Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 29, 2012

သမ္မတကြီးရဲ့ ဆံပင်တွေကလည်း အနော့်ဆံပင်တွေလိုပါပဲ


ဓာတ်ပုံထဲက ကောင်လေးနာမည်ကတော့ Jacob Philadelphia ပါ။ ငါးနှစ်အရွယ်ကလေးငယ်လေး တစ်ဦးဖြစ်ပါတယ်။ ဖခင်မရိန်းတပ်ဖွဲ့ဝင်ရဲ့ အိမ်ဖြူတော်တာဝန်ပြီးဆုံးလို့ မပြောင်းရွှေ့ခင်မှာ မိသားစုဟာ သမ္မတနဲ့ နှုတ်ဆက်တွေ့ဆုံပွဲမှာပေါ့။ အိမ်ဖြူတော်မှာ သမ္မတကြီးကိုတွေ့တော့၊ Jacob လေးက သမ္မတကြီးကို တိုးတိုးလေးပြောလိုက်တယ်။

ကုလသမဂ္ဂ ဂလိုဘယ်ကွန်းပက်သို့ အွန်လိုင်းမှ အခမဲ့ ဝင်ရောက်နိုင်



Photo
စီးပွားရေး လုပ်ငန်းရှင်များအတွက် အထောက်အကူ ဖြစ်စေသည့် ကုလသမဂ္ဂ ဂလိုဘယ်ကွန်းပက်သို့ မြန်မာလုပ်ငန်းရှင်များ အွန်လိုင်းမှ အခမဲ့ တိုက်ရိုက် ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းမှ အများပြည်သူများ တရားဓမ္မ နာကြားနိုင်ရန် ဝက်ဘ်ဆိုက်လွှင့်တင်



Photo
တရားစာအုပ်များနှင့် တရားခွေများကို ရရှိရန် အခက်အခဲရှိသော နေရာဒေသများမှ အများပြည်သူများ တရားတော်များကို အလွယ်တကူ နာယူနိုင်ရန်နှင့်  တရားစာအုပ်များကို ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ထားကြောင်း ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းမှ သိရသည်။

အခမဲ့ app များ



Photo
iOS device တွေ အထူးသဖြင့် iPhone အတွက် app တွေ အခမဲ့ download ပြုလုပ်နိုင်သလို app တွေလည်း ဖန်တီးနိုင်မယ့် ဆိုက်ဖြစ်ပါတယ်။ 

ဖက်ရှင်အကြောင်း လေ့လာရန်



Photo
နိုင်ငံတကာ ဖက်ရှင်တွေအကြောင်း လေ့လာနိုင်စေမယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ 

Android OS နှင့်အတူ Java, Symbian, iOS များတွင်ပါ သုံးနိုင်မည့် ရန်ကုန်နှင့် မန္တလေးလမ်းညွှန်သစ် ထွက်ရှိ



Photo
Java, symbian, iOS များတွင် ထည့်သွင်း အသုံးပြုနိုင်သည့် ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်သစ် ထွက်ရှိကြောင်း  Yangon Directory Group မှ သိရသည်။

OLED Technology



Photo
OLED (Organic light-emitting diode) နည်းပညာက LCD displays တွေမှာ လိုအပ်တဲ့ backlight နဲ့ filters စတဲ့ စနစ်အထောက်အပံ့တွေ မလိုဘဲ အသုံးပြုနိုင်တဲ့  display နည်းပညာတစ်ခု ဖြစ်ပါတယ်။

Microlab Speaker H20



Photo
Bluetooth ဖြင့် ချိတ်ဆက် အသုံးပြုနိုင်မယ့် Microlab Speaker တစ်မျိုး ဖြစ်ပါတယ်။  Mobile Phone, Tablet နှင့် အခြား Bluetooth Device များဖြင့် ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း ဟန်းဆက်ဖြင့် အင်တာနက် မျှဝေ သုံးစွဲသည့်အခါ စက်ငါးလုံးထက်ပို၍ အသုံးမပြုသင့်

မိုဘိုင်းဖုန်း ဟန်းဆက်ဖြင့် အင်တာနက် မျှဝေသုံးစွဲသည့်အခါ စက်ငါးလုံးထပ်ပို၍ မျှဝေ အသုံးမပြုသင့်ဟု သိရသည်။  မိုဘိုင်းဖုန်းများအား WiFi hotspot ပြုလုပ်၍ အင်တာနက် မျှဝေသုံးစွဲသည့်အခါ

My Ringtune Service လစဉ်ကြေးငွေအား ဖုန်းငွေဖြည့်ကတ် ငွေဖြည့်စဉ် တပါတည်း ကောက်ခံသွားမည်



Photo
Call Back Ringtone ဟု ခေါ်သော My Ringtune ဝန်ဆောင်မှုစနစ် အသုံးပြုထားသော ဖုန်းများအတွက် လစဉ်ကြေးငွေအား ဖုန်းကတ် ငွေဖြည့်စဉ်တွင် တပါတည်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ 

လက်ဖြစ်ပစ္စည်းများ ဖန်တီးရန်



Photo
Handmade ပစ္စည်းလေးတွေကို ကိုယ်တိုင်ဖန်တီး ပြုလုပ်နိုင်စေဖို့အတွက် လေ့ကျင့်ခန်းသင်ခန်းစာတွေ ဖော်ပြပေးထားတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။

MEIZU MX 4 - CORE



Photo
တရုတ်နိုင်ငံလုပ် Meizu MX4-Core က ဈေးကွက်ထဲမှာ လူသိမများလှပေမယ့် နာမည်ကျော် ကိုရီးယား ဖုန်းထုတ်လုပ်သူ Samsung နဲ့ နည်းပညာပိုင်း ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။  အရည်အသွေးမှာ iPhone ကို အမှီလိုက်နိုင်စေဖို့ Quad-Core Processor, 4 လက်မအရွယ် TFT စခရင်၊ 8MP ကင်မရာတို့ကို ဆွဲဆောင်မှု ကောင်းတဲ့ ဒီဇိုင်းပုံစံ ပေါင်းစပ် ဖန်တီးပေးထားပါတယ်။ ဈေးနှုန်းကလည်း ပြိုင်ဘက် Quad-Core ဖုန်းတွေလို ခေါင်ခိုက်မနေတာကြောင့် သုံးစွဲသူတွေအတွက် ရွေးချယ်စရာ တိုးပွားစေမှာ အမှန်ပါပဲ။

PANASONIC LUMIX LX7



Photo
Panasonic က ထုတ်လုပ်လိုက်တဲ့ Lumix စီးရီး LX7 က အရင်မော်ဒယ် GF5 နဲ့ FZ 200 တို့လို Micro Four Fhirds အမျိုးအစား ဖြစ်ပါတယ်။ 

