Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 29, 2012

ကုလသမဂ္ဂ ဂလိုဘယ်ကွန်းပက်သို့ အွန်လိုင်းမှ အခမဲ့ ဝင်ရောက်နိုင်



Photo
စီးပွားရေး လုပ်ငန်းရှင်များအတွက် အထောက်အကူ ဖြစ်စေသည့် ကုလသမဂ္ဂ ဂလိုဘယ်ကွန်းပက်သို့ မြန်မာလုပ်ငန်းရှင်များ အွန်လိုင်းမှ အခမဲ့ တိုက်ရိုက် ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
  ကုလသမဂ္ဂ ဂလိုဘယ်ကွန်းပက်သို့ ဝင်ရောက်လိုသည့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့နှင့် NGO အဖွဲ့အစည်းများ အနေဖြင့် ထည့်ဝင်ကြေး ကန်ဒေါ်လာ ၅၀၀ ပေးသွင်းရသော်လည်း မြန်မာနိုင်ငံမှ လျှောက်ထားသူများ အနေဖြင့် www.unglobalcompact.org တွင် အခမဲ့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဂလိုဘယ်ကွန်းပက်သို့ ဝင်ရောက်ခွင့်ကို ယခုနှစ်အတွင်းမှ ကုလသမဂ္ဂက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့သို့ ဝင်ရောက်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးတွင်ပါ ဝင်ဆံ့လာမည့် အခွင့်အရေး ရှိသည်ဟု သိရသည်။ ဂလိုဘယ်ကွန်းပက်သို့ ဝင်ရောက်သည့် လုပ်ငန်းရှင်များ အနေဖြင့် အဖွဲ့ဝင်ကြေး မပေးရသော်လည်း အဖွဲ့မှ ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာရမည်ဟု သိရသည်။ ကုလသမဂ္ဂ ဂလိုဘယ်ကွန်းပက်သည် နိုင်ငံပေါင်း ၁၃၀ နှင့် ပတ်သက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင် ကုမ္ပဏီလုပ်ငန်းပေါင်း တစ်သောင်းနီးပါး ရှိသည်ဟု သိရသည်။

ကိုဟိန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account