Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, December 11, 2012

အချိန် ကြာမြင့်စွာ ထိုင်သူများ အနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေ မြင့်မား


နေ့စဉ် အချိန် ကြာရှည်စွာ ထိုင်ရသူများ အနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေ ပို၍ မြင့်မားကြောင်း သြစတြေးလျနိုင်ငံမှ လေ့လာချက် အသစ် တစ်ရပ်အရ သိရသည်။ သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေး ပြည်နယ်မှ အမျိုးသားနှင့် အမျိုးသမီးပေါင်း ၂၆၀၀၀၀ ၏ ကျန်းမာရေး အခြေအနေကို ၂၀၀၆ ခုနှစ်မှ စ၍ လေ့လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေ့လာချက် အရ တစ်နေ့လျှင် ၁၀ န

ာရီနှင့် အထက် ထိုင်နေရသူများ အနေဖြင့် တစ်နေ့လျှင် ၄ နာရီထက် လျော့နည်းစွာ ထိုင်သူများနှင့် နှိုင်းစာလျှင် သေဆုံးနိုင်ခြေ ၄၈ ရာခိုင်နှုန်း ပို၍ မြင့်မားကြောင်း တွေ့ရှိရသည်။ ဆစ်ဒနီ တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဌာနမှ အက်ဒရီယန်ဘူမန် ဦးဆောင်သော သုတေသန အဖွဲ့၏ လေ့လာချက်အရ ဥယျာဉ်စိုက်ပျိုးသူ၊ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူနှင့် ကလေးထိန်းသူ ကဲ့သို့သော လှုပ်လှုပ်ရှားရှား လုပ်ကိုင်ရသူများသည် စားပွဲ၌ထိုင်ကာ အလုပ် လုပ်သူများထက် ကျန်းမာရေး ပြဿနာ ပို၍ နည်းပါးကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် တစ်နေကုန်ထိုင်ကာ အလုပ် လုပ်ရသူများ အနေဖြင့် ၎င်းတို့၏ နေ့စဉ် လုပ်ငန်းတွင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုကို ထည့်သွင်းထားသင့်ကြောင်း အဆိုပါ သုတေသန အဖွဲ့က အကြံပြုထားသည်။ အချိန် ကြာမြင့်စွာ ထိုင်ခြင်းက သွေးထဲတွင် သကြားပါဝင်မှုနှုန်းကို မြင့်မားနေစေပြီး ယင်းအတွက် ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ဆိုသည်။

(Xinhua,30.9.11) NYM
By Good Health

Ref: Health Articles

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account