Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, March 6, 2013

Simone de Beauvoir

ရှင့်ကို ကျွန်မတွေ့ချင်တယ်။ ဒါပေမယ့် ရှင်နဲ့တွေ့နိုင်ဖို့ ကျွန်မတောင်းဆိုမှာမဟုတ်ဘူး။
ဒါ ကျွန်မရဲ့မာနမဟုတ်ဘူး။ ရှင့်ရှေ့မှာ ကျွန်မအဖို့ မာနဆိုတာမရှိဘူး ဒါကို ရှင်သိပါတယ်။
ရှင်လည်း ကျွန်မကိုတွေ့ချင်တယ်ဆိုတဲ့အချိန်ကျမှ ကျွန်မတို့ရဲ့တွေ့ဆုံခြင်းက အဓိပ္ပာယ်ရှိမှာမို့ပါ။

အချစ်မှာလည်း ဒီအတိုင်းပဲ
ရှင်လည်းကျွန်မကိုချစ်၊ ကျွန်မကလည်း ရှင်ကိုချစ်မှ ဒီအချစ်က အဓိပ္ပာယ်ရှိတယ်
---- ပြင်သစ်စာရေးဆရာမ Simone de Beauvoir (Jan 9, 1908-- April 14, 1986)

လူတစ်ယောက်အတွက်

Photo: လူတစ်ယောက်အတွက် အပြုံးဆိုတာ သူ့ကိုယ်ပေါ်မှာ ကြည့်ရအကောင်းဆုံးသောအရာ
လူတစ်ယောက်အတွက် ယုံကြည်မှုဆိုတာ သူ့ကိုယ်ပေါ်မှာ အဖိုးအတန်ဆုံးသောအရာ
လူတစ်ယောက်အတွက် မိသားစုဆိုတာ သူ့ဘဝမှာ တန်ဖိုးအရှိဆုံးသောအရာ
လူတစ်ယောက်အတွက် သူငယ်ချင်းကောင်းဆိုတာ သူ့ဘဝမှာ အရခဲဆုံးသောအရာ

မနက်လင်းတာနဲ့ ကိုယ့်ကိုယ်ကိုအပြုံးတစ်ပွင့်ပေးဖို့ မနှမြောပါနဲ့
ဘာလုပ်လုပ် ယုံကြည်မှုတွေ ကိုယ်နဲ့အတူရှိနေပါစေ
မိသားစုထမင်းဝိုင်းကို တန်ဖိုးထားပါ
သူငယ်ချင်းကောင်းတွေနဲ့ အမြဲဆက်သွယ်ပါ 
.
လူတစ်ယောက်အတွက် အပြုံးဆိုတာ သူ့ကိုယ်ပေါ်မှာ ကြည့်ရအကောင်းဆုံးသောအရာ
လူတစ်ယောက်အတွက် ယုံကြည်မှုဆိုတာ သူ့ကိုယ်ပေါ်မှာ အဖိုးအတန်ဆုံးသောအရာ
လူတစ်ယောက်အတွက် မိသားစုဆိုတာ သူ့ဘဝမှာ တန်ဖိုးအရှိဆုံးသောအရာ
လူတစ်ယောက်အတွက် သူငယ်ချင်းကောင်းဆိုတာ သူ့ဘဝမှာ အရခဲဆုံးသောအရာ

မနက်လင်းတာနဲ့ ကိုယ့်ကိုယ်ကိုအပြုံးတစ်ပွင့်ပေးဖို့ မနှမြောပါနဲ့
ဘာလုပ်လုပ် ယုံကြည်မှုတွေ ကိုယ်နဲ့အတူရှိနေပါစေ
မိသားစုထမင်းဝိုင်းကို တန်ဖိုးထားပါ
သူငယ်ချင်းကောင်းတွေနဲ့ အမြဲဆက်သွယ်ပါ .

99sanay

တခြားလူရဲ့အသိပညာနဲ့ ကိုယ့်ကိုယ်ကိုဖြည့်ဆည်းလို့ရတယ်
ဒါပေမယ့် တခြားလူရဲ့အသိပညာနဲ့ ကိုယ့်ကိုယ်ကိုသိမ်ငယ်အောင်မလုပ်မိပါစေနဲ့

အချစ်

Photo: အချစ်ရဲ့ညှို့ဓာတ်ကို ဘယ်သူမှမလွန်ဆန်နိုင်ခဲ့ကြဘူး
အချစ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီး
တကယ်လို့ အချစ်ကို ဘဝထဲကသင်ယူစရာသင်ခန်းစာတစ်ခုလို့ မှတ်ယူခဲ့ရင်
ကံမကောင်းမှာကို သင်ကြောက်နေစရာမလိုတော့ပါဘူး
သင့်အချစ်ကို ပိုပြီးတော့တောင် ရင့်ကျက်စေနိုင်ဦးမှာ
အချစ်ဆိုတာ ဆူးပါတဲ့နှင်းဆီလိုပဲ သူ့အနားကပ်ချင်ရင် ဆူးစူးတဲ့ဒဏ်ကိုခံရဖို့ ပြင်ဆင်ထားသင့်တယ်
သင်သာဆန္ဒရှိခဲ့ရင် ဆူးစူးခံရတာကလဲ သင့်အတွက် ကြည်နူးခြင်းတစ်မျိုးဖြစ်ပါလိမ့်မယ်

အချစ်ဆိုတဲ့လမ်းပေါ်မှာ သင်ယူခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်
အချင်းချင်းနားလည်နိုင်တဲ့ သင်ယူခြင်း
အချင်းချင်းခွင့်လွှတ်သည်းခံနိုင်တဲ့ သင်ယူခြင်း
အချင်းချင်းအပေးအယူမျှတဲ့ သင်ယူခြင်း
အချင်းချင်းဖေးမအားပေးတဲ့ သင်ယူခြင်း
..................
မပြတ်သင်ယူနေမှ လိုရာခရီးဆီ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး အတူတကွလျှောက်လှမ်းနိုင်မှာဖြစ်တယ်
.
အချစ်ရဲ့ညှို့ဓာတ်ကို ဘယ်သူမှမလွန်ဆန်နိုင်ခဲ့ကြဘူး

အချစ်

Photo: အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်းဆက်တဲ့ဖုန်းဖြစ်တယ်။ လွမ်းဆွတ်ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။

အချစ်ဆိုတာ ရေဆာနေတုန်း သောက်ရတဲ့ရေတစ်ပေါက်ဖြစ်တယ်။ ပင်ပန်းနေတုန်း သောက်ရတဲ့ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။ စိတ်ညစ်အားငယ်နေတုန်း နှစ်သိမ့်အားပေးတဲ့စကားဖြစ်တယ်။ စိတ်တိုဒေါသထွက်တုန်း နောက်ပြောင်တဲ့ဟာသဖြစ်တယ်။ စိတ်မကြည်လင်တုန်း နမ်းရှုံ့လိုက်တဲ့ ပန်းကလေးတစ်ပွင့်ဖြစ်တယ်။

အချစ်ဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်တယ်။ နှင်းဆီတစ်ပွင့်ပဲဖြစ်ဖြစ်၊ စိန်လက်စွပ်တစ်ကွင်းပဲဖြစ်ဖြစ် လှပတဲ့အချစ်ကို ပိုင်ဆိုင်နိုင်တယ်။ အချင်းချင်းကြည့်တဲ့ အကြည့်ထဲကနေ ပျော်ရွှင်မှုကိုရစေတယ်။

