Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 29, 2012

MEIZU MX 4 - CORE



Photo
တရုတ်နိုင်ငံလုပ် Meizu MX4-Core က ဈေးကွက်ထဲမှာ လူသိမများလှပေမယ့် နာမည်ကျော် ကိုရီးယား ဖုန်းထုတ်လုပ်သူ Samsung နဲ့ နည်းပညာပိုင်း ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။  အရည်အသွေးမှာ iPhone ကို အမှီလိုက်နိုင်စေဖို့ Quad-Core Processor, 4 လက်မအရွယ် TFT စခရင်၊ 8MP ကင်မရာတို့ကို ဆွဲဆောင်မှု ကောင်းတဲ့ ဒီဇိုင်းပုံစံ ပေါင်းစပ် ဖန်တီးပေးထားပါတယ်။ ဈေးနှုန်းကလည်း ပြိုင်ဘက် Quad-Core ဖုန်းတွေလို ခေါင်ခိုက်မနေတာကြောင့် သုံးစွဲသူတွေအတွက် ရွေးချယ်စရာ တိုးပွားစေမှာ အမှန်ပါပဲ။

DESIGN

သားနားတောက်ပြောင်တဲ့ iPhone ရဲ့ သွင်ပြင်ကို လိုက်လံတုပထားတဲ့ Meizu MX4-Core က သူ့အရင် မော်ဒယ်နဲ့ ဒီဇိုင်းပိုင်း ကွဲပြားမှု သိပ်မတွေ့ရပါဘူး။ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားတာကြောင့် အလေးချိန် ပေါ့ပါးပေမယ့် လက်ထဲမှာ ကိုင်တွယ်ရတာ မြဲမြံမှု မရှိပါဘူး။ ဒါပေမဲ့ လက်တစ်ဖဝါးစာရှိပြီး ခပ်ခုံးခုံး လုံးဝန်းတဲ့ အနားသတ် ထောင့်ချိုးတွေကြောင့် သက်သောင့်သက်သာ သုံးစွဲနိုင်ပါတယ်။ ပလတ်စတစ်သားပေါ်မှာ ကြည်လင်တဲ့ အလွှာတစ်ထပ် အုပ်ထားပေးတာက လက်ဗွေရာ ကြေးညှော်မကပ်စေမယ့် ချောထွက်တတ်တာကြောင့် လက်လွတ်ပြုတ်မကျအောင် သတိထား ကိုင်တွယ်ရပါလိမ့်မယ်။ Screen အပေါ်ဘက်မှာ ဗီဒီယိုခေါ်ဆိုမှုအတွက် ကင်မရာ၊ Light နဲ့ Proximity Sensor တို့ကို တပ်ဆင်ထားပြီး အောက်ဘက်မှာ Back နဲ့ Menu တို့ကို Touch Sensitive ခလုပ်များအဖြစ် တွေ့မြင်ရပါတယ်။ အနောက်ဘက်မှာ 8MP ကင်မရာကို LED Flash မီးနဲ့တွဲလျက် တပ်ဆင်ထားပါတယ်။ ကိုယ်ထည်အောက်ဘက်မှာ Micro USB port ကို ထည့်သွင်းပေးထားပါတယ်။

DISPLAY

4 လက်မအရွယ်ရှိတဲ့ ASVLCD စခရင်ကို 3:2 အချိုးနဲ့ တပ်ဆင်ထားတာကြောင့် 16:10 နဲ့ 16:9 အချိုးနဲ့ တပ်ဆင်တဲ့ 4 လက်မအရွယ် အခြား ဖုန်းစခရင်တွေထက် အရွယ်ပိုကြီးပါတယ်။ Pixel Resolution 640x960 ရှိပြီး iPhone 4S လိုပဲ Retina Display အမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။ Pixel သိပ်သည်းဆက တစ်လက်မမှာ 288ppi ပဲ ရှိလို့ အားနည်းတာတော့ အမှန်ပါပဲ။ တောက်ပမှုနဲ့ အရောင်အသွေး စိုပြည်ထင်ရှားမှုကတော့ မဆိုးလှပါဘူး။

