Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, December 30, 2012

၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများစာရင်း

ပရိသတ်ကြီးရေ...
တစ်နှစ်တစ်ကြိမ် ရင်ခုန်စရာကောင်းလှတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ ရောက်ရှိလို့လာပါပြီ... ဒီနှစ်မှာ ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာ ဆုရရှိတဲ့သူများကို စာရင်းပြုစုတင်ဆက်ပေးလိုက်ပါတယ်ဗျာ....

>>၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများစာရင်း<<

Saturday, December 29, 2012

ဒီတစ်ပတ်ထုတ် ဂျာနယ်များ စုစည်းမှု 29/12


ဒီတစ်ပတ်အတွင်းထွက်ရှိလာတဲ့ ဂျာနယ်များကို စုစည်းပြီးတင်ပေးလိုက်ပါတယ်...

မိမိလိုချင်တဲ့ဂျာနယ် ရွေးချယ် ဒေါင်းနိုင်ပါတယ်ဗျာ....

The Myanmar Independent No 33
http://www.myanmarij.com/wp-content/uploads/2012/12/Myanmar-Independent-News-Journal_33.zip

The Voice Weekly Vol 8 No 52 download

အခုတလော အလုပ်ကနည်းနည်းရှုပ်နေတာရော လိုင်းတွေကမကောင်းတာရော ပေါင်းပြီး ပိုစ့်အသစ်တွေ မတင်ဖြစ်ဘူးဗျာ....
ဒီနေ့လည်း စိတ်ကူးပေါက်လို့သုံးကြည့်တာ လိုင်းကောင်းနေလို့ ယခုထွက်တဲ့ဂျာနယ် တင်ပေးလိုက်ပါတယ်...

Thursday, December 20, 2012

ရွှေမန်းသားလေးဆိုက်ကို Online/Offline ဖတ်ရှုနိုင်မယ့် apk

ကဲ....
ဒီတစ်ခေါက်ကတော့ အဆင်ပြေသွားပါပြီဗျာ..
ကျွန်တော် အရမ်းကို လိုချင်နေမိတာပါ. ကျွန်တော့်ရဲ့ဆိုက်က ပိုစ့်တွေကို Android ဖုန်းတွေပေါ်မှာ online/offline ဖတ်လို့ရအောင် ပြုလုပ်ပေးချင်နေတာပါ..
အခုတော့ အဆင်ပြေသွားပါပြီဗျာ...
ပြောနေတာ ကြာပါတယ်ဗျာ... တစ်ခါတည်းအောက်ကလင့်တွေမှာ သွားဒေါင်းပြီးတော့ စမ်းသုံးကြည့်လိုက်တော့ဗျာ..

Link 1>>> http://filecloud.io/9ntfodi5
Link 2>>> http://www47.zippyshare.com/v/35994382/file.html
 
ကြိုက်ရာလင့်မှ ဒေါင်းနိုင်ပါသည်...

အားလုံးကို ခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Tuesday, December 18, 2012

Mobile Guide Issue 83

 
Mobile Guide Issue 83 Download here #
 http://www.mediafire.com/?4ltdda45tdqv5h9

အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Sunday, December 16, 2012

အမျိုးသမီးများ အစားသင့်ဆုံးသော အကောင်းဆုံး အစားအစာ ၁၀ မျိုး



၁။ ချောကလက်အညို

စိတ်ဖိစီးမှုများတာနဲ့ တခြားရောဂါတွေကို တားဆီးပေးပါတယ်။

ဥရောပ သုတေသီတွေက ချောကလက်အညိုကို တစ်နေ့ တစ်အောင်စခွဲနဲ့ နှစ်ပတ် စားပေးတာက စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီစော ထွက်တာကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ကော်တီစောက သွေးပေါင်တိုးစေပြီး စိတ်ဓာတ်ကျတာ၊ အဝလွန်တာ၊ နှလုံးရောဂါ စတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

