်ပေးသော ရေကြည်တစ်ပေါက်ဖြစ်အောင် ကျွန်မကြိုးစားရဦးမည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ကလေးတိုင်းသည် လျှို့ဝှက်နံပါတ်(၉) ဖြစ်နိုင်ကြောင်း ကျွန်မမျှော်လင့်မိသည်။


မူရင်းရေးသားသူ -- Zou Duì Lián  (ထိုင်ဝမ် ကလေးစာပေစာရေးဆရာ)၏ စာတစ်ပုဒ်အား ဆီလျော်အောင် ဘာသာပြန်သည်။

နိုင်းနိုင်းစနေ (Friday, April 04, 2008)
.
“ဒီနှစ် ကျွန်မအရမ်းကံကောင်းတာပဲ.. ကလေးတွေက တက်ညီလက်ညီရှိပြီး စကားကိုနားထောင်ကြတယ်။ အထူးသဖြင့် ကျောင်းသားတစ်ယောက်ဆို အရမ်းလိမ်မာတာပဲ။ ကြီးလာရင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်နိုင်တယ်”

အမေဆိုတာ နှစ်၊ လ၊ ရာသီ

အိမ်ပြန်တဲ့အခေါက်တိုင်း အမေရဲ့ နက်နဲတဲ့မေတ္တာတရားတွေကို အနက်ကောက်ဆိုနိုင်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ အမေရဲ့ စကားတစ်ခွန်းတိုင်း၊ အကြည့်တစ်ချက်တိုင်းက ကျွန်မကို ခံစားချက်ပေါင်းများစွာပေးနိုင်ခဲ့တယ်။

လရောင်ကိုချစ်မိသွားသော ပန်းနေကြာ

Photo: လရောင်ကိုချစ်မိသွားသော ပန်းနေကြာ
_____________________________

လောကဓံတရား၏ဖန်တီးမှုကြောင့် နေကြာပန်းတစ်ပွင့်၏ဘ၀သည် နေရောင်ခြည်ကိုသာကိုးကွယ်အားထားရာ၏။ မွေးဖွားလာကတည်းက သေတစ်ပန် သက်တစ်ဆုံး အပိုလိုနတ်သား၏ အပါးတော်ဖြစ်ခဲ့ရသည်။ နွေးထွေးသောနေရောင်ခြည်၏ ပိုက်ထွေးမှုရှိမှသာ သူတို့လေးတွေ အသက်ဆက် ရှင်သန်နိုင်ကြရသည် မဟုတ်ပါလား...။

ညသည် ချမ်းအေးတိတ်ဆိတ်ပြီး အထီးကျန်လွန်းလှသည်။ ညအချိန်ရောက်သည်နှင့် နေကြာပန်းကလေးများသည် ကိုယ်ကိုကျုံ့၍ခေါင်းကို အမြန်ဆုံး ငုံ့ထားကြရသည်။ သို့မဟုတ်လျှင် အေးခဲပြီး သေဆုံးကုန်ကြရမည်ဟု အသက်ကြီးသူများက သတိပေးထားသောကြောင့်ဖြစ်သည်။ နေကြာပန်းအများစုက အသက်ကြီးသူတို့၏ဆိုဆုံးမမှုကို လိုက်နာကြသည်။ အေးခဲပြီးသေဆုံးသွားတတ်သည်ဆိုသော ကျိန်စာကို ယုံကြည်ကြသည်။ ယုံကြည်မှုမရှိကြသော ပန်းအနည်းစုက လျှို့ဝှက်မှုဖြင့်ပြည့်နေသောညကို စူးစမ်းချင်ကြသည်။ သို့သော် တိတ်တဆိတ်ခေါင်းအမော့တွင် အေးစက်သောည၏ အထိအတွေ့ကြောင့် ခေါင်းကို ချက်ချင်းပြန်ငုံ့ပစ်ကြရသည်။

နေကြာပန်းများကြားတွင် တစ်ခြားနေကြာပန်းနှင့်မတူသော နေကြာပန်းလေးတစ်ပွင့် ဖူးပွင့်လာခဲ့သည်။ သူသည် ငယ်ငယ်လေးကတည်းက ထိုကျိန်စာကိုကြားဖူးနေ၍ စည်းကမ်းအတိုင်း တသွေမတိမ်းလိုက်နာခဲ့သည်။ တစ်ခါတရံ တစ်ခြားသက်ကြီးပန်းများက အေးစက်သောညသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ခြိမ်းခြောက်တတ်ကြသည်။ နေ့တိုင်းနေမင်းကြီးကို ကိုးကွယ်ပူဇော်နေကြသော နေကြာပန်းများကိုကြည့်ပြီး သူစိတ်ပျက်ခဲ့ဖူးသည်။

မနက်တိုင်း နွေးထွေးသောနေရောင်ခြည်၏ ထွေးပိုက်မှုကိုခံရသော်လည်း သေခြင်းတရားကို မည်သူမျှ မလွန်ဆန်နိုင်သကဲ့သို့ နောက်ဆုံးတွင် ညှိုးနွမ်းသေဆုံး ကြရမည်ပင်။ နေရောင်ခြည်ကိုသာ တစ်သက်လုံးကိုးကွယ်ခဲ့သောအဘိုး သေဆုံးသွားသည်မှာ သူ့ မျက်မြင်ဖြစ်ခဲ့သည်။ သို့သော် နေရောင်ခြည်ကိုအားကိုး၍ နေကြာပန်းများက ဖူးပွင့်ကြဆဲ... ရှင်သန်ကြဆဲ.. ယုံကြည်ကိုးကွယ်ကြဆဲ...။ အဘိုးမဆုံးခင်က အဘိုး၏မျက်စိထဲတွင် နောင်တတရားများကိုတွေ့ဖူးသော သူ့အဖို့ ထိုယုံကြည်မှုများက လေးနက်မှုမရှိခဲ့။

