Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 29, 2012

သမ္မတကြီးရဲ့ ဆံပင်တွေကလည်း အနော့်ဆံပင်တွေလိုပါပဲ


ဓာတ်ပုံထဲက ကောင်လေးနာမည်ကတော့ Jacob Philadelphia ပါ။ ငါးနှစ်အရွယ်ကလေးငယ်လေး တစ်ဦးဖြစ်ပါတယ်။ ဖခင်မရိန်းတပ်ဖွဲ့ဝင်ရဲ့ အိမ်ဖြူတော်တာဝန်ပြီးဆုံးလို့ မပြောင်းရွှေ့ခင်မှာ မိသားစုဟာ သမ္မတနဲ့ နှုတ်ဆက်တွေ့ဆုံပွဲမှာပေါ့။ အိမ်ဖြူတော်မှာ သမ္မတကြီးကိုတွေ့တော့၊ Jacob လေးက သမ္မတကြီးကို တိုးတိုးလေးပြောလိုက်တယ်။

"ကျနော့်ရဲ့ ဆံပင်တွေက သမ္မတကြီးလိုပဲလားဆိုတာ သိချင်လိုက်တာ ခင်ဗျာ။" သမ္မတကြီးက နောက်တစ်ခေါက် ထပ်ပြောဖို့ ပြောတယ်။ Jacob က ထပ်ပြောလိုက်တော့ သမ္မတအိုဘားမားက အခုလို ပြန်ဖြေပါတယ်။
"သားကိုယ်တိုင် လက်နဲ့ ထိပြီး စစ်ကြည့်လိုက်ပါလား။"
၅ နှစ် အရွယ် ဂျက်ကော့လေးဟာ သူ့ရဲ့ ဆံပင်နဲ့ သမ္မတကြီးရဲ့ ဆံပင်တွေဟာ အတူတူပဲလားဆိုတာ ကိုယ်တိုင်စမ်းသပ်ကြည့်နေပုံ
သမ္မတကြီးက အားတုံ့အားနာ ဖြစ်နေတဲ့ သူငယ်လေး Jacob ဆီကို သူ့ရဲ့ခေါင်းကို နှိမ့်ချပေးလိုက်တယ်။
"ထိကြည့်လိုက်ပါ ကိုယ့်လူရ" လို့ သမ္မတအိုဘားမားက ပြောလိုက်တယ်။
Jacob လေးဟာ နိုင်ငံတော် သမ္မတကြီးရဲ့ ဦးခေါင်းကို ဖွဖွလေး ပုတ်ပြီး ကိုင်စမ်းကြည့်လိုက်ပါတယ်။ "ကဲ သား အခုဘယ်လို ထင်လဲ" လို့ သမ္မတကြီးက မေးလိုက်တာပါ။
"ဟုတ်ကဲ့ အတူတူပဲလို့ ခံစားရပါတယ်။" Jacob က ပြန်ဖြေခဲ့တယ်။
ဒီနေရာမှာ ထူးထူးထွေထွေ စဉ်စားစရာ မလိုဘဲ သိနိုင်တာကတော့ "ဟ သမ္မတကြီးဆိုတာဟာလည်း ကိုယ်လို၊ သူလိုပါပဲလား။ ငါလည်း တနေ့ကျရင် ဒီ အိမ်ဖြူတော်မှာ နိုင်ငံတော် သမ္မတကြီး ဖြစ်လာနိုင်တာပဲ" လို့ ဒီကလေးက တွေးနေမှာ ဆိုတာကိုပါပဲ။
ဒါကို တချို့က ရိုသေလေးစားမှု မရှိတဲ့ အပြုအမူလို့ မြင်ကောင်း မြင်နိုင်ပေမဲ့၊ ဒီလိုအချိန်မျိုးလေးတွေကို သင်ကိုယ်တိုင် ကြုံလာခဲ့ရင် ကလေးငယ်လေးတွေရဲ့ စိတ်ဓာတ် ယုံကြည်ချက်ကို မြှင့်တင်ပေးဖို့ အတွက် ဒါမျိုးလုပ်ဖို့ ထိုက်တန်တယ်ဆိုတာ သင့်ကို ဒီဖြစ်ရပ်လေးက သတိရစေမှာပါ။
အိုဘားမားရဲ့ အကြံပေးပုဂ္ဂိုလ် David Axelrod ရဲ့ ရုံးခန်းမှာ၊ Jacob တို့မိသားစုရဲ့ ဧည့်ခန်းမှာ၊ အခြားသော နေရာများစွာမှာလည်း ချိတ်ဆွဲထားတဲ့ ပုံတစ်ပုံဖြစ်နေပါပြီ။
အခုတော့ အသက် ၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ကော့လေးဟာ တကယ်ပဲ သမ္မတဖြစ်ဖို့ မျှော်လင့်ချက် အိပ်မက်ရှိကြောင်း ပြောပါတယ်။ "ဒါမှမဟုတ်ရင်တော့လည်း လေယာဉ်မှူး ပိုင်းလော့ပေါ့"
မြတ်ပန်းရှင်
Source: nytimes.com

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account