Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, December 15, 2012

တစ်နှစ်သား ရွှေမန်းသားလေး

http://i4.minus.com/j3H5FYwWqyRfe.jpg
အားလုံးဘဲ မင်္ဂလာပါဗျာ...
ဒီနေ့ကတော့ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ နေ့လေးထဲက တစ်ရက်ပါဘဲ... ဘာလို့လဲဆိုတော့ ဒီရွှေမန်းသားလေးဆိုက်ဟာ ဒီကနေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်လို့ပါဘဲ...
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဒီလိုအချိန်လေးမှာပေါ့... ကျွန်တော်ဟာ အင်တာနက်လည်း ကောင်းကောင်းမသုံးတတ်သေးပါဘူး။ ဆယ်တန်းပြီးကာစလည်းဖြစ် တက္ကသိုလ်ကလည်းစတက်ရမယ့်ကာလပေါ့။ အခုလို ဘလော့ဂ်ဂါတစ်ယောက်ဖြစ်လာလိမ့်မယ်လို့လည်း မတွေးမိဘူးဗျာ... ဒီလိုနဲ့ ဒီဇင်ဘာ၁၅ရက် နေ့ခင်းမှာ ကျောက်ဆည်သားနဲ့လိုင်းပေါ်မှာ ဆုံတယ်။ သူက သူ့ရဲ့ကျောက်ဆည်သားဘလော့ဂ်လေးကို ကြည့်ဖို့ဖိတ်ခေါ်တယ်။ ဒါနဲ့ ကျွန်တော်ဝင်ကြည့်လိုက်တယ်။ သဘောကျသွားတယ်ဗျာ... ကျွန်တော်က ဒီလိုwebsite ရေးတာ စိတ်ဝင်စားတာသိလို့ ကျွန်တော့်ကိုမေးတယ်။ မင်းရောဒီလိုမျိုး မရေးချင်ဘူးလားတဲ့။ ကျွန်တော့်အဖို့တော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုပေါ့ဗျာ... သူက Making Blog ဆိုတဲ့ e-book လေးပို့ပေးလိုက်တယ်။ ကျွန်တော်လည်း ဖတ်ကြည့်ပြီးတော့ စလုပ်ကြည့်တော့တာဘဲ။ မှတ်မိရသလောက် ပထမဆုံးစလုပ်တုန်းက waiyanlinnmdy.blogspot.com နဲ့ဗျ။ ဒါပေမယ့် အဲဒီနာမည်ကိုသိပ်မကြိုက်လို့ တစ်ပတ်လောက်ကြာတော့ shwemantarlaywaiyan.blogspot.com လို့ပြောင်းလိုက်တာကစပြီး ရွှေမန်းသားလေးလို့အမည်တွင်ခဲ့တာပါဘဲ... ဒီဘလော့လေးမရေးခင်တုန်းက www.webs.com တို့ www.weebly.com တို့မှာရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မိမိစိတ်ကြိုက် အသွင်အပြင်ပြောင်းလဲတာတို့ Plug-in တွေထည့်သွင်းနိုင်တော့ blogspot ကိုပိုပြီးအားစိုက်ဖြစ်သွားတာပါ. အခုဆိုရင် ကျွန်တော်ရေးလာခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်.. ဒီတစ်နှစ်တာကာလအတွင်းမှာ ကျွန်တော်မျှဝေပေးတဲ့စာလေးတွေကို အားပေးကြတဲ့ပရိသတ်များကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်.နောက်ပြီး အခုလိုကျွမ်းကျွမ်းကျင်ကျင်ဖြစ်လာအောင် online ကနေရော အပြင်မှာပါ ၀ိုင်းဝန်သင်ကြား ကူညီပေးခဲ့တဲ့ အကို၊အမများ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအားလုံးနှင့်တကွ ပိုစ့်များကို မျှဝေခွင့်ပြုပါသော Blogger နောင်တော်ကြီးအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်. ကျွန်တော့်ရဲ့ ပိုစ့်များကိုလည်း လွတ်လပ်စွာ မျှဝေပေးနိုင်ပါတယ်လို့ ပြောကြားရင်း...
အောက်က စာအုပ်ကလေးကို လက်ဆောင်ပေးလိုက်ပါတယ်ဗျာ...
ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ (ဖေမြင့်)


အားလုံးကို ခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)
ဖုန်း (+95-9) 910 42 825.
15.12.2012 00:01 မိနစ်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account