ကျွန်တော့်အခန်းထဲ စာအုပ်စင်ကြီးရှင်းတော့
ငယ်ငယ်တုန်းက ကျောင်းသားကဒ်လေးတွေ တွေ့တော့ ကလေးဘဝကို ပြန်တမ်းတမိတယ်။
ကျွန်တော်ဘဝမှာ ပထမဆုံးစတက်ရတဲ့ ပညာနို့ရည် သောက်စို့ရတဲ့ နေရာလေးတွေက
မူကြိုတုန်းကဆိုရင် အမှတ်(၂) ယခင်ထွန်းလှေ
ဟ်ာတယ်
နားကပေါ့... မှတ်မှတ်ရရ မူကြိုမှာ ဆရာမနဲ့ စကားများလို့
ကျောင်းမသွားခဲ့တာလေးပေါ့.... မူလတန်းရောက်တော့ မန်းစည်ပင်ရုံးနာလေးက
အ.မ.က(၇).အမှတ်တရကတော့ ၄တန်းမှာ သချာင်္ဖြေတာ တစ်တန်းလုံးက ၉၉မှတ်တွေ
ကျွန်တော်က ၁၀၀အပြည့်ရလို့ အတန်းပိုင်ဆရာမက ပန်းနုမှာ စာအုပ်နဲ့ခဲတံ
ဝယ်ပြီးဆုချတာ ပထမဆုံး ဆုယူရတာပါဘဲ။
နောက်ပြီး မှတ်မှတ်ရရတစ်ခုရှိသေးတယ်။ ၃တန်းတုန်းကပေါ့... ညောင်ပင်ကို အသက်အောင့်ပြီး ၁၀ပတ် ပတ်ရင် မင်စာ တွေ့ရတယ်ဆိုလို့ သူငယ်ချင်း၅ယောက် သွားပတ်ကြတာ မင်စာတော့ မတွေ့ဘူး။ ဆရာမကြိမ်လုံးစာ တွေ့လိုက်ရတာတော့ အခုထိကို မှတ်မိတုန်းပါဘဲ။ဒီလိုနဲ့ ၅တန်းကနေ တက္ကသိုလ်ဝင်တန်း အထိကတော့ မန်းလေးက လူတိုင်းသိတဲ့ ထ(၁၆)ပေါ့... အမှတ်တရကတော့ ကျောင်းဘုရားက ဘုရားကို တစ်ကိုယ်လုံး သူငယ်ချင်းတွေ စုပေါင်းပြီး ရွှေချခဲ့ပေးတာရယ် (ဒါတောင်...မျက်နှာတော်က မချတတ်ရင် မလှမှာစိုးလို့တဲ့ ကျောင်းအုပ်ကြီး ဆရာမဒေါ်ထွေးထွေးသန်းက ရွှေဆိုင်းဆရာ ခေါ်ပေးရတယ်...)၊ ကျောင်းမှာ ဘာပွဲရှိရှိ နေရာတကာပြာတာ လုပ်ပေးခဲ့တာကတော့ မမေ့နိုင်ပေါင်...
ဒါနဲ့တက္ကသိုလ်ရောက်တော့ ရတနာပုံပေါ့... မြန်မာစာကျောင်းသားဆိုပြီး အထင်သေးတဲ့သူတွေ တွေ့ရပေမယ့် ဝမ်းမနည်းပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာလိုဆိုပေမယ့် တော်တော်ခက်လို့ဗျ...
သူတို့ကိုယ်တိုင်လည်း သင်ရတဲ့အခါ သိလာတယ်လေ...major တိုင်းမှာတော့ အခက်အခဲဆိုတာ ရှိမှာဘဲလေ...
တက္ကသိုလ်စတက်တော့ ၁၆က၉တန်း ဓါတုဆရာမ ဒေါ်လှလှအေးမှာတာ သွားသတိရတယ်။
"မာစတာတန်းဝင်အောင်လုပ်ပြီးတော့ နိုင်ငံခြားမှာ မြန်မာစာဧည့်ပါမောက္ခ သွားလုပ် ဝေယံ..."တဲ့။
လောလောဆယ်တော့ နည်းပညာလောကထဲကို ယောင်တောင်ပေါင်တောင်နဲ့ ရောက်နေမိပြီ ဆရာမတို့ရေ...
ရွှေမန်းသားလေး ဝေယံ
၅.၁၂.၁၂ ၂၃း၀၁မိနစ်
(သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတို့ကို ဤအတွေးအက်ဆေးဖြင့် ကန်တော့လိုက်ပါသည်။)

0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)