မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ အင်တာနက်စွဲနေမှု လက္ခဏာများကို အမြဲမပြတ် စောင့်ကြည့်သင့်သည်ဟု ဆိုသည်။ မိဘများအနေဖြင့် မိမိတို့ သားသမီးများ စွန့်ပယ်ခံရသကဲ့သို့ အထီးကျန်နေမှု မရှိစေသင့်ကြောင်း မိဘနှင့် သားသမီးတို့တွင် ပွင့်လင်းသော ဆက်ဆံရေးမျိုး ရှိရမည်ဖြစ်ကြောင်း ဂိမ်းကစားခြင်း အပေါ် စွဲလမ်းမှု ပြင်ပလူနာဌာနမှ စိတ်ပညာဆိုင်ရာ ညွှန်မှူး ကလာအပ်စ်ဝူဖလင်းက အကြံပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် ဂိမ်းကစားခြင်းသည် အလွန်ဆွဲဆောင်မှု ပြုကြောင်း၊ အကြောင်းမှာ ဂိမ်းကစားခြင်းက တာဝန်သစ်များကို ဆက်လက် ဖြေရှင်းလိုသည့် ဆန္ဒကို တွန်းအားပေးသောကြောင့် ဖြစ်သည်ဟု...