Shwemantarlay v1.0 .apk

ကဲ.....
တစ်ရက်တည်း ကပ်လွတ်သွားတယ်ဗျာ.. မနေ့က တစ်နှစ်ပြည့်အမှီထုတ်မလို့ပါဘဲ.. ဒါပေမယ့် ဒီနေ့မှ ရလို့ပါ.. Android ဖုန်းရှိသူများအတွက် ကျွန်တော့်ရဲ့ ရွှေမန်းသားလေးဆိုက်ကို ဘာbrowser မှမလိုဘဲ
ကြည့်လို့ရအောင်အတွက် ဖန်တီးပေးလိုက်ပါတယ်ဗျာ...
အောက်ကလင့်မှာ ဒေါင်းလို့ရသလို barcode ဖြင့်လည်း scan ဖတ်ပြီး ဒေါင်းနိုင်ပါတယ်...

Saturday, December 15, 2012

တစ်နှစ်သား ရွှေမန်းသားလေး

http://i4.minus.com/j3H5FYwWqyRfe.jpg
အားလုံးဘဲ မင်္ဂလာပါဗျာ...
ဒီနေ့ကတော့ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ နေ့လေးထဲက တစ်ရက်ပါဘဲ... ဘာလို့လဲဆိုတော့ ဒီရွှေမန်းသားလေးဆိုက်ဟာ ဒီကနေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်လို့ပါဘဲ...

Friday, December 14, 2012

၂၀၁၃-ခုနှစ်အတွက် (၇)ရက်သားသမီး ဟောစာတမ်းစာအုပ်များ



ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - တနင်္ဂနွေသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER




ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - တနင်္လာသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - အင်္ဂါသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - ဗုဒ္ဓဟူးသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - ကြာသပတေးသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - သောကြာသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - စနေသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

ဆရာတော် ဦးဇောတိကဆုံးမစာ

ဗုဒ္ဓက – အသင် ပုဏ္ဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ ပုဏ္ဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူးတဲ့။

ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။
ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။
ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။

( ဆရာတော် ဦးဇောတိက )

Thursday, December 13, 2012

အောင်ချမ်း- အောင်ပင်လယ်နှင်းဆီ MP-3 download


ဒီနေ့တော့ အခုတလော ကျွန်တော်နားထောင်ဖြစ်နေတဲ့ အဆိုတော် ကိုအောင်ချမ်းရဲ့ အောင်ပင်လယ်နှင်းဆီ စီးရီးကို mp-3 ပြောင်းပြီး တင်ပေးလိုက်တယ်ဗျာ... ကျွန်တော်က မန္တလေးသားဖြစ်တော့ ဒီလိုမန္တလေးသီချင်းလေးတွေ အရမ်းကြိုက်တယ်ဗျ...

စိုးရိမ်စိတ်များခြင်း

ဘ၀မှာ အောင်မြင်လိုမှုကြောင့် စိန်ခေါ်ရတဲ့ အခြေအနေတွေမှာ စိုးရိမ်စိတ်များတတ်တာဟာ ပုံမှန်အခြေအနေပါ။ စိုးရိမ်စိတ်အနည်းငယ်ရှိတာဟာ သင့်အတွက် ကောင်းပါတယ်။ သင်စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ ဒါမှမဟုတ် သတ်မှတ်ထာ
းတဲ့ရက် အတွင်း အလုပ်တွေ အချိန်မီ ပြီးစီးဖို့၊ ဒါမှမဟုတ် အလုပ်မှာ ရလဒ်ကောင်းတွေရဖို့ တွန်းအားဖြစ်နိုင်ပါတယ်။

ပျော်ရွှင်စွာ နေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။

အိမ်ထောင်ရှင်မဖြစ်တော့မည့် ၀ိသာခါကို သူ့ မိဘများ မှာကြားလိုက်သော စကားဆယ်ခွန်း

၁) အိမ်တွင်းမီး အပြင်မထုတ်ရ

၂) အိမ်ပြင်မီး အတွင်းမသွင်းရ

၃) ပြန်ပေးမည့်သူကိုသာပေး။

၎) ပြန် မပေးမဲ့သူကို မပေးနဲ့။

Tuesday, December 11, 2012

ကိုရယ် မေရယ် မန္တလေးရယ်...



