Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, November 29, 2012

ကုန်းဘောင်ခေတ်က သိပ္ပံပညာဘာသာပြန်စာအုပ်များ


 Photo: -ကုန်းဘောင်ခေတ်က သိပ္ပံပညာဘာသာပြန်စာအုပ်များ-
Sunday, November 25, 2012 

မင်းတုန်းမင်းနန်းတက်ပြီး မကြာခင်မှာပဲ ကနောင်မင်းသားကြီးနဲ့ ယော
အတွင်းဝန်ဦးဖိုးလှိုင်တို့ဟာထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်အချို့ကို
 ရွေးချယ်ပြီး အဲဒီခေတ်က ခေတ်မီနိုင်ငံများဖြစ်ကြတဲ့အင်္ဂလန်၊ အီတလီ၊
 ပြင်သစ် စတဲ့နိုင်ငံတွေကို ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါတယ်။ 

အဲဒီပညာတော်သင်တွေဟာ နိုင်ငံအသီးသီးမှာ ခေတ်မီပညာရပ်များ သင်ကြားပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ ကနောင်
မင်းသားကြီးက ၄င်းတို့ တတ်မြောက်ခဲ့တဲ့ ပညာရပ်အသီးသီးကို မြန်မာ
ဘာသာပြန်ဆိုရေးသားဖို့ အမိန့်ရှိတာကြောင့် ပညာရပ်ပေါင်းများစွာကို အသီးသီးဘာသာပြန်ဆိုရေးသားခဲ့ကြပါတယ်။ ကုန်းဘောင်ခေတ်က သိပ္ပံပညာဘာသာပြန်စာအုပ်များ မင်းတုန်းမင်းနန်းတက်ပြီး မကြာခင်မှာပဲ ကနောင်မင်းသားကြီးနဲ့ ယောအတွင်းဝန်ဦးဖိုးလှိုင်တို့ဟာထူးချွန်ထက်မြက်တဲ
့ မြန်မာလူငယ်အချို့ကို ရွေးချယ်ပြီး အဲဒီခေတ်က ခေတ်မီနိုင်ငံများဖြစ်ကြတဲ့ အင်္ဂလန်၊ အီတလီ၊ ပြင်သစ် စတဲ့နိုင်ငံတွေကို ပညာတော်သင်များအဖြစ်
 စေလွှတ်ခဲ့ပါတယ်။ 

အဲဒီပညာတော်သင်တွေဟာ နိုင်ငံအသီးသီးမှာ ခေတ်မီပညာရပ်များ သင်ကြားပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ ကနောင်
မင်းသားကြီးက ၄င်းတို့ တတ်မြောက်ခဲ့တဲ့ ပညာရပ်အသီးသီးကို
 မြန်မာဘာသာပြန်ဆိုရေးသားဖို့ အမိန့်ရှိတာကြောင့် ပညာရပ်ပေါင်းများ
စွာကို အသီးသီးဘာသာပြန်ဆိုရေးသားခဲ့ကြပါတယ်။ 

