Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, December 4, 2012

ရွှေမန်းသားလေး နှစ်ပတ်လည်

 http://g38.picoodle.com/ltd/img38/5/1/9/waiyanlinn/f_nkof_8fe_ucml5.jpg

ကျွန်တော် ဒီရွှေမန်းသားလေး ဘလော့ဂ်လေးကို ရေးလာခဲ့တာဆိုရင် တစ်နှစ်ပြည့်မြောက်တော့မယ်။အခြား ဘလော့ဂ်တွေအများကြီးရေးခဲ့ပေမယ့် ဒီဘလော့ဂ်လေးကျမှ မြဲခဲ့တာပါ။  ဒီတော့ အမှတ်တရလေးဖြစ်အောင် လာရောက်သူများအတွက် တစ်ခုခုလုပ်ပေးဖို့ စဉ်းစားထားတယ်။ ဒီကြားထဲ ကျွန်တော်က မအားတာတွေများနေလို့ အထူးပြုလုပ်ထားတဲ့ဟာလေးကတော့ မှီမယ် မထင်ဘူးဗျာ... ဒါပေမယ့် ဒီဇင်ဘာလ(၁၅)ရက်ရောက်ရင်တော့ ကျွန်တော့်ရဲ့ ဒီရွှေမန်းသားလေး ဘလော့ဂ်လေးကို မပျက်မကွက်လာရောက်ပေးဖို့ ဖိတ်ကြားပါတယ်ဗျ..
ကျွန်တော် လာရောက်သူတိုင်း အတွက် အမှတ်တရလက်ဆောင်လေးတွေ ပေးမလို့ပါ။ ကျွန်တော် နည်းပညာလောကထဲကို စရောက်တာ ၂၀၀၈ ခုနှစ် ရှစ်တန်းကျောင်းသားဘဝတုန်းကဆိုတော့ ကျွန်တော်ဝါနုသေးပါတယ်ဗျာ... ဒါပေမယ့် ကျွန်တော် အစွမ်းအစရှိသလောက် ကြိုးစားနေပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ။ အမှားတွေ့ရင်လည်း ကျွန်တော့်ကို ထောက်ပြကြပါ။ အမှန်ဘက်ကိုရောက်အောင် လမ်းညွှန်ပေးကြပါ။ နောက်ပိုင်းကျရင်လည်း ဆော့ဝဲလ်တွေ၊ စာအုပ်တွေကို တတ်နိုင်သမျှ နေ့တိုင်း တင်နိုင်အောင် ကြိုးစားသွားမှာပါ။ လိုအပ်တဲ့ဆော့ဝဲလ်တွေ၊အခြားအကြောင်းအရာတွေရှိရင်လည်း တောင်းဆိုကြပါ။ တစ်ခါတစ်လေကျရင် ကျွန်တော့်အနေနဲ့ ဘာပိုစ့်တင်ပေးရမှန်းမသိအောင် ကြုံရပါတယ်။ ဒါကြောင့် လာရောက်သူများ အနေနဖြင့် မိမိအနေနဲ့လိုအပ်ရင်ဘဲဖြစ်ဖြစ် သူတစ်ပါးအတွက် မျှဝေပေးချင်ရင်ဘဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ အောက်ပါအကောင့်တွေကို ဆက်သွယ် အကြံပြုနိုင်ပါတယ်လို့ပြောရင်း လာရောက်သူများ အားလုံးကို အထူး(အထူး)ကျေးဇူးတင်ရှိပါတယ်ဗျ..

Facebook - Waiyanlinn Mdy
G-mail - shwemantarlaywaiyan@gmail.com


ကျွန်တော့်စကားတွေထဲမှာ အမှားပါရင် ခွင့်လွတ်ပေးကြပါ...
အားလုံးကို ခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account