စံမြန်မာ Version 2.5 ကို အခမဲ့ ရယူသုံးစွဲနိုင်

စံမြန်မာ Version 2.5 အား မည်သူမဆို ဒေါင်းလုတ်ဆွဲ၍ အခမဲ့ သုံးစွဲနိုင်ရန် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင် ဖြန့်ဝေလိုက်ကြောင်း သိရသည်။  “ဒီစနစ်မှာ ဇော်ဂျီကုဒ်ပြောင်းစနစ် ပါရှိတာကြောင့် ဇော်ဂျီ သုံးစွဲသူများအတွက် အထူး အဆင်ပြေစေပါတယ်။

Genius Headset



Photo
Internet Chatting နဲ့ music, Game စသည်တို့ကို အသုံးပြုသူများ သဘောတွေ့စေမယ့် Genius အမှတ်တံဆိပ်  Deluxe Full Size Headset ဖြစ်ပါတယ်။ Model-HSO5A ဖြစ်ပါတယ်။

G-Five SH800



Photo
လှပဆွဲဆောင်မှုရှိတဲ့ PDA Phone Style နဲ့ ထုတ်လုပ်လိုက်တဲ့ G-Five အမှတ်တံဆိပ်  Model-SH 800 ဈေးကွက်အတွင်း မကြာသေးမီက ဝင်ရောက်လာပါတယ်။

Guitar Pro



Photo
သီချင်းအလွယ်တကူ ရေးသားနိုင်သည့်အပြင် တိုက်ရိုက် တီးခတ်နိုင်သည့် Application တစ်မျိုးဖြစ်ပါတယ်။

Beats by dr.dre DETOX



Photo
ပြည်တွင်းဈေးကွက်ထဲကို အသစ်ဝင်ရောက်လာတဲ့ Beats by dr.dre အမှတ်တံဆိပ် DETOX မော်ဒယ် Made in USA Original အမျိုးအစား Headphone တစ်မျိုး ဖြစ်ပါတယ်။

Barcamp X ကို ရန်ကုန်မြို့၌ သြဂုတ်လအတွင်း ကျင်းပသွားမည်



Photo
အချက်အလက်၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍသုံးခု ပါဝင်သည့် Barcamp X ကို ရန်ကုန်မြို့ရှိ မြန်မာအင်ဖိုတက်တွင် သြဂုတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်  ဖြစ်ကြောင်း  Barcamp Organizer အဖွဲ့မှ ၁၁-၇-၂၀၁၂ ရက်က သိရသည်။

တာယာတွေ ဘယ်လို အလုပ်လုပ်သလဲ



Photo
ပထမဆုံး လေထိုးရတဲ့ တာယာတွေကို Scot John Boyd Dunlop က သူ့သား စက်ဘီးစီးရာမှာ သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် တီထွင်ခဲ့ပါတယ်။  ချိုင့်ခွက်တွေထဲ စက်ဘီးရဲ့ ဘီးတွေကျတဲ့အခါမှာ ခေါင်းမူးတယ်လို့ သူ့သားက မကြာခဏ ပြောတဲ့အတွက် သက်တောင့်သက်သာ ရှိစေမယ့် လေထိုးတာယာမျိုး တီထွင်ဖန်တီးဖို့အတွက် စိတ်ကူးရခဲ့ခြင်း ဖြစ်ပါတယ်။

Solid Capacitor တွေသာ အသုံးပြုထားသည့် အကြမ်းခံ Graphic Card



Photo
PCIExpressGen3 ကို ထောက်ပံ့ပေးနိုင်သည့် MSI R7750-PMD 1 GD5/OC Grephic ကဒ်ဖြစ်သည်။ 

Airflow System ဖြင့် အမြဲ အေးမြနေစေမည့် Aspire V5-471 G(i5)



Photo
ပုံမှန် Notebook များထက် ၃၀ ရာခိုင်နှုန်း ပါးလွှာပြီး ၁၀ ရာခိုင်နှုန်း ပေါ့ပါးသည့် Notebook အသစ် ဖြစ်သည်။  Keypad များကြားမှ တဆင့် ပြင်ပရှိ လေအေးများကို စုပ်ယူပြီး စက်အတွင်းမှ လေပူများကို ဘေးပေါက်မှတဆင့် ပြန်ထုတ်ပေးသည့် Airflow System ကြောင့် အမြဲအေးမြနေစေသည်။

အထွတ်အမြတ်ထားရာနှင့် လျှပ်ပေါ်လော်လည် အတွဲအဖက်များ



ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံပင်ဖြစ်ပါစေ မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို နိုင်ငံ၏ပြယုဂ်တစ်ခုအဖြစ် တန်ဖိုးထားထိန်းသိမ်းကြသည်မှာ သံသယဖြစ်စရာ စိုးစဉ်းမျှမရှိချေ။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများမှာ နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲအောင် များပြားပါသည်။ သို့သော် လူအချို့၏ လွဲမှားသော အသုံးချမှုများကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအပေါ် မြန်မာပြည်သူအချို့၏ တန်ဖိုးထားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာသည်။

မကြာသေးမီက မြန်မာဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီများကို နောက်ခံထား၍ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟု အများကသတ်မှတ်ထားသည့် ၀တ်စားဆင်ယင်မှုများဖြင့် ဓာတ်ပုံများ ရိုက်ကူးလာသည်ကို တွေ့လာရသည်။ ယင်းဓာတ်ပုံများအနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၌ လူပြောအများဆုံး ဖြစ်လာသည့် ဓာတ်ပုံတစ်ပုံမှာ ပုဂံဘုရားများကို နောက်ခံထား၍ မော်ဒယ်တစ်ဦး၏ ခေတ်ဆန်သည့် ၀တ်စုံဒီဇိုင်းများဖြင့် ရိုက်ကူးထားသော ဓာတ်ပုံပင်ဖြစ်သည်။ ပြည်တွင်းလစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခဲ့သော ယင်းဓာတ်ပုံများကို မြန်မာဗုဒ္ဓဘာသာ စေတီပုထိုးများနှင့် မအပ်စပ်သည့် ဓာတ်ပုံများဟု အဆိုပါဓာတ်ပုံကို ကြည့်မိသူ ပရိသတ်အများစု၏ ဝေဖန်မှုများ ရှိလာသည်။

“ဘုရားဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေးအမြတ်ထားတဲ့ နေရာပါ။ ရှေးတုန်းက ဘုန်းကြီးတွေ၊ ရဟန်းသံဃာတွေ ကြွလာရင်တောင် ပခုံးပေါ်သဘက်တင်ရတာ။ ဒီလိုမလုံမခြုံပုံတွေနဲ့ ဘုရားကို  နောက်ခံထား ရိုက်တာဟာ ကိုယ့်မြန်မာတွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှု၊ ရိုးရာဓလေ့ကို ဖောက်ဖျက်ရာရောက်တယ်။ လူမျိုးခြား၊ ဘာသာခြားတွေ အမြင်မှာလည်း တကယ့်အထွတ်အမြတ်ထားတဲ့ နေရာမှာ ကဲ့ရဲ့စရာ၊ ရှက်စရာ၊ လူအထင်သေးစရာ ရောက်မှာပေါ့။ မြန်မာမိန်းကလေးတွေက ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာကိုမှ အလေးမထားရင် ဘယ်သူက အလေးထားမှာလဲ”ဟု အငြိမ်းစားအထက်တန်းပြ ကျောင်းဆရာမကြီးတစ်ဦးက ပြောသည်။

ပုဂံဒေသတွင် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးလိုပါက တစ်နေ့တာအတွက် ရိုက်ကူးခနှုန်းထားမှာ ကျပ်ဆယ်သိန်းဝန်းကျင် ပေးဆောင်ရမည်ဟု သက်ဆိုင်ရာက သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ၀တ်စားဆင်ယင်မှုများနှင့် ရိုက်ကူးမှုကိုမူ ခွင့်ပြုထားသလားဟု ဝေဖန်မှုများလည်း ထွက်ပေါ်လာပြန်သည်။

“ဒီဓာတ်ပုံရိုက်တဲ့ မဂ္ဂဇင်းအဖွဲ့ဟာ ကျွန်တော်တို့ဌာနကို ခွင့်ပြုချက်ရယူ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး။ မော်ဒယ်လ်အမျိုးသမီးကို ကားပေါ်တင်ပြီး သာသနိကအဆောက်အအုံတွေမှာ လျှပ်တစ်ပြက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်”ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။

ယင်းဓာတ်ပုံများ ရိုက်ကူးနေစဉ်ကာလကပင် ပုဂံရှိဒေသခံအချို့၏ မကျေနပ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း ဓာတ်ပုံရိုက်ကူးခဲ့သည့် ထက်အောင်ကျော်က ပြောသည်။ “ကျွန်တော်တို့ရိုက်နေတုန်း ဖြတ်သွားဖြတ်လာ လမ်းသွားလမ်းလာတွေက ပြောတယ်။ ဟာ...ပုဂံမှာ ဘယ်လိုလာရိုက်နေလဲ မသိဘူး။ ဒီလိုပုံစံနဲ့ မသင့်တော်ဘူးပေါ့”ဟု ဒေသခံများ၏ ပြောစကားကို ၄င်းကပြန်လည်ပြောကြားသည်။

ပုဂံဘုရားများနှင့် မော်ဒယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်ပေါ်လွင်သော ၀တ်စုံတို့ဖြင့် ရိုက်ကူးခဲ့သော ယင်းဓာတ်ပုံများမတိုင်မီက ရန်ကုန်မြို့၏ အထင်ကရ တန်ခိုးကြီးစေတီတစ်ဆူဖြစ်သည့် ရွှေတိဂုံဘုရားကို နောက်ခံထား၍ စကတ်အတို၊ အကျလည်ဟိုက်တို့ ၀တ်ဆင်ထားသည့် မင်းသမီးတစ်ဦး၏ ဓာတ်ပုံများလည်း ထွက်ပေါ်လာခဲ့သည်။ “သရုပ်မှန်ဓာတ်ပုံဆရာ တစ်ယောက်အနေနဲ့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကျွန်မတို့ရဲ့သာသနိကအဆောက်အအုံတွေနဲ့ တွဲဖက်ရိုက်တာမျိုး ရိုက်ကူးဖြစ်မယ် မထင်ဘူး။ မဂ္ဂဇင်းထုတ်ဝေသူဘက်က တောင်းဆိုလာရင်လည်း ပြောပြညှိနှိုင်းရမှာပေါ့။ ညှိနှိုင်းလို့ မရဘူးဆိုရင်လည်း ဒီအလုပ်ကို လက်မခံရုံပဲရှိတယ်။ အနှစ်ကိုးရာကျော်လောက်က ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဒီလိုပုံတွေ ရိုက်ဖို့က ကျွန်မရဲ့ခံယူချက်၊ အနုပညာ အာရုံဝင်စားမှုနဲ့ ကိုက်ညီမှုမရှိဘူး”ဟု ဓာတ်ပုံဆရာ မလိမ္မာ(မြန်မာစာ)က ပြောသည်။

ပြည်ပအဆိုတော် A Kon ၏ အမ်တီဗီ ဂီတဗီဒီယိုတစ်ခုတွင် ဗုဒ္ဓဆင်းတုတော်များကို မလျော်ကန်သော အသုံးပြုမှုများဖြင့် ထည့်သွင်းရိုက်ကူးထားသောကြောင့် ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံတို့မှ လူထုအချို့၏ အမျက်ဒေါသနှင့် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ ထို့ပြင် ယခုလတ်တလော မြို့ရွာကျေးလက်မကျန် ပရိသတ်အားပေးမှုကို ရရှိနေသည့် လူငယ်အဆိုတော်တစ်ဦး၏ ဗီစီဒီတွင်လည်း ဘုရားပရိဝုဏ်အတွင်း အဆိုတော်နှင့်အတူ တီးဝိုင်းသမားများ ဖိနပ်များစီးလျက် ရိုက်ကူးထားသော ပြကွက်များအပေါ် သတိထားမိသည့် ပရိသတ်များ၏ ဝေဖန်မှုများလည်း ထွက်ပေါ်နေပြန်သည်။

“ ဒါတွေကို စာမျက်နှာပေါ်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ပိုင်ခွင့်က မီဒီယာသမားတွေဆီမှာ ရှိတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတာ ရှိတယ်လေ။ မီဒီယာတွေအပေါ်မှာ ဒါမျိုးတွေ ဖော်ပြလာတာ သဘောမကျဘူး။ အဲဒီအတွက် မီဒီယာသမားတွေမှာ တာဝန်ရှိပါတယ်”ဟု မန္တလေးမြို့ခံ စာကြည့်တိုက်မှူး ဦးအောင်မြင့်ဦးက ပြောသည်။

မီဒီယာအသီးသီးတွင် ဖက်ရှင်ကဏ္ဍအနေဖြင့် သီးသန့်တီထွင် ရိုက်ကူးနေကြသော ဖက်ရှင်အသားပေး ကဏ္ဍများစွာရှိကြပြီး ဖက်ရှင်ဒီဇိုင်းဖန်တီးမှုအပေါ် အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်မှုများ ရှိနေကြသည်။ ယခုဖြစ်ရပ်မှာတော့ ဖက်ရှင်ဒီဇိုင်းဖန်တီးမှု ၀တ်စုံများအပေါ် ဝေဖန်မှုထက် သာသနိကအဆောက်အဦများကို နောက်ခံထားပြီး ရိုက်ကူးခဲ့ခြင်းကြောင့်သာ ဝေဖန်ပြောကြားမှုများ ရှိလာခြင်းဖြစ်သည်။