ချမ်းအေးမြမြ
ဆောင်းရာသီမှာ
အသည်းတုန်ခိုက်
လှိုက်ကာအေးနေပေမယ့်

မမေ့နိုင်ဘူး မေရယ်...
ညနေ နေအေး
ရွှေကျုံးနဘေး
အုတ်ခုံဖွေးဖွေး နဘေးလေးမှာ
တူနှစ်ဦးထိုင် ညစဉ်ညတိုင်း
ကုန်လွန်ခဲ့တာ မင်းမရှိလည်း
ကိုတစ်ယောက်တည်း
ကုန်လွန်နေဆဲပါ...
မမြဲတရား ရှိမြဲကာမို့
နှစ်ဦးခွဲနေ ဝေးကာနေလည်း
ကိုယ့်စိတ်ထဲဝယ် အမြဲရှိတယ်
ကိုရယ် မေရယ် မန္တလေးရယ်...

ရွှေမန်းသားလေးဝေယံ
၆.၁၂.၁၂ ၂၁း၀၉မိနစ်

လေဖြတ်နိုင်ခြေကို လျှော့ချပေးသော နည်းကိုးနည်း

၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်စားပါ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် ကောက်နှံ တစ်ခုလုံး၊ ဖရုံစေ့၊ ကော်ဖီနဲ့ အစေ့ အဆန်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပါတယ်။

ကျန်းမာရေး ပိုကောင်းအောင် ဘယ်လို အသက်ရှူမလဲ

အသက်ရှူတဲ့ အခါမှာ အခြေခံကျတဲ့ နည်းလမ်းကတော့ အသက်ရှူသွင်းတာနဲ့ အသက်ရှူထုတ်တာကို ထပ်တလဲလဲ လုပ်ဆောင်တာ ဆိုပေမယ့် အသက်ဝဝ ရှူသွင်း၊ ရှူထုတ်တာက စိတ်နဲ့ ခန္ဓာကိုယ်ကို အားအင်တွေ ရရှိစေပါတယ်။ အသက်ရှူတဲ့ အပေါ်မှာ စိတ်ကို စူးစိုက်ထားရှိတာဟာ အာရုံ စူးစိုက်အား ကောင်းတာ၊ အကောင်းမြင်စိတ်ရှိတာ၊ ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအင် တိုးတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ အဲဒီလို စိတ်ရော ကိုယ်ပါ ကျန်းမာရေး ကောင်းနေအောင် ဘယ်လို အသက်ရှူရမလဲဆိုတာ အကြံပြုပါရစေ။

အလုပ်လုပ်သူများ တစ်နေ့လုံး စွမ်းအင်အပြည့် ရှိနေစေရန်


နံနက်ခင်းမှာ ကြည်နူးလန်းဆန်းမှု အပြည့် ရှိနေဖို့ဆိုရင် စွမ်းအင် အလုံအလောက် ရှိနေမှဖြစ်မှာပါ။ ဒါကြောင့် နံနက်ခင်းမှာ ကျန်းမာလန်းဆန်းနေစေဖို့ စွမ်းအင်ပြည့်ဝစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်မျက်စိ ညောင်းညာရသော အကြောင်းရင်းငါးရပ်

၁) ကွန်ပျူတာသုံးခြင်းနှင့် စာဖတ်ခြင်းကြောင့် မျက်စိ ကြွက်သားများ ပိုမို အလုပ်လုပ်ရခြင်း

မျက်စိမှာ ကြွက်သားအုပ်စု သုံးစုံရှိပါတယ်။ အာရုံစူးစိုက်ပြီး လုပ်ရတဲ့ စာဖတ်တာ၊ အနီးကပ်ကြည့်ပြီး လုပ်ရတဲ့အလုပ် (ဥပမာ- ကွန်ပျူတာ သုံးတာ) တွေလုပ်ရင် ဒီကြွက်သား အုပ်စုတွေအားလုံး ပြင်းပြင်းထန်ထန် အလုပ် လုပ်ရပါတယ်။ နီးကပ်တဲ့ အရာဝတ္ထုတွေကို ရှင်းရှင်းလင်းလင်း မြင်ရအောင် ကြွက်

