Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, July 7, 2012

Bluestacks ပရိုဂရမ်ကို အသုံးပြု၍ Apple Mac ပေါ်၌ Android App များကို သုံးစွဲနိုင်တော့မည်

လက်ရှိအချိန်၌ Android OS သုံးစွဲ၍ အလုပ်လုပ်သော စမတ်ဖုန်း ပိုင်ရှင်များ အနေဖြင့် နှစ်သက်သော Application များကို Apple Mac ကွန်ပျူတာပေါ်၌ သုံးစွဲနိုင်ရန် ရောင်နီသမ်းလာပြီ ဖြစ်ပေသည်။
  Bluestacks မှတစ်ဆင့် သုံးစွဲနိုင်မည် ဖြစ်သည်။ Android Application များကို Windows PC များ၌သုံးစွဲနိုင်မည့် Software tool ကို ထုတ်ပေးပြီး နောက်ပိုင်း ယခုကဲ့သို့ Mac ပေါ်တွင် သုံးစွဲနိုင်ရန် ထုတ်လုပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ယခုအခါ Alfa version အဆင့်သာ ရှိသေးသည်။ Bluestacks မှ ယခုကဲ့သို့ ထုတ်ပေးလိုက်ခြင်းမှာ မိမိနှစ်သက်သော ဆော့ဖ်ဝဲများကို မည်သည့် နေရာတွင်မဆို အပြောင်းအလဲ မရှိဘဲ စိတ်ချမ်းသာစွာ သုံးစွဲလိုသော သုံးစွဲသူများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။ လက်ရှိအချိန်အထိ Mac ပေါ်၌ ၎င်းတို့၏ application များကို သုံးစွဲနိုင်ရန် သဘောတူထားသည့် developer များမှာ ၁၇ ဦးသာ ရှိသေးသည်။ Bluetracks မှ ၎င်းတို့၏ Application များကို Mac ပေါ်၌ အလုပ်လုပ်ရန် သဘောတူညီမှု ရရှိရန် နောက်ထပ် အရေအတွက်များများ ပိုလိုအပ်ကြောင်းနှင့် Android appli-cation အရေအတွက်မှာ လက်ရှိအချိန်၌ လေးသိန်းအထိ ရှိကြောင်း ဆိုသည်။ Bluestracks ဆော့ဖ်ဝဲထုတ်လုပ်သော Bluestracks  ကုမ္ပဏီမှ ခေါင်းဆောင်ဖြစ်သူ Rosen Sharma က ဒီဆော့ဖ်ဝဲဟာ Apple ရဲ့ပတ်ဝန်းကျင်ကို ရောက်ရှိအောင် Android သုံးစွဲသူတွေကို ဆွဲခေါ်သွားပါလိမ့်မည်ဟု ၎င်း၏ ကြေညာချက်၌ ဖော်ပြထားသည်။ ၎င်းဆော့ဖ်ဝဲမှာ Application များကို Desktop ပေါ်၌ သာမက Tablet များပေါ်တွင်ပါ သုံးနိုင်ရန် စီမံထားသည်ဟု ၎င်းကဆိုသည်။ Apple ၏ Mac စတိုးတွင် ဝယ်ယူရသော Angry Birds ကဲ့သို့ လူကြိုက်များသော ပရိုဂရမ်များမှာ Android ဆိုက်များ၌ အခမဲ့ ရရှိသောကြောင့် ထိုသို့သော ပရိုဂရမ်များကို Mac ပေါ်၌ သုံးစွဲနိုင်ကြမည် ဖြစ်သည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account