
Java, symbian, iOS များတွင် ထည့်သွင်း အသုံးပြုနိုင်သည့် ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်သစ် ထွက်ရှိကြောင်း Yangon Directory Group မှ သိရသည်။
ယခင်က Android OS များတွင်သာ အသုံးပြုနိုင်ခဲ့ပြီး ယခု မိုဘိုင်းဖုန်း အသုံးပြုသူတိုင်း အသုံးပြုနိုင်ရန်အတွက် Java, Symbian, iOS များတွင် ထည့်သွင်းနိုင်သည့် ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်များကို ရေးသားထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ Android OS သုံး ဖုန်းအမျိုးအစား၊ Java OS သုံး ဖုန်းများနှင့် Symbian OS သုံး Nokia ဖုန်းများ၊ iPhone များတွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။အဆိုပါ လမ်းညွှန်စနစ် ဆော့ဖ်ဝဲတွင် မိမိရှာဖွေလိုသည့် လုပ်ငန်းများကို မိုဘိုင်းဖုန်းများဖြင့် အလွယ်တကူ တိုက်ရိုက် ရှာဖွေနိုင်စေရန် ရည်ရွယ်၍ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းအသုံးပြုသူတိုင်း ထည့်သွင်း အသုံးပြုနိုင်ရန်အတွက် မိုဘိုင်းဖုန်း အရောင်းဆိုင်များ၊ ကွန်ပျူတာ အရောင်းဆိုင်များတွင် ဖြန့်ချိပေးထားမည် ဖြစ်ပြီး ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန် Website တွင်လည်း အခမဲ့ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
မိုးသူ
0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)