Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, July 16, 2012

Ubuntu OS ပေါ်တွင် Pidgin Internet Messenger ကို ထည့်သွင်း အသုံးပြုပုံ



Photo
Ubuntu OS အသုံးပြုသူများအတွက် Facebook, Gtalk, AIM, IRC, Yahoo အစရှိတဲ့ Chat တွေကို အသုံးပြုမယ်ဆိုရင် Pidgin Internet Messenger  ကို ထည့်သွင်းထားရုံနဲ့ Universal အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
  Pidgin Internet Messenger Application ဟာ Open Source Application ဖြစ်တဲ့ အတွက် Ubuntu OS ပေါ်မှာသာမက Microsoft Windows Platform ပေါ်မှာပါ အသုံးပြုနိုင်မှာ ဖြစ်သလို အခြား Linux Base Platform များ ပေါ်မှာပါ အသုံးပြုနိုင်မယ့် Application ဖြစ်ပါတယ်။ ဒီ Application ကို အသုံးပြုဖို့အတွက် ပထမဦးစွာ Ubuntu OS ကို Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာ Pidgin Internet Messenger ကို Ubuntu OS ပေါ်မှာ ထည့်သွင်း အသုံးပြုပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။ Ubuntu OS ပေါ်မှာ Pidgin Application ကို ထည့်သွင်း အသုံးပြုဖို့အတွက် ဆိုရင် Ubuntu Software Centre ကနေ ဒေါင်းလုပ်ပြုလုပ်ပြီး ထည့်သွင်းနိုင်သလို Command Line ကနေပါ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 
 
Graphic Mode ကနေ ထည့်သွင်း အသုံးပြုချင်သူတွေကတော့ Ubuntu Software Centre ရဲ့ Internet ဆိုတဲ့ Category အောက်မှာ Pidgin Internet Messenger ကို ရှာဖွေပြီး ထည့်သွင်းနိုင်မှာ ဖြစ်သလို၊ Command Line Mode ကနေ ထည့်သွင်း အသုံးပြုချင်သူတွေအတွက် Ctrl+Alt+T ကို နှိပ်ပြီး Terminal ကို ခေါ်ယူရမှာ ဖြစ်ပါတယ်။ Terminal ကို ရောက်ပြီဆိုရင် #sudo apt-get install pidgin ဆိုတဲ့ command ကို ရိုက်ထည့်ပြီး password ကို ရိုက်ထည့်လိုက်တယ်ဆိုရင် Pidgin ကို ဒေါင်းလုပ် ပြုလုပ်ပြီး ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ Pidgin ကို အသုံးပြုဖို့ဆိုရင် Dash Home ကို ခေါ်ပြီး Pidgin ဆိုတဲ့ Keyboard ကို ရိုက်ထည့်လိုက်ရင် Pidgin Application ကို တွေ့ရမှာ ဖြစ်ပါတယ်။ Connect Port မှာတော့ 443 ဆိုတာကို ရိုက်ထည့်ရမှာ ဖြစ်ပြီး Connect Server ဆိုတဲ့ နေရာမှာတော့ talk.google.com ဆိုတဲ့ Server Address ကို ရိုက်ထည့်ပြီး ထည့်သွင်း အသုံးပြုပေးရမှာ ဖြစ်တယ်။ Proxy မှာတော့ မိမိအသုံးပြုတဲ့ အင်တာနက်လိုင်းရဲ့ Proxy ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးပြီ ဆိုရင်တော့ Google Talk ကို Pidgin နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account