Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, July 7, 2012

ပုဂ္ဂလိက ကုမ္ပဏီတချို့တွင် ဝန်ထမ်းလစာများအား ငွေစက္ကူအစား ATM ကတ်စနစ်ဖြင့် ပြောင်းလဲပေး

ပုဂ္ဂလိကကုမ္ပဏီတချို့တွင် မိမိတို့၏ ဝန်ထမ်းများအား လစာငွေစက္ကူအစား ATM ကတ်စနစ်ဖြင့် ပြောင်းလဲပေးလျက် ရှိသည်ဟု သိရသည်။
  “ATM ကတ်ဆိုတာ Automatic Tailer Machian လို့ ခေါ်ပါတယ်။ အဲဒီကတ်ရှိရုံနဲ့ ATM စက်ရှိတဲ့နေရာတိုင်းမှာ ငွေထုတ်ယူနိုင်ပါတယ်။ အခုချိန်မှာ ဘဏ်တွေက ATM ကတ်တွေကို ကိုယ့်ဘဏ်ကတ် အနေနဲ့ပဲ ပြုလုပ်ထားတဲ့အတွက် ကိုယ်လုပ်ထားတဲ့ ATM ကတ်အမျိုးအစားပေါ် မူတည်ပြီး ငွေထုတ်ယူရမှာပါ။ ဥပမာ ပြောရရင် ကျွန်မတို့ CB ဘဏ်မှာ CB ATM ကတ် ထုတ်ပါတယ်။ AGD ဆို AGD ATM ကတ် ထုတ်ပါတယ်။ KBZ ဆို KBZ ATM ကတ် ထုတ်ပါတယ်။ တကယ်လို့ ATM ကတ်ကို CB မှာ လုပ်ထားရင် CB ဘဏ်က ချထားပေးတဲ့ CB ATM စက်တွေမှာ ငွေထုတ်ယူနိုင်ပါတယ်။ အခု ATM ကတ်နဲ့ လစာပေးတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ တဖြည်းဖြည်း များလာတာ တွေ့ရတယ်။ အခု ကျွန်မတို့ CB ဘဏ်မှာတင် ကုမ္ပဏီ ၉ ခုလောက် ရှိတယ်။ ကုမ္ပဏီတွေအနေနဲ့ မိမိတို့ဝန်ထမ်းတွေကို ATM  ကတ်စနစ်နဲ့ လစာပေးချင်တယ်ဆို ကုမ္ပဏီက ကိုယ်စားလှယ်က ဘဏ်ကကိုယ်စားလှယ်နဲ့ လာရောက် ညှိနှိုင်းရပါမယ်။ ပြီးရင်ဝန်ထမ်းတွေရဲ့ လိုအပ်တဲ့ အချက်အလက်တွေ ပေးရမယ်။ လကုန်ရင် ဝန်ထမ်းအမည်၊ Account No ရယ် ပေးရမယ့်လစာရယ် ပြောရပါမယ်။ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ ATM ကတ်နဲ့ ကိုယ်နဲ့နီးစပ်ရာ ATM စက်မှာ မိမိရရှိတဲ့လစာကို လိုသလောက် ထုတ်ယူ သုံးစွဲနိုင်ပါတယ်” ဟု ATM ကတ်စနစ်ဖြင့် လစာပေးစနစ် အကြောင်းကို CB ဘဏ်မှ မန်နေဂျာဒေါ်စန္ဒာထွန်းက ပြောပြသည်။ ထိုသို့ ATM ကတ်စနစ်ဖြင့် လစာပေးခြင်းအားဖြင့် လစာရရှိရန် လစာပေးမည့်လူကို စောင့်စရာမလိုဘဲ မိမိ၏လစာကို ရရှိနိုင်သည့်အပြင် နယ်ဒေသများသို့ သွားရောက် အလုပ်လုပ်ရသူများ အနေဖြင့် မိမိ၏ လစာ ငွေများကို အချိန်နှင့်တပြေးညီ ရရှိနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု သိရသည်။ ATM ကတ်ကို ဘဏ်များတွင် သုံးစွဲသူ များပြားလာစေရန်အတွက် အခမဲ့ပြုလုပ်ပေးလျက် ရှိသည်ဟု သိရပြီး နောက်ပိုင်းတွင် ကတ်ဖိုးနှင့် နှစ်စဉ်ကြေးများ ကောက်ခံသွားမည်ဟု သိရသည်။

ကိုဟိန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account