Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, December 4, 2012

အလုပ်များ သူတို့ စိတ်ဖိစီးမှု လျော့ကျစေရန် စားသင့်သည်များ

အလုပ်များ တာကြောင့် စိတ်ဖိစီး မှုများနေတဲ့ အခါ အာဟာရ ရှိတဲ့ အစားအသောက်ကို ရွေးချယ် စားသောက် မှုမှာလည်း ချို့တဲ့တတ် ပါတယ်။ အစားအသောက်နဲ့ စိတ်ဖိစီးမှုဟာ အပြန်အလှန် ဆက်စပ်မှု ရှိနေတယ်လို့ လေ့လာမှုတွေက ဖော်ပြထား တာကြောင့် စိတ်ဖိစီးမှုကင်းစေဖို့ရာအတွက် အာဟာရပြည့်ဝတဲ့ အစားအသောက် တွေကို ရွေးချယ်စားသောက်ဖို့ လိုအပ်ပါတယ်။


(၁) ပရိုတင်းပါသော နံနက်စာကို စား

ပါ။စိတ်ဖိစီးမှုများနေချိန်မှာ လူအများ စုဟာ အစားအသောက်ကို လျစ်လျူရှု ထားတတ်ကြပါတယ်။ တကယ်တော့ နံနက်စာကို ပရိုတင်းပါတဲ့ ဥအမျိုးမျိုး၊ အသား၊ ငါး စတာတွေနဲ့အတူ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို မှီဝဲ ပေးသင့်ပါတယ်။ စိတ်ဖိစီးမှု များနေချိန်မှာ ဗီတာမင်နဲ့ သတ္တု ဓာတ်အစုံပါတဲ့ ဖြည့်စွက်ဆေး တစ်လုံးကို စတင်မှီဝဲ သင့်ပါတယ်။

(၂) နေ့လယ်စာမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ပါဝင်အောင် စားပါ
ဘယ်လောက်ပဲ အလုပ်များများ နေ့လယ်စာ မစားဘဲ မနေပါနဲ့။ နေ့လယ်စာမှာ ဟင်းသီးဟင်းရွက် ပါအောင် စားသင့်သလို နေ့လယ်စာ စားပြီးချိန်မှာ သစ်သီးတစ်လုံးကို စားပေးလိုက်ပါ။ စိတ်လန်း ဆန်းမှုကို ရရှိ စေပါတယ်။

(၃) ညစာကို နောက်ကျမှ အများကြီး မစားပါနှင့်
ညစာကို ညဥ့်နက်မှ အများကြီး စားတာမျိုးကို ရှောင်ပါ။ ညစာမှာ ထမင်း၊ ခေါက်ဆွဲတွေကို အများကြီး မစားဘဲ ဟင်းရွက်သုပ်၊ စွပ်ပြုတ်စတာတွေကို များများ စားပေးပါ။ အထူးသဖြင့် အဆင်သင့်အ စာတွေကို ရှောင်ပါ။

(၄) ကဖင်းဓာတ်ပါသော အရည်ကို များများ မသောက်ပါနှင့်
အလုပ်များသူတို့ စိတ်ဖိစီးမှု လျော့ကျစေရန် စားသင့်သည်များ အလုပ်များတာကြောင့် စိတ်ဖိစီးမှု များနေတဲ့အခါ အာဟာရရှိတဲ့ အစားအသောက်ကို ရွေးချယ် စားသောက်မှုမှာလည်း ချို့တဲ့တတ်ပါတယ်။ အစားအသောက်နဲ့ စိတ်ဖိစီးမှုဟာ အပြန်အလှန် ဆက်စပ်မှုရှိနေ တယ်လို့ လေ့လာမှုတွေက ဖော်ပြထား တာကြောင့် စိတ်ဖိစီးမှု ကင်းစေဖို့ရာအတွက် အာဟာရပြည့်ဝတဲ့ အစားအသောက် တွေကို ရွေးချယ် စားသောက်ဖို့ လိုအပ်ပါတယ်။

(၅) ဆီကြော်စာကို ရှောင်ပါ
ဆီကြော်စာတွေက အစာခြေ လမ်းကြောင်းစနစ်ကို မအီမသာ ဖြစ်စေပြီး စိတ်ဖိစီးမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးနေချိန်မှာ ဆီကြော်စာ အစားအသားနဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်ထားတဲ့ စွပ်ပြုတ်ကို စားပါ။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account