အဲဒီဘာသာပြန်စာအုပ်စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 
(၁) မဟာပထ၀ီမြေကြီး၏ အခြင်းအရာကို ပြဆိုသော ဂျီအော်လော်ဂီ
(Geology)စာအုပ်၊
(၂) ရွှေကျောက်၊ ငွေကျောက်၊ သံကျောက်၊ ကြေးကျောက်၊ ခဲကျောက်၊ ကန့်ကျောက်၊ ထုံးကျောက်၊ ပတ္တမြားစိန်ကျောက်မှစပြီး ခပ်သိမ်းသော
 ကျောက်မျိုးကို ပြဆိုရာဖြစ်သော မင်နရော်လော်ဂီ(Mineralogy)စာအုပ်၊
(၃) အရပ်ရပ် တိုင်းပြည်မြို့ရွာ မြေမျက်နှာ၌ ပေါက်ရောက်သည့် သစ်ပင်မျိုးကို ပြဆိုသည့် ဘိုတနီ(Botany)စာအုပ်၊ 
(၄) ကုန်းနေရေနေ သားငါးတိရစ္ဆာန်မျိုးကို ပြဆိုသည့် ဇူးအော်လော်ဂီ
(Zoology)စာအုပ်၊ 
(၅) ကိုယ်ခန္ဓာ၌ ၃၂ကောဋ္ဌာသအစည်းအဝေး စသည်ကို ပြဆိုရာဖြစ်သော အင်နာတမီ(Anatomy)စာအုပ်၊ 
(၆) အသက်ရှိသည့် လူသတ္တ၀ါ တိရစ္ဆာန် သစ်ပင်တို့၌ မည်သည့်ဓာတ်
ပြုပြင်ပြောင်းလဲသည်ကို ပြဆိုရာဖြစ်သော ဖီးဇီယော်လော်ဂီ(Physiology)
စာအုပ်၊ 
(၇) ဘိန္ဓောဆေးမျိုး ဖော်နည်းစပ်နည်း၊ ကြွေမျိုး မြေမျိုး ဖန်မျိုး မှန်မျိုး အသုံးအဆောင်၊ ရွှေရောင် ငွေရောင် အနီ အ၀ါ အစိမ်း အပြာ စသော အရောင်မျိုး၊ ကန့်ပြန် ယမ်းပြန် အရက်ပြန်မှစပြီး ရေပြန်အမျိုးမျိုး၊ သေမျိုး၊ စားကောင်းသောက်ဖွယ်၊ ရသအမျိုးမျိုး၊ သားရေအမျိုးမျိုး၊ မိုးကြိုးစက်ကြေးနန်း၊ ဓာတ်ပုံကူးနည်း၊ မိုးချိန် လေချိန် ရေချိန် အခိုးချိန် မီးချိန် စသော ပြဒါး ဖန်ချောင် အမျိုးမျိုး၊ ကျောက်မီးသွေးတူးဖော်နှပ်
လုပ်နည်း၊ ၄င်းအခိုးဖြင့် ဓာတ်မီးထွန်းနည်း၊ သံအမျိုးမျိုး စသော လုပ်နည်းများကို ပြဆိုသည့် ဟင်မစ္စရီ(Chemistry)စာအုပ်၊ 
(၈) ရောဂါမျိုး ကုသနည်း အခြင်းအရာကို ပြဆိုသော ဖီးစစ်ကက်
(Physics)စာအုပ်၊ 
(၉) ဟစ္စထရီ(History)ကျမ်း အ၀င်ဖြစ်သော လူမျိုးကို ပြဆိုသည့် နာချရက်ဟစ္စရီ(Natural History)စာအုပ်၊ 
(၁၀) မင်းတို့အစဉ် အဖြစ်အပျက်ကို ပြဆိုသော မောရက်ဟစ္စရီ(Moral History)စာအုပ်၊ 
(၁၁) တိုင်းပြည်နိုင်ငံ ကျွန်းကြီးကျွန်းငယ် တောတောင် မြစ် ပင်လယ် သမုဒ္ဒရာများကို ပြဆိုရာဖြစ်သော ဂျော်ဂရဘီ(Geography)စာအုပ်၊ 
(၁၂) မက်သင်မက်တိတ်(Mathematics)ကျမ်းအ၀င်ဖြစ်သော
 ရွှေတွက်၊ ငွေတွက်၊ အစိပ်ဂဏန်း၊ ဆယ်လီစိပ်ဂဏန်း၊ သုံးချက်ဂဏန်း၊ ၀င်မူလ၊ ဃနမူလမှ စပြီး အရပ်ရပ် တွက်ပုံမျိုးကို ပြဆိုသည့် ဂဏန်း
တွက်နည်းအရိသမတိတ်(Arithmetic)စာအုပ်၊ 
(၁၃) မျဉ်းတွန့်၊ မျဉ်းဖြောင့်၊ မျဉ်းကောက်၊ စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ ၅ထောင့် ၅နားမှ စပြီး မျက်နှာပြင်၌ ဖြစ်သည့် အရပ်ရပ်
ပုံမျိုးကို အနားချင်း၊ ထောင့်အင်္သာချင်း၊ ဖလကွက်ခြင်း၊ နှိုင်းရှည်ပြီး
 ရေတွက်နည်းများနှင့်တကွ သဘာဝဓမ္မအားဖြင့် ဖြစ်ရဖြစ်ကြောင်း အရင်းမူလကို ပြဆိုသည့် ပလေ ဂျော်မက်ထရီ(Plane Geometry)စာအုပ်၊ 
(၁၄) ထုလုံး၊ ၃ထောင့် ၄ထောင့် ၅ထောင့်မှ စပြီး တစ်ခဲနက်ထုပါသည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို ပြဆိုသော စောလစ်
 ဂျော်မက်ထရီ(Solid Geometry)စာအုပ်၊ (၁၅) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နားမှ စပြီး ကောင်းကင်ကဲ့သို့ ခုံးသော အမြင့်ရှိသော အရာဌာနတို့၌ ဖြစ်သည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို
 ပြဆိုသော စဖက်ရစ်ကတ် ဂျော်မက်ထရီ(Spherical Geometry)စာအုပ်၊ 
(၁၆) ဂဏန်းနှင့်ရေတွက်သည့် အရပ်ရပ် တွက်နည်းတွက်ပုံများမှာ အက္ခရာကို ဂဏန်းအမှတ်ထားပြီး တွက်သည်များကို ပြဆိုသည့် အာဂျီဘရ(Algebra)စာအုပ်၊
(၁၇) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ အလုံးပုံ၊ အခုံးပုံ၊ အုပ်ဆောင်းပုံ၊ ပြောင်းပုံ၊ စည်ပုံ။ ဇယားပုံ၊ ၃မြှောင့် ၄မြှောင့် ၅မြှောင့်ပုံ စသော အရပ်ရပ်ပုံမျိုးတွင် အလျား အနံ အစောက် တိုင်းပြီး လက်သစ် စတုရမ်း၊ မိုက် စတုရမ်း၊ ထောင် စတုရမ်း၊ တာ စတုရမ်း၊ မျက်နှာပြင် ဖလကွက်၊ တခဲနက် ထုကွက် တွက်နည်းများကို ပြဆိုသည့် မင်စရေရှန်း
(Mensuration)စာအုပ်၊ 
(၁၈) တိုက်အိမ်၊ သင်္ဘော၊ လှေ၊ သမ္ဗာန်၊ ဥမင်၊ တံတားမှ စပြီး သံ သစ် ပျဉ် အုတ် ကျောက် တို့ဖြင့် လုပ်ဆောင်သည့် အဆောက်အဦးများကို ပြဆိုသည့် အာရကက်စ်တက္ကချား(Architecture)ခေါ် ဗိသုကာပညာစာအုပ်၊ 
(၁၉) တိုက်အိမ်၊ အဆောက်အဦး၊ သစ်ပင်တောတောင်၊ မြေမျက်နှာ၊ ပင်လယ်သမုဒ္ဒရာ စသည့်တို့၌ အလျား အနံ အကျဉ်း အကျယ် အနိမ့် အမြင့် အကွာ အဝေးများကို မှန်ကန်သိသာအောင် တိုင်း ချိန် တွက်နည်း အရင်းမူလကို ပြဆိုသည့် ပလေး ထရစ်ဂနော်မက်ထရီ(Plane Trigonometry)စာအုပ်၊ 
(၂၀) ကောင်းကင်ကဲ့သို့ ခုံးသော မြင့်သော အရာဌာနတို့၌ ဖြစ်သော ပုံမျိုးတို့တွင် အလျား အနံ ထောင့် အင်္သာ၊ အကွာ အဝေး အချင်း အနိမ့် အမြင့် လုံးပတ် စသည်များကို တွက်စစ်ပြဆိုသည့် စဖစ်ရစ်ကက် ထရစ်ဂနော်မက်ထရီ(Spherical Trigonometry)စာအုပ်၊ 
(၂၁) နေ လ ဂြိုလ် နက္ခတ်တာရာ ကြယ်တံခွန် မှစပြီး ကောင်းကင်၌ တည်သည့်အရာများကို တွက်စစ်ပြဆိုသည့် အစထရော်နော်မီး
(Astronomy) ခေါ် ဗေဒင်လက်ရိုးစာအုပ်၊ 
(၂၂) ကုန်း လမ်းမထင်သည့် ပင်လယ်သမုဒ္ဒရာ၌ နေ လ ဂြိုလ် နက္ခတ်
တာရာကို တိုင်း ချိန် တွက် စစ်ပြီး လိုရာ မြို့ ရွာ ဆိပ်ကမ်းသို့ ရောက်အောင် သင်္ဘောသွားနည်းကို ပြဆိုသည့် နာဘစ်ဂေးရှန်း(Navigation)စာအုပ်၊ 
(၂၃) ဗုံး အမြောက် သေနတ် မီးကျည် စသော လက်နက်မျိုးကို ပစ်လွှတ်နည်း၊ ခံမြို့ တည်ဆောက်နည်း စသော စစ်ရေး စစ်မှုနှင့် စပ်ဆိုင်သော ဗျူဟာအမျိုးမျိုးကို ပြဆိုသည့် မစ်လစ်ထရီ(Military Science)စာအုပ်၊ 
(၂၄) နာရီ ကြီး ငယ် စက်၊ ထည်မျိုး အုပ်မျိုး အသုံးအဆောင် ရက်လုပ်
သည့်စက်၊ မီးသင်္ဘောစက်၊ မီးရထားစက် မှစပြီး အရပ်ရပ် ကုန်းစက်
 ရေစက်များကို ပြဆိုသည့် မစ်ရှင်နရီ(Machinery)စာအုပ်......... 
စသောအားဖြင့် ပညာရပ်စာအုပ်များစွာ ဘာသာပြန်ဆိုခဲ့ကြပါတယ်။ ကုန်းဘောင်ခေတ်က ဘာသာပြန်ခဲ့တဲ့ အနောက်တိုင်းသိပ္ပံပညာစာအုပ်
စာရင်းတဲ့။ များလိုက်တဲ့ပညာရပ်တွေ၊ ဘာသာပြန်နိုင်ပြီဆိုမှတော့ တတ်မြောက်နေကြပြီလို့ ယူဆလို့ ရနေပြီပဲ။ အဲဒီခေတ်အခါက အနောက်တိုင်းမှ ပညာဗဟုသုတ အလင်းရောင်ကိုရအောင် ရှေးဦးစွာ
 ကြိုးပမ်းခဲ့ကြတဲ့ ရှေးမြန်မာတွေ ဘယ်လိုအဆင့်အတန်းထိ ရောက်
ခဲ့တယ်ဆိုတာ ထင်းထင်းကြီးပေါ်လွင်စေခဲ့ပြီပဲ။ ပန်းတဉ်းဝန်ထောက်၊ ဖန်ချက်ဝန်ထောက်၊ သံချက်ဝန်တို့ကတော့ ပညာလမ်းကို ရှေးဦးစွာ ညွှန်ပြခဲ့တဲ့ အဲဒီခေတ်အခါက ထင်ရှားတဲ့ ပညာတတ်လူငယ်တွေဖြစ်ကြ
ပါတယ်။ 

