Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, July 6, 2012

IT Business Plan Contest 2012 တွင် နိုင်ငံခြား အမှတ်ပေးဒိုင်များ အကဲဖြတ်ပေးမည်

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် ဂျပန်နိုင်ငံ CIESE တို့ ပူးပေါင်း၍ IT Industry ဖွံ့ဖြိုး တိုးတက်ရေးအတွက် IT Business Plan 2012 ပြိုင်ပွဲတွင် နိုင်ငံခြား အမှတ်ပေး အကဲဖြတ်ဒိုင်များ အမှတ်ပေး အကဲဖြတ်ပေးမည်ဟု သိရသည်။ 
ယခင်နှစ် ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အခြား နိုင်ငံများမှ ဒိုင်များ ပါဝင် အကဲဖြတ်ပေးခဲ့သော နိုင်ငံခြားဒိုင်များ အပြင် ဂျပန်နိုင်ငံမှ ဒိုင်များလည်း ပါဝင် အကဲဖြတ်ပေးမည်ဟု သိရသည်။ ပြိုင်ပွဲအမျိုးအစားများ ဖြစ်သော Cloud Application နှင့် Mobile Application နှစ်မျိုးအနက်မှ မိမိနှစ်သက်ရာ မည်သည့် ခေါင်းစဉ်ကိုမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး အင်္ဂလိပ်ဘာသာဖြင့် Project များအား တင်သွင်းပြီး အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်း ပြောကြားရမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းရှင်များ ဖိတ်ခေါ်ထားပြီး ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များလည်း တက်ရောက်၍ မြန်မာ့စီးပွားရေး လုပ်ငန်းနှင့် ပတ်သက်၍ တက်ရောက် လေ့လာသွားမည်ဟု သိရသည်။
 
“တချို့ Project တွေဟာ ခေါင်းစဉ်နဲ့ ကိုက်ညီမှု မရှိတာတွေ တွေ့ရပါတယ်။ မိမိရဲ့ ကျွမ်းကျင်မှုအပိုင်းကို ရွေးချယ်ပြီး ပြီးပြည့်စုံတဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သင့်ပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းသန်းက ယခင်နှစ် အတွေ့အကြုံနှင့် ပတ်သက်၍ ပြိုင်ပွဲဝင်များ သတိထားသင့်သည့် အချက်အလက်များကို ပြောကြားခဲ့သည်။ IT Business Plan 2012 စနစ်တကျ ဖြစ်မြောက်ရေး Cloud Application နှင့် Mobile Application ဆိုင်ရာ ဆန်းသစ်သော နည်းပညာများ ပေါ်ထွက်လာစေရေးနှင့် စွန့်ဦး တီထွင်လိုသော လူငယ်လူရွယ်များ၏ ထူးချွန် ထက်မြက်သော အရည်အသွေး ပြသနိုင်စေရန် ဟူသော ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲနှင့် ပတ်သက်သော ဟောပြောပွဲများ သတင်းစာရှင်းလင်းပွဲများ သုံးကြိမ်ပြုလုပ်ပြီး ဇွန်လကုန်၌ ပြိုင်ပွဲဆိုင်ရာ အသိပေးဟောပြောပွဲ ထပ်မံပြုလုပ်ရန် ရှိသည်ဟုလည်း သိရသည်။ ပြိုင်ပွဲဝင် Project Plan အား ၃၁-၇-၂၀၁၂ ရက် နောက်ဆုံး တင်သွင်းရမည်ဖြစ်ပြီး ၆-၁၀-၂၀၁၂ ရက်နေ့တွင် နောက်ဆုံးအဆင့် ပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account