Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, December 4, 2012

တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် ကျောင်းသားများ သတိပြုဖွယ် ကျန်းမာရေး

စာမေးပွဲအတွက် ကျောင်းသူ ကျောင်းသားများကလည်း ကြိုတင် ပြင်ဆင်နေကြပေပြီ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးက ဘဝတိုက်ပွဲလို့ ခံယူထားကြတဲ့ ကျောင်းသူ ကျောင်းသားများ အနေဖြင့် မကြာမီ ဖြေ
ဆိုကြရမည့် စာမေးပွဲအတွက် အထူး ကြိုးစားနေချိန်မှာ ကံ၊ ဉာဏ်၊ ဝီရိယအပြင် ကျန်းမာရေးကလည်း အထူး လိုအပ်နေကြောင်းကိုတော့ မေ့ထားလို့ရမည် မဟုတ်ပေ။ ယင်းကြောင့်  ကျန်းမာစ
ွာနှင့် စာမေးပွဲ ဖြေဆိုနိုင်ရန် အတွက်မှာလည်း ဂရုတစိုက်ရှိရမည့် အချက်ဖြစ်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဇော်မျိုးထက်က ပြောသည်။




ဒီအချိန်မှာ ကျောင်းသားတွေ ဒါမျိုးဖြစ်တတ်တယ်

“စာမေးပွဲနီးတဲ့ ရာသီ ရောက်ပြီဆိုတာနဲ့ အဓိက ဖြစ်တတ်တာက စိတ်ဓာတ်ကျတယ်။ စိုးရိမ်ကြောင့်ကြစိတ်တွေ များတယ်။ ဒါကြောင့် အားသွန်ခွန်စိုက် ကြိုးစားကြတော့ အိပ်ရေးမဝတာတွေ ဖြစ်လာတယ်။ Pressure တွေ အရမ်းများနေတယ်။ စိတ်အားငယ်တတ်တယ်။ ကိုယ်ခံအား လျော့နည်းနေတတ်လို့ ရာသီတုပ်ကွေးဖျားနာ အလွယ်တကူ ဝင်တတ်လို့ နေမကောင်းတွေ ဖြစ်တတ်တဲ့ ရာသီပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာဇော်မျိုးထက်က ပြောသည်။

ဒီလိုမျိုးတွေ မဖြစ်အောင် ဒီအချက်တွေ လိုက်နာပါ

စာမေးပွဲအတွက် အရမ်း စိတ်ဖိစီးမှု မရှိအောင် အခုချိန်ကစပြီး စာမေးပွဲမဖြေခင် အချိန်အထိ Time Table တစ်ခု ရေးဆွဲလိုက်ပါ။ ရေးဆွဲပြီးရင်လည်း တစ်နေ့ကို ဘယ်အချိန်ထိ ကျက်မယ်ဆိုတာ အချိန်ညှိပြီး အိပ်ချိန် အိပ်ရေးဝဝ အိပ်ပါ။ တစ်နေ့ ရှစ်နာရီ အိပ်စက်နိုင်ရင် ပိုကောင်းပါတယ်။ ဘာမှ တွေးတောမှုမရှိဘဲ စိတ်ရောကိုယ်ပါ အနားယူ အိပ်စက်ခြင်းမျိုး ဆိုလိုပါတယ်။ အာဟာရ မျှတအောင်လည်း စားသောက်ပေးရပါမယ်။ အသား၊ ငါး၊ ပဲ၊ ဥတွေနဲ့ မျက်စိ အားကောင်းစေမယ့် ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ အဝါရောင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ (ဥပမာ-မုန်လာဥနီ၊ သင်္ဘောသီး အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ) စားသောက်ပေးရမှာ ဖြစ်ပါတယ်။ ပုံမှန်စား၊ ပုံမှန်အိပ်၊ ပုံမှန် စာကျက်ပြီး၊ တစ်နာရီခန့် မျက်စိ အနားပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ပေးခြင်း သို့မဟုတ် စက်ဘီးစီးခြင်း၊ သူငယ်ချင်းနှင့် အပြင်ထွက် မုန့်စားခြင်းမျိုးတွေ လုပ်သင့်ပါတယ်။ စာကျက်ရာတွင်လည်း နောက်ဆုံးဖြေရမည့် ဘာသာအား အရင်ကျက်ရသော ပုံစံမျိုးနှင့် အချိန်ဇယားအား ယခုမှစ၍ ရေးဆွဲပါက စာမေးပွဲ အရင်ဆုံး ဖြေရမည့် ဘာသာနှင့် မိမိနောက်ဆုံးမှ ကျက်ရမည့်ဘာသာ တစ်ထပ်တည်း ကျသည့်အတွက် စိတ်ဖိစီးမှုမှ သက်သာစေနိုင်ကြောင်း သိရသည်။