“ကျွန်မတို့က မွေးကတည်းက ဒီနိုင်ငံမှာ မွေးခဲ့တာဆိုတော့ ဒီဇိုင်းတစ်ခုခုကို လုပ်မယ်လို့ စဉ်းစားမိတဲ့အခါ ဒီနိုင်ငံနဲ့ကိုက်ညီတဲ့ ဒီဇိုင်းကိုပဲဖန်တီးဖို့ စိတ်ကူးမိတယ်။ Antique (ရှေးဟောင်း)ပုံစံ

ရိုက်ချင်ရင် သာသနိကအဆောက်အအုံတွေ မဟုတ်တဲ့ ရှေးဟောင်းမြို့ရိုးတွေနဲ့ ရိုက်လို့ရပါတယ်။ ဒီလိုဘုရားတွေ နောက်ခံထားပြီး ရိုက်မယ်ဆိုရင် လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းတော့ ဖြစ်ရမှာပါ”ဟု မြန်မာဒီဇိုင်နာကလပ်အဖွဲ့ဝင်၊ ပြည်တွင်းပြည်ပ ဖက်ရှင်ရှိုးပွဲများစွာအတွက် ၀တ်စုံများ တီထွင်ချုပ်လုပ်သည့် ဖက်ရှင်ဒီဇိုင်နာ မပုံ့ (My Favourite)က ပြောသည်။

စာပေအမျိုးအစား ခြောက်မျိုးကို စာပေစိစစ်ရေးကို တင်ပြရန်မလိုဘဲ တင်ပြပြီးမှ ထုတ်ဝေသည့်စနစ်(တင်ထုတ်)မှ ထုတ်ဝေပြီးမှ တင်ပြသည့်စနစ်(တင်ထုတ်)သို့ ကူးပြောင်းခဲ့ပြီးနောက် စာပေစိစစ်ရေး တင်ပြစရာမလိုသည့် အမျိုးအစားထဲမှ ဖက်ရှင်အသားပေး စာနယ်ဇင်းများ၌ စာအရေးအသားဖော်ပြမှုများ၊ ဓာတ်ပုံဖော်ပြမှုများအပေါ် ပရိသတ်အချို့ အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့ပြီး အချို့ကလည်း ယင်းဖော်ပြချက်များအပေါ် ကြိုဆိုမှုများ ရှိနေပြန်သည်။ သို့ရာတွင် ဘာသာရေးနှင့် ပတ်သက်သည့် ဖော်ပြချက်များနှင့် ပတ်သက်၍မူ ယင်းသို့မလုပ်ဆောင်သင့်ကြောင်း အများစုက သုံးသပ်ပြောကြားသည်။

ရွှေအမြုတေနှင့် အလင်းတန်းဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက “လွတ်လပ်ခွင့်နဲ့အတူ တာဝန်ယူမှုရှိရမယ်။ လွတ်လပ်စွာရေးသားခွင့် ရှိတယ်ဆိုတိုင်း ရေးချင်တိုင်းရေးမယ်။ စည်းမဲ့ကမ်းမဲ့ တင်ပြချင်တိုင်း တင်ပြမယ်ဆိုရင် တာဝန်ယူမှုဆိုတာ မရှိနိုင်တော့ဘူး။ ကျွန်တော်တို့က အာရှနိုင်ငံသားတွေ ဖြစ်တဲ့အတွက် ယဉ်ကျေးမှုနဲ့ ကိုက်ညီဖို့လိုတယ်။ အရှက်အကြောက်တရား ရှိရမယ်။ ဘုရားပေါ်ကိုတက်ရင် စကတ်နဲ့ မတက်ရဘူးဆိုတာ တကယ်လိုအပ်လို့ ထုတ်ထားတဲ့စည်းကမ်း။ ဘုရားမှာ ကော့လန်ကန်ကားပုံစံ၊ မိဘနဲ့မောင်နှမ

သားအမိ အမြင်မတင့်တယ်တဲ့ ပုံစံမျိုး မလုပ်ရဘူးဆိုတာ မြန်မာဖြစ်ရင် လိုက်နာဖို့လိုတဲ့ လူမှုရေးကျင့်ဝတ်တွေပဲ။ ဒါစာနယ်ဇင်းကျင့်ဝတ်တောင် မဟုတ်ဘူး။ အယ်ဒီတာဆိုတာ မဂ္ဂဇင်းမှာလုပ်လိုက်တဲ့ ကိစ္စတိုင်းမှာ တာဝန်ယူရမယ်။ ကိုယ့်မဂ္ဂဇင်းရောင်းရဖို့ တစ်ခုတည်းကို ကြည့်လို့မရဘူး။ အယ်ဒီတာက စီးပွားရေးသမား မဟုတ်ဘူး။ သူပေးလိုက်တဲ့ မက်ဆေ့ခ်ျမှာ သူ့စေတနာ ပေါ်လွင်နေရမယ်။ ခုတောင် ဒီပြဿနာက ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်နေပြီဆိုတော့ တာဝန်ရှိသူအနေနဲ့ ဖြေရှင်းဖို့လိုတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နေရာဒေသများဖြစ်ပြီး အထူးသဖြင့် ပွင့်လင်းလွတ်လပ်လာသော ယနေ့ကာလမျိုးတွင် မိမိတို့၏ တိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံသားတို့က စံပြုအလေးထား တန်ဖိုးမြှင့်တင်ပေးမှသာ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို တိုင်းတစ်ပါးသားတို့က တန်ဖိုးထား လေးစားတတ်မည်ဖြစ်သည်။

“ဒီပုံတွေကို ပုဂံမှာသွားရိုက်မယ်ဆိုတာတော့ သိတယ်။ ပုဂံရောက်မှ ၀တ်စုံကိုကြည့်တော့ ဗိုက်ပေါ်နေတာတို့၊ ကျောပေါ်နေတာတို့ ဖြစ်နေတာကို တွေ့လိုက်ရတာပါ။ နောက်ဆိုရင်တော့ ကျွန်တော်အတတ်နိုင်ဆုံး ဖက်ရှင်နဲ့ သာသနာ့နယ်မြေနဲ့ မတွဲမိအောင် လုံးဝရှောင်သွားမယ်”ဟု ဓာတ်ပုံများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံထက်အောင်ကျော်က ပြောကြားခဲ့သည်။

“ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း သာသနိကအဆောက်အအုံတွေကို နောက်ခံပြုပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုနဲ့ ဓာတ်ပုံရိုက်ကူးတာကို ခွင့်မပြုပါဘူး။ ဘုရားပရိဝုဏ်အတွင်း စကတ်၊ ဘောင်းဘီမ၀တ်ရ၊ ရင်ဟိုက်၊ လည်ဟိုက်အကျ မ၀တ်ရဆိုတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူထားပါတယ်။ မြန်မာ့ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာအပေါ် နိုင်ငံခြားသားတွေ အထင်မလွဲမှားဖို့ လုံခြုံရေးဝန်ထမ်း အင်အားပေါ်မူတည်ပြီး ဘုရားတွေမှာ လှည့်လည်စစ်ဆေးသွားပါမယ်”ဟု ဦးမျိုးညွန့်က ပြောသည်။

လူမျိုးရှိလျှင် ရိုးရာရှိမည်။ ရိုးရာရှိလျှင် ယဉ်ကျေးမှုရှိမည်။ လူမျိုးတစ်မျိုး၏အဆင့်ကို ၄င်းတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကိုကြည့်၍ သတ်မှတ်ဆုံးဖြတ်ကြသည်သာ ဖြစ်သည်။ လွန်ခဲ့သည့် လေးနှစ်ခန့်က မဲခေါင်ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံရှိ လွန်ပရာဘန်မြို့တော်ကို ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ်စာရင်းမှ ပယ်ဖျက်မခံရရေးအတွက် ယင်းမြို့တော်ဟောင်း ဗဟိုချက်၌ ဟိုတယ်သစ်များ တည်ဆောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။ အခြားသော တိုင်းတစ်ပါးနိုင်ငံများတွင် မိမိတို့ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးအကျိုးအမြတ် ရလိုမှုရှိပါလျက်နှင့်ပင် ငွေကြေးရလိုမှုတစ်ခုတည်း မကြည့်ဘဲ ယဉ်ကျေးမှုအမွေအနှစ်များကို အလေးထား ထိန်းသိမ်းစောင့်ရှောက်နေကြသည်။ မိမိတို့နိုင်ငံတွင် ဘာသာခြား၊ လူမျိုးခြားတို့၏အမြင်၌ မတင့်တယ်သော ၀တ်စားဆင်ယင်မှုများဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို အသုံးချနေခြင်းအား ရှောင်ရှားကြရန် ၀ိုင်းဝန်းထိန်းသိမ်းသွားရမည်သာ ဖြစ်ပါသည်။
ရေးသားသူ- အေးသူစံ

by 7Day News Journal

Saturday, July 28, 2012

မင်းအတွက်


နေပူနေချိန်မှာ
မင်းအတွက် ငါဟာထီးတစ်လက်
ငါ့ကျောပြင်ပူချင်သလောက်ပူ
ငါ့ရင်ခွင်ထဲ မင်းအေးချမ်းနေစေရမယ်....
ဆူးခင်းလမ်းမှာ
မင်းအတွက် ငါဟာဖိနပ်တစ်ဖက်
ငါရင်ခွင်နာကျင်နေပါစေ
မင်းဘေးကင်းနေစေရမယ်....
မလိုအပ်တော့တဲ့အချိန်မှာ
မင်းအတွက် ငါဟာအမှိုက်တစ်ရွက်
သုံးလိုလျှင်သုံးပစ်လိုလျှင်ပစ်
မင်းစိတ်တိုင်ကျဖြစ်စေရမယ်...

ခေတ္တရာသူ

အချစ်ခံစားချက် III

 

ဂရုစိုက်မှု --- အချစ်ကို တာရှည်ခိုင်မြဲစေတယ်
ယုယကြင်နာမှု --- အချစ်ကို ချိုမြိန်စေတယ်
စိတ်ပါဝင်စားမှု --- အချစ်ကို သစ်လွင်၊ ယုံကြည်စေတယ်
စိတ်ချင်းဖလှယ်မှု --- အချစ်ကို နွေးထွေးတောက်ပစေတယ်
စိတ်မှန်ကန်ဖြောင့်မတ်မှု --- အချစ်ကို ပျော်ရွှင်ချမ်းမြေ့စေတယ်  



နိုင်းနိုင်းစနေ

သင်္ကန်း လှူရကျိုး ( ၈ ) ပါး

၁။ ဖြစ်လေရာ ဘ၀၌ ရုပ်ရည်အဆင်း လှပခြင်း၊

၂။ မိမိခန္ဓာကိုယ်ဝယ် ဂျီး မြူ အညစ်အကျေး ကင်းစင်ခြင်း၊

၃။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပ တင့်တယ်ခြင်း၊

၎။ တန်ခိုးသြဇာ အာဏာထက်မြက်၍ မိမိစကားကို နားထောင်လွယ်ခြင်း၊

၅။ မိမိခန္ဓာကိုယ်အသားအရေသည် နုးညံ့ ချောမွေ့နေခြင်း၊

၆။ သန့်ရှင်းဖြူစင်သော အ၀တ်အထည်တို့ကို ရရှိတတ်ခြင်း၊

၇။ ရွှေရောင်တောက်ပသော အ၀တ်အထည်တို့ကို ရရှိတတ်ခြင်း၊

၈။ နီထွေးနူးညံ့သော အ၀တ်အထည်တို့ကို ရရှိခြင်း။
အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် )

Thursday, July 19, 2012

၁၉ဇူလိုင် မေ့မရနိုင်....



ကဲ.. သူငယ်ချင်းတို့ရေ
အာဇာနည်နေ့မတိုင်ခင်က ပိုစ့်လေးတစ်ခု တင်ပေးမလို့ လိုင်းကမကောင်းတာနဲ့ မတင်လိုက်နိုင်ဘူးဗျာ. ဒါကြောင့် ဆိုက်ကိုဘဲ ပြင်ဆင်ပြီးတော့ အာဇာနည်နေ့အခမ်းအနားလေးအဖြစ် ပြုလုပ်လိုက်ရပါတယ်.

Monday, July 16, 2012

Android နှင့် ပတ်သက်သမျှ


Photo 
 

Android open source operating system နဲ့ ပတ်သက်သမျှ သတင်းတွေ၊ အကြောင်းအရာတွေကို  စုံလင်စွာ ဖော်ပြပေးထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။

Acer Aconia A511



Photo
Acer Aconia A511 ကတော့ Olympic Series ဖြစ်ပြီး Android 4.0 နဲ့ ဖြစ်ပါတယ်။ 

Samsung နှင့် HTC Android OS ဖုန်းများ ပါဝါသေခြင်းအတွက် ဆော့ဖ်ဝဲ အသစ် ပြန်ရေးခြင်းများ ပြုလုပ်နိုင်

ဈေးကွက်အတွင်းတွင် လူသုံးများလျက်ရှိသော Android OS ဖုန်းများ ဖြစ်သည့် Samsung နှင့် HTC ဖုန်းများအတွက် ဖုန်းပါဝါ သေသွားခြင်းနှင့်  ဖုန်းတွင်း Firmware စနစ်များပျက် စီးသွားခြင်းတို့အတွက် Firmware အသစ် ပြန်လည် ရေးသားခြင်းများအား ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Ubuntu OS ပေါ်မှာ k3b Burner Application ကို ထည့်သွင်း အသုံးပြုပုံ