ကနောင်မင်းသားကြီးနဲ့ပူးပေါင်းကြိုးပမ်းခဲ့ကြတဲ့ ထိုထိုသောပုဂ္ဂိုလ်ကြီးများရဲ့ ဥာဏ်အမြော်အမြင်၊ ကြိုးပမ်းအားထုတ်မှုတွေကတော့ အာရှမှာ ဘယ်နိုင်ငံ
သမိုင်းနှင့် ယှဉ်ယှဉ် နိမ့်ကျမယ် မထင်ပါဘူး။ သူ့ခေတ်သူ့အခါ အသီးသီးက
 နိုင်ငံအတွက် ကြိုးစားအားထုတ်ခဲ့ကြတဲ့သူတိုင်းကို ကျွန်တော်တို့
နှောင်းလူတွေအနေနဲ့ အသိအမှတ်ပြု ဂုဏ်ယူလေးစားကြရပေလိမ့်မယ်။ (ဆရာမောင်ထင်ရေးသားတဲ့ ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်းမှ အချက်အလက်များကို ထုတ်နှုတ်ရေးသားပါတယ်။)

**မင်းအရိပ်**
မင်းတုန်းမင်းနန်းတက်ပြီး မကြာခင်မှာပဲ ကနောင်မင်းသားကြီးနဲ့ ယော
အတွင်းဝန်ဦးဖိုးလှိုင်တို့ဟာထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်အချို့ကို
ရွေးချယ်ပြီး အဲဒီခေတ်က ခေတ်မီနိုင်ငံ
များဖြစ်ကြတဲ့အင်္ဂလန်၊ အီတလီ၊
ပြင်သစ် စတဲ့နိုင်ငံတွေကို ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါတယ်။

