Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 29, 2012

ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းမှ အများပြည်သူများ တရားဓမ္မ နာကြားနိုင်ရန် ဝက်ဘ်ဆိုက်လွှင့်တင်



Photo
တရားစာအုပ်များနှင့် တရားခွေများကို ရရှိရန် အခက်အခဲရှိသော နေရာဒေသများမှ အများပြည်သူများ တရားတော်များကို အလွယ်တကူ နာယူနိုင်ရန်နှင့်  တရားစာအုပ်များကို ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ထားကြောင်း ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းမှ သိရသည်။
အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာမှာ www.dhammayoungchi.com ဖြစ်ပြီး ဝက်ဘ်ဆိုက်တွင် ဓမ္မရောင်ခြည်မှ ပြုလုပ် ကျင်းပလျက်ရှိသော  ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးမှု (စနေ၊ တနင်္ဂနွေ) အပတ်စဉ် သင်တန်းများ၊ ဗုဒ္ဓဘာသာ လူငယ်  ယဉ်ကျေးမှု နည်းပြသင်တန်းများ၊ စနေနေ့တိုင်း  ပြုလုပ်လျက်ရှိသော ယဉ်ကျေးလိမ္မာကလေး တရားပွဲများ၊ ၄ လတစ်ကြိမ် သွေးလှူဒါန်းပွဲများ စသော ဓမ္မရောင်ခြည်လုပ်ငန်းစဉ်နှင့် ပတ်သက်သော သတင်းများနှင့် အခြားသော အမျိုး၊ ဘာသာ၊ သာသနာ လှုပ်ရှားမှုသတင်းများကို ဖော်ပြထားရှိသည်။ ထို့အပြင် ဆရာတော်များ၏ တရားတော်များကို နာယူနိုင်ခြင်း၊ တရားစာအုပ်များကို ဖတ်ရှုခြင်းများကို ပြုလုပ်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။ စမ်းသပ် ဆောင်ရွက်ဆဲ ဖြစ်သောကြောင့် လိုအပ်သည်များကို အကြံပြုလိုပါက ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်း၊ သိမ်ကြီးဈေး (စီ) ရုံ၊ အဆောင် ၄-ပထပ်၊ ဖုန်း-၃၈၂၉၃၅၊ Email:dhammayoungchi6@gmail.com, www.facebook.com/dhammayoungchi သို့ ဆက်သွယ်နိုင်သည်။

စိုးမြင့်ထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account