သူ တဖြေးဖြေး ကြီးပြင်းလာခဲ့သည်။ ညတိုင်း မိခင်၏ထွေးပိုက်မှုကို သူမလိုတော့။ တစ်ခြားနေကြာပန်းလေးများလိုပင် ပထမဦးဆုံး အမိရင်ခွင်ကိုခွဲသောနေ့တွင် ည၏ရောက်ရှိလာမှုကို ရင်ခုန်စွာ သူစောင့်စားနေခဲ့သည်။ နွမ်းနယ်နေသော်လည်း ထိုညတွင် အိပ်မပျော်အောင် သူကြိုးစားခဲ့သည်။ တကယ်တော့ ညသည် အများပြောသလို ကြောက်စရာမကောင်းနိုင်ဟု သူတွေးထင်နေခဲ့သည်။

စူးရှသောနေ၏အလင်းလိုမဟုတ် အေးချမ်းသောည၏အလင်းသည် ညကို ပိုအသက်ဝင်စေခဲ့သည်။ တစ်ခြားနေကြာပန်းလေးများကို သူချောင်းကြည့်လိုက်တော့ အားလုံးက ခေါင်းလေးကိုငုံ့ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ကြသည်။

ပန်းများအကြားတွင် သူသည် သူရဲကောင်းလုပ်ချင်လို၍မဟုတ်။ အေးခဲပြီးသေဆုံးသွားပါစေ ဘ၀တွင်တစ်ခါမျှ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသော ပန်းလေးတစ်ပွင့်အဖြစ် သူနေသွားချင်မိသည်။ ဒုတိယညတွင် ခေါင်းကိုမော့ ကိုယ်ကိုထောင်မတ်ပြီး ည၏အလင်း၊ ည၏လျှို့ဝှက်ချက်တွေကို မျက်ဝါးထင်းထင်းကြည့်ဦးမည်ဟု သူမျက်လွှာချ၊ ကိုယ်ကိုကိုင်းညွှတ်ပြီး ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

+++++++++++ ++++++++

ညက ချည်းနင်းဝင်ရောက်လာပြန်သည်။ သူငယ်ချင်းများက ငယ်ရွယ်သေးသောသူ့ကို အသက်နှင့်အပျော်မစမ်းရန် ၀ိုင်းတားကြသည်။ သူ၏သံမဏိလိုခိုင်မာသော ဆုံးဖြတ်ချက်ကို မည်သူမျှမတားနိုင်ခဲ့ပေ။ တားမရသည့်အဆုံး သူငယ်ချင်းများကလက်လျှော့ပြီး အသီးသီး ခေါင်းငုံ့သွားကြသည်။ မိခင်က မျက်ရည်အဝသားဖြင့် စောင့်ကြည့်နေသည်။ ဖခင်က စိတ်မသက်မသာဖြင့် ခေါင်းကိုသွင်သွင်ခါနေသည်။ ညသည် တိတ်ဆိတ်သွားပြန်သည်။

အေးစက်ငြိမ်သက်နေသော ကောင်းကင်ယံတွင် ကြယ်လေးတွေက တစ်ပွင့်စ နှစ်ပွင့်စ... ခန္ဓာကိုယ်ကိုထောင်မတ်လိုက်ပြီး နေ့လယ်က ပုံစံအတိုင်း ပွင့်ဖတ်များကိုဖြန့်ကားပြီး သူရပ်နေလိုက်သည်။ ကိုယ်ကို တစ်ချက်မှမတွန့်ဘဲ အရိုးထိအောင်အေးစိမ့်နေသော အအေးဒဏ်ကိုကြံ့ကြံ့ခံရင်း ည၏အလင်းတန်း ထွက်ရှိလာရာနေရာကို သိနိုင်အောင် သူကြိုးစားနေမိသည်။

မြူနှင်းများဖြင့် ပိန်းပိတ်မှောင်သောည၊ အရိုးကွဲမတတ် ချမ်းအေးလှသောည၊ တဖြူးဖြူးတိုက်နေသောလေစိမ်းများက သူအား ကလူကျီစယ်နေသေးသည်။ ည၏ အလင်းတန်းအစအနကို သူ မမြင်ရသေး။ သူ့တစ်ကိုယ်လုံး အေးခဲစပြုလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ပြီး ဘာသံမှမကြားရတော့...

“ချမ်းလိုက်တာ... ဘာလို့ ဒီလောက်တောင် ချမ်းနေရတာလဲ”
ဒါပေမဲ့ ခန္ဓာကိုယ်ကို သူနည်းနည်းလေးမှကျုံ့လိုက်ဖို့ မစဉ်းစားခဲ့။

မမျှော်လင့်ဘဲ ပိန်းမှောင်နေသော မြူနှင်းများ၏နောက်တွင် အဖြူရောင် အလင်းတန်းတစ်ခုကို သူတွေ့လိုက်မိသည်။ မျက်လုံးများကို သူအားယူဖွင့်ကြည့်လိုက်သည်။ ကိုယ့်မျက်စိကိုယ် မယုံကြည်နိုင်လောက်အောင် မျက်တောင်များကိုပုတ်ခတ်ရင်း သူသေချာကြည့်လိုက်မိသည့် အချိန်မှာတော့ ၀ိုင်းဝန်းတောက်ပသောလသည် သူ့ရှေ့တွင် တရွေ့ရွေ့တက်လာနေတော့သည်။