အချစ်ဆိုတာ ယုံကြည်မှုတစ်မျိုးဖြစ်တယ်။ ဘယ်လိုပခုံးမျိုးကိုမှီရမယ်ဆိုတာ သင်သိတယ်။ ဘယ်လိုရင်ခွင်မှာအိပ်မှ အိပ်ပျော်မယ်ဆိုတာကို သူသိတယ်။

အချစ်ဆိုတာ ဘဝတစ်မျိုးဖြစ်တယ်။ မခွဲမခွာ၊ ဒိုးတူပေါက်ဖက်၊ လက်ချင်းယှက်ပြီး လေပြင်းမုန်တိုင်းတွေကို အတူတူရင်ဆိုင်တယ်။ နှစ်ကြာလေ အဖိုးတန်လေဖြစ်တဲ့ နှစ်ချို့ဝိုင်ဖြစ်တယ်။

တကယ်တော့ အချစ်ဆိုတာ မထင်မှတ်၊ မျှော်လင့်မထားတဲ့အချိန်မှာ သင့်လက်ကိုနွေးထွေးစေပြီး သင့်နှလုံးသားကို လှုပ်ရှားစေတဲ့အရာဖြစ်ပါတယ်။ နွေမိုးဆောင်းအပြောင်းအလဲကြားမှာ အတူတူ တဖြေးဖြေးအိုမင်းသွားတာဖြစ်တယ်။ အချစ်က အဲဒီလောက် ရိုးရှင်းခဲ့ပါတယ်။

အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြတယ်။

နူးနူးညံ့ညံ့ဖွဲ့ဆိုတဲ့အချစ်က ချိုမြိန်တယ်၊ ရင်ကိုကြည်နူးစေတယ်။
ကြမ်းကြမ်းတမ်းတမ်းဖွဲ့ဆိုတဲ့အချစ်က ရက်စက်တယ်၊ ရင်ကိုထိရှနာကျင်စေတယ်။

သင်ရော.. အချစ်ကို ဘယ်လိုဖွဲ့ဆိုချင်သလဲ?


(ဘာသာပြန်ခဲ့ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲက စာတစ်ပိုင်းတစ်စပါ..း)
.
အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်းဆက်တဲ့ဖုန်းဖြစ်တယ်။ လွမ်းဆွတ်ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။

အသံမဲ့ ချစ်ခြင်းမေတ္တာ

Photo: အသံမဲ့ ချစ်ခြင်းမေတ္တာ
________________

“အကြော်စုံရမယ်.... အကြော်စုံ ပူပူလေးရမယ်....”

တောမြို့လေးတစ်မြို့၏ လမ်းကြိုလမ်းကြားထဲတွင် စက်ဘီးတစ်စီးတွန်းပြီး အကြော်လှည့်ရောင်းနေသော အဘိုးအိုတစ်ဦးကို နေ့တိုင်းလိုလို တွေ့ရတတ်သည်။ ဓာတ်ခဲထည့်ထားသော အပေါစားစပီကာမှ ချိုသာသောအသံသည် ရပ်ကွက်တိုင်းသို့ ပျံ့လွှင့်သွားသည်။ ထိုအသံမှာ ကျွန်မ၏အသံဖြစ်သည်။ ပိန်လှီသောခန္ဓာကိုယ်နှင့် စက်ဘီးကို အားစိုက်တွန်းရင်း နေရာလပ်မကျန်အောင် အကြော်လှည့်ရောင်းနေသော ဆွံအနားမကြားအဘိုးအိုမှာ ကျွန်မ၏ဖခင်ဖြစ်သည်။

ကျွန်မအသက်နှစ်ဆယ်ကျော်လွန်မြောက်လာမှ ကျွန်မတစ်သက်စာမက အဖေအသုံးပြုခဲ့သော စက်ဘီးပေါ်ရှိခေါင်းလောင်းလေးနေရာတွင် ကျွန်မ၏အသံကို သတ္တိရှိရှိ အစားထိုးတပ်ဆင် အသုံးပြုရဲခဲ့သည်။ ဆွံအသော ဖခင်တစ်ဦးရှိခြင်းသည် ရှက်စရာကောင်းသည်ဟု ကျွန်မသုံးနှစ်သမီးအရွယ်ကပင် နားလည်ခဲ့သည်။ သိတတ်စအရွယ်ကပင် အဖေ့ကို ကျွန်မရွံ့မုန်းခဲ့သည်။ ကျွန်မအရွယ် ကလေးများ အဖေ့ထံတွင် အကြော်ဝယ်ပြီး ပိုက်ဆံမပေးဘဲထွက်ပြေးလျှင် လည်ပင်းကြောကိုဆန့်ပြီး တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဖေ့ကိုကြည့်ရင်း ကျွန်မ အလွန်ဝမ်းနည်းမိသည်။ အစ်ကိုများလို ထိုကလေးနောက်သို့ ပြေးလိုက်ပြီး လက်သီးနှင့် ကျွန်မထိုးမပစ်တတ်။ ထိုကလေးများကို ကျွန်မ မမုန်းမိ။ ကျွန်မမုန်းမိသည်မှာ အဖေဆွံအနေခြင်းဖြစ်သည်။

အမေဆုံးပြီးနောက်ပိုင်း အဖေနှင့်အစ်ကိုနှစ်ယောက်သည် ကျွန်မအပေါ် အချစ်တွေပိုခဲ့ကြသည်။ အမေချန်ထားရစ်ခဲ့သော တစ်ခုတည်းသောပစ္စည်းမှာ အမေအပျိုတုန်းက ဘေးအိမ်မှအဒေါ်ကြီးနှင့်အတူ တွဲရိုက်ထားသော အဖြူအမဲ ဓာတ်ပုံတစ်ပုံဖြစ်သည်။ အဖေ့ကို ကျွန်မစကားပြန်မပြောသည့် အခါတိုင်း၊ အဖေ့ကိုဆောင့်အောင့်ပြသည့်အခါတိုင်း အဖေသည် ထိုဓာတ်ပုံကို ထုတ်ကြည့်နေတတ်သည်။

“လူ အ သမီး... လူ အ ကြီးသမီး” ဟု အခြားကလေးများ နောက်ပြောင်လျှင် ကျွန်မအလွန်ဝမ်းနည်းမိသည်။ ထိုကလေးများကို ကျွန်မပြန်မပြောနိုင်သည့်အခါတိုင်း အိမ်သို့ပြေးပြန်ပြီး အကြော်ကြော်နေသော အဖေ့ရှေ့ မြေကြီးပေါ်တွင် စက်ဝိုင်းသဏ္ဍာန် အ၀ိုင်းကိုဆွဲခြစ်ပြီး အလယ်ဗဟိုကို တံတွေးထွေးပစ်ခဲ့တတ်သည်။ ထိုအပြုအမူကို ကျွန်မကိုယ်တိုင် နားမလည်သော်လည်း ကျွန်မဒေါသထွက်တိုင်း၊ မကျေနပ်တိုင်း အဖေသည် ကျွန်မစိတ်ထွက်ပေါက်ရှာရာ နေရာဖြစ်ခဲ့သည်။ အလှောင်ခံရတိုင်း အဖေ့ရှေ့တွင် ကျွန်မပေါက်ကွဲမိတတ်သည်။ စိတ်တိုင်းကျပြောဆိုပြီးမှ ကျေနပ်စွာထွက်သွားသော ကျွန်မကိုကြည့်ရင်း အဖေသည် တစ်ယောက်တည်း ငေးငိုင်ကျန်နေခဲ့မြဲဖြစ်သည်။