လပြည့်နေ့ဆိုတာ....

ဒီနေ့ လပြည့်နေ့ ဘယ်မှမသွားပါဘူး။ သွားချင်စိတ်လည်း မရှိပါဘူး ဘာလို့လဲဆိုတော့ စောစောစီးစီး လူနာတင်ကားသံ ကြားလိုက်ရလို့ပါဘဲ။ ဒီတော့ ကျွန်တော်သိလိုက်ပါပြီ။ အရင် လပြည့်နေ့တိုင်းလိုလိုဘဲ မူးကြရမ်းကြတွေ အရင်ထက်ကို များလာလို့ပါ။ နောက်ပြီး နေ့လည်တုန်းက တွေ့လိုက်တဲ့မြင်ကွင်းတစ်ခုဟာ မြန်မာမိန်းကလေးထုကို ထိခိုက်စေတဲ့ မြင်ကွင်းတစ်ခုပါ။ အခုခေတ် မြန်မာမိန်းကလေးများ အတုမယူကြမိစေချင်လို့ အမုန်းခံရေးလိုက်တာပါ။ ဆိုင်ကယ်က ဒိုအမျိုးအစား မီးခိုကတစ်အူအူ ဝတ်ထားတာက စပို့ရှပ်နဲ့ ဘောင်းတီအတို ဒီနေ့လပြည့်နေ့နဲ့ လားလားမျှ မအပ်စပ်ပါ။ သားသမီးမကောင်း မိဘခေါင်း ဆိုပေမယ့် မိဘများကိုတော့ အပြစ်မဆိုလိုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပေါက်ဖော်ကြီးတွေလေ။ ဒီတော့ ငါတို့ မြန်မာ မိန်းကလေးတွေက အတုမြင်အတတ်သင် မလုပ်ဖို့ဘဲ အရေးကြီးတယ်လေ။ ငါတို့က ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေပါ။ ဆင်ခြင်ဥာဏ်ကတော့ လူတိုင်းမှာ ရှိကြပါတယ်။ ဆင်ခြင်ဥာဏ်မရှိတာကတော့ ဘာတွေလဲဆိုတာ လူတိုင်းသိကြမှာပါ။

"လပြည့်နေ့မှာ ကောင်းမှုမြတ်နိုး ကောင်းအောင်ကျိုး၍ ကောင်းကျိုးကိုယ်၌ တည်ကြပါစေ မျိုးမြန်မာတို့ရေ...!!!"

