Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, March 6, 2013

မတူညီခြင်းတွေ


အမျိုးသမီး ၂ ယောက် ရုံးတွင် စကားပြောနေကြသည်။

အမျိုးသမီး-၁။ ။ ဒို့လင်မယား ၂ ယောက် မနေ့ညနေက သိပ်ပျော်စရာကောင်းတာပဲကွာ။ မင်းရော။



အမျိုးသမီး-၂။ ။ ဆိုးချက်ကတော့ ပြောမနေနဲ့။ ဒို့အမျိုးသား ရုံးကနေ အိမ်ပြန်လာတယ်။ ချက်ချင်း ထမင်းအမြန်စားတယ်။ စားပြီးပြီးချင်း အိပ်ပျော်သွားတယ်။ ငါ့မှာ ဘယ်လောက် ပျင်းစရာကောင်းလိုက်သလဲ။

အမျိုးသမီး-၁။ ။ အိုး - ဒို့တော့ သိပ်ရင်ခုန်စရာကောင်းခဲ့တယ်။ အမျိုးသား ရုံးကနေ အိမ်ပြန်လာတယ်။ ပြီးတော့ ဒို့ကိုခေါ်ပြီး အရမ်းကဗျာဆန်တဲ့ ညစာလိုက်ကျွေးတယ်။ စားပြီးတော့ တစ်နာရီလောက် ဒို့ ၂ ယောက်အတူ လမ်းလျှောက်ကြသေးတယ်။ အိမ်လည်း ပြန်ရောက်ရော သူတစ်အိမ်လုံးကို ဖယောင်းတိုင်မီးတွေထွန်းပြီး အလှဆင်တယ်။ အို - နတ်သမီးပုံပြင်ထဲကလိုပဲကွာ။

တစ်ချိန်တည်းမှာပင် ၄င်းတို့၏ ခင်ပွန်းများ သူတို့ရုံးတွင် စကားပြောနေကြသည်။

အမျိုးသား-၁။ ။ မနေ့ညနေက အခြေအနေ ဟေ့ကောင်?

အမျိုးသား-၂။ ။ သာယာတာပေါ့ကွာ။ ငါလည်း ရုံးဆင်းအိမ်ပြန်ရောက်ရော စားပွဲပေါ်မှာ ညစာအဆင်သင့်။ မိန်းမက ချက်ထားလိုက်တာမှ ဟင်းတွေကိုစုံလို့။ ငါလည်း မောမောနဲ့ ချက်ချင်းတန်းစားပစ်။ ဗိုက်ကားပြီး တန်းအိပ်သွားတာပဲ။
မင်းရော။ ယောက်ဖ?

အမျိုးသား-၁။ ။ ခွီးတဲ့မှပဲကွာ။ ငါ အိမ်ပြန်လာတယ်။ ညစာ မချက်ရသေးဘူး။ ငါ မီတာခ မဆောင်ခဲ့လိုက်ရတာနဲ့ အိမ်ကို EPC က မီးဖျက်ထားတာ မှောင်မဲလို့။ ဒါကြောင့် မိန်းမကိုခေါ်ပြီး ညစာ အပြင်မှာထွက်စားရတယ်။ သွားစားတဲ့ ဆိုင်ကလည်း ဈေးကြီးလိုက်တာကွာ။ ပါသွားတာလေး ပြောင်ခဲ့တယ်။ ဒါနဲ့ ဘယ်လောက်အဖြစ်ဆိုးလည်းဆို ကားခမရှိတော့လို့ ဆိုင်နဲ့အိမ်နဲ့ တစ်နာရီလောက် လမ်းလျှောက်ပြန်ခဲ့ရတယ်။ အိမ်လည်းရောက်ရော ခုံတစ်လုံးကို ခလုတ်တိုက်မိမှ မီးမလာသေးတာကို သတိရပြီး တစ်အိမ်လုံး ဖယောင်းတိုင်တွေလိုက်ထွန်းရတယ်။ ခွီးးးးး

Rachel Tin
Ref: BrEaK mY hEaRt N i'LL BrEaK ur fAcE

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account