Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 14, 2012

အသုံးဝင် ယတြာမှတ်စုများ(လိုရာသုံးလေ ချစ်မိတ်ဆွေ)


ကျွန်တော်တို့ မြန်မာရိုးရာ ဗေဒင်ပညာရပ်မှာလာတဲ့ ယတြာနည်းတွေကို ဘာအဖွဲ့အနွဲ့မှ မပါဝင်စေဘဲ တိုက်ရိုက် ပြန်လည် ရေးသားတင်ပြပေး လိုက်ပါတယ်။ ဒီနည်းက မည်သူမဆို အသုံးပြုလို့ ရပါတယ်။ လွယ်လည်း လွယ်ကူပါတယ်။ နောက်ပြီးတော့ လူမျိုးမရွေး ဘာသာမရွေး အသုံးပြုလို့ အဆင်ပြေတယ်။ ဒါကြောင့် အရေးကြုံ သက်လုံ ကောင်းစေဆိုသကဲ့သို့ အားလုံးသော မိတ်ဆွေအပေါင်းအသင်းများ လိုအပ်လာပါက လွယ်လင့်တကူ အသုံးပြုလို့ ရပါစေခြင်းအကျိုးငှာ ရှင်းလင်းစွာ တင်ပြပေးလိုက်ပါတယ်။


ယတြာနည်းရဲ့ ဥပဒေသ

မည့်သည့် နေ့သားသမီးများမဆို မိမိမွေးနံရဲ့ နှစ်ခုမြောက်နံအသား ( အညွန့် ) ကို ဆောင်ထားခြင်းအားဖြင့် အကြံအစည်အောင်ခြင်း ၊ အလိုဆန္ဒပြည့်ဝခြင်း ၊ ကြွယ်ဝချမ်းသာခြင်း ၊ အကြီးအကဲများထံမှ အထောက်အကူ ရစေခြင်း စသော အကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။

မည်သည့်နေ့ သားသမီးများမဆို မိမိမွေးနံရဲ့ ငါးခုမြောက်နံအသား (ပဉ္စပွတ်) ကို ဆောင်ထားခြင်းအားဖြင့် လာဘ်ပွင့်ခြင်း ၊ ညာဏ်ကောင်းခြင်း ၊ အများသူငါ လေးစားခံရခြင်း ကောင်းမြတ်သော နာမည်ဂုဏ် သတင်း ကျော်ကြားခြင်း စသောအကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။

မည်သည့်နေ့သားသမီးများမဆို မိမိမွေးနံရဲ့ ခြောက်ခုမြောက်နံအသား (ဆပွတ်) ကို ဆောင်ထားခြင်းအားဖြင့် ရန်ဘေးကင်းစင်ခြင်း ၊ ဘုန်းကံမြင့်မားခြင်း ၊ လာဘ်လာတိုးပွားခြင်း ၊ တစ်ပါးသူနှင့် နှိုင်းယှဉ်က အသားစီးရရှိခြင်း စသောအကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။

အညွန့်၊ ပဉ္စပွတ် ၊ ဆပွတ် အသားတွေက ဘာတွေလဲ



ဘယ်လို ဆောင်ထားမလဲ....?

မိမိနဲ့ သက်ဆိုင်တဲ့ အညွန့်တို့ ပဉ္စပွတ်တို့ ၊ ဆပွတ်တို့ အသားတွေကို အမျိုးသားအမျိုးသမီး မည်သူမဆို ကိုယ့်ရဲ့ ညာဘက်လက်မနဲ့ အညီဖြတ်ရမယ်။ အဲဒီအသားတွေကို ရွှေရောင်သုတ်ရမယ်။ အဆင်ပြေရင် ရွှေချရမယ်။ ပြီးတော့ ပိတ်ဖြူစတစ်စနဲ့ ပတ်ပြီး မိမိ အနီးအပါးမှာ ထားရမယ်။ စီးပွားရေးသမား အရောင်းအ၀ယ်သမားတွေ ဆိုရင် အလုပ်နေရာတို့ ငွေထည့်တဲ့ သေတ္တာတို့ ကောင်တာတို့ ထည့်ထားရမယ်။ ရုံးလုပ်ငန်း လုပ်သူများဆိုရင် အလုပ်စားပွဲပေါ်တွင် ထားရှိရမယ်။ ဒါဆိုရင် ထူးထူးခြားခြား ကံမြင့်မားခြင်း တိုးတက်ခြင်း အဆင်ပြေခြင်း စသော အကျိုးကျေးဇူးကို အထင်အရှား ရရှိခံစားနိုင်ကြပါတယ်။

အာလုံး၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် ထိုင်းနိုင်ငံ-မဟာချိုင်မြို့

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account