Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, November 26, 2012

အိပ်စက်သူတစ်ယောက်ရဲ့ နှုတ်ဆက်စကား



မှောင်မိုက်မိုက် ညသန်းခေါင်မှာ
လောင်မြိုက်မြိုက် ငါ့ရဲ့အသည်းက
မင်းကို တမ်းတလေနေရဲ့...

ထိန်းမရတဲ့ ငါ့ရဲ့စိတ်ထဲက
အဝေးကိုလွင့်နေခဲ့တာ
ဟိုကမ္ဘာတစ်ဖက်ဆီ...

ရမ်သမ်မညီတဲ့ သီချင်းတစ်ပုဒ်ကို
ကီးမညီတဲ့ ဂစ်တာတစ်လက်နဲ့
တီးခတ်ကြည့်တော့ နာကျည်းချက်တွေက
အဝေးကိုထွက်ပြေးသွားပြီ
မပြေးတာက မင်းကိုချစ်တဲ့စိတ်...

အေးမြတဲ့ညဝတ်ရုံက ငါ့ကိုအိပ်စက်စေဖို့
အသင့်ပြင်နေပြီ...
ငါအိပ်စက်တော့မယ်...
ထာဝရ အိပ်စက်တော့မယ်... ငါ... ငါ...
ဘယ်တော့မှ ပြန်မထတော့တဲ့
အိပ်စက်ခြင်းနဲ့ အိပ် စက် တော့ မယ်...

ငါသာအိပ်စက်သွားပေမယ့်
ဘယ်တော့မှ မအိပ်စက်မှာက
မင်းကိုချစ်တဲ့ ငါ့ရဲ့နှလုံးသား...

ငါ့နှလုံးသွေးမရပ်တန့်သမျှ
မင်းရဲ့ဘဝ ပျော်ရွှင်စေသား...

လင်းယံခ
111112 1112

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account