“အိုး.... ဘုရားရေ”

သူ ခဏတာမင်သက်သွားသည်။ နေ၏ စူးရှသောရောင်ခြည်မှလွဲ၍ အလင်းတွင် တစ်ခြားအရောင်ရှိသေးသည်ဟု သူထင်မထားမိခဲ့။ သူ့မျက်စိရှေ့ကလတွင် မယုံကြည်နိုင်အောင် လှပသော ငွေရောင်အလင်းတန်းများပါရှိနေသည်ကို မျက်ဝါးထင်းထင်း သူတွေ့မြင်နေရပြီဖြစ်သည်။

တလက်လက်တောက်ပနေသော ထိုငွေရောင် အလင်းတန်းများက သူ့တစ်ကိုယ်လုံးကို ထွေးပွေ့လွှမ်းခြုံထားသည်။ အလင်း၏အင်အားတစ်ခုက သူ့နှလုံးသားကို အိပ်မွေ့ချညို့ယူနေသလို ခံစားမိသည်။ တခဏအတွင်း သူ၏ ၀ိညာဉ်များ ပျံ့လွှင့်ကုန်ပြီး အေးချမ်းသောလရောင်တွင် သူ ပျော်ဝင်သွားခဲ့သည်။ နောက်ဆုံးတွင် သူ ဘာကိုမျှ မသိတော့... တစ်ကိုယ်လုံး ပျော့ခွေအေးခဲပြီး လဲကျသွားတော့သည်။

++++++++ +++++++

နောက်တစ်နေ့မနက်တွင် နေကြာပန်းလေးများ အသီးသီး နိုးထလာကြသည်။ နှင်းများနှင့် အေးခဲနေသောသူ့ကို တွေ့ရှိသွားကြသည်။ နေရောက်ခြည်အောက်တွင် သူ၏ပွင့်ဖတ်များသည် နဂိုအတိုင်း ရွှေဝါရောင်သန်းလျှက်... တစ်ခြားနေကြာပန်းများ၏ ပွင့်ဖတ်များထက်ပင် ပိုလန်းဆန်းတောက်ပနေသည်။ ပိုထူးခြားသည်က သူ့ကိုယ်ပေါ်တွင် ငွေရောင်အလင်းတန်းများ တဖိတ်ဖိတ် တောက်ပနေခြင်းပင်ဖြစ်သည်။

နှင်းများဖြင့်အေးခဲနေသော သူ့မျက်နှာပြင်တွင် မိမိကိုယ်ကိုယ်ယုံကြည်သော၊ အားရကျေနပ်သော အပြုံးတစ်ခု။ သူ မညှိုးနွမ်း မသေဆုံးသွားနိုင်တော့... နေ့ရောင်ခြည်ကိုလည်းကောင်း၊ ညရောင်ခြည်ကိုလည်းကောင်း ခံယူရင်း ပွင့်ဖတ်များ၏လှပမှုကို သူဆက်ထိန်းထားနိုင်ခဲ့သည်။

ရွှေဝါရောင်ပွင့်ဖတ်များထဲတွင် မိမိကိုယ်ကိုယ်ယုံကြည်မှုနှင့် နွေးထွေးသောမေတ္တာများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် လရောင်ကိုချစ်မိသွားသော နေကြာပန်းလေးတစ်ပွင့်ပင်ဖြစ်သည်။


မူရင်းလင့်-- http://share.youthwant.com.tw/D31011326.html

နိုင်းနိုင်းစနေ(Tuesday, November 13, 2007)
.
လောကဓံတရား၏ဖန်တီးမှုကြောင့် နေကြာပန်းတစ်ပွင့်၏ဘ၀သည် နေရောင်ခြည်ကိုသာကိုးကွယ်အားထားရာ၏။ မွေးဖွားလာကတည်းက သေတစ်ပန် သက်တစ်ဆုံး အပိုလိုနတ်သား၏ အပါးတော်ဖြစ်ခဲ့ရသည်။ နွေးထွေးသောနေရောင်ခြည်၏ ပိုက်ထွေးမှုရှိမှသာ သူတို့လေးတွေ အသက်ဆက် ရှင်သန်နိုင်ကြရသည် မဟုတ်ပါလား...။

ပျော်ရွှင်ခြင်း

ပျော်ရွှင်ခြင်းဟာရိုးရှင်းတဲ.နည်းလမ်းတွေကရနိုင်ပါတယ်တဲ.

(၁) နှလုံးသားထဲမှာအမုန်းမရှိဘူး။
(၂) ဦးနှောက်ထဲမှာပူပင်သောကမရှိဘူး။
(၃) ရိုးရိုးရှင်းရှင်းရှင်သန်မယ်။
(၄) များများပေးကမ်းစွန်.ကြဲမယ်။
(၅) နည်းနည်းပဲမျှော်လင်.မယ်။

ပျော်ရွှင်ဖို.ကအဲ.လောက်တောင်ရိုးရှင်းပါတယ်တဲ.။
မူရင်းရေးသားသူကတော. Wen Ser ပါ..

စာဖတ်ခြင်း

စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။

ဆရာချစ်ဦးညိုရဲ့ စကားတစ်ခွန်း

ဦးနှောက်ဆိုတာ ဟောင်း(သုံး)လေလေ ကောင်းလေလေ
နှလုံးသားဆိုတာ သစ်လေလေ ကောင်းလေလေ----- ဆရာချစ်ဦးညို
.
Photo: ဦးနှောက်ဆိုတာ ဟောင်း(သုံး)လေလေ ကောင်းလေလေ
နှလုံးသားဆိုတာ သစ်လေလေ ကောင်းလေလေ----- ဆရာချစ်ဦးညို
.