အလှောင်ခံရသော ပတ်ဝန်းကျင်မှ ကျွန်မရှောင်ပြေးချင်ခဲ့သည်။ ကျွန်မစာကြိုးစားခဲ့သည်။ ဘွဲ့ရပညာတတ်လျှင် ဤရွာကလေးမှ ကျွန်မခွာမည်။ လူအ,ကြီး၏သမီးအဖြစ် လူတိုင်းလိုလိုသိနေသော နေရာမှထွက်သွားနိုင်ရန် ကျွန်မဆုံးဖြတ်ချက်ချမိသည်။ အိမ်ထောင်ပြုကုန်ကြပြီဖြစ်သော အစ်ကိုများ၏ ရည်ရွယ်ချက်ကို ကျွန်မ မသိ။ အဖေ၏အကြော်ဖိုသည် ထင်းမည်မျှစားလိုက်မှန်း ကျွန်မစိတ်မ၀င်စား။ နွေမှဆောင်း၊ ဆောင်းမှမိုး ပြောင်းလဲနေသည်။ ပွတ်တိုက်ဖန်များသောကြောင့် အဆံတိုသွားသော အဖေ့၏ မပီမသ ခေါင်းလောင်းသံမှာ ဘယ်နှစ်ရွာကိုဖြတ်ပြီးပြီဆိုတာကိုလည်း ကျွန်မ သတိမထားမိတော့။ ကျွန်မ၏ တစ်ခုတည်းသော ဆုံးဖြတ်ချက်မှာ စာကြိုးစားပြီး ဤရွာလေးကို စွန့်မည်။

++++++++++++ +++++++++++++

အဖေသည် အမေရှိစဉ်ကချုပ်ခဲ့သော အကောင်းဆုံးဟုထင်ရသော ပိတ်ကြမ်းအင်္ကျီကိုဝတ်လျှက် မိုးဦး၏မီးရောင်မှိန်မှိန်အောက်တွင် ထိုင်နေသည်။ မျက်နှာပေါ်တွင် အားရကျေနပ်သောအပြုံးနှင့် ပါးစပ်မှ ၀ူးဝူးဝါးဝါး မပီမသပြောရင်း ဆီများပေကျံနေသော ငွေစက္ကူတစ်ထပ်ကို ကျွန်မလက်ထဲသို့ အတင်းထိုးထည့်နေသည်။ ထိုနေ့က ကျွန်မ အောင်စာရင်းထွက်သောနေ့ဖြစ်သည်။

တက္ကသိုလ်ကျောင်းသူဖြစ်တော့မည့် ကျွန်မကို ဂုဏ်ပြုသည့်အနေဖြင့် အဖေက ထမင်းစားပွဲလေးတစ်ခု ကျင်းပပေးခဲ့သည်။ ထမင်းစားနေစဉ် ဆွေမျိုးများရှေ့တွင် အဖေ့ပန်းကန်ထဲသို့ ဟင်းများကို ကျွန်မခူးထည့်ပေးလိုက်သည်။

“အဖေ ဟင်းတွေစားပါ” အဖေမကြားနိုင်မှန်း သိသော်လည်း ကျွန်မစိတ်ကို ခန့်မှန်းလို့ရသည် ထင်၏။ ဟင်းများကိုစားရင်း မျက်ရည်နှင့်အရက်ကို ရောပြီး အဖေမျိုချလိုက်သည်။ (၁၈)နှစ်အတွင်း ပထမဦးဆုံးမြင်ရသော ကျွန်မ၏ အဖေဟုခေါ်သော ပါးစပ်အမူအရာကြောင့်ဖြစ်မည်။ ထိုညနေက အဖေသည် လက်ဟန်ခြေဟန်ဖြင့် စကားတွေများနေခဲ့သည်။ အဖေပျော်ပြီး မူးနေခဲ့သည်။

အဖေ အလုပ်ပိုကြိုးစားခဲ့သည်။ ဆီပေနေသော အကြော်ရောင်းရငွေများဖြင့် ကျွန်မကျောင်းပြီးသည်အထိ လိုလေသေးမရှိအောင် ပံ့ပိုးပေးခဲ့သည်။ ကျောင်းပြီးတော့ ရွာနှင့်မိုင်ပေါင်း(၃၀)ခန့်ဝေးသောမြို့တွင် မူလတန်းပြဆရာမအဖြစ် ကျွန်မအလုပ်ရခဲ့သည်။ အဆင်ပြေနေသားကျမှ ကျွန်မနှင့်အတူနေဖို့အဖေ့ကို သွားရောက်ခေါ်ယူခဲ့သည်။ သမီးမိုက်၏ နောက်ကျမှသိလာသော အမှားများအတွက် အဖေ့ကို ဝန်ချတောင်းပန်ရဦးမည်။

ကျွန်မစီးသောကားမှာ ရွာမရောက်ခင် လမ်းခုလပ်တွင် တိမ်းမှောက်သွားခဲ့သည်။ သတင်းကြားကြားချင်း အဖေနှင့်အစ်ကိုများက အခင်းဖြစ်ရာနေရာသို့ ချက်ချင်းရောက်လာခဲ့သည်။ အစ်ကိုနှင့်မရီးများက သွေးအလှိမ့်လှိမ့်ဖြင့် မေ့မြောနေသော ကျွန်မကို ပွေ့ဖက်ငိုလေသည်။ အဖေသည် သေလုမြောပါးဖြစ်နေသော ကျွန်မကိုပွေ့ချီပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အစ်ကိုများ၏ ပြောပြချက်အရ ပိန်လှီသောအဖေသည် ထိုအချိန်တွင် ကျွန်မကိုပွေ့ချီရာမှာ ခွန်အားပါလှသည်။ ဆေးရုံသို့ရောက်သော် ဆရာဝန်မှာ စစ်ဆေးမှုများပြုလုပ်ပြီး မြို့ဆေးရုံသို့ ပြောင်းစေခဲ့သည်။ အစ်ကို့ကိုလည်း ကျွန်မမှာကယ်တင်ဖို့ မရနိုင်ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရကြောင်း အသိပေးခဲ့သည်။ ထိုအချိန်တွင် ကျွန်မမှာ မေ့မြောနေဆဲဖြစ်ပြီး သွေးတိုင်း၍မရအောင် သွေးပေါင်များ ကျနေခဲ့သည်။

အဖေမှာ ကိုယ်လက်အမူအရာများဖြင့် ဆရာဝန်အား ကျွန်ကို ကြိုးစားကယ်တင်ဖို့ တောင်းဆိုနေသည်။

“ကြိုးစားကုသဖို့ ငွေတွေတော်တော်ကုန်လိမ့်မယ်။ ငွေကုန်တယ်ထားဦး သူ့အသက်ပြန်ရှင်ချင်မှ ရှင်လိမ့်မယ်”

ဆရာဝန်၏ပြောစကားကို အစ်ကိုက လက်ဟန်ဘာသာစကားဖြင့် အဖေ့ကို ပြန်ပြောပြသည်။ ထိုစကားကိုကြားကြားချင်း အဖေသည် ဆရာဝန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။ ထို့နောက် ထရပ်လိုက်သည်။ အကြော်ကြော်သည့်ပုံစံ၊ ကောက်ရိတ်သည့်ပုံစံများကို လုပ်ပြသည်။ ဘာမှမရှိတော့သော အင်္ကျီအိတ်ထဲသို့ လက်နှိုက်ပြပြန်သည်။ သဘောမှာ.....

ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်သမီးကို အတတ်နိုင်ဆုံး ကယ်တင်ပေးပါ။ ကျွန်တော်အကြော်ရောင်း ကောက်ရိတ်ပြီးရတဲ့ငွေတွေကို ဆေးဖိုးဝါးခပေးပါမယ်။ကျွန်တော်သားတွေ ရှိပါသေးတယ်။ လိုအပ်တဲ့ငွေတွေကို ကျွန်တော်တို့ကြိုးစားရှာပါ့မယ်” ဆရာဝန်က ခေါင်းခါပြသည်။
အဖေမှာ အိမ်ခေါင်မိုးကို လက်ညှိုးထိုးပြလိုက်၊ မြေကြီးကိုနင်းလိုက်၊ ရင်ဘတ်ကို ပုတ်ပြလိုက်နှင့် “အဲဒီငွေတွေ မလောက်သေးရင် ကျွန်တော့်အိမ်ကိုရောင်း၊ မြေကွက်ကိုရောင်းပြီးပေးပါ့မယ်။ ကြိုးစားပြီး အသက်ကိုကယ်ပေးပါ။ လိုအပ်သလောက် ကျွန်တော်ပေးပါ့မယ်” ဆရာဝန်ကို ဘာသာပြန်ပြနေသော အစ်ကိုမှာ မျက်ရည်တွဲလဲနှင့်၊ သေဆုံးသူများစွာကို တွေ့ကြုံဖူးသော်လည်း အဖေ့အမူအရာကိုကြည့်ပြီး ဆရာဝန်များနှင့် နပ်စ်များလည်း မျက်ရည်ဝဲလျှက်ရှိနေသည်။ သို့သော် အဖေလုံးဝမျက်ရည်မကျခဲ့....

အဖေ၏ကြီးမားသောမေတ္တာသည် ကျွန်မကိုကယ်တင်ဖို့ ဆရာဝန်များအား ယုံကြည်မှုနှင့်ဆုံးဖြတ်ချက်ကိုပေးခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ခန်းအပြင်ဖက်တွင် အဖေသည် ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်။ ခွဲစိတ်ပြီး ကျွန်မမေ့မြောနေခဲ့သေးသည်။ ဆရာဝန်များက ကျွန်မကို လက်လျှော့လိုက်လေပြီ။ သို့သော်အဖေမှာ မေ့မြောနေသော ကျွန်မဘေးတွင်ရှိနေခဲ့သည်။ လက်ကြမ်းကြီးနှင့် ကျွန်မမျက်နှာကို ပွတ်သပ်ပေးပြီး ပါးစပ်မှားလည်း ၀ူးဝူးဝါးဝါး ရေရွတ်နေသည်။

“သမီးလေး နိုးလာပါတော့ သမီးလေးရယ်.... အဖေစောင့်နေတယ် သမီးလေး”

ကျွန်မဆေးကုသဖို့အတွက် အဖေသည် ရွာတကာလှည့်ပြီး အကြော်ရောင်းခဲ့သည်။ အဖေ့အကြောင်းကို သိထားကြသူများက အဖေ၏ သမီးအပေါ်ထားသော ကြီးမားသောမေတ္တာကြောင့် အဖေ့ကို အားပေးကြသည်။ သမီးအသက်ရှင်ဖို့အတွက် အဖေ့ယုံကြည်မှုများက ပိုခိုင်မြဲခဲ့သည်။

တစ်လအကြာ မေ့မြောနေရာမှ ကျွန်မသတိပြန်လည်လာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း ကျွန်မတွေ့လိုက်သည်မှာက အရိုးပေါ်အရေတင်နေသော အဘိုးအိုတစ်ဦး၊ မျက်နှာမှာ အံ့သြ၀မ်းသာသောအရိပ်ဖြင့် ပါးစပ်ကြီးဟလျှက် တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဘိုးအိုတစ်ဦး၊ တစ်လအတွင်း ဆံပင်များ ဆွတ်ဆွတ်ဖြူကုန်ပြီး ပိုအိုစာသွားသော အဘိုးအိုတစ်ဦး...... ကျွန်မ၏ ဖခင်ဖြစ်သည်။ သားသမီးအပေါ်ထားသော အဖေ၏ ချစ်ခြင်းမေတ္တာ၊ ငယ်စဉ်က အဖေ့အပေါ်ဆက်ဆံခဲ့သော ကျွန်မ၏ ရိုင်းပျသော အပြုအမူများကို အမှတ်အတေး မထားတတ်သော၊ အဖေ့၏ခွင့်လွှတ်တတ်သော စိတ်တို့ကြောင့်ပင် ကျွန်မအသက် ဆက်လက်ရှင်သန်နေခဲ့ခြင်းဖြစ်သည်။

++++++++++++++++++

တစ်ခါတရံ ခေါင်းကိုက်တတ်သည်မှလွဲ၍ ကျွန်မပကတိကျန်းမာလာခဲ့သည်။ ကျန်ရှိနေသေးသော ဆေးဖိုးအကြွေးများကို အဖေနှင့်အတူ ကျွန်မတို့ ကြိုးစားဆပ်ခဲ့ကြသည်။ ကျွန်မအလုပ်လုပ်သော မြို့လေးတွင် အဖေကို ကျွန်မနှင့်အတူနေစေခဲ့သည်။ အကြော်ဆက်မရောင်းရန် ပြောသော်လည်း မရောင်းရမနေနိုင်သော အဖေ့အတွက် စက်ဘီးတစ်စီး ၀ယ်ပေးခဲ့သည်။ “ လူ အ,ကြီး၏သမီး” ဟု အခေါ်ခံလှောင်ပြောင်ရမည်ကို ကျွန်မ မကြောက်တော့။ ထိုကဲ့သို့ အကြင်နာကြီးမားသော ဖခင်တစ်ဦးရှိခြင်းကို ကျွန်မ ဂုဏ်ယူမိနေသေးသည်။

အဖေ၏စက်ဘီးပေါ်တွင် ကျွန်မအသံသွင်းထားသော စပီကာတစ်ခု တပ်ဆင်ပေးလိုက်သည်။ ကျွန်မ၏ ချိုသောသောအသံကို အဖေမကြားနိုင်သော်လည်း စပီကာခလုတ်ကို တစ်ချက်နှိပ်လိုက်တိုင်း အဖေသည် ခေါင်းမော့ပြီး အားရကျေနပ်စွာပြုံးနေတတ်သည်။ ကျွန်မအသံနှင့်အတူ ရပ်ကွက်တကာလှည့်ပြီး ပျော်ရွှင်စွာ အကြော်ရောင်းနေတတ်သည်။

လူလူချင်းတွင် ချစ်ခြင်းမေတ္တာများသည် ကူးလူးဆက်ဆံနေကြသည်။ ကျွန်မတို့က ထိုချစ်ခြင်းမေတ္တာကို ခံစားနားလည်တတ်ဖို့လိုသည်။ ခံယူမျှဝေတတ်ဖို့ လိုသည်။ ကြီးမားချိုသာသော မေတ္တာတေးသံမှာ အသံမဲ့ဖြစ်ကြောင်းကို ဆွံအနားမကြားသောဖခင်မှ ကျွန်မသင်ယူခဲ့ရသည်။ ထိုအသံမဲ့တေးသံ၏ခွန်အားကို သံသယရှိနေစရာ မလိုပေ။ ထိုခွန်အားမှာ ကျွန်မအား ပါးစပ်မှထုတ်ဖော်ပြောမပြနိုင်သော ဖခင်တစ်ဦး၏ သားသမီးအပေါ်တွင် ထားရှိသော ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်အောင် အမြင့်ဆုံးသို့ တွန်းပို့ပေးခဲ့သည်။

“အနားပဲ့သောနေရာကို မကြည့်ခဲ့လျှင် ဖန်ခွက်တိုင်းသည်ဝိုင်းစက်၏။ လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိတတ်ကြသည်။ ထိုအားနည်းချက်ကို လျစ်လျူရှုသော် လူတိုင်းသည်လူကောင်းဖြစ်၏”


မူရင်း-- http://soul.cn.yahoo.com/ypen/20120621/1127069.html ကို မြန်မာမှုပြုပြီး ဆီလျှော်အောင် ပြန်ဆိုရေးသားသည်။

နိုင်းနိုင်းစနေ (Friday, April 28, 2006)
.
“အကြော်စုံရမယ်.... အကြော်စုံ ပူပူလေးရမယ်....”

