Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, December 11, 2012

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်ရောဂါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည်လေင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်


ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ

ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င် သည်။ ဆောင်းရာသီပြီးလျှင်နွေရာသီရောက်လေသည်။ သဘာဝလော ကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။

လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်း ချက်ကျကျလှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန် (အလယ်တန်းအောက် ကလေးသူငယ်များသည်ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်

(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်ေ သွးကြောေ ရာဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ် သည်။ ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်

(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါလေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

(ပါမောက္ခ ဒေါ်ခင်ဖြူ)

Ref: ကျန်းမာရေးစကားဝိုင်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account