တစ်ခါတုန်းက နွေရာသီ

Photo: တစ်ခါတုန်းက နွေရာသီ
________________

နွေရောက်တော့မယ်။ စာမေးပွဲတွေဖြေပြီး ကျောင်းပိတ်ရင် နွေရောက်ပြီတဲ့။ ရွာရဲ့နွေရာသီက ပူပြင်းခြောက်ကပ်လွန်းတယ်။ ပုစဉ်းရင်ကွဲသံနဲ့ ဥသြဌက်ရဲ့လွမ်းတေးသံက လူကိုပိုပြီး ပျင်းရိစေတယ်။ ဖုန်ထူထူ နေပူပူအောက်မှာ သစ်ပင်တွေက လက်ပမ်းကျလို့။ လူနဲ့ အကောင်တွေက အရိပ်ကောင်းတဲ့ အပင်အောက်မှာ ငိုက်မြည်းလို့။ ရွာရဲ့နွေက နှိုင်းပြစရာမရှိအောင်ဘဲ ရေဆာလွန်းတယ်။

ရွာရဲ့နွေကျောင်းပိတ်ရက်က မြို့ကြီးပြကြီးမှာလို့ တက်စရာ ကျူရှင်သင်တန်းတွေ မရှိပါဘူး။ နွေရာသီရောက်ရင် မနက်ည အိမ်အလုပ်တွေကူလုပ်ပြီးရင် ကျွန်မ အိပ်နေတတ်တာများတယ်။ စားလိုက်အိပ်လိုက်နဲ့ တဖြည်းဖြည်း ပြည့်ဖြိုးလာတဲ့ ကျွန်မကို အမေကကြည့်မရဘူးထင်ပါရဲ့ နွေရာသီရောက်ရင် မုန့်လက်ဆောင်းရောင်းဆိုတဲ့အကြံကို အတင်းအဓမ္မ ပေးပါတော့တယ်။

အဲဒီတုန်းက ကျွန်မဟာ အပျိုဘောင်ဝင်စ အရွယ်ပါ။ လေရှုးနဲ့အတူ ကြွေသွားတဲ့ သစ်ရွက်တွေကိုငေးရင်း စိတ်ကူးတွေ ဟိုဒီလွင့်ဝဲတတ်တဲ့ အရွယ်၊ လေပွေတချက်ဝှေ့လိုက်ရင် ရင်သိမ့်ခနဲခုန်တတ်တဲ့အရွယ် ရွာလယ်ခေါင်မှာ ကျွန်မ မုန့်လက်ဆောင်း ဘယ်ရောင်းရဲမလဲ။ မတော် ကျွန်မကို ကြိုက်နေတဲ့လူ၊ ကျွန်မက ခိုးကြိုက်နေတဲ့လူ တွေ့သွားရင် ရှက်စရာ မဟုတ်လား။ အမေကတော့ ကျွန်မအရှက်ကို ဂရုမစိုက်ခဲ့ဘူး။ မုန့်လက်ဆောင်းလုပ်ဖို့ ရှမ်းဆန်ကို ဗမာဆန်နဲ့ သွားလဲခဲ့တယ်။ အချိုရည်ထည့်ဖို့ မြေအိုးတွေဝယ်၊ ကြံသကာ ထန်းလျှက်တွေဝယ်၊ မုန့်လက်ဆောင်းထဲထည့်တဲ့ အမွေးနံ့ဆိုတဲ့ ဆေးရည်နီနီတွေဝယ်နဲ့ အလုပ်ရှုပ်နေတော့တယ်။

နောက်ရက်တွေမှာတော့ စားပွဲခုံ အသေးတစ်လုံးနဲ့ အချိုရည်ထည့်ထားတဲ့ မြေအိုးကိုရွက်၊ နှုတ်ခမ်းကို ထော်နိုင်သမျှထော်၊ မျက်နှာကိုစူပုပ်ပြီး အမေ့နောက် ကျွန်မတွန့်ဆုတ်တွန့်ဆုတ်နဲ့ လိုက်ခဲ့ရတယ်။ အိမ်နဲ့ ၂ ခြံကျော်လောက်က အရိပ်ကောင်းတဲ့ မန်ကျည်းပင် သရက်ပင်တန်းကြားမှာ အမေက ဆိုင်လေးခင်းပေးတယ်။ ဆိုင်က အမိုးမရှိ အကာမရှိ ရိုးရိုးလေးပါ။ ငယ်ငယ်တုန်းက အိုးပုတ်ဆော့တမ်းတောင် မကစားခဲ့တဲ့ကျွန်မ မုန့်လက်ဆောင်းကို ဘယ်လိုများရောင်းရပါ့မလဲ။

ပထမဦးဆုံးလာအားပေးကြတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေကို အခုထိ မှတ်မိပါသေးတယ်။ ဈေးဦးမပေါက်ဘဲ စိတ်ညစ်နေမှာစိုးလို့၊ သူစိမ်းတွေ လာဝယ်ရင် လက်တွေတုန်ပြီး မထည့်တတ်မှာစိုးလို့တဲ့။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ သူငယ်ချင်းတွေလဲနော်။

