Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, July 16, 2012

Samsung နှင့် HTC Android OS ဖုန်းများ ပါဝါသေခြင်းအတွက် ဆော့ဖ်ဝဲ အသစ် ပြန်ရေးခြင်းများ ပြုလုပ်နိုင်

ဈေးကွက်အတွင်းတွင် လူသုံးများလျက်ရှိသော Android OS ဖုန်းများ ဖြစ်သည့် Samsung နှင့် HTC ဖုန်းများအတွက် ဖုန်းပါဝါ သေသွားခြင်းနှင့်  ဖုန်းတွင်း Firmware စနစ်များပျက် စီးသွားခြင်းတို့အတွက် Firmware အသစ် ပြန်လည် ရေးသားခြင်းများအား ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဈေးကွက်အတွင်းတွင် ရောင်းချပေးလျက်ရှိသော Samsung Galaxy SII ဖုန်းများတွင် i9100, i9100G, i9100T အစရှိသဖြင့် မော်ဒယ် နံပါတ်များ ကွဲပြားလျက်ရှိပြီး ယင်းဖုန်းများထဲမှ i9100G နှင့် i9100T တို့တွင် OS Version မြှင့်တင်ပါက ဖုန်းပါဝါ သေသွားသော ပြဿနာများ ရှိကြောင်း သိရသည်။ ထို့ပြင် အချို့သော ဖုန်းများ၌ ဖုန်းအတွင်းရှိ ဆားကစ်ပြား တစ်ခုလုံးအား ခွာထုတ်ကာ Firmware အသစ် တစ်ဖန် ပြန်လည် ရေးသားရသော အခက်အခဲများလည်း ရှိကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ အဆိုပါ ဖုန်းများအား ပြုလုပ်ပေးလျက်ရှိသော X Code မိုဘိုင်းဖုန်း အရောင်းဆိုင်မှ ကိုပြည့်ဖြိုးမှ ပြော ပြရာတွင် “လက်ရှိဈေးကွက်ထဲမှာ အပျက်များနေတာကတော့ Samsung နဲ့ HTC တွေပါပဲ။ Samsung တွေမှာ အမျိုးအစားချင်းတူတူ၊ မော်ဒယ်နံပါတ်ချင်း တူတူကိုတောင် နောက်ဖက်ကနေ ထပ်တိုးထားတဲ့ စာလုံးလေးတွေကို သတိမထားပဲ Firmware အသစ်တင်လိုက်လို့ ဖုန်းပါဝါ သေသွားတာတို့၊ ဖုန်းတစ်လုံးလုံးကို ခွာပြီး အသစ်ပြန်ရေးရတာတို့အထိ ဖြစ်တတ်ပါတယ်။
 
အမျိုးအစားတူ၊ မော်ဒယ်တူဆိုပေမယ့် အတွင်းပိုင်းမှာ အသုံးပြုထားတဲ့ Hardware ပိုင်းဆိုင်ရာတွေမှာ မတူညီတဲ့အတွက်ကြောင့် ဒီလိုအခက်အခဲနဲ့ ပြဿနာမျိုးတွေ ဖြစ်လာရတာပါ။ HTC တွေကတော့ Root ပြုလုပ်လို့မရတဲ့ ပြဿနာနဲ့ Root လုပ်ရင်း ပါဝါ သေသွားတာတွေ ဖြစ်တတ်ပါတယ်။ အချို့ဖုန်းတွေမှာ Download Mode ပျောက်သွားတဲ့အတွက် ဘာမှ ဆက်လုပ်လို့ မရတော့ပဲ ပါဝါသေသွားပါတယ်။ အချို့ဖုန်းတွေ ကျတော့လည်း Download Mode ပျောက်ရုံတင်မဟုတ်ပဲ ဖုန်းတစ်ခုလုံး ခွာပြီး အသစ်ရေးရတဲ့ထိ ဖြစ်ကြပါတယ်။ ဒီလိုမျိုး အသစ်ပြန်ခွာပြီး ရေးရပြီဆိုရင်တော့ ဖုန်းရဲ့ Hardware ပေါ်မှာ မူတည်ပြီး ပြန်ကောင်းနိုင်ဖို့၊ မကောင်းနိုင်ဖို့ကို တွက်ရပါတယ်” ဟုပြောသည်။
 
လက်ရှိ ဈေးကွက်တွင်းတွင် Samsung နှင့် HTC ဖုန်းများ ပျက်စီးမှု များပြားလျက်ရှိပြီး အချို့သော ဖုန်းများမှာ ပြန်လည် ပြုပြင်၍ မရနိုင်တော့သော အခြေအနေထိ ရှိနေကြောင်း သိရသည်။ ထို့ပြင် Samsung Galaxy SII i9100G နှင့် i9100T ဖုန်းများအား ISC 4.0 တင်သူများ အနေဖြင့်လည်း ဖုန်းပါဝါ သေသွားနိုင်သောကြောင့် သတိပြုသင့်သည့်အပြင် အဆိုပါ ဖုန်းများအား ဗားရှင်းသစ် မြှင့်တင်လိုပါကလည်း ကျွမ်းကျင်သူများဖြင့် ပြုလုပ်သင့်ကြောင်း သိရသည်။ Android OS ဖုန်းများဖြစ်သော Samsung နှင့် HTC ဖုန်းများတွင် ပါဝါသေသွားခြင်း၊ Firmware အသစ် ပြန်ရေးခြင်းများ ပြုလုပ်လိုသူများ၊ OS Version မြှင့်တင်လိုသူများ အနေဖြင့် X Code မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း ၀၉၅၀၀၄၆၇၂ တွင် ဆက်သွယ် စုံစမ်း ပြုလုပ်နိုင်မည် ဖြစ်သည်။

ကိုသက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account