Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 29, 2012

Barcamp X ကို ရန်ကုန်မြို့၌ သြဂုတ်လအတွင်း ကျင်းပသွားမည်



Photo
အချက်အလက်၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍသုံးခု ပါဝင်သည့် Barcamp X ကို ရန်ကုန်မြို့ရှိ မြန်မာအင်ဖိုတက်တွင် သြဂုတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်  ဖြစ်ကြောင်း  Barcamp Organizer အဖွဲ့မှ ၁၁-၇-၂၀၁၂ ရက်က သိရသည်။
“ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေအတွက် အစိုးရဝန်ကြီးဌာနက အရာရှိတွေ၊ ပညာရှင်တွေနဲ့ အဲဒီအသိုင်းအဝိုင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သူတွေကို လာရောက် ဟောပြောဆွေးနွေးဖို့ ဖိတ်ကြားသွားမှာပါ။ နောက်ပြီး စင်ကာပူနိုင်ငံမှာ Data Festival ပြုလုပ်သွားခဲ့တဲ့ နိုင်ငံခြားက နည်းပညာရှင်တွေကိုလည်း Barcamp X က လာရောက် ဆွေးနွေးပြောကြားရန် ဖိတ်ခေါ်သွားဖို့ အစီအစဉ် ရှိပါတယ်။ နောက်ပြီး အဖွဲ့အစည်းအသီးသီးက စေတနာဝန်ထမ်းတွေကိုလည်း ဖိတ်ခေါ်ဖို့ စီစဉ်နေပါတယ်” ဟု Barcamp Organizer အဖွဲ့မှ မထိုက်ထိုက်အောင်က ပြောသည်။ ဆက်လက်၍ ယင်းက “အခုလုပ်မယ့်ပွဲက နည်းပညာအချက်အလက်တွေ ဝေမျှမယ့် Data Camp တစ်ခုတည်း မဟုတ်ဘဲ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ ပါတော့ ပိုမိုကောင်းမွန်ပါတယ်။ ကဏ္ဍတစ်ခုဆီကို တစ်ရက်ချင်းစီ ကျင်းပပေးသွားမှာ ဖြစ်ပြီး Data Camp ကို သြဂုတ် ၃ ရက်၊ Education Camp ကို သြဂုတ် ၄ ရက်နဲ့ Health Camp ကို သြဂုတ် ၅ ရက်နေ့တွေမှာ ကျင်းပပေးသွားမှာပါ။ အချိန်ကတော့ နံနက် ၉ နာရီကနေ ၅ နာရီအထိ ကျင်းပပေးသွားမှာပါ” ဟု ပြောကြားသည်။ ယခုပြုလုပ်သွားမည့် Barcamp X တွင် တစ်ရက်လျှင် ခေါင်းစဉ်တစ်မျိုးအောက်တွင် မိမိကြိုက်နှစ်သက်ရာ သက်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပေးသွားမည် ဖြစ်သည်။ ဆွေးနွေးလိုသူများအတွက် အခန်းလေးခန်း စီစဉ်ပေးထားမည်ဖြစ်ပြီး တစ်ရက် လူဦးရေ ၅၀၀ မှ ၆၀၀ ခန့်အထိ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။  

ချိုကို

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account