Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, March 6, 2013

အချစ်

Photo: အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်းဆက်တဲ့ဖုန်းဖြစ်တယ်။ လွမ်းဆွတ်ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။

အချစ်ဆိုတာ ရေဆာနေတုန်း သောက်ရတဲ့ရေတစ်ပေါက်ဖြစ်တယ်။ ပင်ပန်းနေတုန်း သောက်ရတဲ့ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။ စိတ်ညစ်အားငယ်နေတုန်း နှစ်သိမ့်အားပေးတဲ့စကားဖြစ်တယ်။ စိတ်တိုဒေါသထွက်တုန်း နောက်ပြောင်တဲ့ဟာသဖြစ်တယ်။ စိတ်မကြည်လင်တုန်း နမ်းရှုံ့လိုက်တဲ့ ပန်းကလေးတစ်ပွင့်ဖြစ်တယ်။

အချစ်ဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်တယ်။ နှင်းဆီတစ်ပွင့်ပဲဖြစ်ဖြစ်၊ စိန်လက်စွပ်တစ်ကွင်းပဲဖြစ်ဖြစ် လှပတဲ့အချစ်ကို ပိုင်ဆိုင်နိုင်တယ်။ အချင်းချင်းကြည့်တဲ့ အကြည့်ထဲကနေ ပျော်ရွှင်မှုကိုရစေတယ်။

အချစ်ဆိုတာ ယုံကြည်မှုတစ်မျိုးဖြစ်တယ်။ ဘယ်လိုပခုံးမျိုးကိုမှီရမယ်ဆိုတာ သင်သိတယ်။ ဘယ်လိုရင်ခွင်မှာအိပ်မှ အိပ်ပျော်မယ်ဆိုတာကို သူသိတယ်။

အချစ်ဆိုတာ ဘဝတစ်မျိုးဖြစ်တယ်။ မခွဲမခွာ၊ ဒိုးတူပေါက်ဖက်၊ လက်ချင်းယှက်ပြီး လေပြင်းမုန်တိုင်းတွေကို အတူတူရင်ဆိုင်တယ်။ နှစ်ကြာလေ အဖိုးတန်လေဖြစ်တဲ့ နှစ်ချို့ဝိုင်ဖြစ်တယ်။

တကယ်တော့ အချစ်ဆိုတာ မထင်မှတ်၊ မျှော်လင့်မထားတဲ့အချိန်မှာ သင့်လက်ကိုနွေးထွေးစေပြီး သင့်နှလုံးသားကို လှုပ်ရှားစေတဲ့အရာဖြစ်ပါတယ်။ နွေမိုးဆောင်းအပြောင်းအလဲကြားမှာ အတူတူ တဖြေးဖြေးအိုမင်းသွားတာဖြစ်တယ်။ အချစ်က အဲဒီလောက် ရိုးရှင်းခဲ့ပါတယ်။

အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြတယ်။

နူးနူးညံ့ညံ့ဖွဲ့ဆိုတဲ့အချစ်က ချိုမြိန်တယ်၊ ရင်ကိုကြည်နူးစေတယ်။
ကြမ်းကြမ်းတမ်းတမ်းဖွဲ့ဆိုတဲ့အချစ်က ရက်စက်တယ်၊ ရင်ကိုထိရှနာကျင်စေတယ်။

သင်ရော.. အချစ်ကို ဘယ်လိုဖွဲ့ဆိုချင်သလဲ?


(ဘာသာပြန်ခဲ့ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲက စာတစ်ပိုင်းတစ်စပါ..း)
.
အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်းဆက်တဲ့ဖုန်းဖြစ်တယ်။ လွမ်းဆွတ်ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။

အချစ်ဆိုတာ ရေဆာနေတုန်း သောက်ရတဲ့ရေတစ်ပေါက်ဖြစ်တယ်။ ပင်ပန်းနေတုန်း သောက်ရတဲ့ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။ စိတ်ညစ်အားငယ်နေတုန်း နှစ်သိမ့်အားပေးတဲ့စကားဖြစ်တယ်။ စိတ်တိုဒေါသထွက်တုန်း နောက်ပြောင်တဲ့ဟာသဖြစ်တယ်။ စိတ်မကြည်လင်တုန်း နမ်းရှုံ့လိုက်တဲ့ ပန်းကလေးတစ်ပွင့်ဖြစ်တယ်။

အချစ်ဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်တယ်။ နှင်းဆီတစ်ပွင့်ပဲဖြစ်ဖြစ်၊ စိန်လက်စွပ်တစ်ကွင်းပဲဖြစ်ဖြစ် လှပတဲ့အချစ်ကို ပိုင်ဆိုင်နိုင်တယ်။ အချင်းချင်းကြည့်တဲ့ အကြည့်ထဲကနေ ပျော်ရွှင်မှုကိုရစေတယ်။

အချစ်ဆိုတာ ယုံကြည်မှုတစ်မျိုးဖြစ်တယ်။ ဘယ်လိုပခုံးမျိုးကိုမှီရမယ်ဆိုတာ သင်သိတယ်။ ဘယ်လိုရင်ခွင်မှာအိပ်မှ အိပ်ပျော်မယ်ဆိုတာကို သူသိတယ်။

အချစ်ဆိုတာ ဘဝတစ်မျိုးဖြစ်တယ်။ မခွဲမခွာ၊ ဒိုးတူပေါက်ဖက်၊ လက်ချင်းယှက်ပြီး လေပြင်းမုန်တိုင်းတွေကို အတူတူရင်ဆိုင်တယ်။ နှစ်ကြာလေ အဖိုးတန်လေဖြစ်တဲ့ နှစ်ချို့ဝိုင်ဖြစ်တယ်။

တကယ်တော့ အချစ်ဆိုတာ မထင်မှတ်၊ မျှော်လင့်မထားတဲ့အချိန်မှာ သင့်လက်ကိုနွေးထွေးစေပြီး သင့်နှလုံးသားကို လှုပ်ရှားစေတဲ့အရာဖြစ်ပါတယ်။ နွေမိုးဆောင်းအပြောင်းအလဲကြားမှာ အတူတူ တဖြေးဖြေးအိုမင်းသွားတာဖြစ်တယ်။ အချစ်က အဲဒီလောက် ရိုးရှင်းခဲ့ပါတယ်။

အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြတယ်။

နူးနူးညံ့ညံ့ဖွဲ့ဆိုတဲ့အချစ်က ချိုမြိန်တယ်၊ ရင်ကိုကြည်နူးစေတယ်။
ကြမ်းကြမ်းတမ်းတမ်းဖွဲ့ဆိုတဲ့အချစ်က ရက်စက်တယ်၊ ရင်ကိုထိရှနာကျင်စေတယ်။

သင်ရော.. အချစ်ကို ဘယ်လိုဖွဲ့ဆိုချင်သလဲ?


(ဘာသာပြန်ခဲ့ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲက စာတစ်ပိုင်းတစ်စပါ..း)
.

နိုင်းနိုင်းစနေ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account