Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, July 6, 2012

ဖုန်းဘက်ထရီအား ချွေတာဖို့

(Optimizing Battery Life) Wi-Fi Bluetooth နဲ့ GPS တွေကို အသုံးမလိုဘူးဆိုရင် ပိတ်ထားလိုက်ပါ။  ဘာကြောင့်လဲဆိုတော့ အဲဒီအရာတွေဟာ ဘက်ထရီအား တော်တော်ဆွဲလို့ပါပဲ။ အဲဒါတွေကို ပိတ်ချင်တယ်ဆိုရင် ဖုန်းရဲ့ Home screen အနေအထားမှာ လိုက်ကာကလေးလို ဆွဲချလို့ရတဲ့ Notifications screen ပေါ်မှာ အလွယ်တကူ ပိတ်လို့ရသလို Wireless & network နဲ့ Location & Security settings တွေထဲဝင်ပြီး ပိတ်နိုင်ပါတယ်။
 

Screen brightness ခေါ်တဲ့ မျက်နှာပြင် အလင်းတောက်နှုန်းကို လျှော့ချရမှာ ဖြစ်သလို Screen ကို ကြာကြာမထားဘဲ အရောင်ချပေးတဲ့ Screen timeout ကိုလည်း 1 minute, 30 sec, 15 sec အစရှိသဖြင့် ရွေးချယ်ပေးဖို့ လိုပါတယ်။ Display setting ထဲ ဝင်ပြီး ပြင်ရပါမယ်။ မလိုအပ်ဘူးဆိုရင် Gmail, Calendar, Contacts နဲ့ တခြား Application တွေအတွက် အလိုအလျောက် ဆက်သွယ်ချိတ်ဆက်ပြီး အလုပ်လုပ်ဖို့ Automatic syncing လုပ်ထားတာကို ပိတ်ဖို့ လိုပါတယ်။ Configuring account sync and display options ထဲဝင်ပြီး လုပ်ဆောင်ရပါမယ်။
 
Radios, Display brightness, Syncing status တွေကို Cheek and control လုပ်နိုင်ဖို့ Power control widget ကို သုံးလို့ရပါတယ်။ Mobile (or) Wi-Fi Network တွေနဲ့ ဘယ်လိုမှ လက်လှမ်းမမီရာ နေရာကို ရောက်နေတဲ့ အနေအထားမျိုးမှာ Radio ထုတ်လွင့်ဆက်သွယ်မှု မှန်သမျှ ရပ်ဆိုင်းပေးထားမယ့် Airplane mode မှာ ရွေးချယ်ထားပေးလိုက်ပါ။ Disable phone calls လုပ်လိုက်တာပေါ့။ Mobile Network ရှိ/မရှိ၊ လက်လှမ်းမီ/မမီ ရှာဖွေအတည်ပြုရတဲ့ လုပ်ဆောင်ချက်ဟာ ဖုန်းရဲ့ ဘက်ထရီအားကို တော်တော်စားပါတယ်။
 
ဘက်ထရီအားလက်ကျန် ကြည့်ချင်ရင်
(Check the battery charge level)
 
Home Screen အနေအထားနဲ့ Menu ကိုနှိပ်၊ Setting>About phone> status အဆင့်ဆင့် ဝင်လိုက်ရင် ဘက်ထရီကို အားသွင်းနေလား။ ဘက်ထရီအားကို ထုတ်သုံးနေသလား။ Charging, discharging ဆိုပြီး ဖော်ပြနေမယ်။ ဘက်ထရီအား လက်ကျန် (Percentage of fully charged) ကို ကြည့်ချင်ရင်တော့ Screen ရဲ့ ထိပ်ဖက်မှာ ဖော်ပြပေးနေလိမ့်မယ်။
 
လုပ်ဆောင်ချက် တစ်ခုချင်းရဲ့ ဘက်ထရီသုံးနှုန်းနဲ့ အလျော့အတင်း ပြုလုပ်နည်း
(Monitor and control what uses the battery)
 
ဖုန်းပေါ်မှာ Run နေတဲ့ ဘယ်လုပ်ဆောင်ချက်တွေ၊ ဘယ် Application တွေက ဘက်ထရီပါဝါ ဘယ်လောက်စားလဲဆိုတာ Battery use screen ဖွင့်ကြည့်ရင် သိနိုင်တယ်။ Home screen အနေအထားမှာ Menu ကိုနှိပ်၊ Settings> application> Battery Use အဆင့်ဆင့် သွားလိုက်။ Battery Use screen ပေါ်မှာ ဘက်ထရီသုံးနှုန်း အများဆုံးကနေ ဘက်ထရီသုံးနှုန်း အနည်းဆုံး Application တွေကို ကြီးစဉ်ငယ်လိုက် ဖော်ပြပေးနေလိမ့်မယ်။ ဘက်ထရီ သုံးနှုန်းကို % နဲ့ ဖော်ပြပေးနေတဲ့ အဲဒီ Application တစ်ခုချင်းအပေါ် Touch လုပ်လိုက်ရင် Power consumption အသေးစိတ်ကို ဖော်ပြပေးတဲ့ Screen တစ်ခု ထပ်ပေါ်လာမယ်။ Application တွေက တစ်ခုနဲ့တစ်ခု မတူတော့ ပေါ်လာတဲ့ Information တွေကလည်း ကွဲပြားနေလိမ့်မယ်။ တချို့ Application တွေ လုပ်ဆောင်ချက်တွေရဲ့ ဘက်ထရီ အသုံးပြုနှုန်းကို လျှော့ချလို့ မရနိုင်ပေမယ့် တချို့ကိုတော့ လိုသလို အလျော့အတင်း လုပ်လို့ ရနိုင်ပါတယ်။
 
အဲဒီလို Power consumption ကို အလျော့အတင်း လုပ်နိုင်တဲ့ Application တွေအပေါ် Touch လုပ်လိုက်ရင် Power use ကို အလျော့အတင်းလုပ်ဖို့ Button တစ်ခု တွဲဖက်ထည့်သွင်း ပေးထားတာကို တွေ့ရလိမ့်မယ်။ Battery Use screen ရဲ့ အပေါ်ဆုံးမှာ ဖော်ပြထားတဲ့ Discharge graph ကတော့ ဖုန်းဘက်ထရီ နောက်ဆုံး အားသွင်းချိန်ကနေ အခုကြည့်နေတဲ့ အချိန်ထိ Battery power အပေါ် Run နေတာ ဘယ်လောက်ကြာခဲ့ပြီဆိုတာ ဖော်ပြပေးနေလိမ့်မယ်။ Discharge graph အပေါ်ထပ်ပြီး Touch လုပ်လိုက်ရင် Phone signal, Awake screen သည် စတဲ့ Features တွေရဲ့ ဘက်ထရီ Power use ကြာချိန်ကို သိနိုင်ပြီး ဘက်ထရီအားသွင်း Charging လုပ်ခဲ့တဲ့ ကြာချိန်ကိုလည်း သိနိုင်တယ်။ ဘက်ထရီ အားသွင်းကြာချိန် Charging period ကို Chart ရဲ့ အောက်ခြေမှာ Thin green lines လေးတွေနဲ့ ပြထားလိမ့်မယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account