ရွှေမန်းသားလေးဝေယံ
28.11.2012 3:39PM

ဒီနေ့ လပြည့်နေ့ ဘယ်မှမသွားပါဘူး။ သွားချင်စိတ်လည်း မရှိပါဘူး ဘာလို့လဲဆိုတော့ စောစောစီးစီး လူနာတင်ကားသံ ကြားလိုက်ရလို့ပါဘဲ။ ဒီတော့ ကျွန်တော်သိလိုက်ပါပြီ။ အရင် လပြည့်နေ့တိုင်းလိုလိုဘဲ မူးကြရမ်းကြတွေ အရင်ထက်ကို များလာလို့ပါ။ နောက်ပြီး နေ့လည်တုန်းက တွေ့လိုက်တဲ့မြင်ကွင်းတစ်ခုဟာ မြန်မာမိန်းကလေးထုကို ထိခိုက်စေတဲ့ မြင်ကွင်းတစ်ခုပါ။ အခုခေတ် မြန်မာမိန်းကလေးများ အတုမယူကြမိစေချင်လို့ အမုန်းခံရေးလိုက်တာပါ။ ဆိုင်ကယ်က ဒိုအမျိုးအစား မီးခိုကတစ်အူအူ ဝတ်ထားတာက စပို့ရှပ်နဲ့ ဘောင်းတီအတို ဒီနေ့လပြည့်နေ့နဲ့ လားလားမျှ မအပ်စပ်ပါ။ သားသမီးမကောင်း မိဘခေါင်း ဆိုပေမယ့် မိဘများကိုတော့ အပြစ်မဆိုလိုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပေါက်ဖော်ကြီးတွေလေ။ ဒီတော့ ငါတို့ မြန်မာ မိန်းကလေးတွေက အတုမြင်အတတ်သင် မလုပ်ဖို့ဘဲ အရေးကြီးတယ်လေ။ ငါတို့က ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေပါ။ ဆင်ခြင်ဥာဏ်ကတော့ လူတိုင်းမှာ ရှိကြပါတယ်။ ဆင်ခြင်ဥာဏ်မရှိတာကတော့ ဘာတွေလဲဆိုတာ လူတိုင်းသိကြမှာပါ။

"လပြည့်နေ့မှာ ကောင်းမှုမြတ်နိုး ကောင်းအောင်ကျိုး၍ ကောင်းကျိုးကိုယ်၌ တည်ကြပါစေ မျိုးမြန်မာတို့ရေ...!!!"

ရွှေမန်းသားလေးဝေယံ
28.11.2012 3:39PM

Myanmar ICT Journal download list

Myanmar ICT Journal Download list ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ရက်စွဲအလိုက်ရော အမှတ်စဉ်ကိုပါ ဖော်ပြပေထားတဲ့အတွက် အဆင်ပြေပြေ ဒေါင်းနိုင်ပါတယ်ဗျာ...

လမြတ်တန်ဆောင်တိုင်ဆီ

ချမ်းအေးသာစွ
တန်ဆောင်တိုင်ညခါ
တာရာအပေါင်း
စုကာညောင်းလို့
နက္ခတ်သဘင်ပွဲ
ဆင်နွှဲခဲ့ပြီ
နွယ်မြက်သစ်ပင်
ဆေးဖက်ဝင်သည်

ခါးခါးသက်သက်
မယ်ဇလီနဲ့
ရေနွေးတွဲဖက်
စားကာသောက်လို့
ပျော်ရွှင်ယှဉ်နွှဲ မုန့်လုံးပွဲစည်
လမြတ်တန်ဆောင်တိုင်ဆီ....