Photo
Ubuntu OS အသုံးပြုသူတွေ Ubuntu OS ပေါ်မှာ CD, DVD အစရှိတာတွေကို ကူးယူချင်သူတွေ၊ ဖန်တီးပြုလုပ်ချင်သူတွေ အတွက် Ubuntu OS ပေါ်မှာ အသုံးပြုနိုင်မယ့်  Burning Software ဖြစ်တဲ့ k3b ဆိုတဲ့ DVD/CD Video Burner ဆိုတဲ့ Application တစ်ခု ရှိပါတယ်။

Ubuntu OS ပေါ်တွင် Pidgin Internet Messenger ကို ထည့်သွင်း အသုံးပြုပုံ



Photo
Ubuntu OS အသုံးပြုသူများအတွက် Facebook, Gtalk, AIM, IRC, Yahoo အစရှိတဲ့ Chat တွေကို အသုံးပြုမယ်ဆိုရင် Pidgin Internet Messenger  ကို ထည့်သွင်းထားရုံနဲ့ Universal အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကွန်ပျူတာဖြင့် ဂီတကို ဖန်တီးခြင်း သို့မဟုတ် Music Maker

ဂီတဖန်တီးမှုနဲ့ ပတ်သက်တဲ့ Software တွေ အတော်များများ ထုတ်လုပ်လာကြတဲ့ အထဲမှာ  Magix Music Maker ဆိုတဲ့ Software အကြောင်း အသေးစိတ် ပြုစုတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

Panasonic HS-80



Photo
ပြည်တွင်း ဈေးကွက်ထဲကို အသစ်ရောက်ရှိလာတဲ့ Panasonic အမှတ်တံဆိပ် Full HD Camcorder ဖြစ်ပါတယ်။  Internal Memory 80GB ပါဝင်ပါတယ်။

PSP Pro Speaker System



Photo
PSP/ PSP 2000/ PSP 3000 ဂိမ်းစက်တွေ အားလုံးနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် Pro Speaker System ဖြစ်ပါတယ်။ 

လျင်မြန်သည့် SanDisk USB flash drive နှင့် microSDHC card



Photo
SanDisk က USB 3.0 နှင့် သုံးနိုင်မည့် Extreme USB flash drive ကို စင်ကာပူနိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည်။  ကမ္ဘာ့အလျင်မြန်ဆုံးဟု ကုမ္ပဏီက အမွှမ်းတင်ထားသည့် အဆိုပါ USB 3.0 flash drive သည် USB 2.0 ထက် ဆယ်ဆလျင်မြန်သည့်နှုန်းဖြင့် ဖိုင်များကို လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။

လစဉ်အောင်ဘာလေ ထီပေါက်မပေါက် Call Center သို့ ဖုန်းဆက် မေးမြန်းနိုင်

အောင်ဘာလေထီပေါက်စဉ် တိုက်ပေးခြင်းကို Call Center မှ လစဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။  www.myanmarelottery.com ဝက်ဘ်ဆိုက်လိပ်စာမှ တစ်ဆင့် အောင်ဘာလေ ထီတိုက်ပေးခြင်းကို ဆောင်ရွက်ပေးလျှက် ရှိကြောင်း သိရသည်။

အားလုံးသို့......

ကဲ... ဘော်ဒါတို့ရေ ကျွန်တော်လည်း ၁ရက်နေ့ကစလို့ ခရီးတွေသွားနေရတာ အခုဆိုလတစ်ဝက်ကျိုးပြီ... ပထမတစ်ပတ်လုံး ရန်ကုန်မှာ ပြန်ရောက်ပြီး မကြာပါဘူး မုံရွာဘက်မှာ အဖိုးရဲ့ အမျိုးတွေရှိတဲ့ရွာမှာ အလှူလုပ်မှာ မို့လို့လိုက်သွားနေရတာနဲ့ ပိုစ့်ကို မတင်ဖြစ်ဘူးဗျာ..

Saturday, July 7, 2012

တကမ္ဘာလုံးက ဖုန်းအချင်းချင်း ပိုက်ဆံမကုန်ဘဲ Phone ခေါ်ကြမယ်. (Viber)

ဤပိုစ့်အား ရေးသားဖော်ပြပေးပါသော ကို ညီနေမင်းကို အထူး ကျေးဇူးတင်ရှိပါသည်...



 ကျွန်တော်တို့အနေနဲ့ ဖုန်းတွေ အသီးသီး ရှိကြတယ်ဗျာ. ဖုန်းခေါ်ဆိုခတွေ အရမ်းများတယ်။ အဲ့တော့ ပိုက်ဆံမကုန်အောင် ဖုန်းပြောတာတို့၊ မြန်မာလို chat တာတို့၊ message ပို့တာတို့ မလုပ်ချင်ဘူးလား။ အင်တာနက်ခက တစ်မိနစ်မှ 2 ကျပ်လား 20 လား ပေးရတာပါ။ တန်ပါတယ်။ အဲ့လိုခေါ်ချင်ရင်တော့  အောက်က အချက်တွေနဲ့ ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။

Belkin အမှတ်တံဆိပ် Retractable Mouse



Photo
Belkin အမှတ်တံဆိပ် USB ပို့နှင့် Retractable  Mouse  ဖြစ်ပါတယ်။

iDevice များဖြင့် သံစဉ်များကို သိမ်းဆည်းနိုင်မည့် Fantastic Music TooLing



Photo
Plays Plus အမှတ်တံဆိပ်ဖြင့် Fantastic Music Tooling ကတော့ ဂစ်တာဖြင့် တီးခတ်သည့် သံစဉ်များကို iDevice များထဲသို့ တိုက်ရိုက် သိမ်းဆည်းနိုင်တဲ့ ပစ္စည်းလေး ဖြစ်ပါတယ်။ 

ARC (Audio Return Channel) Technology



Photo
ဒီနည်းပညာက တီဗွီရဲ့ စပီကာက ထုတ်လိုက်တဲ့ အသံကို ကြိုးတစ်ချောင်းထဲ အသုံးပြုပြီး Home Theater System ကနေတစ်ဆင့် ပြန်ထုတ်ပေးတဲ့ စနစ် ဖြစ်ပါတယ်။

