
Call Back Ringtone ဟု ခေါ်သော My Ringtune ဝန်ဆောင်မှုစနစ် အသုံးပြုထားသော ဖုန်းများအတွက် လစဉ်ကြေးငွေအား ဖုန်းကတ် ငွေဖြည့်စဉ်တွင် တပါတည်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ အချိန်တွင် လစဉ် ဖုန်းဘီလ် ပေးဆောင်ကာ အသုံးပြုလျက် ရှိသော Postpaid ဖုန်းများအား ကြိုတင်ငွေဖြည့်ကတ် စနစ်သုံး Prepaid စနစ်သို့ ပြောင်းလဲ အသုံးပြုခွင့် ပေးလျက်ရှိပြီး ယင်းကဲ့သို့ ပြောင်းလဲ အသုံးပြုသော ဖုန်းများအတွက် စနစ်ပြောင်းလဲ အသုံးပြုချိန်တွင် ဆက်သွယ်မှု ပျက်တောက် မသွားစေရန် မြန်မာ့ဆက်သွယ်ရေးမှ ကြိုတင်ငွေ တစ်ထောင်ကျပ်အား ဖုန်းအတွင်း ထည့်သွင်းပေးထားပြီး ဖုန်းအား ကြိုတင်ငွေဖြည့်ကတ်ဖြင့် စတင် ငွေဖြည့်စဉ်တွင် အဆိုပါ ကျပ်တစ်ထောင်အား ငွေဖြည့် Server မှ ပြန်လည် ဖြတ်ယူလိုက်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပြရာတွင် “ဖုန်းကို Postpaid ကနေ Prepaid စနစ် စပြောင်းတဲ့ အချိန်မှာ ဖုန်းဆက်သွယ်မှု မပြတ်အောင် ဆက်သွယ်ရေးကနေ ငွေ ၁ ထောင် ထည့်ပေးလိုက်ပါတယ်။ အဲဒီငွေကို ကြိုတင်ငွေဖြည့်ကတ် စသုံးတဲ့ အချိန်မှာ ပြန်ပြီး ဖြတ်ယူလိုက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။ အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဖုန်းအသုံးပြုသူများမှ ပြောပြရာတွင် “ကျွန်တော့်ဖုန်းကို Prepaid စနစ် ပြောင်းထားပါတယ်။ ဖုန်းထဲကို ငွေစဖြည့်တဲ့ အချိန်မှာ မြန်မာ့ဆက်သွယ်ရေးက ဖြည့်ပေးထားတဲ့ ငွေ ၁ ထောင်ကို ဖြတ်သွားပါတယ်။ ဒါပေမယ့် နောက်လတွေမှာလည်း ငွေဖြည့်တဲ့ အချိန်မှာ ဖုန်းကတ်ရဲ့ ငွေကို ထပ်ပြီး ဖြတ်နေပါသေးတယ်” ဟု ပြောသည်။ ယင်းကဲ့သို့ ငွေဆက်လက် ဖြတ်နေခြင်းမှာ Call Back Tone စနစ်အား အသုံးပြုထားသောကြောင့် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး၏ ကြိုတင်ဖြည့်သွင်းငွေ ၁ ထောင်အား ပေးပြီးသော်လည်း My Ringtune Service အသုံးပြုထားသော အချို့ဖုန်းများ ငွေဖြည့်ရာ၌ My Ringtune Service အတွက် လစဉ်ကြေး ပေးဆောင်ရခြင်း မရှိသေးသော ဖုန်းများတွင် အဆိုပါ Service အတွက် လစဉ်ကြေး ငွေကျပ် ၂၀၀၀ အား ဖုန်းငွေဖြည့်စဉ်တွင် တစ်ပါတည်း ဖြတ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ My Ringtune မှ တာဝန်ရှိသူ တစ်ဦးက ပြောပြရာတွင် ကျွန်တော်တို့ရဲ့ My Ringtune ဝန်ဆောင်မှုကို အသုံးပြုထားတဲ့ ဖုန်းတွေအတွက် လစဉ်ကြေး ငွေ ၂ ထောင် ပေးရပါတယ်။ အဲဒီငွေကို ကျွန်တော်တို့က ဖုန်းငွေဖြည့်တဲ့ အချိန်မှာပဲ တပါတည်း ဖြတ်ယူသွားမှာ ဖြစ်ပါတယ်။ ဒါက ငွေဖြည့်တဲ့ အချိန်တိုင်းမှာ ဖြတ်ယူနေတာမျိုး မဟုတ်ပါဘူး။ လတစ်လ အတွက် လစဉ်ကြေး မပေးဆောင်ရသေးတဲ့ ဖုန်းတွေအတွက် အဲဒီလအတွက် ပထမဆုံးသွင်းတဲ့ ငွေဖြည့်ကတ်မှာပဲ ကျပ် ၂၀၀၀ ကို ဖြတ်ယူသွားမှာပါ။ ကျွန်တော်တို့ ဝန်ဆေင်မှုကို အသုံးမပြုထားတဲ့ ဖုန်းတွေအတွက် ငွေမဖြတ်ပါဘူး” ဟု ပြောပြခဲ့သည်။
ကိုသက်
ကိုသက်
0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)