Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, July 16, 2012

Ubuntu OS ပေါ်မှာ k3b Burner Application ကို ထည့်သွင်း အသုံးပြုပုံ



Photo
Ubuntu OS အသုံးပြုသူတွေ Ubuntu OS ပေါ်မှာ CD, DVD အစရှိတာတွေကို ကူးယူချင်သူတွေ၊ ဖန်တီးပြုလုပ်ချင်သူတွေ အတွက် Ubuntu OS ပေါ်မှာ အသုံးပြုနိုင်မယ့်  Burning Software ဖြစ်တဲ့ k3b ဆိုတဲ့ DVD/CD Video Burner ဆိုတဲ့ Application တစ်ခု ရှိပါတယ်။
k3b Application ဟာ CD, DVD နဲ့ Video CD အစရှိတာတွေကို Ubuntu OS ပေါ်ကနေ အလွယ်တကူ Burning ပြုလုပ်နိုင်အောင် စီစဉ်ပေးထားတဲ့ Application တစ်ခု ဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူပြီး စတင် အသုံးပြုမယ့် သူတွေတောင် အလွယ်တကူ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတာကြောင့် သုံးစွဲသူတွေအတွက် အဆင်ပြေပြေ အသုံးပြုနိုင်မယ့် Application ဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာတော့ Ubuntu OS ပေါ်မှာ CD, DVD တွေကို Burn ချင်သူတွေအတွက် k3b Application ထည့်သွင်းပုံတွေကို ရွေးချယ် တင်ပြလိုက်ပါတယ်။ Ubuntu OS ပေါ်မှာ k3b Application ကို ထည့်သွင်း အသုံးပြုဖို့အတွက် Ubuntu OS ရဲ့ Ubuntu Software Centre ဆိုတဲ့ နေရာကို သွားရမှာ ဖြစ်ပါတယ်။ Ubuntu Software Centre ကို ရောက်ပြီဆိုရင် Sound & Video ဆိုတဲ့ Category အောက်ကို သွားရမှာ ဖြစ်ပါတယ်။ Sound & Video Category အောက်ကို ရောက်ပြီဆိုရင် k3b DVD Burner ဆိုတဲ့ Application ကို Select လုပ်ပြီး ရွေးချယ်လိုက်မယ်ဆိုရင် အနောက်မှာ Install ဆိုတဲ့ Button ပေါ်လာမှာ ဖြစ်ပါတယ်။
 
Install Button ပေါ်လာရင် ကလစ်နှိပ်ပြီး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Install  ပြုလုပ်ပြီးပြီ ဆိုရင်တော့ Dash Home ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် k3b ဆိုတဲ့ Keyword ကို ရိုက်ထည့်လိုက်ရင် အဲဒီ Application ကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ k3b Application ကို ရွေးချယ် ကလစ်နှိပ်ပြီး သင်နှစ်သက်ရာနဲ့ CD, DVD တွေကို Burning ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ k3b Application မှာ Video DVD, Video CD, Super Video CD, China Video Disc, DivX/MPEG 4  အစရှိတာတွေကို မိမိနှစ်သက်ရာ ရွေးချယ် ကူးယူနိုင်အောင် အစီအစဉ်တကျ စီပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ သင်ရဲ့ DVD RW Drive ထဲမှာ ထည့်ထားတဲ့ DVD, CD အစရှိတာတွေကို အသေအချာ စီစစ်ပြီး မည်သည့် အမျိုးအစားမှာ ကူးယူနိုင်မယ် ဆိုတာကို သိရအောင်လည်း Disc Type Selection နဲ့ စီစဉ်ပေးထားပါတယ်။ Open Source Application ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ စွမ်းဆောင်ရည် မြင့်ပြီး ပေါ့ပါးတာကြောင့် Ubuntu User တွေ စိတ်ကြိုက်ဖြစ်စေမယ့် Applicaiton တစ်ခု ဖြစ်ပါတယ်။ Command Line မှ ထည့်သွင်း အသုံးပြုချင်သူတွေ အတွက် ပထမဦးဆုံး Ctrl+Alt+T ကို နှိပ်ပြီး Terminal ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Terminal ကို ရောက်ပြီဆိုရင် #sudo apt-get install k3b ဆိုတဲ့ command ကို ရိုက်ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သီဟ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account