Buffalo 1TB External Hard Disk Drive



Photo
Buffalo  အမှတ်တံဆိပ် External  Hard  Disk  Drive  ဖြစ်ပြီး သိုလှောင်မှုပမာဏ 1TB(1000GB)  ရှိပါတယ်။  မြန်နှုန်းမြင့် USB 3.0 interface အမျိုးအစားဖြစ်ပြီး USB 3.0 ဖြင့် အသုံးပြုမယ်ဆိုရင်တော့ အချက်အလက်တွေကို 5Gbps အမြန်နှုန်းနဲ့ ကူးပေးနိုင်မှာဖြစ်ပါတယ်။ USB 2.0 ဖြင့်လည်း အသုံးပြုနိုင်မှာဖြစ်ပြီး ပါဝါသီးခြားပေးစရာ မလိုပါဘူး။ Windows  PC  နဲ့  Mac နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး မိမိတို့ရဲ့ သီချင်း၊ ဗီဒီယိုနဲ့ ဖိုင်တွေကို သိုလှောင်ထားနိုင်မှာ  ဖြစ်ပါတယ်။

Nearby feature ကို Facebook ဖယ်ရှားခဲ့



Photo
Facebook  ကို မိုဘိုင်း ထုတ်ကုန်များဖြင့် အသုံးပြုသူများမှ အနီးအနားရှိ Facebook  အသုံးပြုသူ သူငယ်ချင်းများနှင့် သူငယ်ချင်း မဟုတ်သူများကိုပါ ရှာဖွေနိုင်စေမည့် အငြင်းပွားဖွယ် feature တစ်ခုကို Facebook မှ ဖယ်ရှားခဲ့ကြောင်း  သိရသည်။

Sony Vaio T13112FXS



Photo
ဂိမ်းကစားတဲ့ သူတွေ အနေနဲ့ ရွေးချယ် အသုံးပြုနိုင်မယ့် Gaming Laptop တစ်မျိုးဖြစ်ပါတယ်။  Laptop မှာ Microsoft Windows 7 Home Premium 64-bit Edition Operating System ကို အသုံးပြုထားပါတယ်။

Back up Battery အမျိုးမျိုး ဝင်ရောက်



Photo
ကျော်ဗေလုဝ ဗီဒီယိုစတိုးနှင့် မိုဘိုင်းအရောင်းစင်တာကို Smart မိုဘိုင်းဖုန်း အမျိုးမျိုးအတွက် Back up Battery အမျိုးမျိုး ဝင်ရောက်လာပါတယ်။ 

SAMSUNG Galaxy ACE နှင့် SONY Ericsson WT (19i) ဟန်းဆက်များ Android 4.0 ဗားရှင်း မြှင့်တင်နိုင်ပြီဟုဆို



Photo
GSM/WCDMA စနစ်သုံး ဟန်းဆက်တွေဖြစ်တဲ့ Sony Ericsson WT (19i) နှင့် SAMSUNG Galaxy ACE တွေကို ယခင်ဗားရှင်း 2.3.4 ကနေ နောက်ဆုံးထွက် ဗားရှင်း Android 4.0 သို့မြှင့်တင်နိုင်ပြီ ဖြစ်ကြောင်း  သိရသည်။

ပုဂ္ဂလိက ကုမ္ပဏီတချို့တွင် ဝန်ထမ်းလစာများအား ငွေစက္ကူအစား ATM ကတ်စနစ်ဖြင့် ပြောင်းလဲပေး

ပုဂ္ဂလိကကုမ္ပဏီတချို့တွင် မိမိတို့၏ ဝန်ထမ်းများအား လစာငွေစက္ကူအစား ATM ကတ်စနစ်ဖြင့် ပြောင်းလဲပေးလျက် ရှိသည်ဟု သိရသည်။

NQ Mobile Security & Antivirus



Photo

NQ Mobile Security & Antivirus ဆိုတဲ့ Application ကတော့ Android OS အသုံးပြုသူတွေအတွက် Virus အန္တရာယ်ကို ကာကွယ်ရန်နဲ့ အင်တာနက် အသုံးပြုတဲ့ အချိန်မှာ Operating System နဲ့ အချက်အလက်တွေကို အနှောက်အယှက် ဖြစ်စေမယ့် မကောင်းတဲ့ Code  တွေ ဝင်ရောက်နိုင်ခြင်း မရှိစေရန် တားဆီး ပေးနိုင်မယ့် Application ဖြစ်ပါတယ်။

My Excel

Photo

My Excel ဆိုတဲ့ Application ကတော့ Android အသုံးပြုသူတွေ အတွက် Microsoft Excel ကို Android OS ပေါ်မှာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ Application ဖြစ်ပါတယ်။

REGISTRY WASHER



Photo
ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေထဲမှာ ကွန်ပျူတာစနစ်ကို ပြုပြင်ထိန်းသိမ်းပေးမယ့် ဆော့ဖ်ဝဲလ်အရေအတွက်  များပြားစွာ ရှိနေတာကို သတိပြုမိကြပါလိမ့်မယ်။

Bluestacks ပရိုဂရမ်ကို အသုံးပြု၍ Apple Mac ပေါ်၌ Android App များကို သုံးစွဲနိုင်တော့မည်

လက်ရှိအချိန်၌ Android OS သုံးစွဲ၍ အလုပ်လုပ်သော စမတ်ဖုန်း ပိုင်ရှင်များ အနေဖြင့် နှစ်သက်သော Application များကို Apple Mac ကွန်ပျူတာပေါ်၌ သုံးစွဲနိုင်ရန် ရောင်နီသမ်းလာပြီ ဖြစ်ပေသည်။

HP Pavilion G4



Photo
HP Pavilion G4 Laptop ကတော့ AMD Quad-Core A 6-3420 M-1.5GHz Processor ကို  တပ်ဆင်အသုံးပြုထားပြီး Memory ကတော့ 4GB DDR3 ပါရှိပါတယ်။

Dell XPS 13 Ultrabook



Photo
Dell XPS 13 Ultrabook ကတော့ Intel Core i5-2467 Processor နဲ့ဖြစ်ပြီး  1.6 GHz နှုန်းနဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။

Friday, July 6, 2012

GParted Partition Editor ကို Ubuntu OS ပေါ်တွင် ထည့်သွင်းပုံ



Photo
GParted Partition Editor ကတော့ Ubuntu OS နဲ့ ဆက်စပ်ပြီးသုံးနေတဲ့ Drive တွေ OS တွေရှိတဲ့  Drive ပေါ် Partition တွေကို စီမံခန့်ခွဲပြီး အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ Application ဖြစ်ပါတယ်။

ဖုန်းဘက်ထရီအား ချွေတာဖို့

(Optimizing Battery Life) Wi-Fi Bluetooth နဲ့ GPS တွေကို အသုံးမလိုဘူးဆိုရင် ပိတ်ထားလိုက်ပါ။  ဘာကြောင့်လဲဆိုတော့ အဲဒီအရာတွေဟာ ဘက်ထရီအား တော်တော်ဆွဲလို့ပါပဲ။ အဲဒါတွေကို ပိတ်ချင်တယ်ဆိုရင် ဖုန်းရဲ့ Home screen အနေအထားမှာ လိုက်ကာကလေးလို ဆွဲချလို့ရတဲ့ Notifications screen ပေါ်မှာ အလွယ်တကူ ပိတ်လို့ရသလို Wireless & network နဲ့ Location & Security settings တွေထဲဝင်ပြီး ပိတ်နိုင်ပါတယ်။
 