အိပ်မက်တွေ အခိုးမခံရစေနဲ့

Photo: အိပ်မက်တွေ အခိုးမခံရစေနဲ့
_____________________

အမေရိကန်ရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင်ဖြစ်သည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။

ကျောင်းသားတစ်ဦးက ဆရာပေးသည့်ခေါင်းစဉ်ကို အနှစ်ခြိုက်ကြီးနှစ်ခြိုက်ပြီး ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေဆောက်ပြီး အသားကင်ဖို့နေရာတွေထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်းဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေကိုလည်း အနားယူအပန်းဖြေစေပါမယ်" ဟူ၍ဖြစ်သည်။

ထို့နောက် သူ၏စာစီစာကုံးကို ဆရာအားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့်"X" ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။

ကျောင်းသားက သူရေးထားသည့် စာစီစာကုံးကို သေချာပြန်ဖတ်ပြီး အမှားမတွေ့သောကြောင့် ဆရာအားထပ်ပြလေသည်။

ဆရာက "မင်းကို မင်းရဲ့ရည်မှန်းချက်စိတ်ကူးကို ရေးခိုင်းတာ၊ ဒီလို အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး။ မင်းရဲ့ တကယ့်ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား" ဟူပြောသောအခါ ကျောင်းသားက "ဆရာ... ဒါ ကျွန်တော်ရဲ့ တကယ့်ရည်မှန်းချက်ပါ" ဟူ အားတက်သရော ပြန်ဖြေသည်။

"မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေပဲ .... မင်းအသစ်ပြန်ရေးပါ"

"ကျွန်တော် နားလည်တယ်ဆရာ.. ဒါ ကျွန်တော်တကယ်ဖြစ်ချင်တဲ့ ကျွန်တော်ရဲ့ရည်မှန်းချက်ပါ။ ကျွန်တော်ရည်မှန်းချက်ကို ကျွန်တော်မပြင်နိုင်ဘူး ဆရာ"

ဆရာ့စကားကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ကျောင်းသားကပြန်ပြောသည်။

"တကယ်လို့ မင်းအသစ်မရေးရင် မင်းကိုဆရာ အောင်မှတ်မပေးဘူး။ မင်း သေချာစဉ်းစားပါ"

ခေါင်းခါပြီးပြောသော ဆရာ့စကားကို ကျောင်းသားကလည်း ထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။ နောက်ဆုံး ထိုစာစီစာကုံးမှာ " E " အဆင့်သာရခဲ့သည်။

ထိုသို့သော အဖြစ်အပျက်ဖြစ်ပျက်ပြီး နှစ်ပေါင်း(၃ဝ)အကြာတွင် ၎င်းဆရာက ကျောင်းသားတစ်သိုက်နှင့် အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ ဆရာက မြက်ခင်းစိမ်းနှင့် ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်း သင်းပျံ့သော အသားကင်နံ့ကို ရှူရှိုက်နေမိသည်။ တစ်နေရာတွင် လူလတ်ပိုင်း လူရွယ်တစ်ဦးက ဆရာဆီဦးတည်လျှောက်လာပြီး သူ့ကိုယ်သူ ဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆို မိတ်ဆက်လေသည်။

လူရွယ်က ဆရာကိုအကြောင်းစုံပြောပြပြီး သူသည် ထိုနှစ်က စာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု ပြောသည်။ သို့သော် ယနေ့တွင် သူသည် စာစီစာကုံးထဲရေးခဲ့သည့်အတိုင်း သူ့ရည်မှန်းချက်ဖြစ်သည့် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို တည်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဆရာမှာ လူငယ်စကားကြောင့် လွန်ခဲ့သော အနှစ်(၃ဝ)ကို ပြန်မြင်ယောင်မိသည်။ မိမိရှေ့တွင်ရပ်နေသော လူရွယ်ကိုကြည့်ပြီး စကားတစ်ခွန်းကို ရေရွတ်လိုက်တော့သည်။

"အနှစ်(၃ဝ)အတွင်းမှာ ငါ့အတွက်နဲ့ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို ငါချေဖျက်ခဲ့မိသလဲ မသိဘူး။ မင်းကတော့ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့်အချေဖျက်မခံဘဲ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်တယ်"

သင်ရော? သင့်ရည်မှန်းချက်အိပ်မက်တွေ သူတစ်ပါး၏ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား? အခိုးခံခဲ့ရပြီလား?



မူရင်း--- http://www.duwenzhang.com/wenzhang/lizhiwenzhang/gushi/20081015/21393.html

နိုင်းနိုင်းစနေ(Saturday, December 05, 2009)
.
အမေရိကန်ရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင်ဖြစ်သည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။

Photo: အဲဒီကျားကြီးက တကယ်မရှိခဲ့ပါဘူး...ဒါ ကျွန်တော်ရဲ့စိတ်ကူးအတွေးသက်သက်ပါ။

ကျားကြီးထက်ပိုကြောက်ဖို့ကောင်းတာက ပင်လယ်ပြင်ထက်မှာ စိတ်ပျက်လက်လျော့သွားခြင်းပါပဲ။ 

ဒီကျားကြီးက ကျွန်တော်တို့ရဲ့လိုအင်ဆန္ဒဖြစ်သလို ကျွန်တော်တို့ရဲ့ကြောက်ရွံ့ခြင်းလည်းဖြစ်တယ်။ သူက ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်သလို ကျွန်တော်တို့ကို စိတ်တထင့်ထင့်နဲ့လည်း ပူပင်သောကရောက်စေတယ်။

ဒါပေမယ့် သူရှိနေခဲ့လို့လည်း ကျွန်တော်တို့မှာ အသိတရားတွေနှိုးကြားခဲ့တယ်။ တက်ကြွတဲ့ခွန်အားတွေနဲ့ ရပ်တည်နေနိုင်ခဲ့ပါတယ်။ --- လီအန်
.


အဲဒီကျားကြီးက တကယ်မရှိခဲ့ပါဘူး...ဒါ ကျွန်တော်ရဲ့စိတ်ကူးအတွေးသက်သက်ပါ။

ကျားကြီးထက်ပိုကြောက်ဖို့ကောင်းတာက ပင်လယ်ပြင်ထက်မှာ စိတ်ပျက်လက်လျော့သွားခြင်းပါပဲ။ 

ဒီကျားကြီးက ကျွန်တော်တို့ရဲ့လိုအင်ဆန္ဒဖြစ်သလို ကျွန်တော်တို့ရဲ့ကြောက်ရွံ့ခြင်းလည်းဖြစ်တယ်။ သူက ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်သလို ကျွန်တော်တို့ကို စိတ်တထင့်ထင့်နဲ့လည်း ပူပင်သောကရောက်စေတယ်။

ဒါပေမယ့် သူရှိနေခဲ့လို့လည်း ကျွန်တော်တို့မှာ အသိတရားတွေနှိုးကြားခဲ့တယ်။ တက်ကြွတဲ့ခွန်အားတွေနဲ့ ရပ်တည်နေနိုင်ခဲ့ပါတယ်။ --- လီအန်

မိသားစုသံယောဇဉ်..

 အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။ ပေးဆပ်စွန့်လွှတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ “ငါ့ကို ငွေပေးမှချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ် လွှမ်းခြုံနေမှာဖြစ်တယ်။

မှတ်သားစရာ


Photo: Liu Bang အသက်(၄ဝ)အရွယ်တုန်းက တပ်သား၊ လက်နက်တွေတောင်မရှိခဲ့သေးဘူး။
Liu Bei အသက်(၅၂)နှစ်အရွယ်မှာ ခေါင်းမော့ပြီး "ငါ ဘယ်အချိန်ကျမှ အောင်မြင်မလဲ"လို့ မေးခဲ့တယ်။
Genghis Khan အသက်(၄ဝ)အရွယ်မှာ သွေးသောက်ညီအစ်ကိုရဲ့သစ္စာဖောက်မှုကြောင့် စစ်ရှုံးထွက်ပြေးခဲ့ရတယ်။

Steve Jobs အသက်(၄၂)နှစ်အရွယ်မှာ ပန်းသီးကုမ္ပဏီဆီပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန် ကုမ္ပဏီမှာသန်းတစ်ထောင်အကြွေးတင်နေတယ်။
Ren Zhengfei အသက်(၄၃)နှစ်အရွယ်မှ Huawei ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။
Larry Page အသက်(၂၅)နှစ်အရွယ်မှာ Google ကိုတည်ထောင်ခဲ့တယ်။
Bill Gates အသက်(၂ဝ)အရွယ်မှာ Microsoft ကိုတည်ထောင်ခဲ့တယ်။
Mark Elliot Zuckerberg အသက်(၂ဝ)အရွယ်မှာ facebook ကိုတည်ထောင်ခဲ့တယ်။
Sam Walton အသက်(၂၆)နှစ်အရွယ်မှာ Wal-Mart စတိုးကိုတည်ထောင်ခဲ့တယ်။
Lee Ang အသက်(၃၆)နှစ်အရွယ်မှ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Pushing Hands ကိုရိုက်ကူးခဲ့တယ်။ ဘွဲ့ရပြီး (၆)နှစ်လုံးလုံး သူအလုပ်လက်မဲ့ဖြစ်ခဲ့တယ်။

အပေါ်ကလူပုဂ္ဂိုလ်တွေက ကျွန်မတို့ခေတ်နဲ့ အတော်အတန်ဝေးသွားပြီ၊ အောက်ကလူတွေက ကျွန်မတို့ခေတ်မှာရှိနေဆဲပါ။
ကြိုးစားနေသူတစ်ယောက်အတွက် အောင်မြင်မှုဆိုတာ ရောက်လာစမြဲပဲ။ အောင်မြင်ခြင်းမှာ အသက်အရွယ် အကန့်အသတ်မရှိပါဘူး။ 
နောက်ကျတယ် စောတယ်ဆိုတာမရှိပါဘူး။ နောက်ကျမှရောက်လာမှာကိုလည်း မစိုးရိမ်ပါနဲ့။
ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ဖိအားနည်းနည်းပေးပါ၊ လှုံ့ဆော်ပါ၊ မျှော်လင့်ချက်ပေးပါ။
ကိုယ်ယုံကြည်တဲ့လမ်းအတိုင်း ကြံ့ကြံ့ခံဆက်လျှောက်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အောင်မြင်မှုနဲ့မလွဲမသွေဆုံပါလိမ့်မယ်။


Liu Bang = တရုတ်နိုင်ငံသမိုင်းမှာ ပထမဆုံးသော သာမန်လူတန်းစားဘဝမှ ဘုရင်ဖြစ်လာသူ၊ ဟန်မင်းဆက်ကို စတင်တည်ထောင်ခဲ့သူ
Liu Bei = Three Kingdoms period (Wei, Shu, Wu)မှာ Shu (Shu Han)ကို စတင်တည်ထောင်ခဲ့သူ
Genghis Khan = မွန်ဂိုလီးယားအင်ပါယာကို စတင်တည်ထောင်ခဲ့သူ
Liu Bang အသက်(၄ဝ)အရွယ်တုန်းက တပ်သား၊ လက်နက်တွေတောင်မရှိခဲ့သေးဘူး။
Liu Bei အသက်(၅၂)နှစ်အရွယ်မှာ ခေါင်းမော့ပြီး "ငါ ဘယ်အချိန်ကျမှ အောင်မြင်မလဲ"လို့ မေးခဲ့တယ်။
Genghis Khan အသက်(၄ဝ)အရွယ်မှာ သွေးသောက်ညီအစ်ကိုရဲ့သစ္စာဖောက်မှုကြောင့် စစ်ရှုံးထွက်ပြေးခဲ့ရတယ်။

Photo: လူတွေဘယ်လိုပြောပြောပေါ့.. ကျွန်တော်ခံစားတဲ့ ခံစားချက်ကမှအမှန်လို့ ကျွန်တော်ယူဆတယ်
လူတွေဘယ်လိုအကြည့်နဲ့ပဲ ကြည့်ပါစေ... ကျွန်တော်ရဲ့စည်းဝါးကျချက်တွေကိုတော့ ကျွန်တော်ဖြတ်တောက်ပျက်စီးစေမှာမဟုတ်ဘူး
ကျွန်တော်ကြိုက်နှစ်သက်တဲ့အရာကို ဇွဲရှိရှိနဲ့ ကျွန်တော်လုပ်ကိုင်နိုင်တယ်
ကျွန်တော်မကြိုက်နှစ်သက်တာကိုတော့ ဘယ်လိုမှ တာရှည်ထားမှာမဟုတ်ဘူး ----  Haruki Murakami (ဂျပန်စာရေးဆရာ၊ ဘာသာပြန်သူ)
.
လူတွေဘယ်လိုပြောပြောပေါ့.. ကျွန်တော်ခံစားတဲ့ ခံစားချက်ကမှအမှန်လို့ ကျွန်တော်ယူဆတယ်
လူတွေဘယ်လိုအကြည့်နဲ့ပဲ ကြည့်ပါစေ... ကျွန်တော်ရဲ့စည်းဝါးကျချက်တွေကိုတော့ ကျွန်တော်ဖြတ်တောက်ပျက်စီးစေမှာမဟုတ်ဘူး
ကျွန်တော်ကြိုက်နှစ်သက်တဲ့အရာကို ဇွဲရှိရှိနဲ့ ကျွန်တော်လုပ်ကိုင်နိုင်တယ်
ကျွန်တော်မကြိုက်နှစ်သက်တာကိုတော့ ဘယ်လိုမှ တာရှည်ထားမှာမဟုတ်ဘူး ---- Haruki Murakami (ဂျပန်စာရေးဆရာ၊ ဘာသာပြန်သူ)
.