သားတွေကို ကျုံ့လိုက်၊ ဆန့်လိုက် လုပ်ရတာကြောင့် မျက်စိညောင်းညာရတာ ဖြစ်ပါတယ်။

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ လူတို့သည် ကွန်ပျူတာရှေ့ တွင် နေ့စဉ် ရက်ဆက် အချိန်ကြာမြင့် စွာ အလုပ် လုပ်ခြင်းကြောင့် ရက်ရှည် လများကြာလာသည့် အခါတွင် ဇက်ရိုး အဆစ်၊ လည်ဆစ် ရိုး၊ ကျောရိုးဆစ် နာကျင်ကိုက်ခဲ မှုရောဂါဝေဒနာ စွဲကပ် ဖြစ်ပွားလာ တတ်သည်ဟု ဆိုသည်။ ယင်း ရောဂါဝေဒနာဖြစ်ပွား သူများမှာများသော အားဖြင့် အသက်၂၅နှစ် ဝန်းကျင်ရှိ လ
ူ ငယ်လူရွယ်များဖြစ်ကြသည်ဟုသိရ၏။

အချိန် ကြာမြင့်စွာ ထိုင်သူများ အနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေ မြင့်မား


နေ့စဉ် အချိန် ကြာရှည်စွာ ထိုင်ရသူများ အနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေ ပို၍ မြင့်မားကြောင်း သြစတြေးလျနိုင်ငံမှ လေ့လာချက် အသစ် တစ်ရပ်အရ သိရသည်။ သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေး ပြည်နယ်မှ အမျိုးသားနှင့် အမျိုးသမီးပေါင်း ၂၆၀၀၀၀ ၏ ကျန်းမာရေး အခြေအနေကို ၂၀၀၆ ခုနှစ်မှ စ၍ လေ့လာခဲ့ခြင်း ဖြစ်သည်။

ခံတွင်းကင်ဆာ

မြန်မာနိုင်ငံမှာ လူနေမှုပုံစံတွေပြောင်းလဲနေတာနဲ့အမျှ ခံတွင်းကင်ဆာဆိုတဲ့ ကင်ဆာရောဂါတစ်မျိုးဟာလည်းလူငယ်ထုအတွင်းမှာပျံ့နှံ့ထိုးဖောက် နေရာယူနေတာကို တွေ့ရှိလာကြရပါတယ်။အခုနှစ်ပိုင်းမှာ ခံတွင်းကင်ဆာ ဖြစ်တဲ့သူတွေက အသက် ၂၄၊ ၂၅ နှစ်အရွယ်တွေ
ဖြစ်နေကြတာကို တွေ့ရှိလာရတယ်လို့ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကု ပညာဌာနကပါမောက္ခ၊ ဌာနမှုးဆရာကြီး ဒေါက်တာဦးကိုကိုမောင်က ပြောကြားထားတာကို
ဖတ်ရှုလိုက်ရပါတယ်။

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်ရောဂါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည်လေင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်

နားနှင့်ပက်သက်ပြီး မလုပ်သင့်သောအရာများ


သေချာဖတ်စေချင်ပါတယ်။ လူတော်တော်များများက နှာဖာချေး ကလော်တက်ကြလို့ပါ။

နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ
့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

ရေသောက်နည်းသောအခါ


လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်တွင် ရေဓာတ်သည် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းနှင့် ကလေးတစ်ဦးတွင် ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ဖွဲ့စည်းထားသည်။

တစ်နေ့ ၁၀ နာရီ ထက်အလုပ်လုပ်ပါက နှလုံးကိုထိခိုက်စေနိုင်

တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူများသည် နှလုံးကို ထိခိုက်စေပြီး ပုံမှန် ၇ နာရီ အလုပ်လုပ်သူများထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင် ပြင်းထန်သော နှလုံးရောဂါဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက ပြောဆိုခဲ့ကြသည်။