Window 8 upgrade များကို ကန်ဒေါ်လာ ၄၀ နီးပါးဖြင့် မိုက်ခရိုဆော့ဖ်က ရောင်းချပေးမည်



Photo
ဆော့ဖ်ဝဲကုမ္ပဏီ မိုက်ခရိုဆော့ဖ်သည် အသစ်ထွက်ရှိလာသည့် Window 8 ပရိုကို ကန်ဒေါ်လာ ၄၀ နီးပါးဖြင့် ယခုနှစ် မကုန်မီ ရောင်းချပေးသွားမည် ဖြစ်ကြောင်း အတည်ပြု  ပြောကြားလိုက်သည်။

သုံးဖက်ရုပ်ကြွ 3D မြေပုံပါဝင်သော Google Earth 7.0 က Android ပလတ်ဖောင်းအတွက် ထုတ်လုပ်



Photo
ကမ္ဘာတစ်ဝန်းရှိ နေရာဒေသအသီးသီး၏  ပထဝီမြေပြင် အနေအထားကို သုံးဖက်ရုပ်ကြွ 3D ပုံရိပ်များဖြင့် အသေးစိတ် လေ့လာမှတ်သားနိုင်မည့် Google Earth 7.0 ကို Android ပလတ်ဖောင်း သုံးစွဲသူများအတွက်  ရည်ရွယ်လျက် Google မှ ထုတ်လုပ်ပေးလိုက်ကြောင်း သိရှိရသည်။

IT Business Plan Contest 2012 တွင် နိုင်ငံခြား အမှတ်ပေးဒိုင်များ အကဲဖြတ်ပေးမည်

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် ဂျပန်နိုင်ငံ CIESE တို့ ပူးပေါင်း၍ IT Industry ဖွံ့ဖြိုး တိုးတက်ရေးအတွက် IT Business Plan 2012 ပြိုင်ပွဲတွင် နိုင်ငံခြား အမှတ်ပေး အကဲဖြတ်ဒိုင်များ အမှတ်ပေး အကဲဖြတ်ပေးမည်ဟု သိရသည်။ 

Sunday, July 1, 2012

အလုပ်နေရာ တည်တန့် ခိုင်မြဲစေသောယတြာ

တစ်နေ့သ၌ ကျွန်ုပ်သည် အင်မတန်ကျဉ်းမြောင်းလှသော ကျွန်ုပ်၏ အခန်းကျဉ်းကလေးထဲတွင် သန့်ရှင်းရေး ပြုလုပ်နေ၏။ အမှန်အတိုင်း ပြောဆိုရပါမူ ကျွန်ုပ် ထိုင်းနိုင်ငံတွင် ငှားရမ်းနေထိုင်သော အခန်းကလေး သည် အင်မတိအင်မတန်ကို ကျဉ်းလွန်းလှတော့၏။ မည်မျှလောက် ကျဉ်းသနည်းမူ အခန်းလေးထဲတွင် လူဆယ်ယောက် ကောင်းကောင်းထိုင်လို့ မရလောက်အောင် ကျဉ်းလှ၏။

ဘယ်နေ့ အိမ်အသစ် စတင်ဆောက်ရင် ကောင်းမလဲ...

မိတ်ဆွေများခင်ဗျာ...

သင်ဟာ ကိုယ်ပိုင် အိမ်တစ်လုံး ဆောက်မယ် ဆိုရင် ဘယ်နေ့ ဘယ်ရက်မှာ စတင်ပြီး အိမ်ပန္နက်ချမလဲ။ ဘယ်နေ့မှာ စတင်ပြီး ဆောက်သင့်လဲ ဆိုတာကို သိချင်တယ် ဆိုရင်တော့ အကောင်းဆုံး နီးစပ်ရာဗေဒင်ဆရာ တစ်ဦးဦးထံမှာ သွားရောက်ပြီး တိုင်ပင်ဆွေးနွေးလိုက်တာ ကောင်းပါတယ်။ အဲဒါဆိုရင် ပြည့်ပြည့်စုံစုံ ပြောပြဆိုပြပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ အိမ်ဆောက်တာနဲ့ ပါတ်သက်လို့ အလွယ်တကူ ရွေးချယ်ချင်တယ် ၊ ရက်ရာဇာ ပြဿဒါး ရွေးချယ်ရုံလောက်နဲ့ မလုံလောက်ဘူးဆိုရင်တော့ ဒီမြန်မာရိုးရာ ဗေဒင်ပညာ နည်းစနစ် တစ်ခုကို တင်ပြပေးလိုက်ပါတယ်။

လွတ်လပ်ပျော်ရွှင် အောင်ပွဲဝင် (ပညာရေးယတြာ)

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ အင်မတန် အကြောက်ကြီးသော အမတန် လန့်တတ်သော ဒေါ်သတ္တိဟု အမည်ရသော အမျိုးသမီးကြီး တစ်ဦးသည် ကျွန်ုပ်အား အော်ကြီးဟစ်ကျယ် နှုတ်ဆက်ကာ ၀င်ရောက်လာလေ၏။

အမည်သိရုံမျှဖြင့် ကံကောင်းအောင် ဘေးလွတ်အောင် ယတြာချေခြင်း

ဒီယတြာနည်းက မွေးနေ့တွေ မွေးလတွေ မွေးသက္ကရာဇ်တွေ မွေဂဏန်းတွေ လုံးဝ သိစရာမလိုပါဘူး။ အမည်တစ်ခုကို ကြည့်လိုက်တာနဲ့ ဘယ်လို ယတြာချေလို့ ရမလဲဆိုတာကို သိတဲ့နည်း ဖြစ်ပါတယ်။ နောက်ပြီး ထာဝရယတြာလို့တောင် ခေါ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီယတြာနည်း အတိုင်း ဘ၀တစ်သက်တာလုံး အမြဲတမ်း ဆောင်ရွက်သွားလို့ ရလို့ပါ။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်ကာလပဲ ဖြစ်ဖြစ် မကြာခနဆိုသလို ဆောင်ရွက်ပေးခြင်းအားဖြင့် မိမိတို့ရဲ့ ကံဇာတာတွေက မြင့်မားလာမယ်။ တိုးတက်လာမယ်။ အောင်မြင်လာမယ်။ အညံ့တွေ အဆိုးတွေ အခိုက်တွေက ကင်းဝေးလာမယ်။ ကင်းစင်လွင့်ပ လာမယ်။

၂၀၁၂ - ခု ဇူလိုင်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account