Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, July 7, 2012

REGISTRY WASHER



Photo
ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေထဲမှာ ကွန်ပျူတာစနစ်ကို ပြုပြင်ထိန်းသိမ်းပေးမယ့် ဆော့ဖ်ဝဲလ်အရေအတွက်  များပြားစွာ ရှိနေတာကို သတိပြုမိကြပါလိမ့်မယ်။
ဒီအထဲကမှ Registry ကို ပြုပြင်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလ်အရေအတွက် ပိုမိုတွေ့ရှိ နေရခြင်းကတော့ Registry ဟာ ကွန်ပျူတာစနစ် တစ်ခုမှာ ဘယ်အတိုင်းအတာထိ အရေးပါတယ် ဆိုတာကိုပါ သိသာစေပါတယ်။ ဒီတစ်ပတ်မှာလည်း Registry Washer ဆိုတဲ့ Registry ပိုင်းဆိုင်ရာ ပြုပြင်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလ် အမျိုးအစားတစ်ခုနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ Registry Washer ဟာဆိုရင် Right Utilities Inc ရဲ့ ထုတ်ကုန်အမျိုးအစား တစ်ခုဖြစ်ပြီး၊ အခပေးဝယ်ယူရမယ့် ဆော့ဖ်ဝဲလ်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
 
ကွန်ပျူတာစနစ် တစ်ခုအတွင်းမှာရှိတဲ့ Registry ဖိုင်တွေကို စစ်ဆေးပြင်ဆင်ပေးမှာ ဖြစ်ပြီး ကွန်ပျူတာတစ်လုံးအတွက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ Registry Washer ရဲ့ အရွယ်အစားနဲ့ ပမာဏဟာလည်း သေးငယ်တဲ့အတွက် အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ရယူနိုင်မှာလည်း ဖြစ်ပါတယ်။ User Interface ကို ပထမဆုံးအနေနဲ့ လေ့လာကြည့်မယ်ဆိုရင်တော့ Registry Washer ဟာ သာမန်ဆော့ဖ်ဝဲလ် အမျိုးအစားတွေအတိုင်း ရိုးရှင်းနေပါတယ်။ အရောင်အသုံးပြုမှု အပိုင်းမှာလည်း အပြာရောင်နဲ့ အဖြူရောင်ကိုသာ အသုံးပြုထားတဲ့အတွက် မြင်တွေ့ရတာ များစွာအဆင်ပြေစေပါတယ်။ Registry Washer ရဲ့ ပုံစံမှာတော့ ဘယ်ဖက်မှာ Tab တွေရှိပြီး၊ ကျန်နေရာများကိုတော့ Tab တွေရဲ့ အကြောင်းအရာအလိုက် တစ်ခုချင်းစီ ဖော်ပြပေးမယ့် Interface က နေရာယူထားပါတယ်။
 
Registry Washer ရဲ့ Tab တွေကတော့ Registry Washer, Registry Tools, Settings နဲ့ Help တို့ ပါဝင်ပါတယ်။ ပထမဆုံး Tab ဖြစ်တဲ့ Registry Washer ကို လေ့လာကြည့်တဲ့အခါမှာတော့ Scan Registry for Errors နဲ့ Restore Backups တို့ ပါဝင်နေပါတယ်။ ဒီနှစ်ခုဟာလည်း Registry Washer ရဲ့ အဓိက လုပ်ဆောင်ချက်တွေဖြစ်ပြီး Registry ကို အကောင်းဆုံးပုံစံ အနေနဲ့ ပြင်ဆင်ပေးနိုင်မယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Scan Registry for Errors ကို နှိပ်လိုက်မယ်ဆိုရင်တော့ Dialog Box တစ်ခု အသစ်ထပ်မံ ထွက်ပေါ်လာမှာဖြစ်ပြီး၊ အဆိုပါ Dialog Box အတွင်းမှာတော့ မိမိစစ်ဆေးလိုတဲ့ Registry အစိတ်အပိုင်းတွေကို တစ်ခုချင်းစီအလိုက် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ မိမိစစ်ဆေးလိုတဲ့ အပိုင်းတွေကို ရွေးချယ်သတ်မှတ်ပေးနိုင်ပြီး၊ မလိုအပ်တဲ့ နေရာတွေကိုလည်း ဖြုတ်ထားခဲ့နိုင်မှာ ဖြစ်ပါတယ်။ Dialog Box မှာပါဝင်တဲ့ Start Scan ကို နှိပ်လိုက်မယ်ဆိုရင်တော့ အထက်မှာ Click ပေးထားတဲ့ အကြောင်းအရာတွေ အားလုံးကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
 
စစ်ဆေးပြီးချိန်မှာတော့ Registry Errors တွေကို ပြသပေးထားမှာ ဖြစ်ပြီး Fix Errors ကနှိပ်ကာ အလွယ်တကူ Fix ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Restore Backup ကတော့ Registry တစ်ခုမှာ အရေးအပါဆုံး ကိစ္စရပ်တစ်ခုဖြစ်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ Registry တစ်ခုကို မပြင်ဆင်မီမှာ Backup ပြုလုပ်ထားဖို့ လိုအပ်သလို၊ အဆင်မပြေတဲ့ အချိန်တွေမှာလည်း Restore ပြုလုပ်ခြင်းအားဖြင့် အခက်အခဲတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ Registry Tools Tab ကို ဆက်လက် လေ့လာကြည့်မယ် ဆိုရင်တော့ BHO Manager, Search Registry, Windows Startup Manager တို့ ထပ်မံပါဝင်တာကို တွေ့ရပါတယ်။ BHO Manager မှာတော့ Web Browser နဲ့ ပတ်သက်တဲ့ အချက်အလက်များ ပါဝင်မှာဖြစ်ပြီး၊ Search Registry ကတော့ Registry ဖိုင်တွေကို ရှာဖွေတဲ့နေရာမှာ အသုံးပြုပါတယ်။ Windows Startup Manager ကတော့ ကွန်ပျူတာစနစ်တစ်ခု စတင်လုပ်ဆောင်ချိန်မှာ တစ်ပါတည်း ပါဝင်လာမယ့် Process တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။
 
Setting Tab မှာတော့ Registry Washer ကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်မယ့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Registry Washer ကို အလိုအလျှောက် လုပ်ဆောင်ပေးနိုင်မယ့် Schedule ပါဝင်သလို၊ Driver, File and Folder, Registry Paths နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း ပြင်ဆင်ပေးနိုင်မှာ ဖြစ်ပါတယ်။ Help Tab မှာ ပါဝင်တဲ့ အကြောင်းအရာ အများစုကတော့ Registry Washer ကို အသုံးပြုသူများအတွက် Tutorial တွေကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။Registry Washer ရဲ့ အကောင်းမွန်ဆုံး လုပ်ဆောင်ချက်တွေဟာ သင့်ရဲ့ ကွန်ပျူတာကို အကောင်းဆုံး စွမ်းဆောင်ရည် ရရှိစေနိုင်မှာဖြစ်ပြီး Registry နဲ့ ပတ်သက်လာရင်တော့ ရွေးချယ်အသုံးပြုသင့်တဲ့ ဆော့ဖ်ဝဲလ် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ကိုစိုင်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account