မာရီရင်မွန်ရိုးရဲ့စကား

Photo: တကယ်လို့ ကျွန်မရဲ့ချွတ်ယွင်းချက်၊ အညံ့ဆုံးတွေကို ရှင် မကိုင်တွယ်နိုင်ရင်
ကျွန်မရဲ့အကောင်းဆုံးတွေကလည်း ရှင်နဲ့ထိုက်တန်မှာမဟုတ်ဘူး -----  မာရီရင်မွန်ရိုး

“I'm selfish, impatient and a little insecure. I make mistakes, I am out of control and at times hard to handle.
But if you can't handle me at my worst, then you sure as hell don't deserve me at my best.” ― Marilyn Monroe
.
တကယ်လို့ ကျွန်မရဲ့ချွတ်ယွင်းချက်၊ အညံ့ဆုံးတွေကို ရှင် မကိုင်တွယ်နိုင်ရင်
ကျွန်မရဲ့အကောင်းဆုံးတွေကလည်း ရှင်နဲ့ထိုက်တန်မှာမဟုတ်ဘူး ----- မာရီရင်မွန်ရိုး

“I'm selfish, impatient and a little insecure. I make mistakes, I am out of control and at times hard to handle.
But if you can't handle me at my worst, then you sure as hell don't deserve me at my best.” ― Marilyn Monroe

ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု

Photo: ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု
________________________

ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

တစ်ခါက ဘဲအုပ်စုနှစ်စုရှိသတဲ့။ အုပ်စုတစ်စုက ဥအရမ်းဥတတ်ပြီး နေ့တိုင်းဥလုံးကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဥ ဥရမှာအရမ်းပျင်းပြီး ၃,၄ရက်နေမှာ ဥသေးသေးလေးတစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စုဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက်ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေနဲ့ ကိုယ့်ဥကို ဥကြတယ်။

ဒီလိုနဲ့နေ့တစ်နေ့မှာ ပျင်းတဲ့အုပ်စုထဲက ဘဲတစ်ကောင်ဟာ ဥ,ဥတတ်တဲ့ ဘဲအုပ်စုထဲ မျက်စိလည်ရောက်လာခဲ့တယ်။ ဒီအုပ်စုထဲမှာ ဘဲငပျင်းအတွက်မြင်မြင်သမျှ ထူးဆန်းလို့နေတယ်။ ဘဲတွေဟာ သူ့ထက်ငါအလုအယက် ဥ,ဥကြတယ်။ ဥ,ဥဖို့ကို စိတ်အားထက်သန်ကြတယ်။ သွက်လက်နိုးကြားကြတယ်။ ဥတွေကြီးနိုင်သမျှကြီးအောင် ကြိုးစားဥကြသလို ဥအမွှာလေးတောင် ဥလိုက်ချင်ကြတယ်။ ဘဲငပျင်းအတွက် ဒါဟာအထူးအဆန်းဖြစ်လို့ နောက်ဆုံးမှာ ဒီအုပ်စုထဲ သူနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး တခြားဘဲတွေလို နေ့တိုင်းဥ,ဥဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ တစ်လအကြာမှာ သူလုပ်နိုင်ခဲ့ပါတယ်။ နေ့တိုင်း ဥလုံးကြီးတွေကို သူဥနိုင်ခဲ့တယ်။

နှစ်လရက်တွေ အလီလီပြောင်းခဲ့တယ်။ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုနဲ့ ပျင်းတဲ့ဘဲအုပ်စုရဲ့ဘဝက မပြောင်းခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့မှာ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုထဲက ဘဲတစ်ကောင်ဟာ လမ်းမှားပြီး ဘဲငပျင်းအုပ်စုနား ရောက်သွားခဲ့တယ်။ ဒီအုပ်စုရဲ့ဘဝဟာ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ အစာတွေ သွားမရှာချင်ခဲ့ဘူး။ ဥ,ဥဖို့ကိုလည်း သူတို့စိတ်မဝင်စားကြဘူး။ အစားကောင်းမစားရရင် ဒါမှမဟုတ် အစာရှာမရရင် သူတို့ဟာ ဥ မဥကြဘူး။ ပျင်းပျင်းရိရိနဲ့ ဥ,ဥချင်တဲ့အခါမှ ဥပြီး မဥချင်တဲ့အခါ ၃,၄ရက်နေတာတောင် တစ်လုံးမဥကြဘူး။ ဒါကြောင့် ဒီအုပ်စုရဲ့ ဥ,ဥနှုန်းက အရမ်းကျဆင်းခဲ့တယ်။ ဥ,ဥတတ်တဲ့ဘဲက ဒါတွေကိုကြည့်ပြီး အရမ်းတုန်လှုပ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့အုပ်စုထဲ သူချက်ချင်းမပြန်နိုင်ခဲ့တော့ ဒီဘဲငပျင်းအုပ်စုထဲမှာပဲ ခဏတာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဲငပျင်းတွေနဲ့ နေရင်းနေရင်း အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အကျင့်ဟာလည်း တဖြေးဖြေးပြောင်းလဲလာခဲ့တော့တယ်။ တစ်လအကြာမှာ နေ့တိုင်း ဥတစ်လုံးကျ ဥတတ်တဲ့သူဟာ နေ့တိုင်းဥမဥတတ်ခဲ့တော့ဘူး။

လူတွေလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အကျိုးဖြစ်ထွန်းမှုကို ပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ နှိုးကြားတက်ကြွတဲ့အုပ်စုထဲ သူနေရင် သူ့ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ ကူးစက်မှုကြောင့် သူဟာ ကြိုးစားတက်ကြွစိတ်တွေ ဝင်လာတယ်။ ကိုယ့်အကောင်းဆုံးကို သူလုပ်လာနိုင်တယ်။ အောင်မြင်သူ ဒါမှမဟုတ် ဦးဆောင်သူ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတွေကို သူတည်ထောင်လာနိုင်ပါတယ်။ တကယ်လို့ ပျင်းရိတဲ့အုပ်စုထဲ ရောက်သွားရင်တော့ တော်ထက်တဲ့လူတစ်ယောက်ကိုတောင် လူပျင်းတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ ဒီအုပ်စုကို သူ မပြောင်းလဲနိုင်ရင် အုပ်စုနောက် သူလိုက်ပြောင်းသွားပါတယ်။ လူဆိုတာ ပျင်းရိတတ်တဲ့အမျိုးပါ။ ကိုယ့်ဘေးပတ်ဝန်းကျင်က တိုးတက်လိုစိတ်မရှိဘူး၊ အပျော်အပါးထဲမှာပဲ နစ်နေမယ်၊ အလုပ်လုပ်ရာမှာလည်း ပြီးရင်ပြီးရောသဘောထားမယ်။ ဘာစီမံကိန်းမှ မရှိဘူး။ အကောင်အထည်မရှိဘူး။ ဖွဲ့စည်းမှုတွေကလည်း လျော့ရဲနေတယ်ဆိုရင် ဒီလိုဝန်းကျင်ရဲ့ကူးစက်မှုအောက်မှာ အလုပ်ကြိုးစားတဲ့လူတစ်ယောက်ဟာလည်း ကြာလာတော့ သာမန်နဲ့ပဲ ပြီးသွားနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်တိုင်တိုးတက်လိုစိတ်လဲ မရှိဘူးဆိုရင် ပတ်ဝန်းကျင်ကြောင့် အထူးသဖြင့် ပျင်းရိတဲ့ပတ်ဝန်းကျင်ရဲ့ကူးစက်ခြင်းကို အလွယ်တကူခံရတတ်ပါတယ်။ ကိုယ်တိုင်လည်းပြောင်းလဲဖို့ မကြိုးစားတော့ဘဲ ရေလိုက်ငါးလိုက်ပဲ နေလိုက်တတ်ကြတယ်။

လူတွေက ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ပေမယ့် ပတ်ဝန်းကျင်က လူကိုပြောင်းလဲနိုင်တယ်။ ပတ်ဝန်းကျင်ကို ကိုယ်မပြောင်းလဲနိုင်တဲ့အခါ ကိုယ်ကိုယ်တိုင် ပြောင်းလဲကြရတယ်။