FLYME OS LO

Android ဗားရှင်း 4.0 Ice Cream Sandwich ကို ပြုပြင် ပြောင်းလဲဖန်တီးထားတဲ့ Flyme OS 1.0 ကို အသုံးပြုထားပါတယ်။ သွင်ပြင်ဖွဲ့စည်းပုံ ပြောင်းလဲသွားတဲ့ Flyme OS က Samsung ရဲ့ TouchWiz နဲ့ HTC Sense တို့ကို လိုက်လံ တုပထားပေမယ့် ထဲထဲဝင်ဝင် ပြောင်းလဲ ပုံဖော်ထားတာကြောင့် Android OS ကို ကွဲပြားခြားနားတဲ့ ပုံသဏ္ဍာန်နဲ့ သုံးစွဲနိုင်မယ့်သဘောပါ။ Home Screen စာမျက်နှာ၊ Widge, Lock Screen, Notification Panel တို့က Android နဲ့ လုံးဝကွဲပြားသွားတာမို့ Android ကို ဆန်းသစ်တဲ့ ပုံစံနဲ့ ကွဲပြားစွာ သုံးစွဲလိုသူတွေအတွက် အံကိုက်ပါပဲ။

HARDWARE

1.4 GHz မြန်နှုန်းရှိတဲ့ ARM Cortex-Aa Quad-Core အမျိုးအစား Processor ကို တပ်ဆင်ထားသောကြောင့် Quad-Core ဖုန်းတွေကို ရူးသွပ်နေသူတွေအတွက် ရွေးချယ်စရာတစ်ခု တိုးလာစေပါတယ်။ ဂရပ်ဖစ်အရည်အသွေးအတွက် Mali-400 MP GPU ကို တပ်ဆင်ပေးထားကာ 640x960 pixel စခရင်မ်နဲ့ လိုက်ဖက်တဲ့ ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးပေးပါတယ်။ 1 GB RAM ကို ထောက်ပံ့ထားပြီး 32 GB နဲ့ 64 GB အတွင်း မှတ်ဉာဏ် ထပ်မံထောက်ပံ့ဖို့ micro USB Card Slot ကိုတော့ ခွင့်မပြုထားပါဘူး။

CAMERA

8 MP ကင်မရာက ဓါတ်ပုံအရည်အသွေး 3264x2448 pixel အထိ ရိုက်ကူးနိုင်ပါတယ်။ ဓါတ်ပုံအရောင်အသွေး ဗီဒီယိုကို HD အရည်အသွေး 1080P ကို 30 fps အမြန်နှုန်းနဲ့ ရိုက်ကူးပြီး MP4 Format နဲ့ သိမ်းဆည်းပေးပါတယ်။

CONNECTIVITY

Quad-band GSM ကွန်ရက်ကို အခြေခံ ထုတ်လုပ်ထားပြီး 3G နဲ့ EDGE မိုဘိုင်းအင်တာနက်ပါ သုံးစွဲနိုင်ပါတယ်။ Wi-Fi သုံးစွဲတဲ့အခါ လိုင်းကျတတ်တာက အားနည်းချက်တစ်ခုပါ။ Bluetooth 2.1 နဲ့ Wi-Fi Hotspot တို့ကို အသုံးပြုနိုင်ပါတယ်။

SHOULD BUY OR NOT

iPhone ရဲ့ အငွေ့အသက်တွေကို Android ပေါ်မှာ ပုံဖော်ဖို့ ကြိုးစားအားထုတ်ထားတဲ့ Flyme OS ကိုတော့ အသိအမှတ်ပြုရမှာပါ။ Quad-Core Processor, 8MP ကင်မရာတို့နဲ့ ပေါင်းဖက်ထားတဲ့ MX-4 Core ကို 32GB မှတ်ဉာဏ်နဲ့ ဒေါ်လာ 480 ဝန်းကျင် သတ်မှတ်ရောင်းချပေးမှာ ဖြစ်ပါတယ်။ Android အသွင်သစ်နဲ့ Quad-Core Chip လိုချင်သူတွေအတွက် ဈေးနှုန်းလည်း မဆိုးလှပါဘူး။

ကျော်မိုးဦး

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account