Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, December 4, 2012

အမျိုးသမီးများနေ့စဉ် မိနစ် ၃၀ခန့် လမ်းလျှောက်ပေးလျှင် ရင်သားကင်ဆာဖြစ်ပွားမှုလျော့နိုင်

အမျိုးသမီးများ နေ့စဉ် လမ်းလျှောက် လေ့ကျင့်မှု ပုံမှန်လုပ်ပေးခြင်း၊ ကိုယ်အလေးချိန် မများရန် ထိန်းသိမ်း နေထိုင်ခြင်းကို ပြုလုပ်ပေးခြင်း တို့သည် ရင်သား ကင်ဆာဖြစ်ပွားမှုနှုန်း လျော့ကျစေပါသည်။

အသက် ၁၈ နှစ်အရွယ် အမျိုးသမီးများသည် သာမန်ကိုယ် အလေးချိန်ထက် ၂၁ပေါင်မှ ပေါင်၃၀ အထိမြင့်မားနေ ပါက ရင်သား ကင်ဆာ ဖြစ်ပွားနိုင်မှု ၄၀

ရာခိုင်နှုန်း ရှိတတ်သောကြောင့် သာမန် အလေးချိန်ထက် ငါးပေါင်ခန့်သာ ပိုမိုမြင့်တက် ရန်ထိန်းသိမ်းနေထိုင် စားသောက် သင့်ပါသည်။ သာမန် အလေးချိန်ထက် ပေါင်၇၀ခန့် ပိုမိုများပြားသူ အမျိုးသမီးများ၏ ရင်သား ကင်ဆာဖြစ်ပွားနိုင်မှုနှုန်းမှာ မြင့်မားတတ်လေ့ရှိရာ နေ့စဉ်မိနစ် ၃၀ ခန့် လမ်းလျှောက်ပေး သည့် အကျင့်ကို ပုံမှန် ပြုလုပ်ပေးသင့်ပါသည်။

အ၀လွန်သော အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်မှု ၃၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိ ရှိတတ်ပြီး အ၀လွန်မှုနှင့် ကင်ဆာ ဖြစ်ပွားမှု ဆက်စပ်လျက်ရှိပါသည်။ အမျိုးသမီးများ အ၀လွန်မှုသည် ခန္ဓာကိုယ်အတွင်း အီစတိုဂျင် အနေအထားကိုမြင့်တက်စေကြောင်း၊ အီစတိုဂျင်သည် ရင်သားကင်ဆာဖြစ်ပွားမှုကို တွန်းအားပေးပါသည်။

ထို့ကြောင့် ကျန်းမာစွာ နေထိုင်ခြင်း၊ စားသောက်ခြင်းတို့က ရင်သား ကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးပြီး အမျိုးသမီးများသည် တစ်နေ့လျှင် မိနစ်၃၀ခန့် လမ်းလျှောက် ပေးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းကို ၂၀ရာခိုင်နှုန်း လျော့ကျနိုင်ပါသည်။ ထိုသို့နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း အဖြစ် လမ်းလျှောက်ခြင်းမှာ အိမ်မှု ကိစ္စနှင့် လုပ်ငန်းခွင်တွင် လုပ်ကိုင်ခြင်းတို့ မပါဝင်ပါ။ သီးခြား လုပ်ဆောင်ရမည် ဖြစ်ပါသည်။

Ref: မြ၀တီ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account