ပိုက်ဆံတွေမြင်တော့ လူပီပီ ရောင်းရတာ ကျွန်မပျော်လာတယ်။ ပိုပျော်တာက ကျွန်မမုန့်ရောင်းတဲ့ ဆိုင်နောက်က ရှေ့နေအိမ်မှာ ကာတွန်းစာအုပ်တွေငှားဖတ်လို့ ရတယ်ဆိုတာပါပဲ။ အမေက ကျွန်မကာတွန်းဖတ်ရင် မကြိုက်ဘူး။ တွေ့ရင် ဆွဲဆွဲဆုတ်ပစ်တတ်လို့ သူငယ်ချင်းတွေကြားမှာ မျက်နှာပူရပေါင်းလဲများပြီ။ လျော်ရပေါင်းလဲ မနည်းတော့ဘူး။ အခုတော့ ရေကန်အသင့် ကြာအသင့်လို့ ဆိုရမလား.. စားရကံကြုံ မုတ်ဆိတ်ပျားဆွဲလို့ ပြောရမလား။ ကာတွန်းစာအုပ်တွေကို အမေ မသိအောင် နွေရာသီရောက်တိုင်း မုန့်လက်ဆောင်း ရောင်းရင်း ကျွန်မဖတ်နေခဲ့ရတယ်။ နွေရောက်တိုင်း အမေ မပြောခင် “အမေ ဒီနှစ်လဲ မုန့်လက်ဆောင်းရောင်းမယ်နော်” လို့ ကျွန်မအရင် တောင်းဆိုတတ်ခဲ့တယ်။ အမေကတော့ ငါ့သမီးလိမ္မာလာပြီလို့ ထင်နေမလားပဲ။ ကာတွန်းဇာတ်ကောင်တွေနဲ့ စိတ်ကူးယဉ်နေတတ်တဲ့ မနှုးမနပ် ကျွန်မ အတွေးတွေကိုတော့ အမေ မမြင်ခဲ့ဘူးလေ...

တကယ်တော့ မုန့်လက်ဆောင်းရောင်းမှ ကျွန်မတို့အတွက် ညနေစာ ဆန်ရှိတာ မဟုတ်ပါဘူး။ နွေရာသီမှာ အားလပ်နေတဲ့ ကျွန်မကိုစိတ်မလေအောင်၊ အကျိုးရလဒ်တစ်ခုခုကို ခံစားတတ်အောင် မုန့်လက်ဆောင်းရောင်းစေခဲ့တဲ့ အမေ့ရဲ့စေတနာတွေပါ။ အမေကြောင့်ပဲ ကျွန်မရဲ့ပြန်မရနိုင်တော့တဲ့ ငယ်ဘ၀အတိတ်က အမှတ်တရတွေနဲ့ လှပခဲ့တယ်။ အမေ့ကြောင့်ပဲ ကျွန်မရဲ့နွေရာသီက စိတ်ကူးအညှောင့်တွေ ပေါက်ခဲ့တယ်။ အမေ့ကြောင့်ပဲ ကျွန်မရဲ့တစ်ခါတုန်းက နွေရာသီကို အခုလို ချရေးနိုင်ခဲ့တယ်။ ပြန်ပြောင်းအောက်မေ့မိရင် လွမ်းတသသပါပဲ။ မွေးချင်းတူတဲ့ ကျွန်မအစ်မနဲ့ ညီမတွေတောင် မခံစားခဲ့ရဖူးတဲ့ အမှတ်တရလေးတွေပါ။

တစ်ခါတုန်းက နွေရောက်တိုင်း ဟဲကယ်ရွာရဲ့ ရွာမြောက်ပိုင်းက အရိပ်ကောင်းတဲ့ မန်ကျည်းပင်နဲ့သရက်ပင်တွေကြားမှာ မုန့်လက်ဆောင်းရောင်းပြီး ကာတွန်းစာအုပ်ကို သဲကြီးမဲကြီး ဖတ်နေတဲ့ ကောင်မလေးတစ်ယာက်ကို မြင်ဖူးခဲ့ရင် အဲဒီကောင်မလေးဟာ ကျွန်မ နိုင်းနိုင်းစနေပဲဖြစ်ပါတယ်။


နိုင်းနိုင်းစနေ (Friday, March 16, 2007)

(အပျင်းပြေဖတ်ဖို့ ကျွန်မရဲ့ဘဝအပိုင်းအစတချို့း)
.
နွေရောက်တော့မယ်။ စာမေးပွဲတွေဖြေပြီး ကျောင်းပိတ်ရင် နွေရောက်ပြီတဲ့။ ရွာရဲ့နွေရာသီက ပူပြင်းခြောက်ကပ်လွန်းတယ်။ ပုစဉ်းရင်ကွဲသံနဲ့ ဥသြဌက်ရဲ့လွမ်းတေးသံက လူကိုပိုပြီး ပျင်းရိစေတယ်။ ဖုန်ထူထူ နေပူပူအောက်မှာ သစ်ပင်တွေက လက်ပမ်းကျလို့။ လူနဲ့ အကောင်တွေက အရိပ်ကောင်းတဲ့ အပင်အောက်မှာ ငိုက်မြည်းလို့။ ရွာရဲ့နွေက နှိုင်းပြစရာမရှိအောင်ဘဲ ရေဆာလွန်းတယ်။

ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း

Photo: ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း
______________________________________________

ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက်

(၁) သင့်မှာရှိတဲ့အိပ်မက်တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကိုအစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ... ကလေးရဲ့စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။

(၂) ကလေးနဲ့စကားပြောတဲ့အခါ ထိုင်ချပြီးမှ ပြောပါ။

(၃) ကလေးတွေဆော့ကစားတဲ့အခါ သူတို့အချင်းချင်းကြားက ပြဿနာ/အခက်အခဲကို သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ။