Mobile Guide Journal 82


 Photo: Sorry for being late (bcuz of connection) ^_^
Download Mobile Guide Journal #82 here >>

http://www.mediafire.com/?h524gkjv18isqzv
ဒီတစ်ပတ်ထုတ် Mobile Guide Journal လေးပါဗျ..
Download Mobile Guide Journal #82 here >>

မျက်စိ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အချက် ၅ ချက်


၁။ကန်စွန်းဥစားပါ

ကန်စွန်းဥမှာ ညဘက် အမြင်အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေများစွာ ပါဝင်ပြီး မုန်လာဥ (Beetroot) မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြောငယ်တွေ သွေးယိုစိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်းတစ်ခု) မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Thursday, December 6, 2012

Weekly Eleven Journal Vol.8 No.9

Weekly Eleven Journal Vol.8 No.9  (3.12.12)ထုတ်ကို အောက်မှာ ဒေါင်းနိုင်ပါပြီဗျာ....

http://www.mediafire.com/?hjy1xwbx76d372l

အားလုံးကို ခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

ငယ်ဘဝ အမှတ်တရများ (၁)

 
ကျွန်တော့်အခန်းထဲ စာအုပ်စင်ကြီးရှင်းတော့ ငယ်ငယ်တုန်းက ကျောင်းသားကဒ်လေးတွေ တွေ့တော့ ကလေးဘဝကို ပြန်တမ်းတမိတယ်။ ကျွန်တော်ဘဝမှာ ပထမဆုံးစတက်ရတဲ့ ပညာနို့ရည် သောက်စို့ရတဲ့ နေရာလေးတွေက မူကြိုတုန်းကဆိုရင် အမှတ်(၂) ယခင်ထွန်းလှေ
ဟ်ာတယ် နားကပေါ့...

7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၉

၅.၁၂.၁၂ရက်နေ့ထုတ်ဂျာနယ်လေးပါဗျ..
7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၉ PDF Download ရယူနိုင်ပါပြီ။
အောက်မှာ ဒေါင်းနိုင်ပါတယ်ဗျာ....
http://www.mediafire.com/?i1tgoyw86f23xa9
 အားလုံးကို ခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ) 

Wednesday, December 5, 2012

အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)


ပုံမှာ မြင်တွေ့နေရတဲ့ ကျွန်းကို ဦးသန့်ကျွန်းလို့ အမည်ပေးထားကြပါတယ်။ နယူးယောက်စီတီး Manhattan မှာ ရှိတဲ့ ကျွန်းဖြစ်ပါတယ်။

Tuesday, December 4, 2012

အရေပြားအား ဒုက္ခပေးတတ်သည့် လက်ဝတ်ရတနာအတုများ


ယောင်္ကျား၊ မိန်းမ၊ ကလေး သူငယ်မရွေး ကိုယ်တွင် အလှဆင် ပစ္စည်းများဖြင့် တန်ဆာဆင် တတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ ယခုကဲ့သို့ လက်မှုပညာ တိုးတက် လာသည့်ခေတ် မတိုင်မီခင်ကပင် အဆင်တန်ဆာ အမျိုးမျိုးအား ပြုလုပ်ကာ ဆင်မြန်း လာခဲ့ကြသည်ပင်။

ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ

ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

အလုပ်များ သူတို့ စိတ်ဖိစီးမှု လျော့ကျစေရန် စားသင့်သည်များ

အလုပ်များ တာကြောင့် စိတ်ဖိစီး မှုများနေတဲ့ အခါ အာဟာရ ရှိတဲ့ အစားအသောက်ကို ရွေးချယ် စားသောက် မှုမှာလည်း ချို့တဲ့တတ် ပါတယ်။ အစားအသောက်နဲ့ စိတ်ဖိစီးမှုဟာ အပြန်အလှန် ဆက်စပ်မှု ရှိနေတယ်လို့ လေ့လာမှုတွေက ဖော်ပြထား တာကြောင့် စိတ်ဖိစီးမှုကင်းစေဖို့ရာအတွက် အာဟာရပြည့်ဝတဲ့ အစားအသောက် တွေကို ရွေးချယ်စားသောက်ဖို့ လိုအပ်ပါတယ်။

