Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, July 16, 2012

လစဉ်အောင်ဘာလေ ထီပေါက်မပေါက် Call Center သို့ ဖုန်းဆက် မေးမြန်းနိုင်

အောင်ဘာလေထီပေါက်စဉ် တိုက်ပေးခြင်းကို Call Center မှ လစဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။  www.myanmarelottery.com ဝက်ဘ်ဆိုက်လိပ်စာမှ တစ်ဆင့် အောင်ဘာလေ ထီတိုက်ပေးခြင်းကို ဆောင်ရွက်ပေးလျှက် ရှိကြောင်း သိရသည်။
“အွန်လိုင်းကနေ ထီတိုက်ပေးတာ ဖြစ်ပါတယ်။ အက္ခရာနဲ့ ထီနံပါတ်ကို ဖုန်းဆက်ပြောရုံနဲ့ Call Center ကနေပြီး ထီနံပါတ်ကို ရှာဖွေပေးမှာ ဖြစ်ပါတယ်” ဟု Call Center မှပြောကြားသည်။ www.myanmarelottery.com ဝက်ဘ်ဆိုက်တွင် ထီဆုကြီးများ (ကျပ်သိန်း ၁၅၀၀ မှ မင်္ဂလာစုံတွဲ ကျပ်သိန်း ၁၀၀ အထိ) ကို လစဉ် တစ်ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် စတင် တိုက်နိုင်မည် ဖြစ်ပြီး ကျန်ဆုများအား တစ်ရက်နေ့ ညနေပိုင်းနှင့် နှစ်ရက်နေ့ အစောပိုင်းများတွင် တိုက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ဖုန်းနံပါတ် ၁၈၇၆ သို့ ဆက်သွယ်ကာ အထွေထွေ စုံစမ်းမေးမြန်းမှုကဏ္ဍ၌ အဆိုပါ လစဉ် အောင်ဘာလေထီပေါက်စဉ် တိုက်ပေးခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အဆိုပါကဏ္ဍ၌ ရွှေဈေး၊ ငွေဈေး၊  ပဲဈေး၊ ရေနံဈေးများ၏ နေ့စဉ်ဈေးနှုန်းများနှင့် အခြားကုန်ဈေးနှုန်း သတင်းများကိုလည်း မေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ ခေါ်ဆိုမေးမြန်းခ ပေးချေစရာမလိုဘဲ ဖုန်းခေါ်ဆိုစဉ် ကျသင့်သည့် ဘီလ်ခေါ်ဆိုခသာ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account