(၄) ကလေးနဲ့ စိတ်ရှည်လက်ရှည်ဆော့ကစားပါ။ သူ့ရဲ့ကစားနည်းက ဘယ်လောက်ပဲ ပျင်းရိငြီးငွေ့စရာကောင်းနေနေပေါ့။

(၅) ပုံပြင်စာအုပ်တစ်အုပ်ကို ကလေးတစ်လှည့်၊ သင်တစ်လှည့်အတူ ဖတ်ရှုပါ။

(၆) လစဉ်လတိုင်း ကလေးနဲ့အတူ စာအုပ်ဆိုင်တစ်ခါပတ်ပါ။ တစ်ခါပတ်ရင် နှစ်နာရီအထက်ကြာပါစေ။

(၇) ကြိုးစားအားထုတ်မှုရှိမှ ဒါမှမဟုတ် မျှော်လင့်စောင့်စားတာမျိုးရှိမှ ဂုဏ်ပြုချီးမြှင့်တာလုပ်ပါ။ ဒါမှ တန်ဖိုးထားမြတ်နိုးတတ်မှုကို သူသင်ယူနိုင်လိမ့်မယ်။

(၈) ချီးကျူးတဲ့အပြင် အပြစ်ပေးတာမျိုးလည်း ရှိရတယ်။ မှတ်ထားရမှာက အပြစ်ပေးတယ်ဆိုတာ တုတ်၊ လက် ပါရမယ့် အပြစ်ပေးမျိုးမဟုတ်ပါ။

(၉) ငိုယိုဂျီကျတဲ့အခါ၊ မစားချင် မလုပ်ချင်တာကို ငိုယိုငြင်းဆန်တဲ့အခါ အပေးအယူလုပ်ညှိနှိုင်းတာမျိုး မပြုမိစေနဲ့။

(၁ဝ) ကလေးကြီးပြင်းလေ ချွတ်ယွင်းချက်တွေကို သင်တွေ့လေ။ ဒီလိုအချိန်မျိုးမှာ သူ့ကိုမွေးဖွားကာစအကြည့်မျိုးနဲ့ သူ့ကိုနှစ်သက်ဖို့ မမေ့ပါနဲ့။ များများအားပေးပါ၊ "နင် တုံးလှချည်လား! တခြားလူတောင်တတ်တယ်.. နင် ဘာလို့မတတ်ရတာလဲ"ဆိုတဲ့စကားမျိုးကို ဘယ်တော့မှ မပြောပါနဲ့။

(၁၁) ကွန်ပြူတာကစားမှာကို မကြောက်ပါနဲ့။ တီဗွီစွဲတဲ့ကလေးတွေ ကွန်ပြူတာစွဲတဲ့ကလေးထက်များတယ်။ ကလေးကို တီဗွီအနားက ခွာပါစေ။ ခေတ်နဲ့အညီ စီးမျောပါစေ။ လမ်းညွှန်သင်ပြသူလုပ်ပါ၊ တားမြစ်သူမဖြစ်ပါစေနဲ့။

(၁၂) မူလတန်းကစ ကလေးကို အိမ်မှုကိစ္စတွေ ခွဲဝေလုပ်ခိုင်းပါ။ ၃နှစ်အရွယ်ကစ လုပ်ခိုင်းနိုင်ပါတယ်။ ဥပမာ- ကစားစရာအရုပ်တွေ သိမ်းဆည်းတာ၊ သုတ်သင်တာ

(၁၃) စစချင်းမှာ ကလေးတွေရဲ့ရမှတ်ရလဒ်ကို သိပ်အလေးမထားပါနဲ့။ သူ ကျောင်းနေပျော်မပျော်ဆိုတာကို ဦးစားပေး ဂရုစိုက်ပါ။

(၁၄) ဟိုသင်တန်း၊ ဒီကျူရှင်တွေနဲ့ ကလေးရဲ့နေ့စဉ်ဘဝကို သင်တန်း၊ ကျူရှင်တွေကြားမှာပဲ မနစ်ထားစေပါနဲ့။ ကလေးဘဝ၊ ကလေးသဘာဝ လွတ်လွတ်လပ်လပ်၊ ကျန်းကျန်းမာမာ၊ ကောင်းမွန်တဲ့အကျင့်တွေနဲ့ ရှင်သန်ကြီးပြင်းပါစေ။

(၁၅) စစ်တုရင်ကစားတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ သီချင်းဆိုတာ ဒါတွေဟာ လူတိုင်းနှစ်သက်တဲ့ ကစားနည်းတွေပါ။ ကလေးကို အချိန်စောပြီးသင်ပေးလို့ရပါတယ်။

(၁၆) ဘဝတစ်သက်တာအသုံးဝင်မယ့် စိတ်ဝင်စားဖွယ်အရာကို သင်ပေးပါ။ ဥပမာ- ပန်းချီ၊ ဂီတ၊ စာပေ၊ လက်မှုပညာ...။ ကျောင်းတက်၊ အတန်းတက်၊ ကျူရှင်တက်ဆိုတာချည်းပဲ မခိုင်းစေပါနဲ့။

(၁၇) လူအများနဲ့ကစားနိုင်တဲ့ ကစားနည်းမှာ ပါဝင်ပါစေ။ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘောလုံး၊ ပင်ပေါင်..ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတဲ့အကျင့်ရှိပါစေ။

(၁၈) ကလေးကိုချစ်ရင် ကလေးရဲ့ ဖေဖေ(မေမေ)ကိုလည်း ချစ်ပါ။ သူ့ ဘိုးဘိုး၊ ဘွားဘွားတွေကိုလည်းချစ်ပါ။ ဒါမှ နောက်တစ်ချိန်မှာ သူ့မိသားစုနဲ့ သူ့ကလေးကိုချစ်တတ်ဖို့ သူ သင်ယူ၊ မှတ်သားပါလိမ့်မယ်။