ခုခံအားကောင်းအောင် ဒီအစာတွေစားပါ

ကျွန်တော်တို့ ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက် ဓာတု ပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ် အတွင်း ဗိုင်းရပ်စ်တွေ တိုးပွားလာတာကို ရပ်ဆိုင်းအောင် လုပ်ဖို့ပါ။ ဒီလို လုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်း သွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာ ပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ် ပေးနိုင်ပါတယ်။ လက်ဖက်ခြောက် အမည်း၊ အဖြူ နဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။
ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့် အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက် ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေး အဖြစ် အများဆုံး အသုံးပြုကြသည်။

သင့်အလှကို အကောင်းဆုံးပံ့ပိုးပေးနိုင်မည့် မီးဖိုချောင်သုံးပစ္စည်းများ

သင့်အိမ်မီးဖိုချောင်ထဲက အသုံးအဆောင် ပစ္စည်းတချို့က သင့်အလှအပကို အကောင်းဆုံး အထောက်အကူ ဖြစ်စေ တယ် ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဘယ်လိုပုံစံ အသုံးဝင်သလဲဆိုတာကို လေ့လာ ကြည့်ရအောင်နော်။ အချိန် အနည်းငယ် ပေးပြီး ပြင်ဆင်လိုက်ရုံနဲ့ သင့်အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

အမျိုးသမီးများနေ့စဉ် မိနစ် ၃၀ခန့် လမ်းလျှောက်ပေးလျှင် ရင်သားကင်ဆာဖြစ်ပွားမှုလျော့နိုင်

အမျိုးသမီးများ နေ့စဉ် လမ်းလျှောက် လေ့ကျင့်မှု ပုံမှန်လုပ်ပေးခြင်း၊ ကိုယ်အလေးချိန် မများရန် ထိန်းသိမ်း နေထိုင်ခြင်းကို ပြုလုပ်ပေးခြင်း တို့သည် ရင်သား ကင်ဆာဖြစ်ပွားမှုနှုန်း လျော့ကျစေပါသည်။

အသက် ၁၈ နှစ်အရွယ် အမျိုးသမီးများသည် သာမန်ကိုယ် အလေးချိန်ထက် ၂၁ပေါင်မှ ပေါင်၃၀ အထိမြင့်မားနေ ပါက ရင်သား ကင်ဆာ ဖြစ်ပွားနိုင်မှု ၄၀

ရာခိုင်နှုန်း ရှိတတ်သောကြောင့် သာမန် အလေးချိန်ထက် ငါးပေါင်ခန့်သာ ပိုမိုမြင့်တက် ရန်ထိန်းသိမ်းနေထိုင် စားသောက် သင့်ပါသည်။ သာမန် အလေးချိန်ထက် ပေါင်၇၀ခန့် ပိုမိုများပြားသူ အမျိုးသမီးများ၏ ရင်သား ကင်ဆာဖြစ်ပွားနိုင်မှုနှုန်းမှာ မြင့်မားတတ်လေ့ရှိရာ နေ့စဉ်မိနစ် ၃၀ ခန့် လမ်းလျှောက်ပေး သည့် အကျင့်ကို ပုံမှန် ပြုလုပ်ပေးသင့်ပါသည်။

သင့် လုပ်ငန်းခွင်ထဲက ကျန်းမာရေးနှင့် ညီညွတ်စေမည့် နေထိုင်မှုပုံစံများ



အရမ်းကို များပြားလွန်းတဲ့ အလုပ်တွေကြောင့် သင့်ကျန်းမာရေးကို လျစ်လျူရှု မထားမိစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် နေထိုင်မှု ပုံစံလေးတွေ ရှိရပါတယ်။

မှန်ကန်သော နေထိုင်မှုပုံစံ မရှိခြင်း

အမျိုးသမီးအများစုဟာ တစ်နေရာတည်းမှာ အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်လေ့ ရှိကြပါတယ်။ ထိုင်တဲ့ပုံစံသာ မမှန်ခဲ့ဘူးဆိုရင်တော့ သင့်ကြွက်သား၊ အရိုးအဆစ်တွေနဲ့

