Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, December 4, 2012

အရေပြားအား ဒုက္ခပေးတတ်သည့် လက်ဝတ်ရတနာအတုများ


ယောင်္ကျား၊ မိန်းမ၊ ကလေး သူငယ်မရွေး ကိုယ်တွင် အလှဆင် ပစ္စည်းများဖြင့် တန်ဆာဆင် တတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ ယခုကဲ့သို့ လက်မှုပညာ တိုးတက် လာသည့်ခေတ် မတိုင်မီခင်ကပင် အဆင်တန်ဆာ အမျိုးမျိုးအား ပြုလုပ်ကာ ဆင်မြန်း လာခဲ့ကြသည်ပင်။


သို့သော် အဆင်တန်ဆာ ၀တ်ဆင်သူ အများစုသည် ရွှေအစစ်၊ငွေအစစ် စသည့် အဆင်တန်ဆာ အစစ်များကို ၀တ်ဆင်သူများ အတွက်မူ ၀တ်ဆင်သူ၏ အသားအရည်အား မည်သို့

မျှ ထိခိုက်မှု မရှိသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရွှေ၊ငွေ စသည်များနှင့် အလား သဏ္ဍာန်တူသည့် အဆင်တန်ဆာ များကို ၀တ်ဆင်ပါက အချို့သော သူများ၏ အသားအရည်သည် အဆိုပါ အလားသဏာန်တူသည့် ပစ္စည်းများနှင့် ဓာတ်မတည့်မှုများ ဖြစ်ပွားတတ်သည်။



ထိုသို့ဖြစ်ခြင်းမှာ လူတို့၏ အရေပြားသည် တစ်ခါတစ်ရံတွင် လက်မခံနိုင်သည့် ပစ္စည်းများနှင့် ထိတွေ့ရသည့် အခါတွင် တုန့်ပြန်မှုများ ပြုလုပ် တတ်သောကြောင့် ဖြစ်သည်ဟု အရေပြား အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။ အဆင်တန်ဆာများနှင့် အရေပြား ဓာတ်မတည့်မှုသည် ပစ္စည်းအစစ်များနှင့် ထိတွေ့သည့်အခါတွင် ဖြစ်ပွားလေ့ မရှိဘဲ အလား သဏာန်တူ ပစ္စည်းများနှင့် ထိတွေ့မှသာ ဖြစ်ပွားခြင်းမှာ ယင်းအလား သဏာန်တူ ပစ္စည်းများတွင် နီကယ်ပါဝင်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ရွှေ၊ငွေ အစရှိသည့် ပစ္စည်းများသည် လူတို့၏ အရေပြားနှင့် ဓာတ်ပြုရန် ခဲယဉ်းသော်လည်း နီကယ်တွင် ပါဝင်သည့် ဓာတ်ပစ္စည်းများသည် လူ၏ အရေပြားနှင့် ထိတွေ့ပြီး ချွေးထွက်လာပါက ဓာတ်ပြုကာ ဓာတ်မတည့်မှုများ ဖြစ်ပွားတတ်သည်ဟု သိရသည်။

အရေပြားနှင့် ထိစပ်ပစ္စည်းများဖြင့် ဓာတ်မတည့်ခြင်းသည် ရွှေ၊ ငွေ၊ ကြေး၊ ပလပ်စတစ် အစရှိသည့် အရေပြားနှင့် ထိစပ်နိုင် သည့်ပစ္စည်းများ အားလုံး နှင့် ဖြစ်နိုင်သော်လည်း နီကယ်နှင့် ဓါတ်မတည့်မှုဖြစ်ခြင်းမှာ အများဆုံးဖြစ်သည်။

“ထိတဲ့ပစ္စည်းက ရွှေတို့ ကြေးတို့ ကြောင့်လည်းဖြစ်တတ်တယ် ဖြစ်စရာတော့ အများကြီးပါ၊ အရေပြားက မတည့်တော့ ပထမတော့ ရဲလာမှာပေါ့။ နောက်တော့ ရဲမယ်၊ ယားမယ် ယောင်လာမယ် အဲဒီထက်ဆိုးမယ် ဆိုရင်တော့ အဖုတွေ ထလာမယ် အရည်ကြည်ဖုတွေ ဖြစ်လာမှာပေါ့”ဟု ရန်ကုန်ဆေးရုံကြီး အထူးအရေပြား ဌာနမှ အရေပြား အထူးကုဆရာဝန် ဒေါက်တာလင်းထက်က ပြောသည်။

လက်ဝတ်လက်စား အဆင်တန်ဆာများအပြင် ခန္ဓာကိုယ်တွင် ဆင်မြန်းလေ့ရှိသည့် နာရီကဲ့သို့သော အသုံးအဆောင် ပစ္စည်းများတွင်လည်း အချို့မှာ နီကယ် ပါဝင်သဖြင့် ဓာတ်မတည့်မှုများ ဖြစ်ပွားနိုင်သည်။ထို့အပြင် အမျိုးသားများတွင် ဘောင်းဘီကျယ်သီးကြောင့် လည်းကောင်း အမျိုးသမီးများတွင် ဘောလီချိတ် များကြောင့်လည်း ကောင်းဓါတ်မတည့်မှုများဖြစ်ပွားတတ်သည်ဟုသိရသည်။