မူရင်းလင့် --- http://www.u148.net/article/22370.html

နိုင်းနိုင်းစနေ(Monday, July 30, 2012)
.
ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက်

(၁) သင့်မှာရှိတဲ့အိပ်မက်တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကိုအစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ... ကလေးရဲ့စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။

အချစ်

Photo: အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မှုမရှိဘူး။

(၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ခေါင်းကိုငဲ့ မျက်လုံးဝိုင်းလေးကိုပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပာယ်လဲလို့ ငါ့ကို နင်မေးခဲ့တယ်။

(၁၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပာယ်မဲ့ လုံးချေကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။

(၂ဝ)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့ပုခုံးထက်မှာ ခေါင်းလေးကိုမှီပြီး ငါပျောက်ကွယ်သွားမှာစိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေး ဖက်ထားတယ်။

(၂၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
မနက်စာကိုပြင်ဆင်ရင်း ငါ့နဖူးကိုတစ်ချက်နမ်းပြီး “သိပါတယ်...ထပါတော့ လူပျင်းလေးရယ်”လို့ ချစ်စနိုးနဲ့နင်ပြောခဲ့တယ်။

(၃ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
“တကယ်ချစ်ရင် ရုံးဆင်းချိန်လျှောက်မလည်နဲ့၊ မှာတဲ့ပစ္စည်းတွေလည်း ဝယ်ခဲ့ဖို့ မမေ့နဲ့” လို့ နင်ရယ်ပြီးပြောခဲ့တယ်။

(၄ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ပန်းကန်တွေသိမ်းရင်း “ကောင်းပါပြီ...ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး” လို့ နင်စိတ်မရှည်စွာပြောခဲ့တယ်။

(၅ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
သိုးမွှေးကိုထိုးရင်း “တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစောသေစေချင်နေတယ် မဟုတ်လား”လို့ ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။

(၆ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း “အဘိုးကြီး..မြေးတွေတောင်ကြီးနေပြီ အပြောကမက်တုန်း” လို့ နင်ပြောခဲ့တယ်။

(၇ဝ) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ခုန်ပေါ်မှာတူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်၅ဝက ဓာတ်ပုံတွေကို ငါတို့ကြည့်နေကြခဲ့တယ်။ နင့်ရဲ့တွန့်ကြေနေတဲ့ လက်ကိုဆုတ်ကိုင်ရင်း ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။ အကြင်နာတွေပြည့်နေတဲ့မျက်လုံးနဲ့ ငါ့ကိုနင်ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေနေပေမဲ့ နင်ရဲ့မျက်နှာက လှနေဆဲပါ။

(၈ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
နင်လဲလျောင်းနေတယ်...ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်းနင်ပြောခဲ့တယ် “ငါ.....နင့်....ကို...ချစ်...တယ်”တဲ့။ ငါ့ဘဝမှာ အပျော်ဆုံးနဲ့ ဝမ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ။

အချစ်စစ်က အချိန်ကိုကျော်ဖြတ်တယ်။
အချစ်စစ်က အကွာအဝေးကိုကျော်ဖြတ်တယ်။
အချစ်စစ်က နေရာဒေသကိုကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲလိုတယ်။


မူရင်းလင့်-- http://blog.yam.com/awwwvvvv/article/35051504

နိုင်းနိုင်းစနေ(Wednesday, October 11, 2006)
.
အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မှုမရှိဘူး။

(၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ခေါင်းကိုငဲ့ မျက်လုံးဝိုင်းလေးကိုပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပာယ်လဲလို့ ငါ့ကို နင်မေးခဲ့တယ်။

ဒီလိုစာတိုလေးတစ်ခု ဖတ်ရတယ်....

Photo: ဒီလိုစာတိုလေးတစ်ခု ဖတ်ရတယ်....

"ကိုယ်အောင်မြင်တဲ့အရှိန်က မိဘအိုမင်းသွားတဲ့အရှိန်ထက် မြန်ရမယ်"တဲ့..

ကျွန်မကဒီလိုထပ်ဖြည့်ချင်တယ်..
အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ
မိဘတွေကိုကျွေးမွေးစောင့်ရှောက်မယ်ဆိုတဲ့အသိက မိဘအိုမင်းသွားတဲ့အရှိန်ထက် မြန်ရမယ်
ပိုက်ဆံအများကြီးရသည်ဖြစ်စေ မရသည်ဖြစ်စေ
မိဘတွေကိုကျွေးမွေးစောင့်ရှောက်မယ်ဆိုတဲ့အသိက မိဘအိုမင်းသွားတဲ့အရှိန်ထက် မြန်ရမယ်
အားလပ်ချိန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
မိဘတွေကိုကျွေးမွေးစောင့်ရှောက်မယ်ဆိုတဲ့အသိက မိဘအိုမင်းသွားတဲ့အရှိန်ထက် မြန်ရမယ်

မိဘတွေဆီ ဖုန်းဆက်တိုင်း သူတို့က "သားတို့ သမီးတို့ အောင်မြင်နေပြီလား၊ ပိုက်ဆံအများကြီးစုမိပြီလား"လို့
မေးတတ်ကြမယ် မထင်ဘူး။ သူတို့မေးတတ်တာက "နေကောင်းလား၊ ကျန်းမာရေးကို ဂရုစိုက်နော်၊ အဆာမခံနဲ့"ဆိုတာပဲဖြစ်မယ်
ထင်ပါတယ်။ 
.
"ကိုယ်အောင်မြင်တဲ့အရှိန်က မိဘအိုမင်းသွားတဲ့အရှိန်ထက် မြန်ရမယ်"တဲ့..