မိဘတွေ ဖိအား အရမ်းမပေးဖို့လည်း လိုအပ်တယ်

“ဒီအချိန်မှာ အဖြစ်များတာက မိဘတွေကလဲ ပိုပြီး စာကျက်ဖို့ တိုက်တွန်း တတ်ပါတယ်။ မိဘတွေရဲ့ ဖိအားပေးမှုဟာ ကျောင်းသူ ကျောင်းသားတွေမှာ စိတ်ပင်ပန်းမှု ပိုဖြစ်စေတာကိုလဲ မိဘတွေအနေနဲ့လဲ သတိထားရမှာပါ။ ဒီအချိန်မှာ မိဘတွေက တိုက်တွန်းတာမျိုး မဟုတ်ဘဲ အားပေးတာမျိုးတွေ ပိုမို ပြုလုပ်သင့်တဲ့ အချိန်ဆိုတော့ ဂရုပြုပေးရမှာပါ”...

စိတ်တည်ငြိမ်ရင် စာပိုရတယ်

စိတ်ကလည်း အရမ်း အရေးကြီးပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ သိထားရမှာက စိတ်တည်ငြိမ်နေရင် စာပိုရပါတယ်။ စာကျက်ခါနီးရင် အခုလို စာမေးပွဲ နီးချိန်မှာ ပိုပြီး ဖြစ်တတ်ပါတယ်။ ဒီစာ ရမှ ရပါ့မလား၊ ဟိုဘာသာကလဲ မရသေးဘူး၊ အစရှိသဖြင့် မတည်မငြိမ် ဖြစ်နေရင် စာကျက်နေပေမယ့်လည်း အလကားပဲ။ စာရသလိုလိုနဲ့ စိတ်ထဲ မစွဲမြဲတတ်ပါဘူး။ ဒါကြောင့် စာမကျက်ခင် စိတ်တည်ငြိမ်အောင် ဆယ်မိနစ်လောက် တရားမှတ်တာ၊ ထိုင်တာမျိုးတွေကလည်း စိတ်တည် ငြိမ်ပြီး စိတ်ခွန်အား ရစေပါတယ်။ အထောက်အကူ အရမ်း ဖြစ်စေတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။

စာမေးပွဲဖြေခါနီးရင် ဖျားပြီ

“စာမေးပွဲရာသီဆို ဆေးခန်းက ကျောင်းသူ ကျောင်းသားလူနာနဲ့ ပြည့်နေပါပြီ။ စာမေးပွဲ ဖြေခါနီးရင် ဖျားကို ဖျားနာတတ်တဲ့ ကလေးတွေလည်း ရှိပါတယ်။ ကြောက်ဖျားခေါ်မလား မသိဘူး။ သူတို့မှာ တွေ့ရတာက စာနဲ့ပတ်သက်တဲ့ Pressure အရမ်းများနေတယ်။ စိတ်ဖိစီးမှု ခံစားနေရတတ်ပါတယ်။ ဒါကြောင့် အဲလို ကလေးမျိုးတွေသာမက စာမေးပွဲဖြေမယ့် ကလေးတိုင်း ကိုယ်ခံအား အထူးကောင်းနေဖို့အတွက် လိုအပ်ပါတယ်။ ဒါကြောင့် စာမေးပွဲဖြေဖို့ တစ်လလောက် အလိုကတည်းက ကျန်းမာရေး စစ်ဆေးပေးတာမျိုးတွေ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အားဆေး သောက်တာ မျိုးတွေ လုပ်သင့်ပါတယ်။

တစ်နှစ်လုံး ကြိုးစားပြီးကာမှ စာမေးပွဲနားနီးရင် ကျန်းမာရေး မကောင်း တော့ဘဲ ဗုန်းဗုန်းလဲပြီး စာမေးပွဲ မဖြေနိုင်တာမျိုးတွေ အများကြီး တွေ့ဖူးတဲ့ အတွက် ဒီအချက်ကလဲ အထူး ဂရုပြုသင့်ပါတယ်” ဟု ဒေါက်တာ ဇော်မျိုးထက်က ထပ်မံ ပြောကြားခဲ့သည်။ ယင်းကြောင့် မကြာမီ ကျင်းပ တော့မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ဖြေဆိုရန် ပြင်ဆင်နေကြသော ကျောင်းသား ကျောင်းသူများ ကျန်းမာစွာနှင့် စိတ်ချမ်းသာစွာ ဖြေဆိုနိုင်ရန် အတွက် ရန်ကုန်တိုင်းဂျာနယ် ကျန်းမာရေးကဏ္ဍမှ တင်ဆက်ပေးလိုက် ပါသည်။

Ref: Royal Hero Media

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account