ရွှေမန်းသားလေး ဝေယံ
၂၈.၁၁.၁၂ ၂၃း၅၃မိနစ်

Monday, November 26, 2012

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ

 

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ စာအုပ်လေးတင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ရဲ့ ပထမဆုံး သမိုင်းဝင်တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ အစ်ကိုပြည့်ဖြိုးရဲ့ ဆိုဒ်ကနေတစ်ဆင့်ပြန်တင်ပေးထားခြင်းဖြစ်ပါတယ်ခင်မျာ။ အောက်မှာဒေါင်းနိုင်ပါပြီ။ 


တမ်းချင်း



တစ်စက်တစ်စက်ကျနေတဲ့
သန်းခေါင်ညရဲ့ငိုညည်းသံ
ဖျော့တော့တော့လရောင်အောက်မှာ
အိပ်မောကျနေတဲ့ကမ္ဘာမြေပေါ်ကျနေလေရဲ့…

မေရယ်...

မေရယ်
လျှာနဲ့သွားတောင် အခန့်မသင့်ရင်
ကိုက်မိတတ်တာ သဘာဝဘဲလေ...
ဒီလိုပါဘဲ...

အိပ်စက်သူတစ်ယောက်ရဲ့ နှုတ်ဆက်စကား



မှောင်မိုက်မိုက် ညသန်းခေါင်မှာ
လောင်မြိုက်မြိုက် ငါ့ရဲ့အသည်းက
မင်းကို တမ်းတလေနေရဲ့...

ထိန်းမရတဲ့ ငါ့ရဲ့စိတ်ထဲက
အဝေးကိုလွင့်နေခဲ့တာ
ဟိုကမ္ဘာတစ်ဖက်ဆီ...

Mobile Guide journal Issue#79

 Photo: Download Mobile Guide journal Issue#79 here >>>

http://www.mediafire.com/?6s7is8gjetye46k
Download Mobile Guide journal Issue#79 here >>>

Mobile Guide journal Issue #78

 Photo: Download Mobile Guide journal Issue #78 here >>>

http://www.mediafire.com/?nfhjhdu4azuj9u7
Download Mobile Guide journal Issue #78 here >>>

Mobile Guide Issue#77

Photo: Download Mobile Guide Issue#77 >>>

http://www.mediafire.com/?2w0ejhbrs757exf
Download Mobile Guide Issue#77 >>>

Mobile Guide Journal Issue#76

 Photo: Download Mobile Guide Journal Issue#76 here >>>

http://www.mediafire.com/?uzjcfyzzxvi6hj4
Download Mobile Guide Journal Issue#76 here >>>

ဒီတစ်ပတ်ထုတ် Mobile Guide Journal Issue 80

ကဲ... ဒီတစ်ပတ်အတွက် ထွက်ရှိလာတဲ့ Mobile Guide Journal လေးပါဗျာ...
အရင်အပတ်က မတင်ပေးဖြစ်တာတွေကိုလည်း တင်ပေးသွားမှာပါ..
အောက်မှာ ဒေါင်းလိုက်ပါဗျ...

December မှာစပြီး စန်းပွင့်လိုသူများအတွက်..

ကဲ... မရေးဖြစ်တာကြာလို့ ရေးလိုက်ဦးမယ်ဗျာ...
ရေးမယ့်ရေးတော့လည်း သူများကို အဆင်ပြေစေချင်တာ ရေးချင်လို့ ဆရာစံဇာဏီဘို ပြောတဲ့ဟာလေး ရေးလိုက်ပါတယ်ဗျာ. အဲဒါကတော့ လာမည့် December မှစပြီး စန်းပွင့်လိုသူများအတွက်ပါ. အောက်ပါနည်းအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။ အပျိုကြီး၊ လူပျိုကြီးတွေတောင် အောင်မြင်တယ်ဆိုဘဲ...