လူတွေမှာ အဆုံးအစမဲ့ လုပ်နိုင်စွမ်းတွေရှိပါတယ်။ ကြိုးစားတိုးတက်လိုစိတ်ရှိသူတွေက တက်တက်ကြွကြွနဲ့ ကိုယ့်ဘေးပတ်လည်က ပတ်ဝန်းကျင်ကိုအသုံးပြုပြီး အကျိုးဖြစ်ထွန်းစေမယ့် ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ကြတယ်။ ကိုယ့်လုပ်နိုင်စွမ်းကို တူးဆွကြတယ်။ သင့်တင့်တဲ့အခွင့်အရေးကြားမှာ လုပ်နိုင်စွမ်းကို တကယ့်ခွန်အားအဖြစ် ပြောင်းလဲကြတယ်။ တကယ်လို့ လူတစ်ယောက်ဟာ အလုပ်တစ်ခုမှာ သာမန်အဆင့်လောက်ပဲရှိတယ်။ အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် သူ့ကိုတခြားအလုပ်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်ကြည့်ပါ။ အဲဒီအလုပ်မှာ သူ့ရဲ့လုပ်နိုင်စွမ်းတွေ တွေ့ကောင်းတွေ့နိုင်ပြီး အရင်ကထက် ပိုကောင်းမွန်အောင်၊ ပိုတိုးတက်အောင် သူလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။

လူတိုင်းရဲ့ လုပ်နိုင်စွမ်းက အဆုံးအစမဲ့ပါတယ်။ တူးဆွနိုင်ဖို့ပဲ လိုပါတယ်။


မူရင်း-- http://www.rs66.com/a/1/87/huanjingduirendeyingxiang_78803.html

နိုင်းနိုင်းစနေ(Monday, December 05, 2011)
.
ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

တစ်ခါက ဘဲအုပ်စုနှစ်စုရှိသတဲ့။ အုပ်စုတစ်စုက ဥအရမ်းဥတတ်ပြီး နေ့တိုင်းဥလုံးကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဥ ဥရမှာအရမ်းပျင်းပြီး ၃,၄ရက်နေမှာ ဥသေးသေးလေးတစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စုဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက်ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေနဲ့ ကိုယ့်ဥကို ဥကြတယ်။

မိန်းကလေးအတွက် ဘဝဒဿန

Photo: မိန်းကလေးအတွက် ဘဝဒဿန

(၁) သင့်မှာ အဝတ်အစားတွေအများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့၊ ခေတ်လွန်အင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

from NNSN blog (Friday, May 20, 2011)
.
(၁) သင့်မှာ အဝတ်အစားတွေအများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့၊ ခေတ်လွန်အင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

မတူညီခြင်းတွေ


အမျိုးသမီး ၂ ယောက် ရုံးတွင် စကားပြောနေကြသည်။

အမျိုးသမီး-၁။ ။ ဒို့လင်မယား ၂ ယောက် မနေ့ညနေက သိပ်ပျော်စရာကောင်းတာပဲကွာ။ မင်းရော။

"အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "

Photo: "အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "

******************************

ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) ... suon won .. ကြိုက်တဲ့စာသားမို့ ....( - ) ...

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . ..
နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက်မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ .။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

Kyawthu- Facebook မှ ကူးယူဖော်ပြသည်။
ကျွန်တော်ဖတ်ကြည့်ပြီးပြီ။ အရမ်းကိုကြိုက်လို့ ရှယ်လိုက်ပါတယ်။

ရွှေမန်းသားလေးဝေယံ

သင့်ဘေးမှာ

Photo: hahahah AL MARHOOM .. :P

khurram
ဒီပုံလေးမှာ အဓိပ္ပာယ်များစွာရှိပါတယ်။
ကျွန်တော်ပြောချင်တာ
ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပြီး ဖြေးဖြေးစီးပါ။

ရွှေမန်းသားလေးဝေယံ

စိတ်ညစ်ရင်.... နည်း (၄) နည်းကိုလိုက်နာပါ


Photo: စိတ်ညစ်ရင်.... နည်း (၄) နည်းကိုလိုက်နာပါ

နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်
ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်
ရမယ်။

--- စိတ်ညစ်တာ

---- ထိတ်လန့်တာ

---- စိုးရိမ်ကြောင့်ကြတာ

---- အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။မရပ်လို့ကတော့
စိတ်ညစ် တာကပဲ ပတ်ချာလည်နေမှာပဲ။

အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့..........

---- တည်ငြိမ်တာ

---- သတ္တိရှိတာ

---- ဇွဲရှိတာ

---- ပျော်ရွှင်တာတွေ ဖြစ်တယ်။

စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့ စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။ပထမဆုံးနည်း
တစ်နည်းက ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊ အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင်
နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာ
သဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။
အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့် ဆင်းရဲမှန်းတောင် မသိသာပါဘူး။ ဒုက္ခကို ဟာသလုပ်တယ်။
ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။ ကျန်းမာရေးလည်း မထိခိုက်ဘူး။
ပေါင်းသင်း ဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။ အချိန်ကာလက သူ့ဒုက္ခန့ အခက်အခဲကို ပြောင်းလဲ ကယ်တင်
သွားတော့တယ်။အချို့ဆို အဲဒီလိုနေနိုင်တတ်လို့ “ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။

စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။ မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။
ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။ စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာ
ဖြစ်တယ်။ဒုတိယနည်းကတော့ ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။
ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ ရူးတောင် ရူးတတ်ပါတယ်။
အဲဒီလိုမို ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။ ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊ ဘယ်လိုပြုတယ်
အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမျှ စိတ်မှာ ၀န်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။
အဲဒါကြောင့် အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊ ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။

အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။

အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။ အဲဒါလည်း မှားတာပဲ။

မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။

တတိယနည်းကတော့ ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲ
တာပါပဲ။စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။ ယောက်ယက်မခတ်ဘူး။

အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။

စတုတ္ထအချက်က.....

(က) စိတ်တည်ငြိမ်စွာ ထားပါ။

(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။

(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။

(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။

(င) ပျော်ပျော်ရွှင်ရွှင်နေပါ။

(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို
သတိထားရမယ်။

သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။

Credit to မိုးထက်အာကာ

 ထူးထူးဆန်းဆန်း
နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင် ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ


၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

“နွေဦးပေါက်တော့”



သွေ့သည်သွေ့သည်၊ စုံပတ်လည်ဝယ်
မစည်ကြိုးကြဲ၊ ရွက်ရော်ဝဲသည်
နှင်းစဲခါစပေါ်နွေဦး။ ။

“ ဗေဒါ ”


ဘဝဆိုတာ
အမြဲစီးဆင်းနေတဲ့ မြစ်တစ်စင်း...
သူငယ်ချင်းဆိုတာ
ခေတ္တဆုံတွေ့ရတဲ့ ဗေဒါများ...
သံယောဇဉ်ဆိုတာ
ဗေဒါတွေကြားက မျှောပါနေတဲ့ ဒိုက်မျှင်...
ချည်နှောင်ချိန်မှာ မသိပေမယ့်
ခွဲခွာချိန်မှာ ခံစားရတာ သဘာဝ...
ငါလည်း ဗေဒါကြားက ဗေဒါပါဘဲ...
ဘဝကြားက ဗေဒါများ
ဘယ်ဗေဒါ လောကဓံ အံကိုခဲ
ပန်းပန်နိုင်အောင် ကြိုးစားမလဲ???
လင်းယံခ (မြန်မာစာ)

၂၀၁၃-ခု၊ မတ်လအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း


အခုတလော အလုပ်ကလည်း ရှုပ်၊ စိတ်တွေကလည်း ရှုပ်နေတာမို့ ကျွန်တော့်ရဲ့ blog လေးဘက်ကို မလှည့်ဖြစ်ပါဘူးဗျာ...
ထုံးစံအတိုင်းဘဲ လကုန်ပြီဆိုတော့ ဗေဒင်လာပြီပေါ့ဗျာ... နည်းနည်း နောက်ကျသွားတာတော့ ခွင့်လွှတ်ပါဗျာ...
ဆရာဟိန်းတင့်ဇော်ရဲ့ ဟောစာတမ်းကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်

အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account