သွေးကြောတွေပေါ်မှာ ဖိအားတွေ ဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာ ထိုင်တာကြောင့်

တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် ကျောင်းသားများ သတိပြုဖွယ် ကျန်းမာရေး

စာမေးပွဲအတွက် ကျောင်းသူ ကျောင်းသားများကလည်း ကြိုတင် ပြင်ဆင်နေကြပေပြီ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးက ဘဝတိုက်ပွဲလို့ ခံယူထားကြတဲ့ ကျောင်းသူ ကျောင်းသားများ အနေဖြင့် မကြာမီ ဖြေ
ဆိုကြရမည့် စာမေးပွဲအတွက် အထူး ကြိုးစားနေချိန်မှာ ကံ၊ ဉာဏ်၊ ဝီရိယအပြင် ကျန်းမာရေးကလည်း အထူး လိုအပ်နေကြောင်းကိုတော့ မေ့ထားလို့ရမည် မဟုတ်ပေ။ ယင်းကြောင့်  ကျန်းမာစ
ွာနှင့် စာမေးပွဲ ဖြေဆိုနိုင်ရန် အတွက်မှာလည်း ဂရုတစိုက်ရှိရမည့် အချက်ဖြစ်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဇော်မျိုးထက်က ပြောသည်။

အင်တာနက်နှင့် အထီးကျန်ရောဂါ


အမေရိကန်ပြည်ထောင်စု၊ Carnegie Mellon University မှ နှစ်နှစ်ကြာ စော့င်ကြည့်လေ့လာထားမှုမှ သိရှိရသော တွေ့ရှိချက် ဖြစ် ပါတယ်။ အင်တာနက် ပုံမှန် အသုံးပြုနေသူများဟာ သာမန်လူများထက် စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုများ ပိုမို
ဖြစ်ပေါ်နိုင်ကြောင်း ဖြစ်ပါတယ်။

ဒိန်ချဉ်ဘာကြောင့် သောက်သင့်သလဲ

Lactobacillus Acidophilus လိုမျိုး သက်ရှိပိုးမွှားတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့ အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပါတယ်။ Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ရွှေမန်းသားလေး နှစ်ပတ်လည်

 http://g38.picoodle.com/ltd/img38/5/1/9/waiyanlinn/f_nkof_8fe_ucml5.jpg

ကျွန်တော် ဒီရွှေမန်းသားလေး ဘလော့ဂ်လေးကို ရေးလာခဲ့တာဆိုရင် တစ်နှစ်ပြည့်မြောက်တော့မယ်။အခြား ဘလော့ဂ်တွေအများကြီးရေးခဲ့ပေမယ့် ဒီဘလော့ဂ်လေးကျမှ မြဲခဲ့တာပါ။  ဒီတော့ အမှတ်တရလေးဖြစ်အောင် လာရောက်သူများအတွက် တစ်ခုခုလုပ်ပေးဖို့ စဉ်းစားထားတယ်။ ဒီကြားထဲ ကျွန်တော်က မအားတာတွေများနေလို့ အထူးပြုလုပ်ထားတဲ့ဟာလေးကတော့ မှီမယ် မထင်ဘူးဗျာ... ဒါပေမယ့် ဒီဇင်ဘာလ(၁၅)ရက်ရောက်ရင်တော့ ကျွန်တော့်ရဲ့ ဒီရွှေမန်းသားလေး ဘလော့ဂ်လေးကို မပျက်မကွက်လာရောက်ပေးဖို့ ဖိတ်ကြားပါတယ်ဗျ..

Monday, December 3, 2012

Weekly Eleven News Journal အတွဲ ၈ အမှတ် ၉

ဒီတစ်ပတ်ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၉ လေးကို ဖတ်ချင်ရင်တော့ အောက်မှာ သွားရောက် ဒေါင်းလိုက်ပါဗျာ... နှစ်နေရာကနေတင်ပေးထားပါတယ်။ အဆင်ပြေတဲ့ဆီကနေ ဒေါင်းနိုင်ပါတယ်... 
ဒါင်းရန်လင့်များ>>>

Mobile Guide journal Issue 81 download

 
ဒီတစ်ပတ်အတွက် ထုတ်ဝေလိုက်တဲ့ Mobile Guide Journal လေးပါ။ 
အောက်မှာ ဒေါင်းလိုက်ကြပါဗျာ....