Friday, November 23, 2012

တူညီယှဉ်လှမ်း ဘဝလမ်း

တစ်သက် တစ်ဘဝ
ရင်မှာ စွဲစွဲ မခွဲထာဝရ
ချစ်ခြင်းတရား ခိုင်မြဲစွာဖြင့်
နှစ်ကိုယ်တူညီ
လျှောက်လှမ်းကြမည်
ဘဝလမ်းထက်ဆီ...
တွဲလက်ခိုင်မြဲ
မယိုင်ဇွဲဖြင့် တူယှဉ်လက်တွဲ
ဖြတ်သန်းကြမည်
ခရောင်းလမ်းဆီ...
နှစ်ဦးတိုင်ထား
သစ္စာတရား ခိုင်မြဲအားကြောင့်
ဘဝခရီးလမ်း အဆုံး၌ဝယ်
ပျော်ရွှင်လန်းဆန်း ချစ်ရည်ရွှမ်းစေသတည်း...
မောင်ခေါ်ရာနောက် တူယှဉ်လျှောက်ဖို့
အသင့်ဖြစ်ပါစေ မေ...

လင်းယံခ
၁၄.၁၁.၂၀၁၂
နေ့လည် ၁၂း၅၇

Barcamp Mandalay 2013 ကို Jan 26တွင် ကျင်းပရန် စီစဉ်

လာရောက်သူများကို ပိုစ့်အသစ်မတင်ဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ဗျာ... အခုတလောက နည်းနည်းလေးလို့ပြောရအောင်လည်း မဖြစ် များများကြီးရယ်လို့လည်းမရှိတဲ့ အလုပ်လေးတွေ ရှိနေလို့ ပိုစ့်က မတင်ဖြစ်တာပါ။

Sunday, November 4, 2012

Virus အကြောင်း E-books များ

 
Virus နဲ့ပတ်သက်တဲ့ e-book များကို တင်ပေးလိုက်ပါတယ်။ Virus အကြောင်း လေ့လာလိုသူများအတွက် အဆင်ပြေစေဖို့အတွက်ပါ။ နောက်ပြီး virus အကြောင်း မေးထားတဲ့သူလည်း ရှိလို့ပါ။ နောက်ပိုင်းလည်း ဆက်တင်ပေးသွားမှာပါ။ ကျေးဇူးတင်ပါတယ်ဗျာ....



Virus များနှင့် ကခုန်ခြင်း
http://minus.com/l5BiKETppoUfA

The Voice Weekly Vol.8/No.44 Download


Photo: The Voice Weekly Vol.8/No.44 PDF File ကို ဒေါင်းလုပ်ရယူနိုင်ပါပြီ။

Drop Box မှ ဒေါင်းလုပ်ရယူရန်။
https://www.dropbox.com/s/ms539o4xs5ua6c8/TheVoice%208-44.pdf

Mediafire မှ Download ရယူရန်

http://www.mediafire.com/view/?16dc83n9u3uvs6m
ကဲ.... ဒီတစ်ပတ်အတွက် ထုတ်လိုက်တဲ့ The Voice Weekly Journal ကိုတော့ အောက်မှာ သွားယူလိုက်ကြပါဗျ.....

နိုဝင်ဘာလအတွက် ဟောစာတမ်း (ဆရာ အောင်ငြိမ်းမြတ်)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( နိုဝင်ဘာလ ၂၀၁၀ )

( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လာဘ်လာဘ ရွှင်မယ်။ မျက်နှာပွင့်မယ်။ မိတ်ဆွေတို့ရဲ့ ကူညီမှု စောင့်ရှောက်မှု ခံရတတ်တယ်။ သားသမီးသော်၎င်း၊ အောက်လက်ငယ်သားသော်၎င်း သူတို့အတွက် စိတ်သောက ရောက်ရတတ်တယ်။

Related Posts Plugin for WordPress, Blogger...

My Account