Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 29, 2012

စံမြန်မာ Version 2.5 ကို အခမဲ့ ရယူသုံးစွဲနိုင်

စံမြန်မာ Version 2.5 အား မည်သူမဆို ဒေါင်းလုတ်ဆွဲ၍ အခမဲ့ သုံးစွဲနိုင်ရန် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင် ဖြန့်ဝေလိုက်ကြောင်း သိရသည်။  “ဒီစနစ်မှာ ဇော်ဂျီကုဒ်ပြောင်းစနစ် ပါရှိတာကြောင့် ဇော်ဂျီ သုံးစွဲသူများအတွက် အထူး အဆင်ပြေစေပါတယ်။
စံမြန်မာဖြင့် ရိုက်သော်လည်း ဇော်ဂျီ  ကုဒ်နှိပ်ထားရင် G-talk, Facebook, Email နှင့် Internet တွေမှာ အများဆုံး သုံးနေသော ဇော်ဂျီကုဒ်အတိုင်းဖြစ်၍ မိမိဆက်သွယ်မှုများနှင့် လက်ရှိ ဇော်ဂျီစနစ်ကိုလည်း ထိခိုက် ပြောင်းလဲမှာ မဟုတ်ပါဘူး။ ရိုက်နည်း အနည်းငယ် ပြောင်းလဲသော်လည်း ဇော်ဂျီရိုက်နည်းအတိုင်း စာလုံးပေါင်းပြီးတိုင်း Space Bar တစ်ချက်ပုတ်ကာ စာလုံးရွေးခြင်း၊ သို့မဟုတ် မိမိနှစ်သက်ရာ စာလုံးနံပါတ်ကို ရွေးချယ်နိုင်ပါတယ်။ လက်ရှိစနစ်တွေနဲ့ မတူတဲ့ အချက်တွေကတော့ ရရစ်အမျိုးမျိုး =j တစ်ခုတည်းသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ အောက်ကမြစ်အမျိုးမျိုး = h၊ တစ်ချောင်းငင် အတိုအရှည်= k၊ နှစ်ချောင်းငင်အတိုအရှည်= i၊ ရေးချမောက်ချ = M။ ဤစနစ်ဖြင့် ရိုက်မယ်ဆိုရင် ရိုက်ခါစ အနည်းငယ် ပြန်လေ့ကျင့်ရမှာ ဖြစ်သော်လည်း၊ အကျင့်ဖြစ်သွားရင် ယခင်ထက် ပိုမြန်ဆန်မည်ဖြစ်ပြီး၊ အတိုကောက်နှင့် သုံးနေကျ အမေးအဖြေများကို ရိုက်စရာမလိုဘဲ ချက်ခြင်း၊ တစ်ခုတည်းဖြင့် သုံးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ၊ တစ်ခုသာ နှိပ်၍ “ဘယ်လိုလဲ” “နေကောင်းလား” စသည့် မေးခွန်းများစွာ ရနိုင်သလို တစ်ချက်ရိုက်၍ “ဘာမှမဟုတ်ဘူး” “အဆင်ပြေပါတယ်” စသည့် ဝေါဟာရများအပြင် အခြားဝေါဟာရပေါင်း ၄၀,၀၀၀ ကျော် ထည့်သွင်းပါသည်။ ဥပမာ ရုံးသုံးစာကြောင်းအတွက် “အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍” ဟူသော စာကြောင်းကို “အထပ၊ အကအရ၊ န၊ ပသရ” ရိုက်ရုံနှင့် ရရှိမှာ ဖြစ်ပါတယ်။ စံမြန်မာကုဒ်မှ ဇော်ဂျီကုဒ်ကို ပြောင်းပေးခြင်းကြောင့် ရရစ်များ အောက်ကမြစ်များ လွဲခြင်း၊ စောင်းခြင်း မရှိတော့ဘဲ စာလုံးတိုင်း မှန်ကန် တည့်မတ်စွာ ရရှိနိုင်မှာ ဖြစ်သလို သတ်ပုံလည်း မှန်ကန်လာမှာ ဖြစ်ပါတယ်။ ရိုက်ရခက်သော စာလုံးဆင့်များတွင် ကကြီးရိုက်ပြီး ခကွေး ဆက်ရိုက်လျှင် က္ခစာလုံးဆင့်ရပါတယ်။ သို့သော် အတိုကောက်နှင့် ရိုက်လျှင် ပို၍ လွယ်ကူပါတယ်။ ဥပမာ စက ရိုက်၍ စက္ကူ၊ မတ ရိုက်၍ မိတ္တူ၊  တရဆ ရိုက်၍ တိရိစ္ဆာန်စသဖြင့် လျင်မြန် လွယ်ကူသည့်အပြင် သတ်ပုံပါ မှန်ကန်စွာရမှာ ဖြစ်ပါတယ်” စံမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
သင်ကာစ မကျွမ်းကျင်သူများလည်း အလွယ်တကူ သင်ယူနိုင်မည်  ဖြစ်သလို လုံးဝ မရိုက်တတ်သူများ အနေဖြင့် ကကြီးတစ်လုံး နှိပ်ပြီး အောက်မျှားဖြင့် မိမိသုံးလိုသော စာလုံးကို ရိုက်ယူနိုင်ကြောင်း သိရသည်။ Shift+U = ကျွန်တော်၊ Shift+C = ခင်ဗျား၊ Shift+O = သူ၊ Shift+R = မင်း၊ Shift+U+C= ကျွန်တော်နဲ့ခင်ဗျား၊ Shift+R+I = မင်းနဲ့ငါ အစရှိသည့် နာမ်စားများ အလွယ်တကူ ရိုက်နိုင်မည် ဖြစ်သည်။ စံမြန်မာဖြင့် ရိုက်ရာတွင် အဆိုပါ ဝေါဟာရ အတိုကောက်များ သုံးတတ်လာပါက ပိုပြီး မြန်ဆန်ကာ စာလုံးသတ်ပုံများပါ သေသပ်လှပစွာ ရရှိမည် ဖြစ်သည်ဟု ဆိုသည်။ ချက်တင်ရိုက်သူများအတွက် လွယ်ကူမြန်ဆန်သောစနစ် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စနစ်တွင် အင်္ဂလိပ်စာနှင့်  မြန်မာစာ တပြိုင်တည်း တွဲရိုက်နိုင်မည် ဖြစ်သည်။ အင်္ဂလိပ်မြန်မာ အဘိဓာန်ကိုလည်း ထည့်သွင်းထားသည့်အတွက် မိမိမသိသော အင်္ဂလိပ်ဝေါဟာရများကို အချိန်မရွေး ရှာဖွေ အသုံးပြုနိုင်ကြောင်း သိရသည်။ www.sanmyanmar.com မှ မည်သူမဆို ဒေါင်းလုတ်ဆွဲပြီး အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ စနစ်ထည့်သွင်းပြီးပါက Sanmyanmar Register Tool ဖွင့်၍ code တွင် "SANMYANMAR" ဟု ရိုက်သွင်း၍ မှတ်ပုံတင်ရမည် ဖြစ်သည်။ sanmyanmar 2.5 သည် စံမြန်မာစနစ်သာ အသုံးပြုသူများအတွက် ဖြစ်ပြီး Sanmyanmar 2.5 (Zaw) သည် ဇော်ဂျီစနစ် အသုံးပြုသူများအတွက် ဇော်ဂျီကုဒ်ပြောင်းစနစ် ထည့်သွင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ကိုအောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account