မိမိblog မှာ Home page နဲ့Title ခွဲနည်း



ကဲ... နောက်တစ်ယောက်ကလည်း မေးထားတာကြာပြီမို့လို့ အားနာပါတယ်ဗျာ..

Neo: ဘလော့ဂ်မှာ Home page နဲ့ Title တွေကို ကိုဝေယံရဲ့ ဘလော့ဂ်မှာလို အကန့်လေးတွေ ခွဲထားလို့ရအောင် ဘယ်လိုလုပ်ရသလဲဆိုတာ အချိန်ရတဲ့အခါ ပြောပြပေးပါလားဗျာ။ အခုကတည်းက ကျေးဇူးတင်လျက်ပါ။

မိမိ blog တွင် ကြည့်ရှုသူ၏ IP,browser version ဖော်ပြပေးသည့် gadget ထည့်သွင်းနည်း


 ကဲ...


မေးထားတဲ့သူရှိလို့ တင်ပေးလိုက်ပါတယ်ဗျာ...
အခုကျွန်တော်ပြောပြမယ့်အကြောင်းလေးကတော့ မိမိရဲ့ blog ကိုလာကြည့်တဲ့သူဟာ ဘယ်ကလာကြည့်တာလဲ၊ ဘာbrowser နဲ့ကြည့်နေတာလဲဆိုတာကို blog မှာ ဖော်ပြပေးတဲ့ gadget ထည့်သွင်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်ဗျာ…

Sunday, December 2, 2012

၂၀၁၂-ခု၊ ဒီဇင်ဘာလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း



တနင်္ဂနွေသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန်လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ

Saturday, December 1, 2012

The Voice Weekly Vol 8 No 48

 
ကဲ... ဒီတစ်ပတ်အတွက် ထုတ်လိုက်တဲ့ The Voice Weekly Journal Vol 8 No 48 ပါ။
လိုချင်သူများ အောက်မှာ ဒေါင်းနိုင်ပါတယ်ဗျာ...

"Welcome December"

ဒီဇင်ဘာ...
အေးချမ်းစွာနဲ့ ရောက်လာခဲ့ပြီ
မနက်ရောင်နီ ဖျော့တော့တော့မှာ
ငွေနှင်းမှုန်လွှာ ဖြန်းပက်လေးသလား

အိုး...ဒီဇင်ဘာ...
ဒီတစ်နှစ် မန်းလေးဆောင်းမှာတော့
နန်းတော်ရှေ့ဆရာတင်ပြေးအောင်
မလုပ်လိုက်ပါနဲ့
ချမ်းပုံက ကမ်းကုန်
သူ့ခမျာ လမ်းဆုံကမဟစ်နိုင်ရှာတော့ပါဘူး
ဖြေးညင်းစွာ ရောက်လာခဲ့ပါ
Welcome December...!!!

လင်းယံခ (မြန်မာစာ)
1.12.12 8:42
 
Photo: "Welcome December"

ဒီဇင်ဘာ...
အေးချမ်းစွာနဲ့ ရောက်လာခဲ့ပြီ
မနက်ရောင်နီ ဖျော့တော့တော့မှာ
ငွေနှင်းမှုန်လွှာ ဖြန်းပက်လေးသလား
အိုး...ဒီဇင်ဘာ...
ဒီတစ်နှစ် မန်းလေးဆောင်းမှာတော့
နန်းတော်ရှေ့ဆရာတင်ပြေးအောင် 
မလုပ်လိုက်ပါနဲ့
ချမ်းပုံက ကမ်းကုန်
သူ့ခမျာ လမ်းဆုံကမဟစ်နိုင်ရှာတော့ပါဘူး
ဖြေးညင်းစွာ ရောက်လာခဲ့ပါ
Welcome December...!!!

လင်းယံခ (မြန်မာစာ)
1.12.12 8:42

Related Posts Plugin for WordPress, Blogger...

My Account