အထက်ပါ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း ဖြစ်ပွားမှုသည့် ယင်းပစ္စည်းများနှင့် ထိတွေ့သည် အချိန်အပေါ်တွင်လည်း မူတည်ကြောင်း သိရသည်။ ထိတွေ့ချိန် များလေလေ ဓာတ်မတည့်မှု ဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုများပြားလေပင် ဖြစ်သည်။ အရေပြားကို ဖောက်၍ အဆင်တန်ဆာများ ဆင်မြန်းခြင်းကြောင့် လည်း ဓာတ်မတည့်မှု ဖြစ်ပွားကာ အရေပြားယောင်ရမ်း ပြည်တည်ခြင်းများ ဖြစ်ပွားတတ်သည်။ နီကယ်နှင့် ဓာတ်မတည့်မှု ဖြစ်ပွားခြင်းမှာ များပြားသဖြင့် နီကယ်နှင့် ဓါတ်မတည့် သူများသည် နီကယ်ပါသည့် အသုံးအဆောင် ပစ္စည်းများအား သတိထား၍ ရှောင်ရှား သုံးစွဲကြရန် လိုအပ်ကြောင်း သိရသည်။

သို့မဟုတ် မရှောင်နိုင်ပါက အရေပြားနှင့် တိုက်ရိုက် ထိတွေ့မှု မရှိစေရန် ကြားခံတစ်ခုခု အသုံးပြု၍ ကိုင်တွယ်ရမည် ဖြစ်ကြောင်း သိရသည်။ နီကယ်ပါသည့် ပစ္စည်းများမှာ နာရီ မျက်မှန်ကိုင်းနှင့် အခြား အသုံးအဆောင်များတွင် ပါရှိတတ်သဖြင့် နီကယ်နှင့် ဓာတ်မတည့်သူများသည် ဖြစ်နိုင်ပါက အဆိုပါ ပစ္စည်းများကိုအသုံး ပြုမည်ဆိုပါက နီကယ်ပါ၊မပါ သတိပြု ၀ယ်ယူသင့်သည်ဟု အရေပြားအထူးကုဆရာဝန်က အကြံပြု ပြောကြားသည်။

အရေပြားနှင့် အဆင်တန်ဆာ ပစ္စည်းများ ဓာတ်မတည့်ခြင်းသည် ဖြစ်ပွားပါက ကာယကံရှင်သည် အသိမြန်သဖြင့် ဆိုးဆိုးဝါးဝါးဖြစ်ပွားလေ့ မရှိကြောင်း ဒေါက်တာလင်းထက်က ပြောသည်။ သို့သော် အရေပြားကို ဖောက်ကာ အဆင်တန်ဆာ ဆင်မြန်းသူများသည် ထိုသူတို့ ဆင်မြန်းသည့် အဆင်တန်ဆာ များနှင့် ဓာတ်မတည့်မှု ဖြစ်ပွားလျှင် အရေပြားတွင် အပေါက်ဖြစ်နေသဖြင့် ပိုးဝင်ရောက်ရန် လွယ်ကူကာ ဓာတ်မတည့်ခြင်း ဖြစ်ပွားမှုမှာ ပိုမိုပြင်းထန်လေ့ ရှိတတ်ကြောင်း သိရသည်။

ထိုသို့ ဓာတ်မတည့်ခြင်း ဖြစ်ပါက မိမိနှင့်ဓာတ်မတည့်သည့် ပစ္စည်းအား နောက်တစ်ကြိမ်ထပ် မသုံးမိစေရန် သတိထားခြင်းဖြင့် ဓါတ်မတည့်မှု ထပ်မံ မဖြစ်ပွားရန် ကာကွယ်နိုင်ပြီး ဓာတ်မတည့်မှုကြောင့် ဖြစ်ပွားလာသည့် လက္ခဏာ များကိုလည်း စနစ်တကျ ကုသမှုပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် အရေပြားအားလည်း သန့်သန့်ရှင်းရှင်း ထားရှိရန်လိုအပ်သည်ဟု ဒေါက်တာလင်းထက်က ပြောသည်။

ထိုသို့ အရေပြားနှင့် အဆင်တန်ဆာများ ဓာတ်မတည့်ခြင်းသည် ထိခိုက်လွယ်သည့် အရေပြား ပိုင်ရှင်များတွင် အဖြစ်များတတ်သည်။ ဖြစ်ပွားပါက လည်း ဖြစ်ကာစတွင် အလာဂျီဖြစ်သကဲ့သို့ပင် ဘာမီတွန် ကဲ့သို့သော ဆေးများသောက်ခြင်း၊ ရေခဲကပ်ခြင်း စသည်များ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ထက် ပိုမိုပြင်းထန်လာပါက တတ်ကျွမ်းသည့် ဆရာဝန်နှင့် သင့်တော်သည့် ကုသမှုကို ခံယူသင့်သည်ဟု သိရသည်။ အလားတူ အဖြစ်များသည့် အထဲတွင် ပန်းနာရင်ကျပ် ရှိသူများ ဆီးချိုသွေးချို ရောဂါရှိသူများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် အဆင်တန်ဆာများနှင့် အရေပြားဓာတ်မတည့်ခြင်းသည် ဆိုးဆိုးဝါးဝါး ဖြစ်ပွားတတ်သည့် ဝေဒနာမျိုး မဟုတ်သော်လည်း သတိမထားပါက အခါခါ ပြန်ဖြစ် တတ်သဖြင့် မိမိနှင့် မည်သည့် ပစ္စည်းမျိုး ဓာတ်မတည့် သည်ကို သိရှိကာ ကြိုတင်ကာကွယ်နိုင်လျှင် အကောင်း ဆုံးဖြစ်သည်ဟု သိရသည်။

Ref: မြ၀တီ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account