
အခု ပြောချင်တာကတော့ စာအုပ်လှန်စရာ မလိုဘဲ လုပ်ငန်းလိပ်စာတွေကို အလွယ်တကူ ရှာဖွေနိုင်မယ့် Software လေးပါ။ အဲ့ဒီ Software က Myanmar Explore က ထုတ်လုပ်လိုက်တဲ့ Map++ Directory လေးပဲ ဖြစ်ပါတယ်။ ကုမ္ပဏီ၊ ပွဲရုံ၊ ဆိုင် အစရှိတဲ့ လုပ်ငန်းလိပ်စာတွေကို အလွယ်တကူ ရှာလို့ရအောင် ထုတ်လုပ်ထားပါတယ်။ အဲ့ဒီ Map++ Software ထဲမှာ မြန်မာစာ ဒါမှမဟုတ် အင်္ဂလိပ်စာ နှစ်မျိုးစလုံးနဲ့ ရှာဖွေနိုင်ပါတယ်။ Advance Search နဲ့ Match World Features တွေကို ထည့်သွင်းပေးထားတာကြောင့် ကိုယ်ရှာချင်တဲ့ လုပ်ငန်းအမျိုးအစား တစ်ခုခုကို ရိုက်ထည့်လိုက်ရုံနဲ့ ဇယားကွက်လေးထဲမှာ အဲဒီနာမည်နဲ့တူတဲ့ လိပ်စာတွေကို ချပေးပါတယ်။
မြေပုံထဲမှာ ရှာလိုက်တဲ့ နာမည်နဲ့တူတဲ့ လိပ်စာငါးခု ရှိတယ်ဆိုရင် အဲဒီလိပ်စာ ငါးခုကို မြေပုံထဲမှာ ၁၊ ၂၊ ၃၊ ၄၊ ၅ ဆိုပြီး မှတ်တိုင်လေးတွေနဲ့ ဖော်ပြပေးပါတယ်။ PC Version အတွက် အဲဒီနေရာတွေကို ဘယ်လိုင်းကားစီးပြီး ရောက်နိုင်လဲ၊ အဲဒီကားဂိတ်ကနေ ဘယ်လောက် လမ်းလျှောက်ရင် ရောက်နိုင်လဲ၊ ကီလိုမီတာ ဘယ်လောက်ရှိလဲ ဆိုတာတွေကိုပါ ညွှန်ပြပေးထားပါတယ်။ လုပ်ငန်းရှင်တွေကလည်း ကိုယ့်လုပ်ငန်းလိပ်စာ ထည့်သွင်းမယ်ဆိုရင် Myanmar Explore Website ထဲမှာ Register လုပ်ပြီးတော့ ဆိုင်လိပ်စာ၊ ဖုန်းနံပါတ်၊ လုပ်ငန်းအမျိုးအစားတွေကို ဖြည့်သွင်းလို့ ရပါသေးတယ်။ သူ့ရဲ့ အားသာချက်က Offline အသုံးပြုနိုင်ပြီးတော့ Hardisk က အနည်းဆုံး 3GB နီးပါး နေရာယူပါတယ်။ Update တွေကိုတော့ www.myanmarexplore.com မှာ အမြဲ ရယူနိုင်ပါတယ်။ Software ကို ထည့်သွင်းချင်တယ် ဆိုရင်တော့ No.(D)-113၊ ဗန္ဓုလ Condo၊ မဟာဗန္ဓုလလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၁၂၉၀၄၁၈ နဲ့ ၀၉-၇၃၀၁၃၁၂၄ ကို ဆက်သွယ်နိုင်ပါတယ်။















0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)