Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, July 19, 2012

၁၉ဇူလိုင် မေ့မရနိုင်....



ကဲ.. သူငယ်ချင်းတို့ရေ
အာဇာနည်နေ့မတိုင်ခင်က ပိုစ့်လေးတစ်ခု တင်ပေးမလို့ လိုင်းကမကောင်းတာနဲ့ မတင်လိုက်နိုင်ဘူးဗျာ. ဒါကြောင့် ဆိုက်ကိုဘဲ ပြင်ဆင်ပြီးတော့ အာဇာနည်နေ့အခမ်းအနားလေးအဖြစ် ပြုလုပ်လိုက်ရပါတယ်.
အခုတလော လိုင်းကတော်တော်ကို ကျတယ်ဗျာ.. ကျွန်တော်လည်း စိတ်ညစ်နေပြီ. သူငယ်ချင်းတို့အနေနဲ့လည်း နားလည်ပေးကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်.
ကျွန်တော်တို့ ဗိုလ်ချုပ်ကျဆုံးသွားခဲ့တာ အခုဆိုရင် ၆၅နှစ်တောင် တိုင်ခဲ့ပေမယ့် ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်သွေးတွေကတော့ အခုချိန်ထိ မခြောက်သေးပါ။ ဗိုလ်ချုပ်ရဲ့ မျိုးဆက်တွေမှာ အခုချိန်ထိ အာဇာနည်နေ့ရောက်တိုင်း မျိုးချစ်စိတ်တွေ ပြင်းထန်နေကြဆဲပါ။ ကျွန်တော်လည်း အာဇာနည်နေ့က ရတနာပုံတက္ကသိုလ်အနီးမှာ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ကျင်းပပြုလုပ်ခဲ့တဲ့ ၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ အထက်မြန်မာပြည် ခရိုင် ဗ.က.သမှ ပေးပို့တဲ့ အာဇာနည်နေ့ သ၀ဏ်လွှာကို ကျွန်တော် ဖတ်ကြားပေးခဲ့ပါတယ်။ နောက်ပြီး ရတနာပုံတက္ကသိုလ်ကနေ ကံတက်ကုန်း မစိုးရိမ်တိုက်သစ်အထိ လွမ်းသူ့ပန်းခွေ အရောက်ပို့ဆောင်ပေးခဲ့ပါတယ်။ နောက်ပြီး ကံတက်ကုန်းမှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကိုလည်း တစ်ခါတည်းတက်ရောက်ခဲ့ပါတယ်။ နေ့လည် ၂နာရီကျတော့ ကီးမားတင်ဝင်းမှာ ပြုလုပ်တဲ့ အာဇာနည်ကျေးဇူး အောက်မေ့ပွဲ အခမ်းအနားကို တက်ရောက်ရင်း အာဇာနည်ပုဂ္ဂိုလ်ကြီးများရဲ့ ဂုဏ်ကျေးဇူးတွေကို သိမှတ်ခဲ့ပါတယ်။ ၁၈ရက်နေ့ကတော့ ကျဆုံးသွားခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်များကို ရည်စူး၍ ဆွမ်းကပ်ခဲ့ပါသေးတယ်။ ကျွန်တော်ကတော့ အာဇာနည်နေ့မှ အခုလို အာဇာနည်ခေါင်းဆောင်များကို ကျေးဇူးဆပ်နေတဲ့ အချိန်မှာတော့ မြန်မာပြည်မှာရှိတဲ့ လူငယ်တော်တော်များများဟာ အာဇာနည်ကြီးများရဲ့ ကျေးဇူးတရားကို မသိတတ်ကြဘဲ ရှိနေတာကိုေ တွ့ရတဲ့အတွက် ကျွန်တော်ဝမ်းနည်းမိပါတယ်။ တကယ်ဆိုရင် သူတို့တတွေ အသက်တွေစွန့်ခဲ့ကြလို့ ကျွန်တော်တို့တတွေ အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်တဲ့ပြည်ထောင်စုကြီးမှာနေနေရတာလေ.. သူတို့ရဲ့ ကျေးဇူးကိုတော့ အနည်းငယ်လောက်တော့ ပြန်ဆပ်သင့်ပါတယ်ဗျာ.. ၁၀နာရီ၃၇မိနစ် ဥသြဆွဲချိန်မှာ မိမိစီးလာတဲ့ဆိုင်ကယ်ကိုဘဲ ဖြစ်ဖြစ် ကားကိုဘဲဖြစ်ဖြစ် ခေတ္တခဏလောက်ရပ်ပြီးတော့ ကျဆုံးသွားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေကို ဦးညွတ်အလေးပြုသင့်ပါတယ်။ အခုဆိုရင် ဥသြဆွဲနေတာတောင် အရေးမလုပ်ဘဲ ဆိုင်ကယ်စီးသူကစီး၊ ကားမောင်းသူကမောင်းနဲ့ အခုလို စိတ်ဓါတ်တွေ နိမ့်ကျနေလို့ကတော့ ကျွန်တော်တို့ လူငယ်တွေ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး..

အာဇာနည်နေ့မှာတော့ ကျွန်တော်အနေနဲ့ စကားလေးတစ်ခွန်း ပြောချင်ပါတယ်။

" တိုင်းပြည်တိုးတက်ဖို့အတွက်ဆိုရင် နေရာတကာပြင်ဖို့မလိုဘူး။ တိုင်းပြည်မှာ ရှိတဲ့လူတွေရဲ့ စိတ်ဓါတ်တွေကို အရင်ပြင်ဖို့လိုလိမ့်မယ်။ ကောင်းမွန်တဲ့စိတ်ဓါတ်တွေ ရှိပြီဆိုမှ တိုင်းပြည်က သူ့အလိုလို တိုးတက်လာလိမ့်မယ်။ လူတိုင်းအတွက် အရေးကြီးဆုံးက စိတ်ဓါတ်ပါဘဲ...."

အားလုံးကို ခင်မင်လေးစားလျက်..
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

1 comments:

ရောက်တာနောက်ကျခဲ့တယ်

19 ဂျူလိုင် ကိုတော့ ကောင်းကောင်း ဂုဏ်ပြုနိုင်ခဲ့ပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account