Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 24, 2012

အင်တာနက်လိုင်း နှေးကွေးနေစဉ် Windows VPS မှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက်သုံးနိုင်မည့် ဝန်ဆောင်မှုတစ်ရပ် စတင်



Photo
အင်တာနက် နှေးကွေးနေစဉ်အတွင်း မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်မည့် ဝန်ဆောင်မှုတစ်ရပ်ကို စတင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း  သိရသည်။ သြစတြေးလျနိုင်ငံရှိ Data Center တွင် တိုက်ရိုက်ထားရှိသော Hyper-V Windows Virtual Private Server (VPS) နည်းပညာဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။ “မိမိရဲ့ကိုယ်ပိုင် Computer တစ်လုံး၊ ဒါမှမဟုတ် Server တစ်လုံးကို Data Center တွင် တိုက်ရိုက်ထားရှိသလိုမျိုး အသုံးပြုသူကိုယ်တိုင် တိုက်ရိုက်အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။ အသုံးပြုသူတွေ အနေနဲ့ ကွန်ပျူတာတိုင်းမှာ ပါရှိတဲ့ Remote Desktop Software ကိုအသုံးပြုပြီး အင်တာနက် ချိတ်ဆက်မှုရှိတဲ့ မည်သည့်နေရာကမဆို မိမိကိုယ်ပိုင် VPS  အား အချိန်မရွေး ဝင်ရောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ Windows VPS မှာ ရရှိမယ့် အင်တာနက်မြန်နှုန်း (Internet  Speed) ကတော့ Data Center ရဲ့ Network Backbone နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာကြောင့် Gbit Speed ကို Download/Upload  ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းစနစ်ကို ဝန်ဆောင်မှုပေးသည့် Myanmar VPS မှ တာဝန်ရှိသူက ပြောသည်။

စတင်အသုံးပြုလိုသူများ အနေဖြင့် www.myanmarvps.com တွင် Register ပြုလုပ်ရမည်ဖြစ်ပြီး ၂၄ နာရီအတွင်း အသုံးပြုနိုင်သည့် IP လိပ်စာ၊ User Name, Password တို့ကို အကြောင်းပြန်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ အသုံးပြုသူ၏ Windows VPS  တွင် မိမိ၏ ကွန်ပျူတာကဲ့သို့ အသုံးပြုလိုသည့် application မှန်သမျှကို ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး အချက်အလက် လုံခြုံမှုအတွက်လည်း စိတ်ချရသည်ဟု ဆိုသည်။ “ကိုယ်ပိုင် ကွန်ပျူတာလိုပဲ  ကြိုက်သလို စီမံခန့်ခွဲလို့ ရပါတယ်။ အင်တာနက်ရှိတဲ့ ဘယ်နေရာသွားသွား ဖွင့်ပြီး အသုံးပြုနိုင်မှာမို့လို့ ကွန်ပျူတာကိုအလေးခံပြီး သယ်ယူဖို့ မလိုအပ်တော့ဘူး။ ဒါ့အပြင် Server ဝန်ဆောင်မှုတွေဖြစ်တဲ့ Virtual Private Network (VPN) တည်ဆောက်လိုသူတွေ၊ Web Hosting ဝန်ဆောင်မှုတွေကို ဆောင်ရွက်လိုသူတွေလည်း အသုံးပြုနိုင်ပါတယ်။ ပြီးတော့ Windows VPS ကို အသုံးပြုဖို့ Internet Speed ကောင်းဖို့ မလိုအပ်ပါဘူး။ အင်တာနက်လိုင်း နှေးကွေးနေစဉ်မှာတောင် အသုံးပြုလို့ရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ၎င်းဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသူများ အနေဖြင့် www.myanmarvps.com တွင် လေ့လာကြည့်ရှုနိုင်ပြီး ဖုန်း- ၅၁၀၅၅၄ သို့လည်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

1 comments:

ကျေးဇူးအရမ်းတင်ပါတယ် အကို ဒါနဲ့ ဘယ်မှာမေးမှန်းမသိလို့ဗျ...ကျွန်တော့ ZTE-T U812 andriod က မြန်မာဖောင်သွင်းဖို့ root လုပ်တာမရလို့ခင်ဗျ root လုပ်ဖို့ unlockroot ကိုသုံးပါတယ် အလုပ်မဖြစ်ပါခင်ဗျ failed to get shell လို့ ပေါ်ပါတယ်ခင်ဗျ
ကူညီပေးပါဦးခင်ဗျ

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account