Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, November 26, 2012

တမ်းချင်း



တစ်စက်တစ်စက်ကျနေတဲ့
သန်းခေါင်ညရဲ့ငိုညည်းသံ
ဖျော့တော့တော့လရောင်အောက်မှာ
အိပ်မောကျနေတဲ့ကမ္ဘာမြေပေါ်ကျနေလေရဲ့…

ငါ့အိပ်မက်တွေကို
ဘယ်သူမှဆေးမခြယ်ပေးကြသလို
သူများအိပ်မက်တွေကိုတော့
ငါဆေးခြယ်ခွင့်ရနိုင်ကောင်းပါရဲ့…

အပေတေတစ်ယောက်ရဲ့
ကျောင်းဆင်းချိန်မှာ
ရေကူးသင်နေတဲ့မြစ်မှာ
ငါရေကူးနေဆဲပါလား…

ကြယ်မစုံတဲ့ညဟာ
အိပ်မက်နတ်သမီးကို
သံစဉ်ကောင်းတွေမပေးနိုင်တာ
ခံစားချက်မပါတဲ့ငါ့ကဗျာလိုဘဲ…

ခံစားချက်မပါတဲ့ကဗျာတွေ
ငါဘာလို့ရေးမိနေပါလိမ့်…

ဒါပေမယ့်
ကဗျာရေးတာခံစားချက်ရှိလိုပေါ့…

သေချာဆန်းစစ်ကြည့်တော့
ခုန်နေတဲ့ငါ့နှလုံးကတဒုတ်ဒုတ်
ကုတင်ပေါ်မှာထိုင်နေတဲ့ငါဟာငုတ်တုတ်
မင်းအတွက်တော့ငါဟာအရှုပ်ထုပ်…

အရှုပ်ထုပ်တစ်ယောက်ရဲ့ချစ်ခြင်းကို
သစ်ပင်ပေါ်ကငှက်တွေမသိနိုင်သလို
ငါ့နှလုံးသားကတမ်းချင်းကိုလည်းစာမဖွဲ့နိုင်ဘူး…


လင်းယံခ
၂၇၁၀၁၂၂၄၁၁

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account