Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, January 10, 2013

Ubuntu OS ပေါ်မှာ ဉာဏ်စမ်းဂိမ်း ဆော့ကစားချင်သူတွေ အတွက် Gbrainy Application ထည့်သွင်းပုံ



Photo
Ubuntu OS အသုံးပြုသူများ Ubuntu OS ပေါ်ကနေ ဉာဏ်စမ်းဂိမ်း ဆော့ကစားချင်သူတွေအတွက် Ubuntu OS ပေါ်တွင် ထည့်သွင်း အသုံးပြုနိုင်တဲ့ Gbrainy  ဆိုတဲ့ Application ထည့်သွင်းအသုံးပြုပုံကို ယခုတစ်ပတ်အတွက် ရွေးချယ် တင်ပြလိုက်ပါတယ်။
Gbrainy ဆိုတဲ့ Application ဟာ စဉ်းစားတွေးခေါ်မှုအပိုင်းတွေကို ဉာဏ်စမ်းအနေနဲ့ ပေးထားမှာဖြစ်ပြီး အချိန်တွေနဲ့ စိန်ခေါ်ကစားနိုင်မှာ ဖြစ်ပါတယ်။ ဉာဏ်စမ်း ဆော့ကစားရမယ့် ဂိမ်းအများအပြား ပါဝင်တာ ဖြစ်တဲ့အတွက် ဉာဏ်စမ်းဂိမ်း ကြိုက်နှစ်သက်တဲ့ Ubuntu အသုံးပြုသူတွေ အတွက်ကတော့ စိတ်ကျေနပ်စေမယ့်ဂိမ်း ဖြစ်ပါတယ်။ ဒီဂိမ်းကို ထည့်သွင်း အသုံးပြုဖို့ အတွက်ကတော့ ပထမဆုံး Ubuntu OS ကို Terminal ကနေပြီး Upddate လုပ်ထားရပါတယ်။ Update လုပ်ရမယ့် Command ကတော့ sudo apt-get update ဆိုတဲ့ command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ တစ်ခါတည်း Package တွေကို Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးပြီးသွားပြီဆိုရင်တော့ သင်အသုံးပြုလိုတဲ့ Application ကို စတင် Install ပြုလုပ်ဖို့ အဆင့်သင့်ဖြစ်ပါပြီ။ အားလုံး လုပ်ဆောင်မှုတွေ ပြီးသွားပြီဆိုရင်တော့ Gbrainy Application ကို စတင်ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။

ဉာဏ်စမ်းဂိမ်းတွေ ပါဝင်တဲ့ Gbrainy Application ကို ထည့်သွင်းဖို့အတွက် ပထမဦးဆုံး Terminal ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Terminal ကို Dash Home ရဲ့ Search Box ကနေ Terminal ဆိုတဲ့ Keyword ကို ရိုက်ထည့်ပြီး ခေါ်ဆိုနိုင်သလို၊ Short Cut အနေနဲ့ Ctrl+Alt+T ဆိုတဲ့ key ကိုနှိပ်ပြီး Terminal ကို ခေါ်ဆိုနိုင်ပါတယ်။ Terminal ကို ရောက်ပြီဆိုရင် အောက်မှ ဖော်ပြထားတဲ့ Command Line တွေကို တစ်ကြောင်းချင်းစီ အစီအစဉ်လိုက် ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့-
sudo add-apt-repository ppa:ferramrobetro/maverick
sudo apt-get update
sudo apt-get install gbrainy
ဆိုတဲ့ Command တွေပဲ ဖြစ်ပါတယ်။ ဒီ Command တွေကို အစီအစဉ်တကျ တစ်ခုချင်းစီ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒီ Command တွေကို ရိုက်ထည့်ပြီးပြီ ဆိုရင်တော့ Ubuntu OS ပေါ်မှာ Gbrainy ဆိုတဲ့ Application ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။
 


Gbrainy Application ကို အသုံးပြုမယ်ဆိုရင် Dash Home ရဲ့ Search Box မှာ gbrainy ဆိုတဲ့ keyword ကို ရိုက်ထည့်ပြီး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Gbrainy မှာ logic, Calculation, Verbal အစရှိတဲ့ Category တွေ အများအပြား ပါဝင်ပြီး၊ အဖြေတွေကို တစ်ခုချင်း ဖြေဆိုနိုင်ဖို့အတွက် အောက်ဘက်မှာ Answer Box ထည့်ပေးထားပါတယ်။ Gbrainy Application ဟာ ဉာဏ်စမ်းတွေကို စိတ်ပါဝင်စားသူ Ubuntu User တွေအတွက် အထူးသင့်လျော်တဲ့ application ဖြစ်ပြီး ထည့်သွင်းရတာလည်း လွယ်ကူလှပါတယ်။
 
သီဟ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account