Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, December 4, 2012

သင့်အလှကို အကောင်းဆုံးပံ့ပိုးပေးနိုင်မည့် မီးဖိုချောင်သုံးပစ္စည်းများ

သင့်အိမ်မီးဖိုချောင်ထဲက အသုံးအဆောင် ပစ္စည်းတချို့က သင့်အလှအပကို အကောင်းဆုံး အထောက်အကူ ဖြစ်စေ တယ် ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဘယ်လိုပုံစံ အသုံးဝင်သလဲဆိုတာကို လေ့လာ ကြည့်ရအောင်နော်။ အချိန် အနည်းငယ် ပေးပြီး ပြင်ဆင်လိုက်ရုံနဲ့ သင့်အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။


မျက်တောင်ဆိုးဆေး များလွန်းလျှင်
အားလုံး ပြင်ဆင်ပြီးလို့ မျက်တောင် ဆိုးဆေးဆိုး ချိန်မှာ အရမ်းကို ထူထဲ သွားခဲ့ရင် ပလတ်စတစ်ဇွန်း တစ်ချောင်းရဲ့ အောက်ခြေပိုင်းနဲ့ မျက်တောင်တွေကို ပွတ်သပ်ပေးလိုက်ပါ။ ပိုနေတဲ့ မျက်တောင်ဆိုး ဆေးတွေကို ပလတ်စတစ် ဇွန်းက အလွယ်တကူ စုပ်ယူသွားပြီး ပေကျံမှုလည်း မရှိတော့ပါဘူး။ ဇွန်းအောက် ခြေနဲ့ မျက်တောင် လေးတွေကို ကော့ရင်း မျက်တောင် ဆိုးဆေး အပိုတွေကို ညှိလိုက်ပါ။


မျက်လုံး မို့အစ်မှု ချက်ချင်းသက်သာချင်လျှင်
မနက်အိပ်ရာနိုးချိန်မှာဖြစ်စေ၊ ငိုထားလို့ဖြစ် စေမျက်လုံးတစ်ဝိုက် မို့အစ်နေတာကို သက်သာချင်တယ်ဆိုရင် အာလူးအစိမ်းကို ခပ်ပါးပါးလေးလှီးပြီး မျက်လုံးပေါ်မှာ ၁၀ မိနစ်လောက်တင်ထားကာ မျက်လုံးလေး ခဏ ပိတ်ထားလိုက်ပါ။ မျက်လုံးအေးသွားတဲ့ ခံစားမှုကို ရရှိစေပြီး ရောင်ရမ်းမှုနဲ့ ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါ တယ်။

ဝက်ခြံသက်သာစေရန် မျက်နှာပေါင်းတင်လိုလျှင်
မုန့်ဖုတ် ဆော်ဒါမှုန့် နှစ်ဇွန်းလောက်ကို ရေအနည်းငယ်နဲ့ ပျစ်နေအောင် မွှေလိုက်ပြီး မျက်နှာ အနှံ့ကို (မျက်လုံးနဲ့ နှုတ်ခမ်းတစ်ဝိုက်ကို ရှောင်ပါ) သုတ်လိမ်းပြီး ၁၅-၂၀ မိနစ်လောက်ကြာချိန်မှာ ရေနွေးနွေးလေးနဲ့ မျက်နှာ သစ်ချလိုက်ပါ။ ဝက်ခြံကို သက်သာစေပြီး မျက်နှာကို ဖြူဝင်းနေစေ ပါတယ်။
 
အရေပြား ခြောက်သွေ့မှု ကင်းချင်လျှင်
ကော်ဖီမှုန့်ကို ရေချိုးရာမှာသုံးတဲ့ ဆားပုံစံမျိုး အသုံးပြုပေးရမှာပါ။ ကော်ဖီမှုန့်တွေက အရေပြားပေါ်မှာ ကြေးချွတ် သန့်စင် ပစ္စည်းလိုပဲ အသုံးဝင်စေပါတယ်။ သင့်အရေပြားကို ခြောက်သွေ့စေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားသန့်စင် စေကာ ကော်ဖီမှုန့်ရဲ့ နူးညံ့တဲ့ အထိအတွေ့ကြောင့် ပွတ်တိုက်ချိန်မှာ အရေပြား နီရဲမှု မဖြစ်စေနိုင်ပါဘူး။

ဆံပင်သား ပိုမိုပျော့ပျောင်းလိုလျှင်
ဆံသားတွေ ပုံမှန်ထက်ပိုပြီး ပျော့ပျောင်းချင် တယ်ဆိုရင် ခေါင်းလျှော်ပြီးချိန်မှာ Mayonnaise ကို ပျော့ဆေးအနေနဲ့ သုံးပေးပြီး မိနစ် ၂၀ လောက် ထားပြီးမှ ရေဆေးချလိုက်ပါ။ အပူသိပ်မပြင်းတဲ့ ဆံပင် အခြောက်ခံစက်နဲ့ လေမှုတ်ကာ ဆံပင်တွေကို ခြောက်ပါစေ။ ပျော့ပျောင်း နေတဲ့ သင့်ဆံသားတွေကို တွေ့ရ ပါလိမ့်မယ်။
 

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account