ကောင်မငယ်လေးအတွက်

Photo: ကောင်မငယ်လေးအတွက်

(၁) သာယာချိုမြတဲ့ မက်ဆေ့လေးတွေရရင် ဖတ်ပါ၊ ပြုံးပါ ပြီးတော့ဖျက်ပစ်ပါ။

(၂) စိတ်တိုဒေါသထွက်ပြီဆိုရင် ၁ ကနေ ၃ဝ အထိရေပါ ပြီးမှ စကားပြောပါ။

(၃) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်နိုင်အောင် ကြိုးစားပါ။ တခြားသူပေးမှာကို မမျှော်ပါနဲ့။

(၄) သစ်သီးရည်နည်းနည်းသောက်ပါ အသီးများများစားပါ။ မုန့်ပဲသရေစာနည်းနည်းစားပါ ရေများများသောက်ပါ။
နည်းနည်းထိုင်ပါ များများရပ်ပါ။ နည်းနည်းတွေးပါ များများကြည့်ပါ။ နည်းနည်းပြောပါ များများလုပ်ပါ။

(၅) လူတစ်ယောက်တည်းကို (၂၄)နာရီလုံးလုံး သတိရမနေပါနဲ့၊ တွေးတောမနေပါနဲ့။ သင့်အချိန်တွေကို သင့်မိသားစု၊ သင့်သူငယ်ချင်းတွေကိုလည်း ဝေမျှပေးပါ။

(၆) ပိုက်ဆံရှိတဲ့ယောက်ျားကိုရတာနဲ့ အရာအားလုံးပြည့်စုံသွားမယ် မထင်နဲ့။ လောကမှာ ငယ်ရွယ်နုပျိုတဲ့မိန်းကလေးတွေ များလွန်းပါတယ်။ စင်ပေါ်တင်ထားတဲ့ ကိုကာကိုလာဗူးတွေလို သောက်ချင်တဲ့တစ်ဗူးကို သူတို့ကောက်သောက်သွားလိမ့်မယ်။

(၇) အထီးကျန်ချိန် သီချင်းဆွေးဆွေးတွေ နားမထောင်ပါနဲ့။ နေ့ရက်ဟောင်းကို တမ်းတတာ ဒါမှမဟုတ် အင်တာနက်ပေါ်မှာပဲ ချိတ်နေတာမျိုး မဖြစ်စေနဲ့။
အားကစားထလုပ်ပါ ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းကို သွားရှာပါ။

(၈) အလုပ်လုပ်ချိန် အာရုံစူးစိုက်ပြီး အလုပ်လုပ်ပါ။ အားလပ်ချိန် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေပါ။

(၉) နေရောက်ခြည်ကို ကာကွယ်သလို သင့်တင့်မျှတတဲ့ နေရောင်ခြည်ပက်ဖြန်းမှုလည်း ရှိပါစေ။ နေပူစာခံခြင်းနဲ့ ညှိုးမှိုင်နေတဲ့သင့်ခံစားချက်ကို
အလင်းပေးနိုင်ပါတယ်။

(၁ဝ) စာများများဖတ်ပါ။ အသိပညာနဲ့ အရသာခံနိုင်စွမ်းကို မြင့်တင်ပါ။

(၁၁) အမြင်ကွဲလွဲခွင့်၊ သဘောမတူညီခွင့်ရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်ဘက်သားကို လေးစားပါ။

(၁၂) ဖုန်းပြောတဲ့အချိန်မှာ ပြုံးပြီးပြောပါ။ တစ်ဘက်သားမမြင်ပေမယ့် ခံစားနိုင်ပါတယ်။

(၁၃) ဘယ်သူ့ကြောင့်၊ ဘယ်အရာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုညှင်းဆဲတာမျိုး မလုပ်နဲ့။ ဥပမာ- ထမင်းမစားတာ၊ အခန်းအောင်တာ၊ ငိုယိုတာ၊ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်တာ... ဒါတွေက လူတုံးလူအတွေမှ လုပ်တာပါ။

(၁၄) အားလပ်ချိန်မှာ ရေနွေးကြမ်းတစ်ခွက် ကော်ဖီတစ်ခွက်ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ အစားအစာတွေ ချက်ပြုတ်စားတာပဲဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့ သီချင်း၊ စာအုပ်တစ်အုပ်နဲ့ဖြစ်ဖြစ် နေနိုင်ပါတယ်။ ပြီးတော့ နေ့လယ်နေ့ခင်း တရေးတမောအိပ်နိုင်ပါတယ်။

*** အင်တာနက်ပေါ်ဟိုတစ ဒီတစဖတ်မိတာကို ဘာသာပြန်မျှဝေပါတယ်
.
(၁) သာယာချိုမြတဲ့ မက်ဆေ့လေးတွေရရင် ဖတ်ပါ၊ ပြုံးပါ ပြီးတော့ဖျက်ပစ်ပါ။

(၂) စိတ်တိုဒေါသထွက်ပြီဆိုရင် ၁ ကနေ ၃ဝ အထိရေပါ ပြီးမှ စကားပြောပါ။

Thursday, September 27, 2012

မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း

Photo: မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )

မူရင်း -- http://share.youthwant.com.tw/sh?id=31023426&do=D

နိုင်းနိုင်းစနေ (Thursday, September 22, 2011)
.
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတိ
ု့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account